အာယသ် သေ အုဇုန်

wikishia မှ

အာယသ် သေ အုဇုန် သို့မဟုတ် အာယသ်‌ သေ သဆ်ွဒီးက္က် (အာရဗီ-آیه اُذُن) ဟူသည် (စူရဟ် သောင်ဗဟ် အာယသ်အမှတ် ၆၁) ဖြစ်ပြီး မိုနာဖီက် အယောင်ဆောင် အရည်ခြုံများ အနက်မှ အုပ်စုတစ်စုသည် မိမိတို့၏ စကားဖြင့် တမန်တော်မြတ် (ဆွ) အား စိတ်ထိခိုက်အောင် ပြုလုပ်ကာ ၎င်းအား ရိုင်းစိုင်းစွာ မိတ်ဆက်ပေးသည့် အကြောင်း နှင့်ပတ်သက်ပြီး ကျရောက်ထားခြင်း ဖြစ်သည်။ ဤအာယသ်သည် လူတို့၏ စကားများအပေါ် တမန်တော်မြတ်၏ အာရုံစူးစိုက်မှုကို လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အတွက် ရှိအပ်သော ဂုဏ်အရည်အချင်း အဖြစ် မှတ်ယူထားပြီး ယင်းသည် လူတိုင်းအတွက် ကောင်းမွန်စေပြီး လူသားများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသည့်အရာ ဖြစ်ပေသည်။ အာယသ် ‌သေ အုဇုန် အာယသ်၏ အချက်အလက် အာယသ်၏ အမည် အုဇုန် ၊ အာယသ် သေ သဆ်ွဒီးက္က် လာရှိထားသည့် စူရဟ် သောင်ဗဟ် အာယသ်အမှတ် ၆၁ ဂျွဇ်အ် (အစောင်) ၁၀ အကြောင်းအရာ အချက်အလက် ကျရောက်သည့် အကြောင်းအရာ မိုနာဖီက် များမှ တမန်တော်မြတ် (ဆွ) အား စိတ်ထိခိုက်အောင် ပြုလုပ်ခြင်း ကျရောက်သည့် နေရာ မဒီနာ ခေါင်းစဉ် ကိုယ်ကျင့်တရား အကြောင်းအရာ ခေါင်းဆောင်တစ်ယောက်၏ ရှိအပ်ျသာသော ဂုဏ်အရည်အချင်း လက္ခဏာများသည် အခြားသူများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးသည်။ အူစူလေ ဖိက္ကဟ်၌ အသုံးပြုပုံ (သတင်းစကားတစ်ခု၏ သက်‌သေသာဓက) အူစုလေ ဖိက္က်ဟ် ဓမ္မသတ်ရေးဆိုင်ရာ အခြေခံမူများတွင် ဤအာယသ်ကို သတင်းစကားတစ်ခု၏ သက်‌သေသာဓက အဖြစ် ကောက်နုတ်ပေသည်။

စာသား နှင့် ဘာသာပြန်

وَمِنْهُمُ الَّذِینَ یؤْذُونَ النَّبِی وَیقُولُونَ هُوَ أُذُنٌ ۚ قُلْ أُذُنُ خَیرٍ‌ لَّکمْ یؤْمِنُ بِاللهِ وَیؤْمِنُ لِلْمُؤْمِنِینَ وَرَ‌حْمَةٌ لِّلَّذِینَ آمَنُوا مِنکمْ ۚ وَالَّذِینَ یؤْذُونَ رَ‌سُولَ اللهِ لَهُمْ عَذَابٌ أَلِیمٌ ﴿۶۱﴾ သူတို့အနက်မှ နဗီတမန်တော်နှင့်ပတ်သက်၍ “သူသည် (လူတိုင်း၏စကားကို နားစိုက်ပြီးနောက် အလိုက်သင့် ပြောဆိုလျက် ယုံကြည်လာအောင် ဆွယ်နေသော) နားပါးသူ ဖြစ်သည်။” ဟု ပြောဆိုကြလျက် နဗီတမန်တော်အား စိတ်ထိခိုက်စေသူများလည်း ရှိ၏။ ဟောကြားလော့။ “သင်တို့အတွက် အကောင်းဆုံးဖြစ်စေရန်သာ နားစိုက်ခြင်း ဖြစ်၏။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၏။ စစ်မှန်သောယုံကြည်သူများကိုလည်း ယုံကြည်၏။ သင်တို့အနက်မှ ယုံကြည်သူတို့အတွက် ကရုဏာတရားလည်း ဖြစ်၏။” (သတိထားကြလော့) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်အား စိတ်ထိခိုက်စေသူတို့အတွက် ပြင်းပြနာ ကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်ရှိ၏။ (သောင်ဗဟ် ၊ ၆၁)

ကျရောက်သည့် အကြောင်းအရင်း

အာယသ် သေ အုဇုန် သည် မိုနာဖီက် အယောင်ဆောင်များ အနက်မှ အုပ်စုတစ်စုသည် မိမိတို့၏ စကားဖြင့် တမန်တော်မြတ် (ဆွ) အား စိတ်ထိခိုက်အောင် ပြုလုပ်ခြင်း၊ အချို့များသည် တမန်တော်မြတ်(ဆွ)ထံ ရောက်ရှိလာသည့် သတင်းစကား တစ်ခုအပေါ် ကြောက်ရွံခြင်း နှင့် ၎င်းတို့အား အပြစ်ပေးခြင်းမှ တားမြစ်ခြင်း စသည့် အကြောင်းအရာများ နှင့်ပတ်သက်ပြီးကျရောက်ခဲ့သည်။ ဂျလ္လာစ် ဗင်န် စဝီးဒ် ဆိုသူ ၊ အချို့ ရေဝါယသ်များအရ နဗ္ဗ်သလ် ဗင်န် ဟရစ် ဆိုသူ ပြောသည်မှာ၊ မုဟမ္မဒ် (ဆွ) အကြောင်းကို ငါတို့ပြောချင်တိုင်း ပြောပြီးနောက် ၎င်းထံသွားကာ နောင်မလုပ်တော့ကြောင်းကို ကျန်ဆို၍ ပြောခဲ့သည်။ ၎င်းသည်လည်း ကျွန်ုပ်တို့၏ ဝန်ချမှုကို လက်ခံခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် မုဟမ္မဒ် (ဆွ) သည် အုဇုန် (အယုံလွယ်သူ) ဖြစ်‌ေသာကြောင့် ဖြစ်သည်။ (1) ဤအာယသ် နှင့်ပတ်သက်ပြီး အခြားသော ကျရောက်သည့် အကြောင်းအရင်းများလည်း ရှိပေသည်။ (2) အာယသ်၏ အကြောင်းအရာ အချက်အလက် စယရဟ် သောင်ဗဟ် အာယသ်အမှတ် ၆၁ ကို အာယသ် သေ အုဇုန် သို့မဟုတ် အာယသ် သေ သဆ်ွဒီးက္က် ဟူ၍ ခေါ်ဆိုပေသည်။ (3) အုဇုန် ဟူသော ဝေါ်ဟာရသည် ဤအာယသ်တော်၌ ၊ အနက်အဓိပ္ပါယ် အစစ်အမှန်မှာ “နားပါးသူ” ဖြစ်ပြီး အခြေခံအားဖြင့် “ စကားတိုင်းကို နားထောင်ပြီး လက်ခံသူ” ဟူ၍ အဓိပ္ပါယ်ရသည်။ (4) ဤအာယသ်၏ အကြောင်းအရာများအရ၊ အယောင်ဆောင်များသည် တမန်တော်မြတ်(ဆွ) အား နားပါးသူ ဟူ၍ ခေါ်ဆိုပြသည်။ ၎င်းတို့၏ ဆိုလိုရင်းမှာ ၊ တမန်တော်မြတ်(ဆွ) သည် အယုံလွယ်သူ ၊ တောင်းပန်မှုကို လက်ခံသူ ဟူ၍ ဖြစ်သည်။ (5) အရှင်မြတ်သည် ဤအာယင်တော်၌ မိုနာဖီက် အယောက်ဆောင်များ မိန့်တော်မူသည်မှာ ၊ “တမန်တော်မြတ် (ဆွ) သည် နားပါးသူ (လူတိုင်း၏စကားကို အားရုံစိုက်ပြီး နားထောင်သူ) ဖြစ်ခြင်းမှာ အသင်တို့အတွက် အကောင်းဆုံးသောအရာ ဖြစ်သည်” ။ အလ္လာမဟ် သွဗာသွဗာယီ၏ အဆိုအက၊ “အုဇုန်” ဟူသော ဝေါဟာရကို “အကောင်းဆုံးသော” ဟူသည့် ဝေါဟာရအပေါ် ထပ်ပေါင်း ဖြည့်စွပ်လိုက်ခြင်းသည် ၊ စစ်မှန်သော ထပ်ပေါင်း ဖြည့်စွပ်မှု ဖြစ်ပြီး တမန်တော်မြတ်(ဆွ)သည် အလွန်နားထောင်သူ ဖြစ်ပြီး အသင်တို့အတွက် အကောင်းဆုံးသော အရာများကိုသာလျှင် နားစင်သူ ဖြစ်သည် ဟူ၍ အနက်အဓိပ္ပါယ် ရပေသည်။ အခြားတစ်ဖက်၌ လူသားတို့ အဖို့ ကောင်းမြတ်သော အရှင်မြတ်၏ ဝဟီ ဗျာဒိတ်တော်များကို ကြားနာခြင်း ဖြသ်ပြီး အခြားနောက်တစ်ဖက်၌ ၊ မွတ်စ်လင်မ်တို့၏ ကောင်းမွန်သော စေတနာကို ကြားနာခြင်း ဖြစ်ပြီး ထိုအရာသည်လည်း အသင်တို့အတွက် အကောင်းဆုံးသောအရာ ဖြစ်ပေသည်။ နားထောင်ခြင်း အား ကောင်းမွန်‌ေသာအရာ အပေါ် ထပ်ပေါင်းဖြည့်စွပ်လိုက်ခြင်းသည် အထူးပြုခံပြဒ် သည် အထူးပြုသည့်အရာ (ဂုဏ်ပုဒ်) အပေါ် ထပ်ပေါင်းဖြည့်စွပ်လိုက်ခြင်း မျိုးလည်း ဖြစ်နိုင်သည်။ ထိုသို့ပုံစံ၌၊ တမန်တော်မြတ်သည် နားထောင်သူ ဖြစ်ပြီး ထိုသို့ နားထောင်ခြင်း ဟူသော ဂုဏ်ရည်ရှိခြင်းသည် အသင်တို့အတွက် အကောင်းဆုံးသော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၊ အသင့်တို့အတွက် ကောင်းကျိုးပေးစွမ်းနိုင်မည့် အရာများကိုသာလျှင် နားထောင်သောကြောင့် ဖြစ်သည် ဟူ၍ အနက်အဓိပ္ပါယ် ရှိပေသည်။ ၎င်း၏ အမြင်အရ၊ ထိုအလင်းဖွင့်ဆိုချက် နှစ်ခုအကြား ကွဲပြားးချက်မှာ၊ ပထမ ဖွင့်ဆိုချက်သည် တမန်တော်မြတ် (ဆွ) နားထောင်သည့်အရာတိုင်းသည့် ကောင်းမွန်‌ေသာအရာများ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်၊ ဝဟီ ဗျာဒိတိတ်တော်ကို အရှင်မြတ်ထံမှ နားထောင်ပြီး ၊ နားချခြင်း နှင့် အကောင်းလိုလားသော စေတနာစကားများကို မိုအ်မင်န် သက်ဝင်ယုံကြည်သူများ ထံမှ ကြားနာသောကြောင့် ဖြစ်သည်။ သို့သော် ဒုတိယ ဖွင့်ဆိုချက်မှာ ၊ တမန်တော်မြတ်(ဆွ) နားထောင်သည့်အရာတိုင်းသည့် ကောင်းမွန်‌ေသာအရာများ ဖြစ်ပေသည်၊ သို့သော် ၎င်း၏ အကြောင်းအရာသည် မကောင်းသော၊ အကျိုးမရှိသော အရာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ဆိုလိုသည်မှာ တမန်တော်မြတ်(ဆွ) သည် အချို့သော စကားများသည် မွတ်စ်လင်မ်များ အဖို့ အကျိူမရှိ မကောင်းသောလည်း ပြောနေသူအား ထောက်ထားလစားသော အနေဖြင့် ထိုစကားများကို နားထောင်ပေသည်။ (6) အလ္လာမဟ် သွဗာသွဗာယီး၏ ယုံကြည်ချက်အရ၊ ဒုတိယ ဖွင့်ဆိုချက်သည် အာယသ်၏ ဆိုလိုရင်းနှင့် သင့်လျှော်ကိုက်ညီမှု ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် ၊ အာယသ်၏ အဆက်၌ «وَ يُؤْمِنُ لِلْمُؤْمِنِين‏» ဟူ၍ လာရှိထားသည်။ ဆိုလိုသည်မှာ မိုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ အကျိုးကို အသိအမှတ်ပြု ထောက်ခံထားကြောင်း ဆိုလိုပေသည်။ နောက်ဆုံး အန္တရာယ်ရှိသောသတင်းများတွင်ပင် မိုအ်မင်န် သက်ဝင်ယုံကြည်သူများ အတွက် အကျိုးရှိပါက အသိအမှတ်ပြု ထောက်ခံပေးပြီး ယုံကြည်လက်ခံပေး ပေသည်။ သို့ရာ၌ နားထောင်သူသည် ၊ သတင်း ယူဆောင်လာသူ ကိုသာလျင် အသိအမှတ်ပြု ထောက်ခံပေးပြီး ၎င်း၏ သတင်းစကားများကို ထောက်ခံကာ လက်ခံခြင်းမျိူ မဟုတ်ပေ ဟူ၍ ဖြစ်သည်။ (7) သဖ်စီးရ် နမူနာ၌၊ အိုဇုန် ဖြစ်ခြင်းသည်၊ လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်၌ ရှိအပ်သော ဂုဏ်အရည်အချင်းများ အနက်မှ တစ်ခု ဖြစ်သည်ဟု ဖော်ပြထားသည်။ ဥပမာ တမန်တော်မြတ်(ဆွ) သည် လူ့အဖွဲ့အစည်းအတွက် အလွန်သနားကြင်နာ စာနာတက်သူ၊ ကရုဏတော်ရှင်တစ်ဦး ဖြစ်ကာ လူတို့၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းသူ ၊ ဂုဏ်သိက္ခာ မကျဆင်းစေသူလည်း ဖြစ်သည်ဟူ၍ မိတ်ဆက်ပေးထားသည်။ မည်မျှပင် မိုနာဖီက် အယောင်ဆောင် အရည်ခြုံများသည် တမန်တော်မြတ်၏ ထိုသာလွန်မြင့်မြတ်သော အစွမ်းသတ္တိကို အားနည်းချက် ဟု မှတ်ယူကြပါစေ ။ (8) အာယသုလ္လာဟ် မကာရင်မေရှီရာဇီ၏ အဆိုအရ၊ အပြစ်တင်ရှုတ်ချသူများသည် တမန်တော်မြတ်(ဆွ) “နားထောင်ခြင်း” ဟူသော ဂုဏ်အရည်အချင်းကို အခွင့်ကောင်းယူကာ အလွဲသုံးစား မလုပ်ကြစေရန် အရှင်မြတ်သည် «يُؤْمِنُ بِاللَّهِ وَ يُؤْمِنُ لِلْمُؤْمِنِينَ»؛ကြိ ထပ်ပါင်းဖြည့်စွပ်လိုက်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ တမန်တော်မြတ်သည် အရှင်မြတ် နှင့် ၎င်း၏ အမိန့်တော်များကို သက်ဝင်ယုံကြည်ကာ စစ်မှန်သော မိုအ်မင်န် သက်ဝင် ယုံကြည်သူများ၏ စကားများကို နားထောင်ပေးသည်။ ၎င်း၏ ရှုထောင့်အရ၊ တမန်တော်မြတ်သည် အစီအစဉ် နှစ်ခု ရှိပေသည်။ တစ်ခုမှာ ၊ အပြင်ပိုင်း အသွင်အပြင်ကို ထိန်းသိမ်းရန် နှင့် သိက္ခာချခြင်းမှ ကာကွယ်တားစီးရန် ဖြစ်ပြီး အခြားတစ်ခုမှာ ၊ လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ အစီအစဉ် ဖြစ်သည်။ ပထမအဆင့်၌ အားလုံးပြောဆိုသည့် စကားများကို နားထောင်ပြီး အပြင်ပိုင်းအရ ငြင်းပယ် လက်မခံခြင်းမျိုး မရှိပေ။ ဒုတိယ အဆင့်ဖြစ်သည့် ကျင့်ဆောင်မှု အပိုင်းတွင်၊ တမန်တော်မြတ်သည် သီးသန့် အရှင်မြတ်၏ အမိန့်တော်များ နှင့် စစ်မှန်သော မိုအ်မင်န် သက်ဝင်ယုံကြည်သူများ၏ စကားများ ကိုသာလျှင် အာရုံစူးစိုက်မှု ရှိပေသည်။ (9) အာယသ်တော်၏ နောက်ဆုံးတွင် ဤအချက်ကို ဖော်ညွှန်းထားသည်မှာ ၊ မည်မျှပင် မိုနာဖီက် ‌အယောင်ဆောင် အရည်ခြုံများသည် ၎င်းတို့၏ စကားများဖြင့် တမန်တော်မြတ်(ဆွ) ကို စိတ်ဒုက္ခရောက်အောင် ပြုလုပ်သော်များလည်း တမန်တော်မြတ်(ဆွ) သည် ၎င်းတို့အား အရှက်ကွဲအောင် ပြုလုပ်ခြင်းမှ ရှောက်ကြဉ်ခဲ့သည်။ သို့သော် ၎င်းတို့၏ အမှားအတွက် ၊ မကောင်းသော လုပ်ဆောင်ချက်အတွက် အပြစ်မရှိပေ ဟူ၍ မဆိုလိုပေ ၊ သို့သော် ရှင်ပြန်ထမြောက်သောနေ့တွင် အရှက်ရစေမည့် ပြစ်ဒဏ်ကို ခံစားရလိမ့်မည် ဖြစ်သည်။ (10) ဖိက္ကဟ် ဥပဒေရေးရာ၏ အခြေခံမူများတွင် အာယသ်တော်အား အသုံးပြုပုံ အာယသ် သေ အုဇုန် သည်၊ ဥပဒေရေးရာ၏ အခြေခံမူများဆိုင်ရာ ပညာရပ်တွင် ၊ သတင်းစကား တစ်ခု၏ သက်သေသာဓက အတွက် ‌ကောက်နုတ်ကိုးကား ထုပ်ယူသော အာယသ်များ အနက်မှ တစ်ခု ဖြစ်သည်။ (11) ဤအာယသ်အား သတင်းစကား တစ်ခု၏ သက်သေသာဓက အတွက် ‌မည်သို့မည်ပုံ ‌ကောက်နုတ်ကိုးကား ထုပ်ယူသည်ကို ဖော်ပြထားသည်မှာ ၊ «یؤْمِنُ بِاللهِ وَ یؤْمِنُ لِلْمُؤْمِنِینَ»، ဟူသော စကားစုအရ၊ အရှင်မြတ်သည် မိုအ်မင်န် သက်ဝင်ယုံကြည်သူများအား အခိုက်အမာ ထောက်ခံ၍ အသိအမှတ်ပြုမှုကို တမန်တော်မြတ်၏ အကြောင်းခံဖြင့် မိမိဘက်မှ အခိုက်အမာ ထောက်ခံ၍ အသိအမှတ်ပြုခြင်း ကဲ့သို့ ဖြစ်သည် ဟူ၍ သတ်မှတ်ထားပြီး ထိုသို့ လုပ်ဆောင်ချက်ကိုလည်း ချီးကျူးထားခဲ့သည်။ မိုအ်မင်န် သက်ဝင်ယုံကြည်သူများအား အခိုက်အမာ ထောက်ခံ၍ အသိအမှတ်ပြုရာတွင်၊ ၎င်း၏ သတင်းစကားသည် သက်သေသာဓက ဖြစ်ကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။ ထို့အတွက်ကြောင့်၊ အကယ်၍ တရားမျှတသူ တစ်ဦးသည် လူသားအတွက် သတင်းစကား ယူဆောင်လာပါက ၊ ၎င်း၏ စကားကို အခိုက်အမာ ထောက်ခံ၍ အသိအမှတ်ပြုရပေမည်။ သို့သော်၊ ဤ ထောက်ထားကိုးကားမှု၌ စောဓကများစွာ ရှိပေသည်။ ထိုစောဓကများမှ ထုပ်နုတ်ထားသည်မှာ သတင်းစကားတစ်ခု၏ သက်‌ေသသာဓကသည် ဤအာယသ်တော်မှ ကောက်နုတ်လို့ မရပေ ဟူ၍ ဖြစ်သည်။ (12)