အေမာမ်ဟစန်(အစ) ၏ သမီး ဖှာသွေမဟ်

wikishia မှ


အေမာမ်ဟစန်(အစ) ၏ သမီး ဖှာသွေမဟ် သည် အေမာမ်စဂျာဒ်(အစ) ၏ ဇနီးဖြသ်ကာ အေမာမ်ဘာကရ်(အစ) ၏ မိခင်ဖြစ်သည်။ သူမသည် ဟဒီးစ် ကောက်နုတ်ကိုးကားသူများ အနက်မှ ဖြစ်သည်။ အေမာမ်ဆွာဒီက်(အစ) သည် သူမ နှင့်ပတ်သက်ပြီး မိန့်ဆိုထားသည်မှာ “ သူမသည် မိုအ်မင်န် ၊ ရှောင်ကြဉ်သူ၊ ကောင်းမွန်သူ ဖြစ်ကာ အရှင်မြတ်သည် ကောငမွန်သူများကို ချစ်မြတ်နိုးတော်မူ‌ပေသည်။ “ ဖှာသွေမဟ် သည် ကရ်ဘလာ အဖြသ်အပျက်၌ ရှိခဲ့ရာ သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ အေမာမ်ဆွာဒီက်(အစ) သည် ၎င်း၏ အဖွားဖြစ်သူ အွမ်မေအဗ္ဗ်ဒုလ္လာဟ် နှင့်ပတ်သက်ပြီး မိန့်ဆိုထားသည်မှာ ၊ کانَت صِدّیقةً لَم تُدرَک فی آلِ الحَسَنِ امرَأَةٌ مِثلُها ဘာသာပြန် ၊ အွမ်မေအဗ္ဗ်ဒုလ္လာဟ် သည် မှန်ကန်ပြီး ဖြောင့်မတ်သော အမျိုးသမီးဖြစ်ကာ အေမာမ်ဟစန်(အစ) ၏ မိသားစုအတွင်း သူမကဲ့သို့ အမျိုးသမီးအား မတွေ့ဘူးပေ။ ဗေဟာရုလ်အန်ဝါရ်၊ အတွဲ ၂၁၅၊ အစူလေကာဖီ ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၄၆

မိတ်ဆက်

ဖှာသွေမဟ် အွမ်မေအဗ္ဗ်ဒုလ္လာဟ် (1) သူမ၏ ဖခင်မှာ အေမာမ်ဟစန်(အစ) ဖြစ်ပြီး မိခင်မှာ သွလ်ဟေဟ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အလ်သိမ်မီ ၏ သမီးဖြစ်သူ အွမ်မေအိစ်ဟာက် ဖြစ်သည်။ (2) အွမ်မေမုဟမ္မဒ် (3) သို့မဟုတ် အွမ်မေအဗ္ဗ်ဒဟ် (4) တို့သည် သူမ၏ အစွဲပြုခေါ်ဆိုသော အမည် ဖြစ်သည်။ ရေဝါယသ်တစ်ခု၌ ၊ ဂျာဘီရ် ဆိုထားသည်မှာ ၊ အေမာမ်များအားလုံး၏ အမည်များကို ဆွဟီးဖေ-ယေ-ဖှာသွေမဟ် စာအုပ်တွင် တွေ့မြင်ခဲ့ရသည်။ ဤရေဝါယသ်၌၊ ၎င်းသည် အွမ်မေအဗ္ဗ်ဒုလ္လာဟ် ၊ ဟစန် ဗင်န် အလီ ဗင်န် အဘီသွာလီဘ် ၏ သမီးကို အေမာမ်ဘာကရ်(အစ) ၏ မိခင်ဖြစ်သည်ဟု လက်ခံထားသည်။ (5) သူမသည် ဟဒီးစ် ကောက်နုတ်ကိုးကားသူများ အနက်မှ ဖြသ်သည်။ ရေဝါယသ် ကျမ်းကိုးများ၌၊ ဖှာသွေမဟ် ဗင်န်သေ ဟစန် သည် ၎င်း၏ ဖခင်ဖြစ်သူ အေမာမ်ဟစန်(အစ) မှ ရေဝါယသ် ကိုးကားထားပေသည်။ (6) အေမာမ်ဆွာဒီက်(အစ) သည် သူမ၏ အရိုက်အရာ နှင့်ပတ်သက်ပြီး မိန့်ဆိုထားသည်မှာ ၊ “ သူမသည် မိုအ်မင်န် ၊ ရှောင်ကြဉ်သူ၊ ကောင်းမွန်သူ ဖြစ်ကာ အရှင်မြတ်သည် ကောငမွန်သူများကို ချစ်မြတ်နိုးတော်မူ‌ပေသည်။ “ (7) သမိုင်းကျမ်းကိုးများ၌၊ သူမ ကွယ်လွန်သည့်နေ့ နှင့် မြုပ်နှံသည့်နေရာ ကို အတိအကျ မဖော်ပြထားပေ။

ထိန်းမြားခြင်း

        ဖှာသွေမဟ် အွမ်မေအဗ္ဗ်ဒုလ္လာဟ် သည် မိမိ့ဦးလေး၏သား ဖြစ်သူ အေမာမ်စဂျာဒ်(အစ) နှင့် ထိန်းမြားခဲ့သည်။ ဤထိန်းမြားခြင်းသည် အလဝီ အချင်းချင်း ထိန်းမြားသည့် ပထမဆုံး လက်ထပ်ပွဲဖြစ်သည်။ (8) နာစီခုလ်သဝါရီခ် ၏ ဖော်ပြချက်အရ၊ ဖှာသွေမဟ်သည် အေမာမ်စဂျာဒ်(အစ) နှင့် အက္က်ဒေ ဒါအင်မီ ဖတ်ခဲ့သည့် အမျိုးသမီး ဖြစ်သည်။ (9) အေမာမ်စဂျာဒ်(အစ) နှင့် ဖှာသွေမဟ် တို့ ထိန်းမြားခြင်းအားဖြင့် ၎င်းတို့၏ သားမြေးမျိုးဆက်များကို အေမာမ်ဘာကရ်(အစ) နောက်ပိုင်းမှစ၍၊ မိခင်ဘက်မှ အေမာန်ဟစန်(အစ) နှင့် ဖခင်ဘက်မှ အေမာမ်ဟိုစိုင်းန်(အစ) အထိ ဖြစ်လာစေခဲ့သည်။ ထိုထိန်းမြားလက်ထပ်ခြင်းကြောင့် အေမာမ်ဘာကရ်(အစ) အား “ဟာရှင်မီ ဘိုင်းနု ဟာရှင်မိုင်းန်” ၊ “ အလဝီ ဘိုင်းနု အလဝီယိုင်းန် သို့မဟုတ် ဖှာသွေမီ ဘိုင်းနု ဖှာ‌ေသွမီယိုင်းန် “ ဟူသော ဂုဏ်ပုဒ် ရရှိခဲ့သည်။ (10)

        ဤထိန်းမြားခြင်း၏ ရလဒ်မှာ အဗ္ဗဒုလ္လာဟ် [11] ဟုခေါ်သော အခြားကလေးတစ်ဦး ထွန်းကားလာပြီး ၎င်း၏ အလှနှင့် မျက်နှာတောက်ပမှုကြောင့် "ဘာဟီရ်" ဟု ဂုဏ်ပုဒ်ရခဲ့သည်။ (12) အဗ္ဗဒုလ္လာဟ် သည် မိမိ၏ ညီဖြစ်သူ အေမာမ်ဘာကရ် (အစ) ထက် အသက်ကြီးပြီး တမန်တော်မြတ်(ဆွ) နှင့် အေမာမ်အလီ(အစ) တို့၏ ပစ္စည်းထိန်းတစ်ဦး ဖြစ်သည်။ (13)

ကရ်ဘလာ အဖြစ်အပျက်၌ ရှိနေခြင်း

အေမာမ်ဟစန်(အစ) ၏ သမီး ဖှာသွေမဟ်သည် ၊ ကရ်ဘလာ အဖြစ်အပျက်၌ ရှိနေခဲ့ပြီး အေမာမ်ဟိုစိုင်းန်(အစ) ကျန်ရှိခဲ့သော မိသားစုနှင့်အတူ သုံ့ပန်းအဖြစ်သို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ (14)