အာလေဘူယေး

wikishia မှ

အာလေဘူယေးသို့မဟုတ် ဘူအီယာန် ဆိုသည်မှာ ဟစ်ဂျရီသက္ကရာဇ် ၃၂၂ မှ ၄၄၈ ခုနှစ်ထိတိုင် အီရန် နှင့် အီရတ်နိုင်ငံတို့ ၏ဒေသအချို့ကို အုပ်ချုပ်မင်းလုပ်ခဲ့ကြသော ရှီအာအစဥ်အဆက်တစ်ခုဖြစ်သည်။ ဤ အဆက်အနွယ်အား အုတ်မြစ်ချသူမှာ အလီဘင်န်ဘိုဝိုင်းဟ်(ဟစ်ဂျရီသက္ကရာဇ် ၃၃၈ ကွယ်လွန်) ဖြစ်ပြီး သူသည် မိမိညီအကိုတော်များဖြစ်သည့် အဟ်မဒ် နှင့် ဟစန် တို့၏အကူအညီဖြင့် ဤအင်ပါယာအားတည် ထောင်ခဲ့သည်။ ဤအစဥ်အဆက်အား ၎င်းတို့ဖခင်ဖြစ်သူ၏အမည် -ဘူယေး- အားအစွဲပြု၍ ခေါ်တွင်စေခဲ့သည်။ ဤမျိုးနွယ်တို့ အုပ်ချုပ်မင်းလုပ်သော ခေတ်ကာလ၌ အာရှုရာနေ့၌ ကျင်းပသည့် အေမာမ်ဟုစိုင်န်း (အ.စ) ၏ ဝမ်းနည်း ကြေကွဲခြင်းအထိမ်းအမှတ်အခမ်းအနား၊အီးဒေဂဒီးရ်၌ အေမာမ်အလီ အ.စ ၏ ဝေလာယတ်ဆက်ခံ ခြင်းအထိမ်းအမှတ်အခမ်းအနားများအား ပြည်လုံံးကျွတ်အဖြစ် တရားဝင် ကျင်းပခဲ့ကြသည်။ ထို့အတူ အဇာန်၌ “ဟိုင်းယာအလာခိုင်းရိလ်အမဲလ်”ကို ထည့်သွင်း ခဲ့ကြပြီး နမားဇ်ဖတ်ရာတွင်လည်း ကရ်ဘလာမြေကြီးခဲ (သွရ်ဘသ်)နှင့် ထိုမြေကြီးဖြင့်ပြုလုပ်ထားသောသက်စ်ဘီးဟ်ပုတီးများအားလည်း ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု ခဲ့ကြသည်။ ၎င်းတို့အုပ်ချုပ်နေစဥ် အီရတ်နိုင်ငံ၌ ကိန်းဝပ်စံပါယ် နေသော ရှီအာ့ခေါင်းဆောင်အေမာမ်မာအ်စူမ်တို့၏ ဂူသင်္ချိုင်းတော်များအားလည်း ပြန်လည်တည်ဆောက်ခဲ့ကြသဖြင့် ထိုဗိမ္မာန်တော်များအား လာရောက်ဖူးမြော်မှုများမှာလည်း ကျယ်ပြန့်လာခဲ့သည်။ အချို့သောသုတေသီများသည် သမိုင်းကြောင်းသက်သေများနှင့် ရင်းမြစ်များအရ ဤအစဥ်အဆက်အား ရှီအာဟုယူဆခဲ့ကြသည်။ သို့သော်လည်း ၎င်းသူတို့သည် မူရင်းရှီအာများဖြစ်ကြသည် (သို့)ဇိုင်ဒီယာမက်ဇ်ဟဘ်မှ ကူးပြောင်းလာကြသူများဖြစ်ကြသည် ဆိုသည်နှင့်ပက်သက်ပြီး မျိုးစုံယူဆမှုများရှိထားပေသည်။ ရွက်နွလ်ဒေါင်လဲဟ်(ဟစ်ဂျရီ၃၂၃-၃၃၈)၊ မုအိဇ္ဇုလ်ဒေါင်လဲဟ်(ဟစ်ဂျရီ၃၂၅-၃၅၆ထိ)၊ အဒွဒွလ်ဒေါင်လဟ် (ဟစ်ဂျရီ၃၃၈မှ၃၇၂အထိ)တို့မှာ၎င်းတို့အကြား ကျော်ကြားသောအုပ်ချုပ်မင်းများ ဖြစ်ခဲ့ကြသည်။ ဘူယေးအဆက်အနွယ်(အာလေဘူယေး)၎င်းသူတို့နှင့်ပတ်သက်၍ ရေးသားပြုစုထားသော စာပေကျမ်းများစွာနေပြီး ဟစ်ဂျရီကမရီ ၅ ရာစု၌အိဘ်နေမက်စ်ကူယာရေးသားပြုစုခဲ့ သော သဂျာရွဘ်ဘွလ်အိုမမ် ကျမ်း အား ဤအဆက်အနွယ်တို့၏သမိုင်းကြောင်းနှင့်ပတ်သက်ပြီး အရေးပါသောသမိုင်းရင်းမြစ်ဖြစ်သည်ဟု ယူဆထားကြသည်။

အရေးပါမှု့နှင့်အရိုက်အရာ

အာလေဘူယေးသည် ရှီအာအဆက်အနွယ်(မင်းဆက်)တစ်ခုဖြစ်ပြီး နှစ်ပေါင်း၁၂၀ကျော်(ဟစ်ဂျရီ၃၂၂-၄၄၈)အထိ အီရန် နှင့် အီရတ် နိုင်ငံတို့၏ များစွာသောဒေသများအပေါ် စိုးမိုးအုပ်ချုပ်ခဲ့သည်။(1) ၎င်းတို့လက်ထက်၌ ရှီအာတို့၏ အမှတ်အသားများဖြစ်သည့် အေမာမ်ဟုစိုင်းန် အ.စ ၏အဇာဒါရီနှင့် ဂဒီးရ်ကဲ့သို့သော အထိမ်းအမှတ်အခမ်းအနားများကို ပြည်လုံးကျွတ် ပထမဆုံးအကြိမ်တရားဝင်အစပြုကျင်းပခဲ့ကြသည်။ ဤကာလအပိုင်းအခြားသည် အစ္စလာမ့်ယဥ်ကျေးမှု့ အတောက်ပဆုံးကာလ တစ်ခုဖြစ်ခဲ့သည်။(2) အာလေဘိုဝိုင်းဟ်အုပ်ချုပ်ရေးယန္တရားကို အဘူရှိုဂျာအ်ဘိုဝိုင်းဟ်၏သားဖြစ်သူအလီ မှ ၎င်း၏ညီအကိုတော်များဖြစ် ကြသော အဟ်မဒ် နှင့် ဟစန် တို့အားအကူအညီရယူကာ တည်ထောင်အုတ်မြစ်ချခဲ့အတွက် ဘိုဝိုင်း၏အဆက် အနွယ်များ သို့မဟုတ် ဘူအီယာန် ဟူ၍ခေါ်ဝေါ်ခဲ့ကြသည်။ ၎င်းတို့အား ဒယာလမာဟ် (3)နှင့် ဒေလမီယားန် ဟူ၍ လည်းဆိုကြသည်။(4)

မဇ်ဟဘ်

ဘူယေးအနွယ်ဝင်တို့နှင့်ပတ်သက်ပြီး ဆောင်းပါး ရေးသားသူ ဆွာဒိက်စဂျ်ဂျာဒီသည် ၎င်းသူတို့ ၏ မဇ်ဟဘ်(ခံယူချက်)နှင့်ပတ်သက်ပြီး အတိအကျဖေါ်ပြ၍မရနိုင်ပါဟု အစ္စလာမ့်စွယ်စုံကျမ်းတွင် ရေးသားပြောဆိုထားလေသည်။ (5) သို့သော် ရှီအာအနွယ်ဝင် သမိုင်းသုတေသီ ရစူလ်-လေ-ဂျာအ်ဖရီယာန်း(6) (ဖွား-၁၉၆၄) နှင့် အခြားသော စာပေပြုစုရေးသားသူများ(7)သည် သမိုင်းသက်သေအထောက်အထားများအရ ၎င်းတို့အား (၁၂)ပါးသောအေမာမ်မာအ်စူမ်များကို ယုံကြည်လက်ခံသော ရှီအာများဟု ယူဆကြသည်။ထိုသက်သေများမှာ ရှီအာတို့၏ အမှတ် အသားများ ပိုမိုပေါ်လွင်လာခြင်း ၎င်းတို့အကြားရှီအာအနွယ်ဝင်ဝန်ကြီးများရှိနေခြင်း၊ အုပ်ချုပ်မင်းလုပ်သူများ၏အမည်သည် ရှီအာအမည် များဖြစ်နေခြင်းနှင့် ၎င်းတို့သည် ရှီအာသာသနာ့ပညာရှင်များနှင့် အမြဲအဆက်အသွယ်များရှိနေခဲ့ခြင်းတို့ဖြစ်သည်။(8) ထို့အတူ ဟစ်ဂျရီ (၈)ရာစုနှစ်၌ ရှိခဲ့သူအဲဟ်လေစွန္နသ်သမိုင်းသုတေသီတစ်ဦးဖြစ်သည့် အိဘ်နေကသီးရ်သည် ၎င်းတို့အား ရာဖေဇီ နှင့်ရှီအာ ဟူ၍မှတ်ယူထားသည်။(9) ဟစ်ဂျရီ ၈ ရာစုနှစ်ရှိ ရှီအာပညာရှင် အဘ်ဒွလ်ဂျလီးလ်ကဇ်ဝီနီ ၏ နက်ဇွ်ကျမ်းစာအုပ်၌၎င်းတို့အား အေမာမသီ(အေမာမသ်ကိုလက်ခံကြသူများ)အဖြစ်ဖေါ်ပြထားသည်။(10) အချို့ရေးသားချက်များတွင် တွဘ်ရိစ်တာန်ဒေသတွင် ဇိုင်ဒီယာမဇ်ဟက်ဘ် ရှိခဲ့ဖူးခြင်းကိုအကြောင်းခံ၍ အာလေဘူယေးတို့သည် ဇိုင်ဒီဖြစ်နိုင်ကြောင်းလည်းထင်မြင်ယူဆချက်ပေးခဲ့ကြသည်။(11) ထို့အပြင်၎င်းတို့က အာလေဘူယေးတို့သည် အစပထမ၌ ဇိုင်ဒီမဇ်ဟဘ်ဖြစ်ခဲ့ကြပြီး ထို့နောက်တွင်မှ အေမာမီ မဇ်ဟဘ် ဖြစ်လာကြခြင်းဖြစ်သည်။(12) ထိုအတိုင်းပင် ဟီဂျရီ(၆)ရာစုနှစ်ပိုင်းတွင် ရှီအာပညာရှင်ကြီးတစ်ပါးမှ ရေးသားခဲ့သော “မွန်သခဘ်ဘုလ်ဒီန်းရာဇီ”အီရန်-ရိုင်းရ်ဒေသ သမိုင်းကျမ်းတွင်ပါရှိထားသည့်အကြောင်းအရာကို “အိဘ်နေရှဲဟ်ရေအာရှူးဘ်”မှလည်းဆင့်ပြန်ထားခဲ့သည်မှာ“ အာလေဘူယေးတို့သည် ရှီအာပညာရှင် တစ်ပါးဖြစ်သည့် သားဂျ်ရိုအဆာ အိဘ်နေ အဘီစိုအ်ဒါ ကြောင့် ရှီအာများဖြစ်လာခဲ့ကြသည်” ဟုဖြစ်သည်။(13) ရစူးလ်ဂျာအဖရီယာန်းသည် ၎င်းဆင့်ပြန်မှုအပေါ်အခြေခံ၍ ပြောကြားထားသည်မှာ “ ထိုသို့ရေးသားမှုသည် ထင်မြင်ချက်တစ်ခုသာ ဖြစ်ပြီး အာလေဘူယေးတို့ ဇိုင်ဒီရှီအာမှ အိစ်နာအရှရီရှီအာ အဖြစ်သို့ ပြောင်းလာရခြင်းမှာ ၎င်းသူတို့သည် ဇိုင်ဒီရှီအာများဖြစ်သည့်အပေါ် အုပ်ချုပ်ရေးကို အလဝီများသို့ လွှဲပြောင်းရမည်ဖြစ်သောကြောင့် ရှီအာအေမာမီယာခံယူပြီး မိမိတို့ကိုယ်တိုင် ဆက်လက်အုပ်ချုပ်ခဲ့ကြသည်။(14)

        ရုရှားနိုင်ငံသား တက္ကသိုလ်ပါမောက္ခဖြစ်သူ အီလီယာ ဖေါအူလူဝီးချ် ဖတ်ရိုရှဖ်စ်ခီ(၁၈၉၈ ဖွား) ကယုံကြည် ထားသည်မှာ အာလေဘိုဝိုင်းဟ်အစိုးရအား တည်ထောင်ထားသူများမှာ ရှီအာများဖြစ်ကြသော်လည်း ၎င်းအဆက်အနွယ်၏ ဆက်ခံသူတို့၏ စိတ်နှလုံးသားသည် မည်မျှပင် ရှီအာဘက်သို့ယိမ်းသော်လည်း အမြင်အားဖြင့် စွန္နီဇ်ဟဘ်ဝင်များဖြစ်ခဲ့ကြသည်။ဟူ၍ဖြစ်သည်၊(15) “အာလေဘိုဝိုင်းဟ်နှင့် အီရတ်နိုင်ငံတွင်ကျင်းပသော ရှီအာတို့၏အခမ်းအနားများ”ခေါင်းစဥ်ဖြင့် ဆောင်းပါးရေးသားသူသည် ရုရှားနိုင်ငံသား၏ ပြောကြားချက်ကို မှားယွင်းသည်ဟူ ယူဆထားပြီး အာလေဘူယေးခေါင်းဆောင်များမှ အဘာစီမင်းဆက်ခလီဖှာများထံမှ အုပ်ချုပ်ရေးယန္တရားကို လက်ခံရယူလိုက်ခြင်းကြောင့် အထက်ပြောထားသည့်အတိုင်း အထင်အမြင် ခံရသည်ဟု ယူဆထားသည်။(16) ထိုအတိုင်းပင် ဘရ်သူလီဒ် အရှ်ပူလရ် (၁၉၁၁-၁၉၉၀) သည် အစ္စလာမ့်ကနဦး အီရန်သမိုင်းကျမ်းတွင် အာလေဘူယေး တို့သည် ကနဦးကတည်းမှ ရှီအာအေမာမီယာများဖြစ်ကြပြီး နောက်ဆုံးချိန်ထိလည်း ရှီအာအေမာမီယာတို့ ခံယူချက် ယုံကြည်ချက်အတိုင်း ရှိခဲ့ကြသည် ဟု လက်ခံယုံကြည်ပြီး ရေးသားဖေါ်ပြထားသည်။(17)

ရှီအာတို့၏အထိမ်းအမှတ်များအား ကြီးကျယ်ခမ်းနားအောင်ပြုလုပ်ခြင်း

အာလေဘူယေးတို့သည် အေမာမီယာရှီအာတို့၏ ဟစ်ကြွေးမှုများနှင့် အမှတ်အသားများ ထွန်းကားလာစေရန် ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များမှအချို့မှာ - အာရှုရာနေ့အဇာဒါရီအခမ်းအနားများကျင်းပခြင်း- မိုအစ်ဇွလ်ဒေါင်လာဟ်ဒိုင်လမီ၏ညွှန်ကြားချက်ဖြင့် ဟစ်ဂျရီ ၃၅၂ ခုနှစ် အာရှုရာနေ့အား ပြည်လုံးကျွတ်ဝမ်းနည်းကြေကွဲခြင်းနေ့ ရက်အဖြစ်သတ်မှတ်ခဲ့သည်။ ထို့အပြင် လူအ များအား အနက်ရောင်ဝတ်စုံများ ဝတ်ဆင်စေခြင်းဖြင့် မိမိတို့၏ ကြေကွဲဝမ်းနည်းမှု့အားဖော် ထုတ်ရန်တိုက်တွန်း ခဲ့သည်။ အိဘ်နေခူလ်ဒူန်၏အရေးအသားတွင် အမျိုးသမီးများ သည် ထို့နေ့၌ ဆံပင်များဖရို ဖရဲအနေအထားဖြင့် မျက်နှာများတွင် အမဲရောင်လိမ်းကာ အိမ်ပြင်သို့ထွက်ကြပြီး မိမိတို့၏ ဦးခေါင်းနှင့်မျက်နှာများအား ထုရိုက်ကြကာ အေမာမ်ဟုစိုင်းန် အ.စ ၏အတိဒုက္ခအပေါ်၌ ငိုကြွေးကြသည်။(18) သမိုင်းရေးသားပြုစုသူ အဲဟ်လေစွန္နသ်ပညာ ရှင် အိဘ်နေဂျောင်ဇီ (ဟစ်ဂျရီ ၅၉၇ ၌ကွယ်လွန်)၏ရေးသားချက်၌ ဤရက်တွင် အလုပ်ပိတ်၍ စျေးများ၌ မဏ္ဍပ်များထိုးကာ အေမာမ်ဟုစိုင်းန် (အ.စ) အတွက် လွမ်းခြင်း တေးကဗျာသီကုံးဖတ်ရွတ်ကြ၍ ဝမ်းနည်းကြေကွဲခြင်းအခမ်းအနားများပြုလုပ်ကျင်းပကြသည်။(19) ကာမိလ်ရှိုင်ဘီမှလည်းယုံကြည်သည်မှာ အဇာ ဒါရီဝိုင်းများ၊အစုအဖွဲ့များသည် ပထမဆုံးအကြိမ်အနေဖြင့် ဟစ်ဂျရီ ၃၅၂ ခုနှစ်၌ပေါ်ပေါက်လာခဲ့သည်။ (20) ဂဒီးရ်အီးဒ်ပွဲသဘင်ကျင်းပခြင်း- မိုအစ်ဇွလ်ဒေါင်လာဟ်ဒိုင်လမီ၏အမိန့်အရ ဟစ်ဂျရီ ၃၅၁ ခုနှစ်တွင် ဂဒီးရ်အီးဒ်အထိမ်းအမှတ်အခမ်းအနားအား ဘဂ်ဒါးဒ်မြို့တော်၌ စတင်ကျင်းပခဲ့ကြသည်။(21) ထိုအတိုင်းပင် နောက်ပိုင်း၌ အာလေဘဘူယေး မင်းဆက် များသည်လည်း ဂဒီးရ်အခမ်းအနားများအား ဆက်လက်၍ ဆင်ယင်ကျင်းပခဲ့ကြသည်။(22) ရှီအာအေမာမ်(အ.စ)တို့၏ ဂူဗိမ္မာန်တော်များအား ဖူးမြော်(ဇေယာရသ်)လုပ်ခြင်းအား ကျယ်ပြန့်လာအောင်ဆောင်ရွက်ခြင်း အာလေဘူယေးတို့သည် အီရတ်နိုင်ငံ၌မြုပ်နှံတော်မူထားသည့်အေမာမ်များ၏ဂူဗိမ္မာန်များနှင့်ပတ်သက်၍ အောက်ပါအချက်များကိုလုပ်ဆောင်ခဲ့ကြသည်။ အေမာမ်( အ.စ) တို့၏ဗိမ္မာန်တော်သာသနိကအဆောက်အအုံများအား ပြန်လည်မွမ်းမံတည်ဆောက် ခြင်းနှင့် ၎င်းတို့၏ဗိမ္မာန်တော်များအပေါ်၌အမိုးခုံးနှင့်နန်းဆောင်ပြဿဒ်များဖြင့်မွမ်းမံပြင်ဆင်တည်ဆောက် ခြင်း (23) လှူဖွယ်ဝတ္ထုပစ္စည်းများဆက်သပေးလှူခြင်း၊ဇေယာရတ်ပြုလုပ်ရာနေရာများအတွက်ရည်စူး၍ သီးသန့် အပ်နှံပေးလှူ၍အပြီးအပိုင်လွှဲပြောင်းပေးလှူသောလက်ဆောင်ပဏ္ဍာများ၊ ဇေယာရတ်ပြုဖူးမြော်ကြည်ညိုရန်လာ ရောက်သူများအတွက်လွယ်ကူချောင်ချိမှု့များဖြစ်ပေါ်လာစေရေး၊ လူအများအား ဗိမ္မာန်များ၏ အနီးတဝိုက်၌နေထိုင်စေရန်အားပေးခြင်းနှင့် ဗိမ္မာန်များ၏ပတ်ဝန်ကျင်၌နေသူများနှင့် ယင်းအဆောက်အဦးများကို စောင့်ရှောက်သူတို့အား ထောက်ပံ့ကြေးများပေးအပ်ခြင်း။(24) အဇာန်ပေးခြင်း- ဟစ်ဂျရီ ၃၅၆ ခုနှစ်မှစ၍ အဇာန်တွင် ဟိုင်ယာအလာခိုင်းရိလ်အမဲလ် ပြောခြင်းမှာ ပြန်လည် အသက်ဝင်လာခဲ့ပြီး ဆလ်ဂျူကီယာန်(မင်းဆက်)တို့အောင်နိုင်ပြီးချိန် အစကာလများအထိထိုအတိုင်းရှိခဲ့သည်။(25) အေမာမ်ဟုစိုင်းန် (အ.စ) ၏ကဘရ်မှမြေကြီး နှင့် မြေကြီးအပေါ် စဂျ်ဒါချခြင်း - အာလလေဘူယေး တို့၏လက်ထက်၌ အချို့သူများသည် အေမာမ်ဟုစိုင်းန် (အ.စ) ၏ကဘရ်မှမြေကြီးဖြင့် သက်စ်ဘီးဟ်(စိပ်ပုတီး) နှင့် (မိုဟိုရ်)မြေခဲများပြုလုပ်ပြီး လူအများအား ပေးဝေကြသည်။(26) အလ္လာဟ်၊မုဟမ္မဒ်ရစူလွလ္လာနှင့် အလီဝလီယွလ္လာ စာသားများရေးသားထွင်းထားသည့် အကြွေစေ့တစ်ခုတွေ့ရှိခဲ့သည့်အပေါ် အချို့သောသုတေသီများက ထိုအကြွေစေ့သည် အာလေဘူယေးတို့လက်ထက်နှင့်ဆက်နွယ်နေသည်ဟု ဆို ခဲ့ကြသည်။(27)

၎င်းတို့အတွင်းကျော်ကြားသောမင်းဆက်များ

အချို့သောကျော်ကြားသည့် အာလေဘူယေး မင်းဆက်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။ အဘူရှိုဂျာအ်ဒိုင်လမီ ၏သားဖြစ်သူ အေမာဒွလ်ဒေါင်လဟ် ဘွဲ့အမည်ရ အလီ ဘင်န်ဘူယေး သည် အာလေဘူယေး အုပ်ချုပ်ရေးအား ပါရှန်းဒေသ၌အုတ်မြစ်ချခဲ့သည်။ အဘူရှိုဂျာအ်ဒိုင်လမီ ၏သားဖြစ်သူ ရွတ်က်နွလ်ဒေါင်လဟ် ဘွဲ့အမည်ရ ဟစန် ဘင်န် ဘူယေး ဂျေဘားလ်ဒေသ အားအုပ်စိုးရသူဖြစ်ပြီး သူသည် ရိန်ယ်(ယခုလက်ရှိ အီရန်နိုင်ငံ၊သဲဟ်ရာန်မြို့တော်)၊ဂျေဘားလ်၊တွဘ်ရိစ်သားန်၊ ဂွရ်ဂါန်မြို့တို့၌ အာလေဘူယေး အင်ပါယာ၏ စိုးစံမှု့အားတိုးချဲ့ရန်အတွက် စစ်ဆင်ရေးအများအပြားကိုလုပ်ဆောင်ခဲ့ သည်။ အလီ နှင့် ဟစန်ဘင်န်ဘူယေးတို့၏ညီအကိုဖြစ်သူ မိုအိဇ်ဇွလ်ဒေါင်လဟ် ဘွဲ့အမည်ရ အဟ်မက်ဒ် ဘင်န် ဘူယေး သည် ဟစ်ဂျရီ ၃၃၄ ခုနှစ် ၌ ဘဂ်ဒါးဒ်မြို့တော်ကြီးအား အောင်နိုင်ခဲ့သည်။သူသည် အာရှုရာနေ့အဇာဒါရီ ဝမ်းနည်း ကြေကွဲခြင်းအခမ်းအနားများ (28) နှင့် ဂဒီးရ်အခမ်းအနားအား (29) ဘဂ်ဒါးဒ်မြို့တော်၌ ကျင်းပရန်အမိန့်ပေးခဲ့သည်။ ဟစန်ဘင်န်ဘူယေး ၏သားဖြစ်သူ အဒွဒွတ်ဒေါင်လဟ်ဒိုင်လမီ သည် ဦးရီးတော်ဖြစ်သူ အေမာဒွတ်ဒေါင်လဟ် ဆုံးပါးပြီးနောက် ပါရှားအင်ပါယာရှိ ၎င်း၏အရိုက်အရာအားဆက်ခံသူဖြစ်လာခဲ့သည်။ သူသည် ကျယ်ပြန့်သော အစ္စလာမ်ပိုင်နက်များနှင့်အီရန်နိုင်ငံအားအုပ်ချုပ်မင်းလုပ်သည့် အီရန်နိုင်ငံ၏ရှီအာဘုရင်များအကြား၌အင်အား အကောင်းဆုံးဘုရင်တစ်ပါးဖြစ်လာခဲ့သည်။ ၎င်း၏ လုပ်ဆောင်ချက်များထဲမှအချို့မှာ ဘဂ်ဒါးဒ်မြို့တော်ရှိ အပျက်အစီးများကိုပြန်လည်ပြုပြင်တည်ဆောက်ခြင်း (30) ပါရှားန်ဒေသ၌ ဆည်ကန်ကြီးများ တူးဖော်ခြင်း (31) ၊ ဘဂ်ဒါးဒ်၌ အဒွဓီဆေးရုံတည်ဆောက်ခြင်း (32) ၊ အေမာမ်များ၏ဗိမ္မာန်တော်များ အက်စ်ကရီ နှစ်ပါး (33) နှင့် ကာဇေမိုင်းဟရမ်ပရဝုဏ်တော်များ စသည်တို့အားပြန်လည်ပြုပြင်တည်ဆောက်ခြင်း (34)၊ ထို့အတူ မဒီနာမြို့ တော်ပတ်လည်၌ ခြံစည်းရိုးကာရံခြင်းများလည်းပြုလုပ်ခဲ့ကြသည်။ (35)

ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

ဒိုင်လမီများသည် ဟစ်ဂျရီသက္ကရာဇ် ၄ ရာစုနှစ်အစပိုင်း၌ အီရန်နိုင်ငံတွင် အဘာစီအုပ်ချုပ်ရေးအားဆန့်ကျင် သောပုန်ကန်ထကြွမှု့များကိုအစပြုခဲ့ကြသည်။ (36)မာကာန်ဘင်န်ကာကီ အက်စ်ဖာရီန်ရှီရူယေး နှင့် မရဒ်အူယဂျ်ဇေယာရီတို့သည် တစ်ဦး ချင်းစီ မိမိတို့တပ်စုများကိုယ်စီဖြင့် ဒိုင်လမ်ဒေသ မှထွက်ခွာလာခဲ့ကြပြီး အဘူရှိုဂျားအ်၏သားများဖြစ်သော အလီ နှင့် ဟစန်သည် စာမာနီတို့၏ဘုရင်ခံဖြစ်သည့် မာကာန် နှင့်ပူးပေါင်း လိုက်ကြသည်။ ဟစ်ဂျရီသက္ကရာဇ် ၃၂၁ ခုနှစ် ၌ မရဒ်အူယချ်ဇေယာရီသည် ဂျွရ်ဂျားန်ဒေသ နှင့် တွဘ်ရိစ်တာန် နယ်မြေများအား အောင်နိုင်ခဲ့သည့်အတွက် အလီ နှင့် ဟစန်သည် မာကာန်၏ဆွဲဆောင်မှုဖြင့် မရဒ်အူယချ် နှင့်ပူး ပေါင်းခဲ့သည်။ သူသည် အလီအား ကရဂျ်မြို့ကို အစိုးရစေခဲ့သည်။ (37) အလီ သည် ကရဂျ်သို့ သွားခဲ့ပြီး အနီးအ နားရှိ ရွာများကိုသိမ်းပိုက်ခြင်းကြောင့် မရဒ်အူယချ် အားကြောက်လန့်စေခဲ့သည်။ ၎င်း(အလီ) သည်ပထမ၌ အစ်ဖဟာန်ကို သိမ်းပိုက်ရန်ရည်ရွယ်ခဲ့သော်လည်း မရဒ်အူယချ်၏ညီအကိုစစ်တပ်အားရှုံးနိမ့်ခဲ့ သည်။ ထို့နောက် မကြာမီမှာပင် အလီသည် အရ်ရဂျာန် နှင့် နိုဘန်ဒ်ဂျာန်ဒေသများအား သိမ်းပိုက်ခဲ့ကြသည်။ ထို့ နောက် သူ၏ညီအကိုဖြစ်သူ ဟစန်သည်လည်း သူ၏ ညွှန်ကြားချက်ဖြင့် ကာဇရူန်ဒေသ အားသိမ်းပိုက်ခဲ့ သည်။ (38) အလီသည် ဟစ်ဂျရီ ၃၂၂ ခုနှစ်၌ ရှီရားဇ်မြို့ကို အောင်နိုင်ခဲ့ပြီး အာလေဘူယေးအစိုးရအား ထိုနေရာ၌အုတ်မြစ်ချ ခဲ့သည်။ (39) သို့သော်လည်း ဆွာဒိက်ဆဂျ်ဂျာဒီ၏ ပြောကြားချက်အရ အချို့သောသမိုင်းရေးသူများသည် အရ်ဂျားန်ဒေသအားအောင်နိုင်မှု့(ဟစ်ဂျရီ၃၂၁၊ ခရစ်နှစ် ၉၃၂ ခုနှစ်)ကို အာလေဘိုဝိုင်းဟ်အစိုးရမှု့အခြေခံအုတ်မြစ် ချတည်ဆောက်မှု့၏ အစပြုမှု့အဖြစ်သိထားကြသည်။ (40) ထိုမှ ၁၂ နှစ်ဆက်တိုက်အကြာတွင် ဟစန် နှင့် အဟ်မဒ် သည်လည်း တဖြည်းဖြည်း ရိန်ယ်(သဲဟ်ရာန်မြို့)၊ကိရ်မာန် မြို့နှင့်အီရတ်နိုင်ငံအားအောင်နိုင်ခဲ့ကြပြီး အာလေဘူယေး အစိုးရ၏(အာဏာစက်)သည် ကိရ်မာန်ဒေသ နှင့် အိုမာန်ပိုင်နက် တို့၌ ရင်းမြစ်ကြီး ၃ ခု နှင့် အဖွဲ့ခွဲလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။(41) ရှီအာသုတေသီတစ်ဦးဖြစ်သော အလီအက်ဇ်ဂဲရ်ဖကီဟီ(နေနှစ်-ရှမ်စီ-၁၃၈၂ ခုနှစ်ကွယ်လွန်)၏ပြောကြားချက် အရ သဂျာရူဘွလ်အိုမမ်ကျမ်းသည် အာလေဘူယေး သမိုင်းနောက်ကြောင်းကိုရေးသားသော စာရေးသူများ အတွက် မူလရင်းမြစ်(ကိုးကားစာအုပ်) ဖြစ်လာခဲ့သည်။ (42) ဤကျမ်းရှင်ဖြစ်သူ အိဘ်နေမက်စ်ကူဝီယေး (ဟစ်ဂျ ရီ ၃၂၀-၄၂၀)သည် အာလေဘူယေးမင်းဆက်အုပ်ချုပ်သည့်ကာလနှင့် ခေတ်ပြိုင်တည်ရှိခဲ့သူဖြစ်သည်။(43)

သီးခြားရေးသားပြုစုချက်များ

အာလေဘူယေးတို့နှင့်ပတ်သက်၍ များစွာသောရေးသားမှုများပြီး ထိုအထဲမှအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ • အာလေဘူယေးသမိုင်းကြောင်းစာအုပ်- ရေးသားပြုစုသူ-အလီအက်ဇ်ဂဲရ်ဖကီဟီ(ရှမ်စီ-နေနှစ်သက္ကရာဇ် ၁၂၉၆-၁၃၈၂)- ဤစာအုပ်သည် အာလေဘူယာန် နှင့် အာလေဇေယားရ် သမိုင်းကြောင်းများနှင့်ပတ်သက်ပြီး ၎င်းတို့ခေတ် ကာလ၏အခြေအနေများကိုထင်ဟပ်ခြုံငုံဖော်ပြသည်။ ဤစာအုပ်အား နေသက္ကရာဇ် ၁၃၇၈ ခုနှစ်၌ အီရန်နိုင်ငံရှိတက္ကသိုလ်များရှိ သမိုင်းအထူးပြုဌာန၊ တက္ကသိုလ်ဘွဲ့အဆင့်ကျောင်းသင်ရိုးညွှန်းတမ်း၌ ပြဌာန်း သင်ကြားခဲ့ကြသည်။ (44) • အာလေဘူယေးခေတ်ကာလ၌ယဥ်ကျေးမှု့ပြန်လည်ထွန်းကားလာခြင်း၊ အစ္စလာမ့်ခေတ်ဆန်း၌လူသားဝါဒဘက် သို့တိမ်းညွတ်လာခြင်း - ဂျူအလ်ကဲရ်မက်ဇ် ၏ရေးသားပြုစုမှု- ဤစာအုပ်သည် အာလေဘိုဝိုင်းဟ်အစိုးရ၏ဗဟိုဌာနများ အထူးသဖြင့် ဘဂ်ဒါးဒ်မြို့တော်သည် အတွေးအခေါ်နှင့်ယဥ်ကျေးမှု့တို့ထွန်းတောက်ခဲ့ခြင်းအကြောင်းကိုလေ့လာ တင်ပြထားသည်။ ဤစာအုပ်အား ဖာရ်စီသို့လည်းဘာသာပြန်ထားသည်။ (45) • အာလေဘူယေးလက်ထက်ပညာရေးထွန်းကားမှု-ရေးသားပြုစုသူ သဲဟ်ရာန်တက္ကသိုလ်ပါမောက္ခ ဂိုလာမ်ရေဇွာဖဒါယီ( နေသက္ကရာဇ် ၁၃၂၄ ဖွားမြင်) - ဤစာအုပ်၌ အာလေဘူယေးလက်ထက်ရှိအချို့သောပညာရှင်များ အား အမည်နှင့်တကွဖော်ပြထားပြီး ရှီအာအစိုးရတို့၏လက်ထက်၌ ပညာရေးမြင့်မားခဲ့မှုများအား စုစည်းတင်ပြထားသည်။ (46) • အက်သ်သားဂျီ ဖီအက်ခ်ဘားရ်ရိဒ်ဒေါင်လဟ် အလ်ဒိုင်လမီယာ စာအုပ်ရေးသားသူ အိဘ်ရာဟီးမ်ဘင်န်ဟေလားလ် ဆွာဘီ(ဟစ်ဂျရီ ၃၈၄ ကွယ်လွန်)သည် အာလေဘူယေး တို့နှင့်ပတ်သက်ပြီးရေးသားသူတစ်ဦးဖြစ်ပြီး ထိုကျမ်း၌၎င်းသည် သမိုင်းတစ်လျှောက်၌ အွဒ်ဒွလ်ဒေါင်လာဟ်၏ အုပ်ချုပ်မင်းအဆက်ဆက်တို့နှင့် ပတ်သက်ပြီး ရေးသားဖေါ်ပြထားသည်။ ထိုစာအုပ်သည် အဒွဒွလ်ဒေါင်လဟ်အစိုးရ၏အမိန့်ဖြင့် ဒယာလမာမင်းဆက်တို့နှင့် ၎င်းတို့၏ အုပ်ချုပ်ရေးကို တင်စားရေးသားထားသော စာအုပ်တစ်အုပ်လည်းဖြစ်သည်။ အိဘ်နေမက်စ်ကဝီယာသည် သဂျာရွဘွလ်အိုမမ် ကျမ်း၌ ၎င်းစာအုပ်အားအသုံးပြုထားသည်။ ဤစာအုပ်ကို ဆွန်အာမြို့ရှိ မက်စ်ဂျိဒ်ဒေအအ်ဇွမ်၌ရှိသော သဝကွလ်လိယေးစာကြည့်တိုက်၌ ထိန်းသိမ်းထားသည်။ မိုဟမက်ဒ်ဟုစိုင်းန်ဇိုဘိုင်ဒီ သည် ၎င်းကျမ်းအား အလ်မွန်သဇိအု မင်န် ကိသားဘိသ်သာဂျီ အမည်ဖြင့် ခရစ်သက္ကရာဇ် ၁၉၇၇ ခုနှစ်တွင် ဘဂ်ဒါးဒ်မြို့တော်၌ထုတ်ဝေဖြန့်ချီခဲ့သည်။