အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ကြင်ယာတော် ဟိုမိုင်ဒဟ်

wikishia မှ
မိုရှရဘဟ်အွန်မို အီဗရာဟီးမ် ၊ မဒီနာ

ဟိုမိုင်ဒဟ် သို့မဟုတ် ဟိုမိုင်ဒ သိုလ်မိုဆဖ်ဖါဟ် ( အရဘီ: حُمَیدَة) သခင်မသည် အေမာမ် ဂျအ်ဖရ် ဆွာ ဒစ်က် (အ.စ) ၏ ကြင်ယာတော် ဖြစ်ပြီး အေမာမ် မူစာကာဇင်းမ် (အ.စ) ၏ မိခင်မွန် ဖြစ်ပါသည်။ ရီဝါယသ်တော် တစ်ခု အရ ရှီအဟ်များ၏ ‌ခြောက်ပါးမြောက် အေမာမ် (အ.စ) အနေဖြင့် မိမိ ၏ သာဝကတော်များ မှ သာဝကတော် တစ်ပါး ၏ ဖေက်ဟီ (ဓမ္မသတ်ဆိုင်ရာ) မေးခွန်း ကို အဖြေရယူရန် ဟိုမိုင်ဒဟ် သခင်မကြီးထံ မေးမြန်း ရန် မိန့်ကြားခဲ့ ပါသည်။ ဟိုမိုင်ဒဟ် သခင်မသည် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ဝဆီ (ကိုယ်စားလှယ်တော်) ငါးပါးမှ တစ်ပါးဖြစ်ပါသည်။

အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) အနေဖြင့် ဟိုမိုင်ဒဟ် သခင်မအား လောကီ တွင် လည်း နှစ်သက် သဘောကျတော် မူပြီး လောကုတ္တရာ အတွက်လည်း ချီးမွမ်းထိုက်သူ အဖြစ် သတ်မှတ်ခဲ့ပါသည်။ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အနေဖြင့်လည်း သခင်မအား (ရုပ်နှင့်နာမ်)ဆိုင်ရာ အညစ်အကြေးများ မှကင်းစင်သူ အဖြစ် သတ်မှတ်ထားပါသည်။

အတ္ထုပ္ပတ္တိ

ဟိုမိုင်ဒဟ် သခင်မသည် အေမာမ် ကာဇင်းမ် (အ.စ) ၏ မိခင်မွန် ဖြစ်ပါသည်။(1) သခင်မကြီး ၏ မွေးသက္ကရာဇ် နှင့် အလ္လာဟ်အမိန့် ခံတော်မူသည့်နေ့ ရက် နှင့် ပတ်သက် ပြီး အချက်အလက်များ မရှိချေ ။(2) ဟိုမိုင်ဒဟ် သခင်မ ၏ ဖခမည်းတော် အမည် မှာ «ဆွာအစ်ဒ် ဘရ်ဘရ်» သို့မဟုတ် «ဆွာလေဟ်» ဖြစ်ပါသည်။(3) ဟိုမိုင်ဒဟ် သခင်မ ၏ မျိုးနွယ် နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ လာရှိပါသည်။(4) သမိုင်းအရင်းအမြစ်များ အထာက်အထားများ တွင် သခင်မကြီး အား ဟိုမိုင်ဒဟ် ဘရ်ဘရ်ရီယဟ် ၊ ဟိုမိုဒဟ် အန်ဒလူစီယဟ်(5) ဟိုမိုင်ဒဟ် မဂ်ရိဘ်ဘီယဟ် (6) ဆိုပြီး ဖော်ပြထားပါသည်။ ရီဝါယသ်တော် တစ်ခု အရ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) မှ ဟိုမိုင်ဒဟ် သခင်မကြီး ကို ကျွန် ရောင်းသူ တစ်ခု ထံမှ ဝယ်ယူခဲ့ပြီး မိမိ၏ သားတော် အေမာမ် ဂျအ်ဖရ်ဆွာဒစ်(အ.စ) အား ချီးမြှင့်တော် မူခဲ့ကြောင်း လာရှိပါတယ်။(7) အလာမာ မဂျ်လေစီ ၏ ဆင့်ပြန်ချက်အရ သခင်မကြီးသည် အေမာမ် မူစာဘင်န် ဂျအ်ဖရ် (အ.စ) ၊ အစ်ဟာက် ၊ ဖွာတွေမဟ် တို့၏ မိခင်မွန် ဖြစ်ပါသည်။ (8) သခင်မကြီး ၏ ကဗဲရ်တော် မှာ ဂျန္နသ်သိုလ်ဗကီးအ် ၏ အရှေ့ ဘက် ရှိ အလ်ဝါလီ မိုရှရဘဟ်အွန်မို အီဗရာဟီးမ် ဆိုသည့် နေရာ တွင် အေမာမ် ရေဇာ (အ.စ) ၏ မိခင်မွန် နဂျ်မဟ်ခါသွန် (သခင်မကြီး၏ ချွေးမတော်) ၏ ကဗဲရ် အနီးတွင် တည်ရှိပါသည်။ (9)

ကြီးကျယ်မြင့်မြတ်မှု

ဟဒီးတော်အကိုးအကား အရင်းအမြစ်များ အရ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အနေဖြင့် မိမိ ၏ သာဝကတော်များ မှ သာဝကတော် တစ်ပါး ၏ ဖေက်ဟီ (ဓမ္မသတ်ဆိုင်ရာ) မေးခွန်း ကို အဖြေရယူရန် မိမိ၏ ကြင်ယာတော် ဟိုမိုင်ဒဟ် သခင်မကြီးထံ မေးမြန်း ရန် မိန့်ကြားခဲ့ ပါသည်။ ထိုနောက် အေမာမ် (အ.စ) မှ မိမိ သာဝက အား မိမိ၏ အစေခံမ ကို ဟိုမိုင်ဒဟ် သခင်မထံစေလွတ်ပြီး မေးခွန်းမေး၍ အဖြေကို ရယူရန် မိန့်ကြားခဲ့ ပါ သည်။ (10) အေမာမ် ဆွာဒစ်က် (အ.စ) သည် ဟိုမိုင်ဒဟ် ၊သမီးတော် အွန်မိုဖရ်ဝဟ် အား မဒီနာ မြို့သူ၊မြို့သားများ ၏ ရပိုင်ခွင့်များကို ပေးရန် စေလွတ်တော်မူခဲ့ပါသည်။ (11) ‌ထိုနည်းတူစွာ ဟိုမိုင်ဒဟ် သခင်မကြီး သည် ( အေမာမ် (အ.စ)၏ သေတမ်းစာ ) အရ အေမာမ် (အ.စ) ၏ ဝဆီ (ကိုယ်စားလှယ်တော်) ငါးပါး မှ တစ်ပါး ဖြစ်ပါသည်။ (12) အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) အနေဖြင့် ဟိုမိုင်ဒဟ် သခင်မအား လောကီ တွင် လည်း နှစ်သက် သဘောကျတော် မူပြီး လောကုတ္တရာ အတွက်လည်း ချီးမွမ်းထိုက်သူ အဖြစ် သတ်မှတ်ခဲ့ပါသည်။ (13) အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် အနေဖြင့်လည်း သခင်မ အား (ရုပ်နှင့်နာမ်)ဆိုင်ရာ အညစ်အကြေးများ မှကင်းစင်သူ ၊ ရွှေတုံး စစ်စစ်ပမာ ဖြစ်သူ ၊ ကောင်းကင်တမန်များ ၏ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသူ အဖြစ် မိန့်ကြား ထားပါသည်။ (14) ဤအတွက်ကြောင့် ဟိုမိုင်ဒ သိုလ်မိုဆဖ်ဖါဟ် ဆိုသည့် ဘွဲ့ တော် ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် ပါသည်။ (15) လူအ်လုအ်ဟ် (16) မဟဇဘ်ဘဟ် (17)အမည် များ သည် လည်း သခင်မကြီး ၏ ဘွဲ့တော် များ ဖြစ်ပါသည်။ ဟဒီးစ်တော်များ ဆိုင်ရာ အရင်းအမြစ်များ အထောက်အထားများအရသခင်မကြီးထံ မှ ဟဒီးစ်တော် ဆင့်ပြန် ချက်များ လာရှိပါသည်။ သာဓကအားဖြင့် ကလေးငယ်များနှင့် ပတ်သက်သည့်ဟဂျ်ကိစ္စ (18) အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ၏ ရှဟာဒသ် နှင့် ပတ်သက်သည့် ဟဒီးစ်တော်များ ပါဝင်ပါသည်။ (19) ဟဒီးစ်တော် တစ်ပါး အရ အေမာမ် ရေဇာ (အ.စ) ၏ မိခင်မွန် နဂျ်မဟ် ခါသွန် သည် အစေခံ တစ်ဦးဖြစ်ပြီး ဟိုမိုင်ဒဟ် သခင်မကြီးမှ အိမ်မက်မှန်(20) ကို မြင်မက်ပြီးနောက် မိမိသားတော် အေမာမ် ကာဇင်းမ် (အ.စ) အား ချီးမြှင့်ခဲ့ကြောင်း လာရှိပါသည်။ (21)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ