အာယသ် သေ အီလာအ်

wikishia မှ
 ဤဆောင်းပါးသည် အာယသ် သေ အီလာအ်    ဟုလူသိများသော စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၂၆ ပါး  အကြောင်းဖြစ်ပါ သည်။အီလာအ် ၏ အယူအဆ နှင့် ဓမ္မသတ် ဆိုင်ရာ ပညတ်ချက်များ ကို ရင်းနှီးစေရန် အီလာသ်  ဆောင်းပါးတွင် ဝင်ရောက်မှုကို ကြည့်နိုင်ပါသည်။

အာယသ် သေ အီလာအ် (အရဘီ : آية الإيلاء ) ဆိုသည်မှာ (စူရဟ် ဘကရဟ်၊ အာယသ် တော်အမှတ် ၂၂၆ ) တွင် အီလာအ် နှင့် ၎င်းနှင့် သက်ဆိုင်သည့် ဓမ္မသတ် စည်းမျဥ်းစည်းကမ်း များ အကြောင်း ဖြစ်ပါသည်။အီလာအ် ဆိုသည်မှာ ယောက်ကျား အနေဖြင့် မိမိ ၏ အမြဲတမ်း ဇနီး သည် နှင့် လိင်မဆက်ဆံ ရန် ကျိန်ဆိုထားခြင်းကို ခေါ်ဆိုပါသည်။ ဤအလုပ် အား ဂျာဟေလီယသ် ခေတ် တွင် အမျိုးသမီးအား ဖိအား ပေးရန်နှင့် နောက် အိမ်ထောင်ပြုခြင်းမှ တားဆီးရန် လုပ်ဆောင်ခဲ့ကြပါသည်။ အလ္လာဟ် ဟို အရှင်မြတ် သည် ဤ အာယသ်တော်တွင် အီလာအ် နှင့် သက်ဆိုင်သည့် ဓမ္မသတ် စည်းမျဥ်းစည်းကမ်း များနှင့် လွတ်မြောက် မည့် နည်း လမ်းများ ကို မိန့်တော်မူထားပါသည်။ ဤအာယသ်တော် အရ ယောက်ကျား အနေဖြင့် အီလာအ် ပြုလုပ်သည့်အခါ ဇနီး သည်အနေဖြင့် ဟာကင်မ်မေရှရ်အ် (မရ်ဂျာယေသက္က်လီးဒ်) ထံ သို့မဟုတ် တရားရုံးသို့ တိုင်ကြား နိုင်ပါသည်။ ဟာကင်မ်မေရှရ်အ် (မရ်ဂျာယေသက္က်လီးဒ် အနေဖြင့် ယောက်ကျားအား ဇနီးထံ သို့ ပြန်လှည့်ရန် လေးလ အချိန် ပေးမည် ဖြစ်ပါသည်။ အကယ်၍ လေးလ ပြည့်၍ ယောက်ကျား အနေဖြင့် မိမိ ဇနီးသည် ထံသို့ ပြန်မလှည့်လျှင် ဟာကင်မ်မေရှရ်အ် ကိုယ်တိုင် သွာလက် ပေးမည် ဖြစ်ပါသည်။

မိတ်ဆက် နှင့် အာယသ်တော် ကျရောက်ရသည့် အကြောင်းအရင်း

စူရဟ် ဘကရဟ်၏ အာယသ် တော်အမှတ် ၂၂၆ အား အာယသ် သေ အီလာအ် ဟုခေါ်ဆိုပါသည်။ [1] အလ္လာဟ်ဟို အရှင်မြတ်သည် ဤ အာယသ်တော်တွင် အီလာအ် ၏ အစဥ်အလာ ကို ပယ်ချတော် မူပြီး အီလာအ် မှ လွတ်မြောက် မည့် နည်း လမ်းများ ကို မိန့်တော်မူထားပါသည်။ [2] ပြီးနောက် အမျိုးသမီး အခွင့်အရေးများ ပြန်လည် ရှင်သန်အောင် ပြုရန် အမိန့် [3] ပေးတော် မူထားပါသည်။ အီလာအ် သည် ဂျာဟေလီယသ် ခေတ်ကာ လ ၏ ရိုးရာဓလေ့တစ်ခုဖြစ်ပါသည်။ [4] ထို့ကြောင့် ယောက်ျားသည် မိမိဇနီး ကို မုန်းသောအခါ ၌ မိမိဇနီး နှင့် လိင်မဆက်ဆံတော့မည်ဟု ကျိန်ဆိုလေသည်။ [5] တစ်နှစ် သို့မဟုတ် ထို့ထက်မက [6] သို့မဟုတ် သူ့ဘဝဆုံးသည့်တိုင်အောင် မိမိ ဇနီး နှင့် လိင်လည်း မဆက်ဆံတော့ချေ။ပြီး နောက်ဇနီးအား ကွာလည်း မရှင်းပေချေ။ [7] ဤအလုပ်၏ရည်ရွယ်ချက်မှာ အမျိုးသမီး (ဇနီး) ကို ဒုက္ခ ပေးရန် [8] နှင့် နောက်အိမ်ထောင် အသစ် ပြုခြင်းမှ တားဆီးရန်ဖြစ်ပါ သည်။

﴿لِلَّذِينَ يُؤْلُونَ مِنْ نِسَائِهِمْ تَرَبُّصُ أَرْبَعَةِ أَشْهُرٍ فَإِنْ فَاءُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ ٢٢٦﴾ [بقره:226] အဓိပ္ပာယ် - အကြင်မည်သူမဆို မိမိ ဇနီးသည်များ နှင့် လိင်ဆက်ဆံမှုမပြုတော့ဟု ကျိန်ဆိုမည် ။ (အီလာအ် လုပ် မည်။) သူ တို့ အတွက် အချိန် လေးလ စောင့်စားရန် (အခွင့်အလမ်း) ရှိပါသည်။ ပြီးနောက် (သင့်မြတ်ခြင်းသို့) ပြန်လှည့် လာမည် ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်ဟို အရှင်မြတ် သည်အလွန်တရာ လွတ်ငြိမ်းချမ်းသာ ပေးတော်မူသည့် အရှင် အလွန်တရာ သနား ကြင်နာတော်မူသည့် အရှင်ဖြစ်တော်မူပါ သည်။ စူရဟ်ဘကရဟ် ၊ အာယသ်တော် အမှတ် ၂၂၆ )

ဓမ္မသတ်ဆိုင်ရာ အသုံးပြုမှုများ

 ပင်မဆောင်းပါး - အီလာအ် 
  • အီလာအ်အားတားမြစ်ခြင်း - အီလာအ်သည် ဖေက်(ဓမ္မသတ်) အမြင်တွင် ဟရာမ် ဖြစ်ပါသည်။ ဟရာမ် ဖြစ်ရသည့် အကြောင်း အရင်း မှာ မိမိ ဇနီး နှင့် လေးလကျော် လိင်မဆက်ဆံဘဲ နေသည့် အတွက် ကြောင့် ဖြစ်ပါသည်။ [10] အချို့ ပညာရှင်များ က အီလာအ် ဟရာမ် ဖြစ်သည် ကို စူရဟ် ဘကရဟ် ၏ အာယသ်တော် အမှတ် ၂၂၆ မှ ကောက် နှုတ် ကြပါသည်။ [11] သို့သော် အာယာသွလ္လာဟ် မကာရေမို ရှီးရာဇီး ၏ အဆိုအရ ကုရ်အာန်သည် ယေဘူယျအားဖြင့် အီလာအ် ၏ စီရင်ချက်ကို ပျက်ပြယ် စေခြင်း မရှိသော်လည်း ၎င်း၏ ဆိုးကျိုးများကို ဖယ်ရှားခဲ့ပါ သည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတစ်ဦးသည် ခင်ပွန်း ဖြစ်သူ၏ ဒုက္ခပေး ခြင်း ကို မခံ ရအောင် ဖြစ်ပါသည်။ [12]
  • အာယသ်သေ အီလာအ် ကိုအခြေခံ ၍ အမျိုးသားတစ်ဦးသည် အီလာအ် ပြုလုပ်ပါက အမျိုး သမီး(ဇနီးသည်) သည် ဟာကင်မ်မေရှရ်အ် (မရ်ဂျာယေသက္က်လီးဒ်) ထံတိုင်ကြားနိုင် သည်ဟုဖေက် ပညာရှင်များ က လက်ခံ ယုံကြည်ကြပါ သည်။ ဟာကင်မ်မေရှရ်အ် သည် ပထမဦးစွာ ယောက်ျားအား မိန်းမထံ သို့ ပြန်လှည့် ရန် လေးလအချိန်ပေးမည် ဖြစ်ပါသည်။ ပြီးနောက် မိမိဇနီး နှင့် လိင်ဆက်ဆံ ပြီးနောက် ကျိန်ဆိုထားမှု အတွက် ကာဖာရဟ် (ရှရီအီဒဏ်ငွေ ) ပေးဆောင်ရမည် ဖြစ်ပါသည်။ [13] ဤအတောအတွင်း ယောက်ျား ဖြစ်သူမှ မလုပ်ဆောင်ပါက ဟာကင်မ်မေရှရ်အ် အနေဖြင့် ယောက်ကျား ဖြစ်သူကို မိမိဇနီး ဘက် သို့ ပြန်လှည့်ရန် နှင့် သွာလက် ပေးရန် ပြုနိုင်ပါသည်။ အကယ်၍ ယောက်ကျား ဖြစ်သူမှ မိမိဇနီး ထံ ပြန်လည်းမလှည့် မည် နောက် သွာလက် လည်း မပေးမည် ဆိုလျှင် ယောက်ကျား ဖြစ်သူကို အကျဥ်းချနိုင်ပါသည်။ပြီးနောက်ယောက်ကျား ၏ အစားအသောက်ကို အကြပ် ကိုင် နိုင်ပါသည်။ [14] အချို့ ဖေက်ပညာရှင်များ မှ ဤ အခြေအနေ တွင် ဟာကင်မ်မေရှရ်အ် (မရ်ဂျာ ယေသက္က် လီးဒ်) အနေဖြင့် အမျိုးသမီး ကို သွာလက် ပေး နိုင်ကြောင်း လက်ခံ ယုံကြည် ထားကြပါသည်။ [15]
  • အီလာအ် ၏ စည်းမျဥ်းစည်းကမ်းများ - အီလာအ် အကောင်အထည် ဖော်ရန် အတွက် စည်းမျဥ်း စည်းကမ်းများ ဖော်ပြထားပါသည်။ [16] ၎င်းစည်းမျဥ်းစည်းကမ်းများ မှ ပမာအား ဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ နာမတော် တစ်ပါးပါး ဖြင့် ကျိန်ဆိုခြင်းဖြစ်ပါသည်။ [17] ပထမ ယောက်ကျား နှင့် ဇနီး သည် အကြား လိင်ဆက်ဆံ ထားမှု ရှိရမည် ဖြစ်ပါသည်။ [18] ယောက်ကျာ အနေဖြင့် မိမိ ဇနီး ကို ဒုက္ခပေးရန် ဆိုသည့် ရည်ရွယ်ချက် ရှိရမည် ဖြစ်ပါသည်။ [19]
  • ဖေက်ပညာရှင်များသည် ဤအာယသ် တော်တွင် လာရှိသည့် (ဖီးစကားလုံးအား ) (ပြန်လှည့် ခြင်း ) ၏ ဆိုလိုချက်မှာ လိင်ဆက်ဆံခြင်း သို့မဟုတ် ရှရီအီ အတားအဆီးများ သို့မဟုတ် နာမကျန်းမှုများအတွက် ၎င်း၏ရည်ရွယ်ချက်ကို ဖော်ပြရန် ဖြစ်ကြောင်း ဆိုထားကြပါသည်။ [20]

ဆက်နွယ်နေသည့် ဆောင်းပါးများ

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ