အေမာမ်မဲဟ်ဒီ (အ .စ) ၏ လက်ထပ် ထိမ်းမြားခြင်း

wikishia မှ
(အေမာမ်မဲဟ်ဒီ(အစ) မှ ပြန်ညွှန်းထားသည်)

အေမာမ်မဲဟ်ဒီ(အစ) အိမ်ထောင်ပြုမဂ်လာ‌ဆောင်‌သည့် အကြောင်းအရာနှင့်ပတ်သက်ပြီး အမျိုးမျိူးပြောဆိုကြပေသည်။ အေမာမ်မဲဟ်ဒီ(အစ) အိမ်ထောင်ပြုပြီးပြီကို လက်ခံသူများသည် ယင်းအကြောင်းအရာအား သက်သေပြုဖို့ရန် ၎င်း၏သားသမီးများကို ဖော်ညွှန်းထားသည့် ရေဝါယသ်များကို အသုံးပြုတင်ပြကြသည်။ ထို့အတူ ၎င်းတို့ အမြင်၌ အိမ်ထောင်ပြု မဂ်လာဆောင်ခြင်းသည် တမန်တော်မြတ်(ဆွ)၏ စွန္နသ်လမ်းစဉ်တော် ဖြစ်သည်။ ထို့ကြောင့် အေမာမ်မဲဟ်ဒီ(အစ)သည် ယင်းအားပြုလုပ်‌‌ပေမည် ဟုလက်ခံထားကြသည်။

အေမာမ်မဲဟ်ဒီ(အစ) အိမ်ထောင်ပြုသည့်ကိစ္စကို ငြင်းပယ်သူများသည်လည်း အေမာမ်မဲဟ်ဒီ(အစ) အိမ်ထောင်ပြုခြင်းကို ၎င်းသည် လူသားများအကြားကွယ်ပြောက်‌ေနသည့် ဒဿနိကနှင့် ကိုက်ညီမှုမရှိပေ ဟူ၍လက်ခံထားကြသည်။ အချို့သူများသည်လည်း အေမာမ်မဲဟ်ဒီ(အစ) အိမ်ထောင်ပြုနိုင်ခြေရှိသည် ဟူ၍ ယုံကြည်ထားကြသော်လည်း ၎င်းနှင့်ပတ်သက်ပြီး တိကျခိုင်လုံသော အဆိုမျိုးကို မပေးနိုင်ပေ။

ဆိုင်ယဒ်မိုဟမ္မဒ်ဆွဒ်ရ် ၊ မိုဟဒ္ဒီစေနူရီ နှင့် အလီအက်ဘက် နဟာ၀န်ဒဖိ တို့သည် အေမာမ်မဲဟ်ဒီ(အစ)၏ အိမ်ထောင်ပြုသည့်ကိစ္စကို လက်ခံထားကြသူများဖြစ်သည်။ ထိုအကြောင်းအရာသည် ပထမဦးဆုံးအကြိမ် ခွဲခြမ်းစိတ်ဖြာသော ပုံစံမျိုးဖြင့် ( သာရီခုလ် ဂိုင်ဘက်သေ ကုဘ်ရာ) ဟူသောစာအုပ်၌ ရေးသားထားပြီး ဆိုက်ယဒ်မိုဟမ္မဒ်ဆွဒ်ရ် တင်ပြထားလေသည်။

ဆွေးနွေးချက်သမိုင်းကြောင်း

ရှီအဟ်ပညာရှင်ကြီးများအကြား၌ အေမာမ်မဟ်ဒီ(အစ) ကွဲပြောက်နေသည့်ချိန် အိမ်ထောင်ပြုခြင်း မပြုခြင်း နှင့်ပတ်သက်ပြီး ကွဲပြားခြားနားသော အမြင်များ ရှိကြသည်။ ထို့အတူ (ဒေါနီရှ် နာမေယေ အေမာမ်မဟ်‌ဒီ) ဟူသောစာအုပ်၌ ထိုအကြောင်းအရာသည် ဟိဂျ်ရီကမရီ ၁၄နှစ်၌ အတိအကျ လာရှိထားပေသည်။ ထို့ပြင် အေမာမ်မဟ်ဒီ၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် အ‌ေသးစိတ်လာရှိထားသည့် စာအုပ်မှာ ဆိုင်ယဒ်မိုဟမ္မဒ်‌ဆွဒ်ရ် ရေးသားထားသည့် ( ဂိုင်ဘက်သေ ကုဘ်ရာ)ဟူသော စာအုပ်ဖြစ်သည်။ သို့​သော် ၎င်းထက်အရင် မိုဟမ္မ် မိုဟဒ္ဒီနူရီ ရေးသားထားသည့် နက်ဂ်ျမုလ်စာကိဘ် ဟူသော စာအုပ်၊ အလီအက်ဘရ်နဂာ၀န်ဒီ ရေးသားထားသည့် အလ်အဘ်ကရလ်ဟေစာန် ဟူသောစာအုပ်များ၌လည်း ထိုအကြောင်းအရာ လာရှိထားပေသည်။ ထို့ပြင် ဗေဟာရွလ်အန်ဝါရ် ၌ ( အေမာမ်မဲဟ်ဒီ (အစ) ၏ ကိုယ်စားလှယ်များ နှင့် သားသမီးများ) ဟူ‌၍ အပိုင်းတစ်ပိုင်း လာရှိထားသည်။

အမြင်များ

အေမာမ်မဟ်ဒီ(အစ) ၏အိမ်ထောင်ပြုမဂ်လာ‌ဆောင်ခြင်း နှင့်ပတ်သက်ပြီး အမြင် သုံးမျိုးရှိပေသည်။ ၎င်းတို့မှာ

လက်ခံကြသူများ

ဆိုင်ယဒ်မိုဟမ္မဒ်ဆွဒ်ရ် ၊ မိုဟဒ္ဒီစေနူရီ နှင့် အလီအက်ဘရ် နဟာ၀န်ဒီ တိုဘသည် အေမာမ်မဟ်ဒီ အိမ်ထောင်ပြုပြီးသည်ကို လက်ခံကြသည်။ ထို့အတူ (ဒေါနီရှ်နာမေယ အေမာမ်မဟ်ဒီ) ဟူသော စာအုပ်၌ အလ္လာမဟ် မဂ်ျလီစီ သည်လည်း ထိုသို့ ယုံကြည်ထားသည်ဟု လာရှိထားသည်။ ၎င်းတို့၏ သက်သေအထောက်အထားမှာ အောက်ပါတို့ ဖြစ်သည်။

  • အေမာမ်မဟ်ဒီ(အစ) ၌ သားသမီးရှိ‌ကြောင်းကို ဟဒီးစ် အချို့၌ လာရှိထားသည်။ (ဒေါနီရှ်နာမေယေအေမာမ်မဲဟ်ဒီ ) ဟူသောစာအုပ်၌ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဟဒီးစ်ပေါင်း၁၄ ခု လာရှိထားသည်။ ဥပမာ ဟဒီး-စေ-၀စီယသ်သည် အလွန်ကျော်ကြားသော ဟဒီးစ်တစ်ခုဖြစ်ပြီး ယင်း၌ အေမာမ်မဟ်ဒီ(အစ) ၏ မျိုးဆက်မှ မဟ်ဒီ ၁၂ ဦး အုပ်ချုပ်မည်ဟု လာရှိထားသည်။ သို့ အလ္လာမဟ်မဂျလေစီ၏ ‌‌ပြောဆိုချက်အရ ထိုဟဒီးစ်သည် ကျော်ကြားသည့်ဟဒီးစ် မဟုတ်ပေ။ ထို့အတူ မဟ်ဒီ၁၂ဦး ၏ဆိုလိုရင်းမှာလည်း အေမာမ်မဟ်ဒီ (အစ)မှအပ တမန်တော်မြတ် နှင့် အေမာမ်များအားလုံးကို ဆိုလိုနိုင်ပေသည်ဟု လာရှိထားသည်။ ဤအုပ်စုလက်ခံသည့် ဟဒီးစ်နောက်တစ်ခုမှာ အေမာမ်ဆွာဒီက်(အစ) ထံမှဖှစ်ပြီး ယင်း၌ အေမာန်မဟ်ဒီ သည်၎င်း၏ မိသားစုနှင့်အတူ مسجد سهله ပေါ်ထွက်လာမည်ဟူ၍ ဖော်ညွှန်းထားသည်။ ငြင်းပယ်သာများသည် ဤဟဒီးတော်အား အေမာမ်မဟ်ဒီ ဖူးပွင့်ပြီးမှ ယင်းသို့ ဖြစ်ပေသည် ဟူ၍ လက်ခံထားကြသည်။
  • အေမာမ်မဟ်(အစ)ဒီ၏ မိသားစုသည် ခဇရာအ်ကျွန်းစွယ်၌ နေထိုင်သည်ဟု လာရှိထားသည်။ သို့သော် အချို့ ရှီအဟ် ပညာရှင်များသည် ယင်းကျွန်းစွယ် အမှန်တစ်ကယ်မရှိပေဟု သတ်မှတ်ထားကြသည်။

ငြင်းပယ်သူများ

အေမာမ်မဟ်ဒီ(အစ) အိမ်ထောင်ပြုခြင်းကို ငြင်းပယ်သူများ၏ သက်သေအထောက်အထားမှာ အောက်ပါတို့ ဖြစ်သည်။

  • ကွယ်ပျောက်နေခြင်း၏ဒဿနိက နှင့် ကိုက်ညီမှု မရှိခြင်း အေမာမ်မဟ်ဒီ ကွယ်ပျောက်နေသည့် ဒဿနိက ကို ပုန်းကွယ်နေခြင်း ၊ လူသားများ ၎င်းအားမသိကြခြင်း ဟူ၍ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ပြု မဂ်လာဆောင်ခြင်းသည် ယင်းဒဿနိက နှင့် ကိုက်ညီမှုမရှိပေ။ အဘယ်ကြောင့်ဆို‌သော အိမ်ထောင်ပြု မဂ်လာဆောင် ခြင်းသည် သိသာထင်းရှားခြင်းပင် ဖြစ်သည်။
  • အေမာမ်မဟ်ဒီ၌ သားသမီးမရှိပေ ဟူ၍ ရေဝါယသ်မှ ကောက်နုတ်ဖေါ်ပြ ထားသည်။
  • အေမာမ်မဟ်ဒီ၏ ကိုယ်စားလှယ်များမ‌‌ဖေါ်ပြခဲ့ခြင်း အကယ်၍ အေမာမ်မဟ်ဒီ အိမ်ထောင်ပြုခဲ့သည် ဆိုပါက ၎င်း၏ ကိုယ်စားလှယ်များသည် ၎င်း ခဏတာ ကွယ်ပျောက်‌နေသည့် ကာလ ၌ ၎င်း၏ အမျိုးသမီး နှင့် သားသမီးများကို ဖေါ်ပြသွားပေမည်။ သို့သော် ယင်းသို့ မပြုလုပ်ခဲ့ပေ။

နုတ်ဆိတ်ခြင်း

စာအုပ်၌လာရှိထားသည်မှာ အေမာမ်မဟ်ဒီ၏ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ငြင်ယပယ်သူများ နှင့် လက်ခံသူများ၏ သက်သေအထောက်အထားများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်အဆို ဖြစ်နေပေသည်။ ထို့ကြောင့် ယင်းသက်သေများကို အသုံးပြုပြီး သမိုင်းကြောင်းတစ်ခုကို တိကျပေါ်လွင်အောင် ပြုလုပ်၍မရပေ။ သမိုင်းသုတေသီဖြစ်သူ ဆိုင်ယဒ်ဂျအ်ဖရ်မုရ်သဇွာအာမေလီ ယုံကြည်လက်ခံထားသည်မှာ အေမာမ်မဟ်ဒီ၌ သားသမီးရှိခြင်းသည် ဒွိဟသံသယကိစ္စပင်ဖြစ်ပြီး ယင်းအားတိကျစွာ မပြောနိုင်ပေ။ ထို့အတူ အာယသုလ္လာသ် ဆွာဖီ ဂိုလ်ပါယေဂါနီ ၏မိန့်ဆိုချက်အရ မည်မျှပင် အေမာမဟ်ဒီ အိမ်ထောင်ပြု မဂ်လာဆောင်သည့် ကိစ္စသည် မသေချာသည့်အရာ ဖြစ်နေပါစေ သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး ယုံကြည်ဖွယ်ကောင်းသည့် တိကျခိုင်လံုသော ဟဒီးစ်တစ်ခုမှ လာရှိထားခြင်းမျိုးလည်း မရှိပေ။