အေမာမ်ဆွာဒီက်(အ..စ)၏သား အိစ္စမာအီးလ်

wikishia မှ

အိစ္စမာအီးလ်ဘင်ဂျာအ်ဖရ် (ဟစ်ဂျရီ ၁၄၃ (သို့)) ၁၄၅ခနှစ်တွင်ကွယ်လွန်)သည် အေမာမ်ဆွာဒေက် (အ.စ) ၏အကြီးဆုံးသားဖြစ်ပြီး အေစ္စမာအီလီယာဟ် သည် သူ သို့မဟုတ်သူ၏သား မိုဟမဒ္ဒ် သည် အေမာမ်ဆွာဒေက် ပြီးနောက် အေမာမ် အဖြစ်သတ်မှတ်ထားသည်။ သို့ရာတွင်၊ ရှီအာအေမာမ်မီယာအမြင်နှင့်တမန်တော်မြတ်(ဆွ)၏ ဟဒီးစ်တော်များအရ၊ မူဆဘ်နေဂျာဖာရ် (အ.စ) သည် အေမာမ်ဆွာဒက်ပြီးနောက်အေမာမ်ဖြစ်သည်ဟုယုံကြည်ကြသည်။အေစ္စမာအီလီ၏ အေမာမသ် အပေါ်ယုံကြည်ခြင်းသည် ရှီအာအေမာမ်မီယဟ် မှ အေစ္စမာအီလီနောက်လိုက် များ ခွဲထွက်ခြင်းနှင့် အေစ္စမာအီလီယဟ် ဂိုဏ်း(ဖေရ်ကာ) ပေါ်ပေါက်လာမှု၏အစဖြစ်သည်။

အိစ္စမာအီးလ်၏ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေပြီး အချို့က ရေဝါယသ် တချို့၏အဆိုအရ ၎င်းသည် ဂါလီယားန်နှင့် ဆက်နွှယ်မှုရှိသည်ဟု ယုံကြည်ကြသည်။ သို့သော် အာယသွလ္လာ ခိုအီး အဆိုပါရေဝါယသ်၏အဆိုအာ ပယ်ဖျက်၍ အခြားရေဝါယသသ်အားသက်သေထူ၍ သူ့အား ဖခင်၏ ချစ်ခင်လေးစားထိုက်သော မွန်မြတ်သော ပုဂ္ဂိုလ်အဖြစ် မှတ်ယူခဲ့သည်။

အိစ္စမာအီးလ် သည် အေမာမ် ဆွာဒေက် (အ.စ) သက်တမ်းအတွင်း ကွယ်လွန်သွားခဲ့ပြီး ဘကီးရ်အ် သုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်။ အေမာမ် ဆွာဒေက် (အ.စ) သည် ၎င်း၏ ဈာပနနှင့် မြှုပ်နှံခြင်းကို ထင်ရှားစွာ ပြုလုပ်ခဲ့ပြီး သူ၏ အိမာမတ်နှင့် ပတ်သက်သော သံသယများ ကင်းစင်စေရန်အတွက် ၎င်း၏ ဈာပနနှင့် မြေမြှုပ်ခြင်းကို ထင်ရှားစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင်၊ ရေသာယသ်အရ၊ အေစ္ဧ်မာအီလီကွယ်လွန်ချိန်၌ ရှီအာအချို့က ၎င်းအား ေအမာမ်ဖြစ်သည်ဟု ယုံကြည်သောကြောင့်၊ သူ၏သေဆုံးမှုသည် ေအမာမ်မဟုတ်ကြောင်း ထင်ရှားစေသည်။

အထ္တုပတ္တိ

အိစ္စမာအီးလ် သည်အေမာမ်ဆွာေဒက် (အ.စ) နှင့် ဖာသွေမာဟ် ၏သားဖြစ်ပြီး အေမာ် စဂျားဒ် (အ.စ) ၏မြေးဖြစ်သည်။ (1)၎င်းမွေးနေ့ အတိအကျကို သမိုင်းရင်းမြစ်များတွင် မဖော်ပြထားပါ။ သို့ရာတွင်၊ ဟစ်ဂျရီ ၁၂၃ခုနှစ် (2) သို့မဟုတ် ၁၂၈ ခုနှစ် (3) တွင် အေမာမ်ကာဇွမ်း(အ.စ) မွေးဖွားမှုအပေါ် အခြေခံ၍ အေမာ် ကာဇွမ်း (အ.စ) နှင့် အေစ္စမာအီးလိီ (4) အကြား 25 နှစ်ကွာချက်ရှိခြင်းအပေါ် ကွဲလွဲမှုရှိ၍၎င်းအားဒုတိယရာစုအစောပိုင်းနှစ်များတွင် မွေးဖွားခဲ့သည်ဟု ခန့်မှန်းကျသည်။ အလီယေဘ်နေမိုဟမ္မဒ် အလဝီသည် အေစ္စ်မှာအီလ် သည် ဟစ်ဂျရီ ၁၃၈ ခုနှစ်(6) တွင် ကွယ်လွန်ခဲ့ကြောင်း ပြေကြားထားသည်။ သို့သော်လည်း သာရီးခ်ခေ သဘ်ရီ ၏ရေးသားသူ သဘရ်ရီ က ဟစ်ဂျရီ ၁၄၀ ခုနှစ်ထိ (7) သူ၏ အသက်ရှင်ကျန်ခဲ့သည့်အကြောင်း ဖော်ပြခဲ့သည်။ ဟစ်ဂျရီ ၁၄၃ ခုနှစ် (8) နှင့် ၁၄၅ ခုနှစ် (9) ကို အိစ္စမာအီးလ်၏ ကွယ်လွန်သည့်နှစ်များအဖြစ် ဖော်ပြခဲ့သည်။

အိစ္စမာအီးလ် ၏အဆက်အနွယ်သည် ၎င်း၏သားတော် မိုဟာမက်နှင့် အလီ (10) မှတဆင့် ဆက်သွားခဲ့သည်။ မိုဟာမက်တွင် အေစ္စမာ်အီးလ် ဆာနီ နှင့် ဂျအ်ဖရ် အဘ်ဘရ် ဟူသောအမည်ဖြင့် (11) သားနှစ်ယောက်ရှိပြီး အလီယေဘ် အိစ္စမာအီးလ် ၌ မိုဟာမ္မဒ်ဘာကီဟူ၍ (12) ကျန်ရှိခဲ့သည်။

အိစ္စမာအီးလ် ၏သားမြေးများသည် ခိုရာဆားန်, နီရှာပူးရ်, ဆာမရာ (13), ဒမေရှ်က် (14), အီဂျစ် (15), အဟ်ဝါးဇ်, ကူဖာ, ဘဂ္ဂဒက် (16), ယမန် (17), ဆူးရ် (18) ၊ ဆလ်ဘ် (19) နှင့် ကွမ်းမြို့များတွင် (20) ကျန်ရှိသေည်။

သမာဓိနှင့်ကိုယ်ရည်ကိုယ်သွေး

အာယသွလ္လာ ခိုအီးသည် (အီရန်သက္ကရဇ် ၁၃၇၁-၁၃၇၈ ခုနှစ် ) ၏ အဆိုအရ ရှီအာပညာရှင်တို့ ဇတ်ကြောင်း၌ အိစ္စမာအီးလ် ၏ သမာဓိနှင့်ကိုယ်ရည်ကိုယ်သွေး နှင့် ပတ်သက်သော ရေဝါယသ် နှစ်မျိုးရှိသည်ဟုပြောကြားထားသည်။ တချို့သောရေဝါယသ်မျာသည် ၎င်းအားချီးကြူးထားပြီး တချို့သောရေဝါယသ်များတွင် ၎င်းအားဝေဖန်ရှုံ့ချထားသည်။ (21) ၎င်းအား ဝေဖန်ရှုတ်ချထားသေး အချို့သော ရေဝါယသ်များအရ ဂါလီယာန်းထဲမှ မိုဖဇ်ဇ်လ်ဘင် အိုမရ်နှင့်ဘဆာန်း ဆွိုရ်းရဖီတို့နှင့်ပတ်သတ်မှုရှိခြင်းကြောင့် ၎င်းအား ဝေဖန်ရှုတ်ချကြပြီးထိုပတ်သတ်မှုနှင့်ပတ်သတ်၍ အေမာမ် ဆွာဒေက် (အ.စ) သည် မှမနှစ်သက််ခဲ့ပါ။ (22) ထို့အပြင်၊ သူသည် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အရည်အချင်းများနှင့် ပတ်သက်၍ သံသယများ တိုးပွားစေသည့် အချို့သော လူမှုအသိုင်းအဝိုင်းများအကြား သွားလာမှုများရှိခဲ့သည်။ (23) အာယသွလ္လာခိုအီး သည် ၎င်းဝေဖန်ရှုတ်ချသော ရေဝါယသ်များအား ယုံကြည်စိတ်ချရမှု အားနည်းသည်(ဒွာ့အ်ဖွလ်စနသ်) ဟု ယူဆကာ အစ္စမာအီလ်အား ဖခင်၏ ကြည်ညိုလေးစားထိုက်သူအဖြစ် ပြောကြားခဲ့သည်။ (24)

အချို့က အိစ္စမာအီးလ် နှင့် ခသွာဘီယဟ်တို့ အကြား ဆက်နွှယ်မှုနှင့် အေစ္စမာအီလီ ဂိုဏ်းကို ဖွဲ့စည်းရာတွင် ၎င်းတို့၏ အခန်းကဏ္ဍကို ဖော်ပြခဲ့ကြသည်။ ၎င်းတို့အဆိုအရ၊ အဘူအလ်-ခါတက်ဘ်နှင့် အစ္စမာအီလ်သည် အီမာမ်ဆာဒီ့ဒ် (AS) ၏ သက်တမ်းတစ်လျှောက်တွင် တစ်ဦးကိုတစ်ဦးကူညီ၍အေစ္စမာအီးလ်ီယဟ်၏ အခြေခံဖြစ်သော ယုံကြည်ချက်များ၏ အခြေခံအုတ်မြစ်များ ချမှတ်ခဲ့သည်ဟုပြောကြားထားသည်။(25) သို့ရာတွင်၊ ဤပြောကြားချက်၌ ခိုင်လုံသော အထောက်အထားမရှိပါ။ (26) ပြင်သစ်အစ္စလာမ်မစ်ပညာရှင် မာစီနယွန်း သည် အဘွလ်ခသွားဘ် ကို အိစ္စမာအီးလ် ၏ စိတ်ပိုင်းဆိုင်ရာ (မအာနဝီး)ဖခင်အဖြစ်လည်း မှတ်ယူသည်။(27) သို့သော်လည်း အေစ္စ်မာအီလီ ဂိုဏ်း၏ ဥပဒေပညာရှင် ကာဇွီ နို့အ်မာန (ဟစ်ဂျရီ ၂၈၃-၃၆၃ခှနှစ်) သည် အေစ္စ်မာအီလီ ဂိုဏ်းကို ဖွဲ့စည်းရာတွင် အဘူဆသွားဘ် ၏ အခန်းကဏ္ဍကို သဘောမတူဘဲ ဆန်းသစ်တီထွင်သူ( ဘေဒ်အသ်ပြုလုပ်သူ) တစ်ဦးအဖြစ်နှင့် အေမာမ်ဆွာဒေက် ၏ လာအ်နသ်ပို့သခြင်းခံရသူအဖြစ် ယူဆပါသည်။ (28)

အဘာစီမင်းဆက် မန်ဆူးရ် နှင့်ပတ်သတ်ဆက်နွယ်ခြင်း

ဟစ်ဂျရီ ၃ ရာစု ၏သမိုင်းပညာရှင် မိုဟမ္မဒ်ဒေဘ်နေ ဂျရီးရ် သွဘ်ရီ က ဟစ်ဂျရီ ၁၄၀ ခုနှစ် တွင် မန်ဆူးရ်အဘာစ္စီး သည် ဟဂျ်ပြလုပ်ရန် အတွက် မက္ကာ သို့သွားခဲ့သည်အချိန်၌ အေဘ်ဒွလ္လာမဲဟ်ဇ် ၏သားများဖြစ်သော အလီဝီယားန်မှ မိုဟမ္မဒ် နဖ်ဆို ဇကီးရ်ဟ် , အေဘ်ရာဟီးမ် နှင့် သူ၏ ခိုရာဆားန်ရှိ ထောက်ခံသူအချို့ လည်းမက္ကာဟ်၌စုဝေးခဲ့ကြညသည်။သူတို့ထဲက တချို့က မန်ဆူးရ် ကို လုပ်ကြံဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မိုဟမ္မဒ် က ကန့်ကွက်ခဲ့ပါတယ်။ အိစ္စမာအီးလ်သည် ဤဆုံးဖြတ်ချက်ကို မန်ဆူးရ်ထံ သို့တင်ပြခဲ့သည်။ မန်ဆူးရ်သည် အဘ်ဒွလ္လာ ကို ဖမ်းဆီးကာ သူ့သားများကို တောင်းဆိုသော်လည်း အဘ်ဒွလ္လာ သည်ထိုတောင်းဆိုမှုကို ငြင်းဆန်ပြီး ထောင်ကျခံကာ ၎င်း၏ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရသည်။ (29)



အိစ္စမာအီးလ်၏အေမာမသ်အရိုရ်အရာကြွေးကြော်မှု

အေမာမ်မီယဟ်၏ အမြင်

အေမာမ်မီယာ ပညာရှင်များသည် အိစ္စမာအီးလ်၏အေမာမ်မသ်အရိုက်အရာကို ထောက်ခံအားပေးသည့် ရှင်းလင်းသော စာသားအထောက်အထားများရှိကြောင်း ငြင်းဆိုထားပြီး ၎င်း၏ အေမာမသ် ကို ငြင်းပယ်သည့် ရေဝါယသ်များကိုလည်းပြောပြထားသည်။ (30) အဆိုပါ ရေဝါယသ်မှားမှာ... ဟဒီးစ်စေ လောင်ဟ် (31) နှင့် ဂျာဘေရ်၏ ဟဒီးစ်တော်များ(32) ဖြစ်ကြပြီး တမန်တော် မုဟမ္မဒ် (ဆွ) သည်ထိုရေဝါယသ်များထဲတွင် အေမာမ် ၁၂ပါး၏ နာမတော်များကို ပြောကြားထားသည် ထိုရေဝါယသ်ထဲ၌ ဂျအ်ဖရ်ရေဘ်နေမိုဟမ္မဒ်ပြီးနောက် သူ့၏သား အိစ္စမာအီးလ် သည်အေမာမ်ဖြစ်ကြောင်းမဖော်ပြထားပဲ မူဆာသည်အေမာမ်ဖြစ်ကြောင်းဖော်ပြေားထားသည်။ ထို့အပြင်၊ အေမာမ်ဆွာဒေက် (အ.စ) သည် မူဆဘ်နေဂျအ်ဖရ် ၏ အေမာမ်မသ်နှင့်ပတ်သတ်၍ ၎င်း၏ ရင်းနှီးသော အပေါင်းအဖော်များ(အဆ်ဟားဘ်)ထံ အကြိမ်ကြိမ် ကြေငြာခဲ့သည်။ အလ်ကာဖီ (3၃)၊ အေရ်ရှားဒ်၊(34)၊ အအ်လာမ်မွလ်ဝါလာ၊(35) နှင့် ဘေဟားရွလ်အန်ဝါးန် (36) စသည့်စာအုပ် များစွာတွင် အေမာ်မူဆဘ်နေဂျာအ်ဖရ်၏ အေမာမသ်နှင့်သတ်ဆိုင်သည့်အခန်းကဏ္ဍပါရှိပြီး ၎င်းတို့ထဲ၌ ၁၄, ၁၂,၄၆ နှင့် ၁၆ခုသော ရေဝါသ်တို့အသီးသီး ဤဏ္ဍနှင့်ပတ်သတ်၍ဖော်ပြထားသည်။ (37)

သေဆုံးမှုအားပေါ်လွင်စေခြင်း

ဇိုရာရာ အေဘ်နေ အာအ်ယန်း ၏ ရေဝါယသ်အရ အစ္စမေးလ်သေဆုံးပြီး မမြှုပ်နှံမီအချိန်တွင်အေမာမ်ဆွာဒေက် (အ.စ) သည် ၎င်း၏ အရင်းနှီးဆုံးနောက်လိုက်သုံးဆယ်ခန့်နှင့်၎င်း၏သေဆုံးမှုအပေါ် (ရှာဟဒ်)သက်သေ အဖြစ်တည်ရှိစေခဲ့သည်။ (38)ထို့အတူ အေမာမ်မ်ဆွာဒေက် သည် ရေချိုးပေးခြင်း (ဂိုဆွလ်)၊ အဝစဖြင့် ဝတ်ပေးခြင်း (ကဖန်)၊ ဈာပနအခမ်းအနား (အရှ်ရီ့အ်အေဂျနာဇာ) နှင့်မြှပ်နှံခြင်းတိူ့ကို ထင်ရှားစွာ ပြုလုပ်ခဲ့သည်။ (39) ဟဂျ်အား ၎င်ကိုယ်စား ဆောင်ရွက်ပေးရန်လည်း အေမာမ်မှ ညွှန်ကြားခဲ့သည်။(40) အီမာမ်၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်မှာ အချို့သော လူများက ထင်ထားသည့်အတိုင်း အိစ္စမာအီးလ်သည် အေမာမ်ဆွာဒေက်နောက်မှ အေမာမ်ဖြစ်သည်ဟူသော ယုံကြည်ချက်များကို ဖယ်ရှားရန်ဖြစ်သည်။ (41) သို့သော် အေစ္စ်မာအီလီယာဟ်အချို့ကမူ အိစ္စမာအီးလ်သည် အမှန်တကယ် သေဆုံးခဲ့ခြင်းမဟုတ်ကြောင်း ယုံကြည်ကြပြီး ၎င်း၏သေဆုံးမှုကို လူသိရှင်ကြားပြသခြင်းသည် လူတို့ကို လှည့်ဖြားရန်နှင့် သူ၏အသက်နှင့် သူ၏အပေါင်းအဖော်များ၏ အသက်ကို ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်သည်ဟုထင်မြင်ကြသည်။ (42)

အေစ္စ်မာအီလီယာဟ်၏ ထင်မြင်ယူဆချက်

အေစ္စမာအီးလီယာဟ် ဟူသည်မှာ ဂိုးဏ် (ဖေရ်ကာ)တစ်ခုအမည်ဖြစ်ပြီး အေမာမ်ဆွာဒေက် (အ.စ)ပြီးနောက်အေမာမ်ဆွာဒေက် (အ.စ) ၏သားတော် အိစ္စမာအီးလ် သို့မဟုတ် သူ၏မြေးဖြစ်သည့် မိုဟမ္မဒ် ဒေဘ်နေအိစ္စမာအီးလ် (အေစ္စမာအီးလ်၏သား)ကို အေမာမသ်ဆက်ခံသူအဖြစ်ယုံကြည်သောဂိုဏ်းဖြစ်သည်။ (43)အိစ္စ်မာအီလီယာဟ် ဂိုဏ်းဝင်များဖြစ်သည့် မိုဘရကီယာဟ်နှင့် ကေရာမတာဟ်ယုံကြည်ချက်အရ ဂျာအ်ဖရ်အေဘ်နေ မိုဟမ္မဒ်နောက်မှ အေမာမ်သည် မိုဟမ္မဒ် ဒေဘ်နေအိစ္စမာအီးလ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိစ္စမာအီးလ်သည် အေမာမ်ဆွာဒေက် ၏ ဆက်ခံမည့်သူဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်၊သို့သော် သူသည် သူ့ဖခင်၏သက်တမ်းအတွင်း ကွယ်လွန်သွားပြီးနောက် အေမာမ်ဆွာဒေက် သည် ၎င်း၏သား မိုဟမ္မဒ် ထံ အေမာမသ်အရိုက်အရာ အား အပ်နှင်းခဲ့သည်။ ၎င်းတို့၏ယုံကြည်ချက်အရ၊ ဟာစန်နိုင်းတို့၏အေမာမသ် ပြီးနောက်၊ အေမာမသ်အား ညီအစ်ကိုမှ ညီအစ်ကိုသို့ လွှဲပြောင်းခြင်းကို လက်မခံခြင်းကြောင့်ဖြစ်သည်။ (44)

ဆအ်ဒေဘ်နေ အဘ်ဒွလ္လာ အရှ်အရီ သည်ဤယုံကြည်ချက်ကို အေစ္စ်မာအီလီယာဟ် လာလေဆွာဟ်" သို့မဟုတ် "ခသွာဘီယာ" အဖြစ် သတ်မှတ်ခဲ့သည်။ (45) တချို့သော အေစ္စ်မာအီလီယာဟ် က အိစ္စမာအီးလ် အေလ်နေဂျအ်ဖရ်ကို မသေဆုံးဘဲ စောင့်မျှော်နေသော မဟ်ဒီ သာဖြစ်သည်ဟု ယုံကြည်ကြသည်။ (46) သို့သော်၊ အေစ္စ်မာအီလီ အရင်းအမြစ်များ(မနာဘေအ့်)နှင့် ကာဇွီ နိုအ့်မာန်း ၏ အကျိုးပြုမှုများ (အာဆားရ်) တို့တွင် အေစ္စ်မာအီလီ ၏အေမာမသ်အရိုက်အရာနှင့် ပတ်သက်၍ တိကျသောစာသားအထောက်အထားများမရှိပေ။ (47)


အိစ္စမာအီးလ် သာသနာပြုတစ်ဦးဖြစ်သည့် ဂျအ်ဖရ်ဘင် မန်ဆူးရ် ရွလ်ယမန် ဒါအီးရ် သည် ဟစ်ဂျရီ ၃ ရာစုနှောင်းပိုင်းနှင့် ၄ ရာစုအစောပိုင်းတွင် အိစ္စမာအီးလ် ၏ အေမာမသ်နှင့်ပတ်သက်သော ရေဝါယသ်များ၏ကွင်းဆက်ကိုဖော်ပြခြင်းမပြုဘဲ ရေဝါယသ်အချို့ကို ပြုစုခဲ့သည်။ (48) ထို့အပြင်၊ အချို့သောရင်းမြစ်များ(မနာဘေ့အ်)တွင်၊ အစောပိုင်း ခိုလဖာရေ ဖာသွေမီ များသည် အိစ္စမာအီးလ် ၏အစ်ကို အဘ်ဒွလ္လာ အဖ်သွာဟ်ကို အီမာမ်အဖြစ် စတင် ကြွေးကြော်လက်ခံခံခဲ့ သော်လည်း နောက်ပိုင်းတွင် ၎င်းကို ပြန်လည်ရုပ်သိမ်းပြီး အိစ္စမာအီးလ်၏ အေမာမသ်ကို ထောက်ခံကြောင်းကြေညာခဲ့သည်။ (49)

အိစ္စမာအီးလ်နှင့်ပတ်သတ်၍ ပေါ်လွင်စေမှု

အချို့သော ရေဝါယသ်များအရများအရ၊ အိစ္စမာအီးလ်ကွယ်လွန်ချိန်နှင့် စပ်လျဉ်း၍ ဘေဒအ်(ပေါ်လွင်စေမှု) ဖြစ်ခဲဲ့သည် အဘယ့်ကြောင့်ဆိုသော်ဖခင်၏နောက်မှ ေအမာမ်မဟုတ်ကြောင်း သိစေရန်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (50) အဘယ့်ကြောင့်ဆိုသော် ရှီအာအုပ်စုတစ်စုက အိစ္စမာအီးလ် သည် မောမ်ဆွာဒက်၏နောက်မှအေမာမ် ဖြစ်သည်ကို ယုံကြည်သောကြောင့်ဖြစ်ပြီး ၎င်းသည် သူ၏ဖခင် သက်တမ်းအတွင်းတွင် သေဆုံးသွားတာပေါ်လွင်စေပြီး ၎င်းသည် နောက်လာမည့် အေမာမ်မဟုတ်ကြောင်းနှင့် မူဆဘ်နေဂျအ်ဖရ် (အ.စ)သည်အေမာမ်ဖြစ်ကြောင်းထင်ပေါ်စေရန်ဖြစ်သည်။(51) သို့သော်လည်း အေစ္စ်မာအီလီယာဟ် သတင်းရင်းမြစ်များ(မနာဘေအ့်)တွင် ဘေဒါ့အ် ရေဝါယသ်များကို အိစ္စမာအီးလ်၏အေမာမသ်နှင့်ဆက်နွယ်မှုပေးခဲသ့ည်။(၏အေမာမသ်နှင့်ဆက်နွယ်မှုပေးခဲသ့ည်။(52)

မြှပ်နှံထာသည့်နေရာ

အိစ္စမာအီးလ် ကို မဒီနာ အနီး ဂိုရိုင်းဒ် ဟုခေါ်သောဧရိယာတွင်မြှုပ်နှံခဲ့သည်။ ဖာသွေမီယားန်၏ အုပ်ချုပ်မှု(ဟစ်ဂျရီ ၂၉၇-၅၆၇ ခုနှစ်) ကာလအတွင်း သူ၏အုတ်ဂူအပေါ်တွင် ဂူဗိမာန်တစ်ခု တည်ဆောက်ခဲ့သည်။ သူ၏အနားယူရာနေရာသည် ဘကီးရ်အ် ၏နံရံမှ ၁၅ မီတာခန့်အကွာ ဘကီးရ်အ် သုသာန်အပြင်ဘက်တွင်တည်ရှိပြီး ဘကီးရ်အ် ရှိ အေမာမ်များ၏ ဗိမာန်များကိုမျက်နှာမူထားသည်။ (55) အိစ္စမာအီးလ်၏ ဗိမာန် အား ရှီအာမွတ်စလင်များ နှင့် အထူးသဖြင့် အေစ္စမာအီလီများကလာရောက် ဇေယာရသ်ပြုလုပ်ကြသည်။ (56) အများအားဖြင့် ဟဂျ်သို့သွားရောက်ဇေယာရသ်ပြုလုပ်သော အီရန်နိုင်ငံသားများသည် မဒီနာသို့သွားရောက်စဥ်တွင် ၎င်းတို့၏ ခရီးစဉ်အတွင်း ဘကီးရ်အ် ဇေယာရသ်လုပ်ခြင်းအပြင် ဤဗိမာန်သို့ သွားရောက် ဇေယာရသ်လုပ်လေ့ရှိပြီး ၎င်းတို့၏ ခရီးသွားမှတ်တမ်းများတွင် ထိုဗိမာန်၏ အကြောင်းအရာများကို မှတ်တမ်းတင်ထားသည်။ (57) မိုဟမ္မဒ် ဆွာဒေက် နဂျ်မီ (အီရန်သက္ကရဇ် ၁၃၁၅-၁၃၉၀ခုနှစ် ) ၏အဆိုအရ ဟစ်ဂျရီ ၁၃၉၄ ခုနှစ် တွင် ဘကီးရ်အ် ၏အနောက်ဘက်လမ်းကိုတူးဖော်စဉ် အိစ္စမာအီးလ် ၏အုတ်ဂူအနီးတစ်ဝိုက်ရှိဧရိယာသည်ပြိုကျပျက်စီးခဲ့ပြီး ၎င်း၏အလောင်းအားရာစုနှစ်များစွာအကြာ၌ပင်အကောင်းပကတိအတိုင်းတွေ့ရှိခဲ့သည်ဟူသောကောလဟာလများရှိသည်။ ၎င်း၏ ရုပ်အလောင်းအား ဘကီးရ်အ် တွင် လွှဲပြောင်း မြှပ်နှံပေးခဲ့ကြောင်း ပြေကြားထားပြီး၎င်း၏လက်ရှိတည်နေရာသည် ဟရ်ရာ အာဇာနည်ကုန်း၏ အရှေ့ဘက်ခြမ်းနှင့် ဟလီမာဆအ်ဒီးယဟ် အုတ်ဂူမှ 10 မီတာခန့်အကွာတွင် ရှိနေသည်ဟုပြောထားသည်။ (58)