အေမာမ်ဟာဒီ(အ.စ) ၏သားဂျာအ်ဖရ်

wikishia မှ

ဂျာအ်ဖရ်ဘင်အလီ (ကွယ်လွန် ၂၇၁ ခုနှစ် ဟစ်ဂျရီ ) ,ဂျာအ်ဖရ်ကဇားဘ် ဟုလူသိများသောသူသည်၊ အေမာမ်ဟာဒီ(အ.စ) ၏သားဖြစ်ပြီး၊ ၎င်း၏အကိုအေမာမ်ဟာစန်အက်စ်ကရီ(အ.စ) ၏ရှဟီးဒ်ဖြစ်ပြီးနောက် အေမာမသ်ဆက်ခံသူအဖြစ်ကြွေးကြော် သူများထဲမှတစ်ဦးဖြစ်သည်။ ထို့ကြောင့် ၁၂ပါးအေမာမ်ကိုလက်ခံသောရှီအာများက သူ့ကို ကဇားဘ် (လူလိမ်) ဟုခေါ် ကြသည်။

သူ၏ အေမာမသ် ကို လက်ခံရန်အတွက် ဂျာအ်ဖရ် သည် အေမာမ်ဇမားန် (အ.ဂျ) ၏ မွေးဖွားခြင်းကို ငြင်းဆိုခဲ့ပြီး အေမာမ်အက်စ်ရီ၏ အေမာမသ်ဆက်ခံသူအဖြစ်ကြွေးကြော်ခဲ့သည်။ ၁၁ပါးမြောက်အေမာမ် ၏ ဂျနာဇာအား ဝတ်ပြု(နမားဇ်ဖတ်)ချင်ခဲ့သော်လည်း အေမာမ်ဇမားန်သည်် ၎င်း၏ဝတ်ပြုမှုကို တားဆီးပိတ်ပင်ခဲ့တယ်။

ဂျာအ်ဖရ် ၏နောက်လိုက်များကို ဂျအ်ဖရီရဟ် ဟုခေါ်သည်။၎င်းတို့အကြားတွင် ဂျာအ်ဖရ်သည် မည်သည်အေမာမ်ထံမှ အိမာမသ် ရရှိခဲ့ရရှိခဲ့ခြင်းနှင့်ပတ်သတ်၍ အမြင်မတူကွဲလဲမှုများရှိသည်။ အချို့က သူ့ကို အီမာမ် ဟာဒီ (အ.စ.) ၏ ဆက်ခံသူဟု ယုံကြည် ကြပြီး၊ အချို့က သူ့ကို ဆယဒ်မိုဟမ္မဒ် ၏ ဆက်ခံသူဟု ယုံကြည်ကြပြီး၊ အချို့က သူ့ကို အီမာမ် အက်စ်ကရီ (အ.စ)၏ဆက်ခံသူအဖြစ်ယုံကြည်ကြသည်။

မျိုးရိုးနှင့်ဂုဏ်ပုဒ်များ

အေမာမ်ဟာဒီ(အ.စ)
Jafar သည်အေမာမ်ဟာဒီ(အ.စ)၊ ၁၀ပါးမြောက်အေမာမ်၏သားဖြစ်ပြီး၊ အေမာမ်ဟာဆန်အက်စ်ကရီ(အ.စ), ၁၁ပါးမြောက်အေမာမ် ၏ ညီဖြစ်သည်။(1) သူ၏မွေးနေ့အတိအကျကိုသမိုင်း၌ဖော်ပြထားချင်းမရှိပေ။ သို့သော် အချို့က အေမာမ်ဟာဆန်အက်စ်ကရီ(အ.စ) သည် သူ့ထက် အသက်ကြီးသောကြောင့် ၂၃၂ခုနှစ် ဟစ်ဂျရီ  ပြီးနောက် မွေးဖွားခဲ့သည်ဟု ဆိုကြသည်။(2) သူသည် ၂၇၁ခုနှစ် ဟစ်ဂျရီ တွင် ဆာမရာ ၌ ကယ်လွန်ခဲ့ပြီး သူ့ဖခင်၏အိမ်တွင် မြှုပ်နှံ ခံသည်။(3)  ၎င်း၏မြှုပ်နှံထားသောနေရာမှာ အက်စ်ရီယိုင်းမာန်ထဲတွင်တည်ရှိနေသည်။(4)

ရှီအာတို့သည်အေမာမသ်အားလိမ်လည်စွာကြွေးကြော်သောကြောင့် ၎င်းအား ကဇားဘ်(အင်မတန်မှလိမ်လည်ပြောဆိုသူ)ဟုခေါ်ဝေါ်ကြသည်။(5) ရေဝါယသ်တစ်ခုအရ ၊ တမန်တော်မြတ်သည်အေမာမတ်အား လိမ်လည်စွာပြောဆိုမှုကြောင့် ကဇားဘ်ဟု ခေါ်ဝေါ်ကာ၊ ၎င်း၏မွေးဖွားမှုနှင့် ဖြစ်ပေါ်လာမည့် လုပ်ရပ်များကို အသိပေးခဲ့သည်။ သူနှင့် ခွဲခြားမှုရှိစေရန် ဆဋ္ဌမမြောက် အေမာမ်ဆွာဒေက် ဆွာဒေက်ဟု ခေါ်ဝေါ် (လကဘ်ပေး)ခဲ့သည်။(6)

ထို့အတူ ၁၁ ကြိမ်မြောက် အီမာမ်၏ ဆက်ခံသူဖြစ်ကြောင်းနှင့် အမျိုးအနွယ်(ကလေး)မရှိဟု ငြင်းဆိုခဲ့ခြင်းကြောင့် ၎င်းအား "ကဇားဘ်" ဟူသော အမည်ကို ပေးအပ်ခြင်းခံရကြောင်းလည်း ဖော်ပြထားပါသည်။(7) မည်သို့ပင်ဆိုစေကာမူ သူ၏နောက်လိုက်များက သူ့ကို "ဇကိယ" (စင်ကြယ်၍ သီလရှိသော) သူဟု ခေါ်ကြသည်။ (8)

ဂျအ်ဖရ် ၏ ကွန်နီယဟ် မှာ အဘူအဘ်ဒေလ္လာ ဖြစ်သည်။ (9) ထို့အပြင် သူ့တွင် သားစဉ်မြေးဆက်မှ သားသမီး 120 ရှိသောကြောင့် အဘူကရ်ရိုင်း ဟုလည်း ခေါ်ဝေါ်(လကဘ်ပေး)ခဲ့ကြသည်။ (10)

ဂျာအ်ဖရ် ကို အရက်သောက်သည်ဟု စွပ်စွဲခံရသောကြောင့် ဇွက်ကွလ်ခမရ် (ခွက်နှင့်အရက်သောက်ရာသုံးသည်ခွက် ) ဟု နာမည်ပြောင်ပေးခဲ့သည်။ (11) အချို့က ဤလကဘ်သည် ၁၂ပါးအေမာမ်ကိုလက်ခံသောရှီအာ နှင့် ဂျာအ်ဖရ် ၏နောက်လိုက်များကြား ရန်ငြိုးဖွဲ့ခြင်းမှ ဆင်းသက်လာသည်ဟု ထင်ကြေးပေးကြသည်။ (12) အဘယ့်ကြောင်ဆိုသော် ဂျာအ်ဖရ် ၏နောက်လိုက်များသည်လည်း အေမာမ်အက်စ်ကရီ (အ.စ) နှင့် သူ၏နောက်လိုက်များကို ကဲ့ရဲ့ရှုတ်ချသော စကားလုံးများဖြင့် ပတ်သတ်မှုပေးခေါ်ဝေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ (13)


အေမာမသ်အရိုက်အရာ ကြွေးကြော်ခြင်း

အေမာမ်ဟားန်အက်စ်ကရီ ၏ ရှဟာဒသ် ဖြစ်ပြီးနောက် ဂျာအ်ဖရ်က အေမာမသ်အရိုက်အရာဆက်ခံသူအဖြစ် ကြွေးကြော်ခဲ့သည်။ (14) ၎င်း၏ထောက်ခံသူများကြားတွင်၊ သူ၏အေမာမသ်အရိုက်အရာသည် မည်သည့်အေမာမ်မှဆင်းသက်သည်နှင့်ပတ်သတ်၍ ကွဲလွဲမှုများရှိခဲ့သည်။ (15) အချို့က ဂျာအ်ဖရ် သည် အေမာမ်ဟာဒီ (16) ၏ဆက်ခံသူဟုယုံကြည်ကြပြီး အချို့က ၎င်းအား ၎င်း၏ဖခင်သက်တမ်းအတွင်း ကွယ်လွန်သွားခဲ့သော ၎င်းအစ်ကို ဆယဒ်မီုဟမ္မဒ်၏ဆက်ခံသူအဖြစ် ယူဆကြသည်။ အိမာမ်ဟာဒီ၏နောက်တွင် ဆာယစ်မုဟမ္မဒ်သည် အိမာမ်တစ်ဦးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ခဲ့ကြသည်။ (17) အခြားအဖွဲ့တစ်ဖွဲ့က ဂျာအ်ဖရ် သည် အေမာမ်အက်စ်ကရီ(အ.စ) ၏ဆက်ခံသူဖြစ်သည် ဟုယုံကြည်ကြသည်။ (18)


ဂျာအ်ဖရ် သည် သူ၏ အေမာမ်မသ်ကြွေးကြော်မှု အောင်မြင်စေရန် များစွာသောအလုပ်များကိုလုပ်ဆောင်ခဲ့သည်။သို့သော် ရှေးခ်မိုဖီးဒ်၏ အဆိုအရ သူ့ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုမှ အရာမရောက်ခဲ့ပေ။ (19) သူ၏ လုပ်ဆောင်ချက်အချို့ မှာအောက်ပါအတိုင်းဖြစ်သည်။…

 သူသည် အေမာမ်အက်စ်ကရီ ၏ဂျနာဇာအတွက် ဆုတောင်းဝတ်ပြုချင်သော်လည်း ငယ်ရွယ်သော ကလေးဖြစ်သည့် အေမာမ်ဇမာန်း (အ.ဂျ) သည် ၎င်းအား ကန့်ကွက်ကာ ဖခင်၏ဂျနာဇာ ကို အေမာမ်ဇမာန်းကိုယ်တိုင် ဆုတောင်းဝတ်ပြုခဲ့သည်။  (20) အချို့သော စာရေးဆရာများသည် ဂျာအ်ဖရ် ၏ ထိုလုပ်ရပ်သည် ၎င်း၏အေမာမသ် ကြွေးကြော်မှုအားအတည်ပြုရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုထင်မှတ်ကြသည်။  (21)

မို့အ်သမေဒ်အဘာစီ အား ဂျာအ်ဖရ်သည် ၎င်း၏သားကိုရှာဖွေရန် အေမမ်အက်စ်ကရီ ၏အိမ်ကိုရှာဖွေရန် လှုံ့ဆော်ခဲ့ပြီး ၎င်း၏ပူးပေါင်းဆောင်ရွက်မှုကြောင့် အေမာမ်အက်စ်ကရီ ၏ကိုယ်လုပ်တော်များထဲမှတစ်ဦး အကျဉ်းချခံခဲ့ရသည်။(22) ထိုလုပ်ရပ်သည် ကွမ်း မှလူတစ်စုသည် အေမာမ်အက်စ်ကရီ ကိုတွေ့ဆုံရန် ဆာမရာ သို့သွားရောက်ခဲ့ရာအေမာမ့်၏ ရှဟာဒသ် သတင်းကိုကြားသိရခဲ့ပြီးနောက် ၎င်းသည် သူတို့ကို အေမာမ်ပီးနောက် ဂျာအ်ဖရ်ကို အေမာမသ်ဆက်ခံသူအဖြစ်ကြေညာခဲ့ပီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (23)သို့သော်လည်း ထိုကွမ်းမှလူများသည် ဂျအ်ဖရ်အား မေးမြန်းမှုများပြုလုပ်ရာတွင် ဂျအ်ဖရ်သည် အေမာမသ်အရိုက်အရာနှင့်မသင့်လျော်ကြောင်းယုံကြည်ခဲ့ကြပြီး ၎င်းတို့မေးမြန်းမှုများ၏အဖြေများကို အေမာမ်မဟ်ဒီ့စီမှရရှိခဲ့ကြကြောင်း ရှေးခ်ဆိုဒူးက်မှပြောကြားထားသည်။ (24)

အေမာမ်ဟာစန်အက်စ်ကရီအား မြှုပ်နှံပြီးနောက်တွင်၊ ဂျာအ်ဖရ်သည် အီမာမ်၏မိခင်အသက်ရှင်နေသော်လည်း ၁၁ပါးမြောက်အေမာမ် ၏အမွေဆက်ဆံသူအဖြစ်ကြေညာခဲ့သည်။ (25) စင်စစ်မှာတွင် ရှီအာဥပဒေပညာအရ မိဘများကဲ့သို့သော ပထမအဆင့် ဆွေမျိုးများ အသက်ရှင်နေပါက အမွေသည် မွေးချင်းများကဲ့သို့သော ဒုတိယအဆင့် ဆွေမျိုးများသို့ မရောက်နိုင်ပါ။ (26) ဂျာအ်ဖရ် သည် သူ၏ အေမာမသ်အရိုက်အရာကို အတည်ပြုနိုင်ရန် အာဏာရမင်းဆက်များထံ နှစ်စဉ်ငွေပေးဆောင်မှုများ ပြလုပ်ခဲ့သည်။ (27)

ရှီအာဘာသာဝင်များ၏အရိုက်အရာ

ရှေးခ်ဆိုဒူးက် ၏အဆိုအရ ရှီအာမွတ်စလင်များသည် ဂျာအ်ဖရ် ကို နည်းအမျိုးမျိုးဖြင့် စမ်းသပ်ခဲ့သည်။ (28) သူတို့သည် ၎င်း၏ အိီမာမသ်ဆက်ခံသူအဖြစ်ကြွေးကြော်မှုအား ငြင်းပယ်ခဲ့ပြီး ဤအရိုက်အရာနှင့်ထိုက်တန်သည်ဟု မယူဆခဲ့ကြပေ။ (29) ၎င်းတို့သည် ဖတဟီယဟ် အား ငြင်းပယ်ရန် အသုံးပြုခဲ့ကြသည့် ဟဒီးစ်တော်မျာဖြင့် ဂျအ်ဖရ်၏ ကြွေးကြော်မှု ကိုလည်း သက်သေပေးငြင်းဆိုခဲ့ကြသည်။ (30) ထိုရေဝါယသ် ၏အဆိုအရ အီမာမသ် ဟာစန်နိုင်းမှလွဲ၍ ကျန်အေမာမ်များ၏အေမာမသ်သည် ညီအကိုများထံသိုမရောက်ရှိပေ။ (31)

အကျိုးအကြောင်းသင့်လျှော်မှုများ

တချို့အရင်းအမြစ်များ (မနာဘေ့အ်) တွင်  ဂျာအ့်ဖရ်ကို အပြစ်လုပ်သူ နှင့်အကျင့်ပျက်သူတစ်ဦးအဖြစ် ဖော်ပြသည် ။ (32) ရှေးခ်တူစီ၏ "အလ်ဂိုင်ဘသ်" စာအုပ်တွင် အေမာမ်ဟာဒီ (အ.စ) သည် သူ၏မွေးဖွားချိန်တွင် ဂျာအ်ဖရ် မှတစ်ဆင့် အချို့လူများ၏သွေဖည်မှုအကြောင်း ကို အသိပေးပြောကြားခဲ့သည်။ (33)

အေမာမ်ဇမာန်း၏ရေဝါယသ်အရ၊ ရှီအာတစ်ဦးထံသို့ အဖြေပေးပြန်ကြားသည့်စာတွင်အေမာမ်ဇမားန်( အ.ဂျ) သည်၊ ဂျာအ်ဖရ် သည် ဘာသာရေးဥပဒေများကို နားမလည်သူ ခွင့်ပြုခြင်း(ဟလာလ်) နှင့်တားမြစ်ထားခြင်း(ဟရာမ်)ကို ခွဲခြား၍မရသောသူတစ်ဦးအဖြစ် ဖော်ပြခဲ့သည်။ ထိုရေဝါယသ်ကြောင့် ဂျာအ်ဖရ် သည် အောက်လမ်းအတက်(ဂျာဒူ )သင်ယူရန်အတွက် ရက် ၄၀ တိုင်တိုင် ဆုတောင်းဝတ်ပြု (နမားဇ်ဖတ်)ခြင်းကို စွန့်လွှတ်ခဲ့သည်။ (34)

 ဂျအ်ဖရ်သည် ဖာရေစ်ဘက်ဟာသမ် ( အစွန်းရောက်ယုံကြည်ချက်ထားသူ ၊အကျင့်ပျက်သူ) ကို မျက်နှာသာပေးကြောင်း ပြသခဲ့ပြီး၊   

အမှန်တွင်ဖာရေစ် သည် အေမ်ဟာဒီ (အ.စ) လအ်နသ်ပို့သခြင်းခံရသူဖြစ်ပြီး သတ်ဖြတ်ရန် အမိန့်ပေးခြင်းခံခဲ့ရသူဖြစ်သည်။ (35)

ခွင့်လွှတ်ပလပ်မှုတောင်းခံခြင်း

ဂျအ်ဖရအ မသေဆုံးမီ ခွင့်လွှတ်ပလပ်မှုတောင်းခံ (သောင်ဗာပြုလုပ်)ခဲ့ကြောင်း ဆိုကြသည်။ (36) ယင်းနှင့်စပ်လျဉ်း၍ အချို့က အေမာမ်မဟ်ဒီ(အ.ဂျ) ၏အဆိုဖြစ်သည့်...ဂျအ်ဖရ်၏လုပ်ရပ်များသည် တမန်တော်ယူစွတ်(ဂျိုးဇက်)၏ ညီအစ်ကိုများ၏ လုပ်ရပ်များနှင့် ခိုင်းနှိုင်းထားခြင်းကို (37) ကိုးကားပြီးသက်သေပေးပြောဆိုခဲ့ကြည်သည်။ (38) သို့ရာတွင်၊ အချို့က ဂျအ်ဖရ်၏ အေမာမသ်အပေါ်ကြွေးကြော်ခြင်း(39)နှင့်ပတ်သက်၍ ရှေးခ်မိုဖီးဒ် ၏ ပြောကြားချက်များအားကိုးကားပြီး ထိုရေဝါယသ်တွင်အေမာမ် မဟ်ဒီ (အ.ဂျ)၏ဆိုလိုရင်းသည် ပရောဖက်များ၏ အမျိုးအနွယ်မှ သွေဖည်ခြင်း၏ သမိုင်းကြောင်းကိုသာ ရည်ညွှန်းကြောင်းယူဆကြသည်။ (40)

ဂျအ်ဖရီရဟ်အဖွဲ့ (ဖေရ်ကာ)

ဂျအ်ဖရ် ၏နောက်လိုက်များသည် သမိုင်းတွင် ဂျအ်ဖရီရဟ်ဟူ၍ ကြော်ကြားသည်။ (41)သို့သော်လည်း ယင်းမတိုင်မီက ဂျာဖရီယဟ်ဟူသော ဝေါဟာရကို အီမာမ် ဂျအ်ဖရ်ရေဆွာဒေက်၏ နောက်လိုက်များကို ရည်ညွှန်းရန် အများစု အသုံးပြုခဲ့သည်။ (42)ဂျအ်ဖရ်သွယားဘ် ၏သားမြေးများ ၊ ၂၃၆ခုနှစ်ဟစ်ဂျရီ တွင်ကွယ်လွန်သွားသော မိုအ်သဇေလာခေါင်းဆောင်တစ်ဦးဖြစ်သည့်ဂျအ်ဖရ်ရေဘ်နေဟရ်ဘေဟမ္မဒါနီး ၏နောက်လိုက်များ နှင့်၂၃၄ခုနှစ်ဟစ်ဂျရီတွင် ကွယ်လွန်သောဘဂ္ဂဒက်ရှိ မို့အ်သဇေလာ ခေါင်းဆောင်ထဲမှတစ်ဦးဖြစ်သည့် ဂျအ်ဖရ်ရေဘ်နေမိုဘရှေရ်စကဖီ၏ နောက်လိုက်များကို လည်းဂျအ်ဖရီရဟ်ဟုခေါ်ဆိုကြသည်။ (43)

ညီအကိုနှစ်ယောက်၏ အီမာမသ် ကို လက်ခံခဲ့သော ဖတဟီယဟ်သည် ဂျအ်ဖရ်၏အေမာမသ်ကိုလက်ခံခဲ့ကြသည်။ (44) ဤအကြောင်းကြောင့် ရှေးခ်ဆိုဒူးက် သည် ဂျအ်ဖရ် အား ဖတဟီရဟ်၏ ဒုတိယမြောက်အေမာမ်အဖြစ် ခေါ်ဝေါ်ခဲ့သည်။ (45)

ဂျအ်ဖရ် ကွယ်လွန်ပြီးနောက်တွင် သူ၏နောက်လိုက်အချို့သည် ဘဂ္ဂဒက်ရှိဆယဒ်များ၏ခေါင်းဆောင်ဖြစ်သော သူ၏ သားဖြစ်သူ အဘွလ်ဟာစန်အလီသည် (46)ဆက်ခံသူအဖြစ် ယုံကြည်ကြသည်။ (47) အချို့က ဂျအ်ဖရ်၏အေမာမသ်သည် အဘွလ်ဟာစန် နှင့် ၎င်း၏ညီမ ဖာတေမာ တို့အကြား ပိုင်းခြား၍ရောက်ရှိခဲ့သည်ဟု ယုံကြည်ကြပြီး ၎င်းတို့နောက်တွင် ဂျအ်ဖရ် ၏အခြားသားစဉ်မြေးဆက်များထံ သို့ အေမာမာသ်အရိုက်အရာရောက်ရှိသွားမည်ဟုယုံကြည်ကြသည်။ (48)

စအ်ဒေဘ်နေအဘ်ဒွလ္လာ အရှ်အရီ သည် "ကေသားဘွလ် ဇွေယားအေ ဖီးရဒ်ဒေ အလာ မိုဟမ္မဒီယဲဟ် ဝလ် ဂျအ်ဖရီရဲဟ် ”စာအုပ်ကို ဂျအ်ဖရီရဟ်  ဂိုဏ်း၏အမြင်များကို ချေပရန်အဖြစ် ရေးသားခဲ့သည်။ (49)
အလလ်သွာဟင် သည် ဂျအ်ဖရီရဟ် ဂိုဏ်း၏ခေါင်းဆောင်များထဲမှတစ်ဦးဖြစ်သည်။ (50)

အေမာမ်ရဇာ (အ.စ) နှင့် ဆက်နွယ်နေသောကြောင့် ဂျအ်ဖရ် ၏ကလေးများကို "ဘနူရေဒွာ" (51) သို့မဟုတ် "ရေဒဝီယွန်း" (52) ဟုခေါ်ဆိုကြသည်။ ရှေးခ်မိုဖီးဒ် သည် ဂျအ်ဖရ်၏အကြောင်းအရာများကိုရေးတဲ့ အချိန်တွင် (မဇ်ဟဘ်ဘေရှီအာ)ရှိအာဘာသာထဲသို့ မဝင်ရောက်သေးတဲ့ ဂျအ်ဖရ် ရဲ့ ကလေးတစ်ဦးကို ရှာမတွေ့ခဲ့ဘူးလို့ ပြောကြားခဲ့သည်။ (53)

ကွမ်းရှိ အေမာမ်ဇာဒဲဟ်အေ ကျဟေးလ်အေခ်သရားန် တွင်တည်ရှိသော မိုဟမ္မဒ်ဘင်မူဆာ မဘ်ရကအ်၏ဇနီး ဘိုရီဟဟ် သည် ဂျအ်ဖရ် ၏သမီးဖြစ်သည်။ (54)

အကြောင်းအရာတရပ်

"သိုဟ်ရေမိုသဟရ်"စာအုပ်ကိုဂျအ်ဖရ်၏သန့်စင်မှုနှင့်သူ့အားသွေဖည်မှုများကိုချေမှုန်းရေးနှင့်ပတ်သက်၍ ရေးသားထားသည်။ စာအုပ်ရေးသားသူသည် ဂျအ်ဖရ် အား ပြစ်တင်ရှုတ်ချသောရေဝါယသ် များစွာကို လုပ်ကြံဖန်တီးထားခြင်းဟုယူဆထားသည်။ဤစာအုပ်တွင်၊ဂျအ်ဖရ်၏ပြောဆိုချက်အချို့သည်ခေတ်ကာလ၏အီမာမ်၏အသက်ကိုကာကွယ်ရန်နှင့်ကာကွယ်ခြင်းသဘောတရား(သကီယာ)ဖြစ်သည် ဟုရေးသားဖော်ပြထားသည်။ (55)