အေမာန်ဟစန်(အစ) ၏ ဇနီးများ

wikishia မှ

        အေမာန်ဟစန်(အစ) ၏ ဇနီးများ ဟူသည် သမိုင်းကျမ်းကိုးများတွင် ၎င်းတို့အား အေမာန်ဟစန်(အစ) ၏ ဇနီးများ အဖြစ် ဖော်ပြထားသော အမျိုးသမီးများ ဖြစ်သည်။ အချို့သော ကျမ်းကိုးများတွင် အေမာန်ဟစန်(အစ) ၏ လက်ထပ်ထိမ်းမြားခြင်း နှင့် ကွာရှင်းပြတ်စဲခြင်းများကို ထည့်သွင်းခြင်းအားဖြင့် ၎င်းအား မုသ်ွသွလာက္က် (အများအပြား ကွာရှင်းသူ) ဟုခေါ်ဆိုထားကြသည်။ ထိုအရာ၏ ဆတ့်ကျင်ဘက် ၊ ဆိုထားသည်မှာ ၊ အဘာစီများသည် ဟစန်နီစိုင်ယိဒ်များကို ဆန့်ကျင်ဖို့ရန်အတွက် မုသ်ွသွလာက္က် (အများအပြား ကွာရှင်းသူ) ဟူ၍ အေမာန်ဟစန်(အစ) အား စွတ်စွဲခဲ့ကြသည်။ အကယ်၍ ထိုသို့အဆိုများသည် မှန်ကန်နေပါကလည်း ၊ အမဝီများသည် အေမာန်ဟစန် (အစ)အား ထိုအမည်ဖြင့် အသုံးချသွားမည် ဖြစ်သည်။ ဖော်ပြခဲ့သော် ရေဝါယသ်များအား ကိုးကားသူများသည် ယုံကြည်နိုင်ဖွယ် မရှိသည့်အတွက် ရှီအာရေဝါယသ် သုတေသီပြုစုသူများ နှင့် အဟ်လေစွန္နသ်တို့၏ အမြင်၌ ချို့ယွင်းချက်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင်၊ အေမာန်ဟစန်(အစ) ၏ ဇနီးများ အမည်များကို သမိုင်း ကျမ်းကိုးများတွင် ဖော်ပြထားခြင်းမရှိသလို၊ အေမာန်ဟစန်(အစ) ၏ ဇနီးနှင့် သားသမီးများ၏ အရေအတွက်သည် အချိုးအစားမညီဘဲ၊ လူမှုရေးလုပ်ငန်းများ နှင့် ဘာသာရေးဆိုင်ရာများတွင် အေမာန်ဟစန်(အစ) ၏ ပါဝင်ပတ်သက်မှုသည် ၎င်းနှင့် သက်ဆိုင်သော လက်ထပ်ထိမ်းမြားမှု အရေအတွက်နှင့် ကိုက်ညီမှု မရှိဟု ယူဆထားကြသည်။ ကျမ်းကိုး၌၊ ၊ ဖရာဇီ၏ သမီး ဟစန်မိုစနာ၏ မိခင် ဖြစ်သူ ခိုဝိုင်လဟ် ၊ သွလ်ဟေ ဗင်န် အိုဗိုင်ဒုလ္လာဟ် သိန်မီး၏ သမီး ဖြစ်သူ အွမ်မေအိစ်ဟာက် ၊ အုက်ဗဟ် ဗင်န် အွမ်ရို ၏သမီး ဇိုင်ဒ်၏ မိခင် ဖြစ်သူ အွမ်မေဘရှီးရ် ၊ အရှ်အစ်၏ သမီး ဂျိုအ်ဒဟ် နှင့် ကာစင်မ် ၊ အဗ္ဗ်ဒုလ္လာဟ် နှင့် အွမ်မရ် တို့၏ မိခင်ဖြစ်သူ နဖီးလဟ် သို့မဟုတ် ရမ်လဟ် စသည့်တို့အား အေမာမ်ဟစန်(အစ) ၏ ဇနီးများ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။

ဇနီးများ၏ အမည်များ

ကျမ်းကိူများ၌ အမျိုးသမီး ၁၇ ဦးအား အေမာမ်ဟစန်(အစ) ၏ ဇနီးအဖြစ် ဖော်ပြထားသည်။ ၎င်းတို့မှာ ဖရာဇီ၏ သမီး ဟစန်မိုစနာ၏ မိခင် ဖြစ်သူ ခိုဝိုင်လဟ်၊ သွလ်ဟေ ဗင်န် အိုဗိုင်ဒုလ္လာဟ် သိန်မီး၏ သမီး ဖြစ်သူ အွမ်မေအိစ်ဟာက် အုက်ဗဟ် ဗင်န် အွမ်ရို ၏သမီး ဇိုင်ဒ်၏ မိခင် ဖြစ်သူ အွမ်မေဘရှီးရ် အဗ္ဗ်ဒုရ်ရဂ်မာူန် ဗင်န် အဘီ ဘကရ် ၏ သမီး ဟဇဆွဟ် စဟီးလ် ဗင်န် အွမ်ရို၏ သမီး ဟင်န်ဒ် အရှ်အစ်၏ သမီး ဂျိုအ်ဒဟ် ဖက်ဇ်ွလ် ဗင်န် အဘ္ဘာစ် ဗင်န် အဗ္ဗ်ဒုလ်မိုသွလီဘ်၏ သမီး အွမ်မေကုလ်စူမ် ဗနီစကီးဖ် မျိုးနွယ်မှ အမျိုးသမီးတစ်ဦး အလ်ကမဟ် ဗင်န် ဇိုရာရေဟဟ်၏ မျိုးနွယ်မှ အမျိုးသမီးတစ်ဦး ကလာဘ် မျိုးနွယ်မှ အမျိုးသမီးတစ်ဦး အွမ်ရို ဗင်န် အိဗ်ရာဟီးမ် မန်ကရီ မျိုးနွယ်မှ အမျိုးသမီးတစ်ဦး ဟမာမ် ဗင်န် မရ်ရဟ် မျိုးနွယ်စုရှိ ဗနီရှီဘားန် အုပ်စုမမှ အမျိုးသမီးတစ်ဦး အသွာရသ် ဗင်န် ဟာဂျက်ဘ်၏ သမီး အစ်မာအ် အမီးရ် ဗင်န် မာအ်မူန် ၏ သမီး ရှလီးလ် ဗင်န် အဗ္ဗ်ဒုလ္လာဟ်၏ သမီး ( ဂျရီးရ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် ဂျဘလီ၏ တူမ) (1)

နဖီလဟ် သို့မဟုတ် ရမ်လဟ် ၊ ကာစင်မ် ၊ အဗ္ဗ်ဒုလ္လာဟ် နှင့် အွမ်မရ် တို့၏ မိခင်။ (2) အာယေရှာ ခရှ်အမီယဟ် (3)

အေမာမ်ဟစန်(အစ) အား မုသ်ွသွလာက္က် (အများအပြား ကွာရှင်းသူ) ဟူ၍ခေါ်ဆိုခြင်း

အချို့သော ကျမ်းကိုးများတွင် အေမာန်ဟစန်(အစ) ၏ လက်ထပ်ထိမ်းမြားခြင်း နှင့် ကွာရှင်းပြတ်စဲခြင်းများကို ထည့်သွင်းခြင်းအားဖြင့် ၎င်းအား မုသ်ွသွလာက္က် (အများအပြား ကွာရှင်းသူ) ဟုခေါ်ဆိုထားကြသည်။ (4) ထိုကျမ်းကိုး၌ ၎င်း၏ ဇနီးများ အရေအတွက်ကို ၇၀ (5) ၊ ၉၀ (6) ၂၀၀ (7) နှင့် ၂၅၀ (8) ဟူ၍ဖော်ပြထားသည်။ မာဒိလူးန်ဂ် ၏အဆိုအရ၊ အေမာမ်ဟစန်(အစ) တွင် ဇနီး ၉၀ ရှိသည်ဟု ကောလဟာလထွက်သည့် ပထမဆုံးပုဂ္ဂိုလ်မှာ မုဟမ္မဒ် ဗင်န် ကလ်ဘီ ဖြစ်သည်။ ထိုအရေအတွက်ကိုလည်း မဒါအင်နီ (ဟီဂျရီ ၂၂၅ကွယ်လွန်) ဆိုသူမှ တီထွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကလ်ဘီဆိုသူသည် အမျိုးသမီး ၁၁ ဦး၏ အမည်များကို ဖော်ပြထားပြီး ၎င်းတို့အနက် ၅ ဦးမှာ အေမာမ်ဟစန်(အစ) နှင့် လက်ထပ်ခြင်း နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိသည်။ (9) ဖော်ပြခဲ့သည့် သမိုင်းကျမ်းကိုးများ၏ အဆိုအရ၊ အေမာမ်အလီ(အစ) သည် အေမာမ်ဟစန်(အစ) ၏ ထိန်းမြားမှုများ နှင့် ကွာရှင်းမှုများ အတွက် စိုးရိမ်မှုကို မဖော်ပြခဲ့ပေ။ (10) ထို့အတွက်ကြောင့် ကူဖှာသားများမှ ၎င်းအား မိန်းမ မပေးရန် တောင်းဆိုဆိုခဲ့သည်။ (11) ရှီအဟ် သုတေသီ ဘာကရ်ရှရီးဖေကူရ်ရှီး သည် ၊ ဟစန်နီ စိုင်ယိဒ်များ ကို ဆန့်ကျင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဤသတင်းကို အဘာစီများ မှ ပြုလုပ်ခဲ့သည်ဟု ယူဆထားသည်။ (12) သမိုင်းကျမ်းကိုး၏ ဖော်ပြချက်အရ၊ မန်စူးရ်အဘာစီမင်းသည် မိမိအား ပုန်ကန်ခဲ့သောသူ၏ သား၏ ပုန်းအောင်းရာနေရာကို မဖော်ပြသည့်အတွက် အေမာမ်ဟစန်(အစ) ၏ မြေးဖြစ်သူ အဗ္ဗ်ဒုလ္လာဟ်မဟ်ဇ် ကို ထောင်ချခဲ့ပြီး ထိုအကြောင်းအရာကို ပြောဆိုခဲ့သည်။ (13) ထို့ကြောင့်၊ အချို့သော စာရေးဆရာများသည် ဤပြောဆိုချက်ကို မန်ဆူးရ်ဒဝါနီကီမှ ပထမဆုံး ပြုလုပ်ခဲ့သည် ဟုဆိုကြသည်။ (14) အကယ်၍ ထိုအစီရင်ခံစာများ မှန်ကန်ပါက၊ အမဝီမင် များသည် အေမာမ်ဟစန်(အစ) အသက်ရှင် နေထိုင်စဉ် ကာလတွင် ၎င်းအပေါ် ဆတ့်ကျင်ရန် ဤရေဝါယသ်များကို အသုံးချသွားမည် ဖြစ်သည်။ (15) ထို့အတူ၊ အချို့သော စာရဆရာများ၏ အဆိုအရ ဖော်ပြခဲ့သည့် အဆိုများကို ကောက်နုတ်ကိုးကားသူများမှာ ၊ အဘုလ်ဟစန်မဒါအင်နီ၊ အဘူအဗ္ဗ်ဒုလ္လာဟ် ဝါကဒီ၊ အဘုသွာလီမက္ကီ ... တို့ဖြစ်ကြပြီး ၎င်းတို့သည် အဘာစီခေတိကာလရှိ အဟ်လေစွန္နသ် သမိုင်းရန်ငြိုးဖွဲ့ခြင်း သို့မဟုတ် အကောင်းမြင်စိတ်ဖြင့် ကိုးကားခဲ့ကြသည်။ ထိုမှတစ်ဆင့် ရှီအဟ် ကျမ်းကိုးများဆီသို့ (16) ရောက်ရှိခဲ့သည်။ သို့သော် အဟ်လေစွန္နသ် ပညာရှင်များ၏ အဆိုအရ၊ ထိုကောက်နုတ်ကိုးကားသည် ယုံကြည်စိတ်ချရသည့်သူများ မဟုတ်ကြောင်း ဖော်ပြထားသည်။ (17) ထို့အတူ ၊ အေမာမ်ဟစန်(အစ) ဇနီးများ၏ အမည်များကို မဖော်ပြခြင်း (18) အေမာမ်ဟစန်(အစ) ဇနီးများ နှင့် သားသမီးများ၏ အရေအတွက်မှာ ကိုက်ညီသင့်လျော်မှု မရှိခြင်း (19) ၊ အေမာမ်ဟစန်(အစ) သည် လူမှုရေးလုပ်ငန်းများ နှင့် ဘာသာရေးကိစ္စများတွင် သူ၏အိမ်ထောင်ရေးအများအပြားနှင့် သဟဇာတ မဖြစ်ပေ ဟူ၍ ယူဆထားကြသည်။ (20)