အာယသ် သေ အိစ်သီရ်ဂျာအ်

wikishia မှ

အာယသ် သေ အိစ်သီရ်ဂျာအ် ဟူသည် (စူရဟ် ဗက္ကရဟ် အာယသ်အမှတ် ၁၅၆) ဖြစ်ပြီး လူသားများသည် အရှင်မြတ်ထံ ပြန်လှည့်ရမည့် အကြောင်း နှင့်ပတ်သက်ပြီး ဖော်ညွှန်းထားခြင်း ဖြစ်သည်။ ဤအာယသ်သည် ဒုက္ခ၊ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ဖတ်ရွတ်ပါက မွတ်စ်သဟဘ် ဖြစ်သည်။ ရှီအာတို့၏ သဖ်စီးရ် အလင်းဖွင့်ဆိုသည့် စာအုပ်များ ဥပမာ သွီဘ်ယားန် သဖ်စီးရ် နှင့် မဂ်ျမအုလ်ဘယားန် သဖ်စီးရ် တို့တွင် ဤဇီကီရ်အား အရှင်မြတ်၏ ကျေးကျွန်ဖြစ်ကြောင်း လက်ခံခြင်း နှင့် ကေယာမသ် တစ်ဖြန်ပြန်လည်ရှင်သန်ထမြောက်ရမည့်နေ့အား ယုံကြည်ခြင်း၏ လက္ခဏာတစ်ခုအဖြစ် ယူဆထားသည်။ အလ္လာမဟ် သွဗာသွဗာယီးသည်လည်း အာယသ် သေ အိစ်သီရ်ဂျာအ် ၏ အနက်အဓိပ္ပါယ် နှင့်ပတ်သက်ပြီး ပြောထားသည်မှာ အကယ်၍ လူသားသည် စစ်မှန်သော စိုးပိုင်အုပ်ချုပ်သူမှာ အရှင်မြတ်သာလျှင် ဖြစ်ပြီး လူသားများ၏ ပိုင်ဆိုင်မှုသည် အပေါ်ယံ အပြင်ပိုင်း သာလျင်ဖြစ်ကြောင်းကို သိရှိမည် ဆိုပါက ထိုအခါ ၎င်းထံ အရာတစ်ခု လက်ဝယ်ရရှိလာသည့်အချိန် ပျော်ရွှင်မှု နှင့် မာန်မာနကို ဖြစ်စေမည် မဟုတ်သလို အရာတစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရခြင်းမှလည်း နောင်တ နှင့် ထိခိုက်မှု ဖြစ်စေမည် မဟုတ်ပေ။ အာယသ် သေ အိစ်သီရ်ဂျာအ် အာယသ်၏ အချက်အလက်များ အာယသ်အမည် အိစ်သီရ်ဂျာအ် လာရှိထားသည့် စူရဟ် ဗက္ကရဟ် အာယသ်အမှတ် ၁၅၆ ဂျွဇ်အ် (အစောင်) ၂ အကြောင်းအရာ နှင့် အချက်အလက် ကျရောက်သည့် အကြောင်းအရင်း အေမာမ်အလီ (အစ) သည် ဟမ်ဇဟ် သို့မဟုတ် ဂျအ်ဖဲရ် ဗင်န် အဘီသွာလီဘ် ၏ ပူဆွေးဝမ်းနွဲမှုတွင် အိစ်သီရ်ဂျာအ် ဇီကီရ်အား ဖတ်ရွတ်ခဲ့ခြင်း ကျရောက်သည့်နေရာ မဒီနဟ် ခေါင်းစဉ် ယုံကြည်ချက် နှင့် အကျင့်စာရိတ္တ အကြောင်းအရာ လူသားအားလုံးသည် အရှင်မြတ်ထံ ပြန်လှည့်တော်မူရမည်။ အခြားသက်ဆိုင်သည့် အကြောင်းအရာ လူသားများအား ပူဆွေးဝမ်းနည်းမှု၌ စိတ်ရှည်သည်းခံကြဖို့ ရန် ဖိတ်ခေါ်ခြင်း။ သက်ဆိုင်သည့် အာယသ် စူရဟ် ဗက္ကရဟ် အာယသ်အမှတ် ၁၅၅ နှင့် ၁၅၇ အလ္လာမဟ် ဟီလ္လီ နှင့် အိဗ်နေရှဟ်ရ် တို့သည် မိမိတို့၏ စာအုပ်များ၌ ကိုးကားဖော်ပြထားသည့် ရေဝါယသ်များအရ၊ အေမာမ်အလီ (အစ) သည် မိမိ၏ ဦးလေး ဟမ်ဇဟ် သို့မဟုတ် မိမိ၏ အကိုဖြစ်သူ ဂျအ်ဖဲရ်၏ ရှဟာဒသ် သတင်းကို ကြားပြီး “အင်န်နာ လိလ္လာဟိ ဝအင်န်နာ အိလိုင်းဟိ ရာဂျိအူးန်” ဟူသော ဇီကီရ်အား ဖတ်ရွတ်ပြီး နောက် အာယသ် သေ အိစ်သီရ်ဂျာအ် ကျရောက်ခဲ့သည်။ အေမာမ်ဆွာဒီက် (အစ ထံမှ ကောက်နုတ်ဖော်ပြထားသည့် ရေဝါယသ်အရ၊ မည်သူမဆို ဒုက္ခရောက်သည့်အချိန် အာယသ် သေ အိစ်သီရ်ဂျာအ် ကို ဖတ်ရွတ်ပါက ၊ ဂျန္နသ် သုခဘုံသို့ သွားရောက်သူ ကဲ့သို့ဖြစ်ပေသည်။ ဖက်ဇ်ွလ် ဗင်န် ဟစန် သွီဗ်ရိစီ သည် အာယသ် သေ အိစ်သီရ်ဂျာအ် အား သဖ်စီးရ် အလင်းဖွင့်ဆိုရာ၌ ရေဝါယသ်တစ်ခုကို ဖော်ညွန်းထားပြီး ထိုရေဝါယသ်အရ၊ အရှင်မြတ်သည် ဝမ်းနည်းပူဆွေး သည့်အချိန် နှင့် ဘေးဥပဒ် နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်တွင်၊ ၎င်းသည် အရှင်မြတ်ထံမှ လာပြီး အရှင်မြတ်ထံသို့ ပြန်လှည့်ရမည် ဖြစ်ကြောင်းကို အောင့်မေသတိရပါက ၊ အရှင်မြတ်သည် ထိုသူအား အစားပြန်ပေးပြီး ၎င်းတို့၏ အာခေရသ်ကိုလည်း ကောင်းမွန်‌စေတော်မူပေမည်။

စာသား နှင့် ဘာသာပြန်

“ လူသားများသည့် အရှင်မြတ်ထံမှ လာပြီး ထိုအရှင်မြတ်သို့ ပြန်လှည့်ရမည် “ နှင့်ပတ်သက်ပြီး ဖော်ပြထားသည့် စူရဟ် ဗက္ကရဟ် အာယသ်အမှတ် ၁၅၆ အား “ အာယသ် သေ အိစ်သီရ်ဂျာအ် “ ဟူ၍ ကျော်ကြားလေသည်။ (1) الَّذِینَ إِذَا أَصَابَتْهُم مُّصِیبَةٌ قَالُوا إِنَّا لِلهِ وَ إِنَّا إِلَیهِ رَ‌اجِعُونَ ﴿۱۵۶﴾ ထိုသူတို့သည် ဘေးဒုက္ခ တစ်စုံတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့စဉ် “မုချဧကန် ၊ ကျွန်ုပ်တို့သည် အရှင်မြတ်ထံမှ ဖြစ်ပြီး အရှင်မြတ်ထံ ပြန်လှည့်ရမည် ဖြစ်ပေသည်။ (2)

အာယသ်တော်၏ အနက်အဓိပ္ပါယ် နှင့် အလင်းဖွင့်ဆိုချက်

ဟီဂျရီ ၁၁ရာစု၏ အလင်းဖွင့်ဆိုပညာရှင် ဖြစ်သူ ဖီးဇ်ကာရှာနီ သည်၊ ဆွာဖီ သဖ်စီးရ်၌၊ အာယသ် သေ အိစ်သီရ်ဂျာအ် ၌ လာရှိထားသည့် ဘေးဒုက္ခ တစ်စုံတစ်ခု ၏ အနက်အဓိပ္ပါယ်ကို ရေဝါယသ်တစ်ခုအား အမှီးပြုခြင်းဖြင့် ၊ မိုအ်မင် သက်ဝင်ယုံကြည်သူတိုင်းအား နာကျင်စေသည့် မည်သည့် ကိစ္စမဆို ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ (3) ဟီဂျရီ ငါးရာစု၏ အလင်းဖွင့်ဆိုသည့် ပညာရှင် ဖြစ်သူ ရှီးခ်သူစီ သည် ၊ မဂ်ျမအုလ်ဘယားန် သဖ်စီးရ်၌၊ အာယသ် သေ အိစ်သီရ်ဂျာအ် အား အရှင်မြတ်၏ ‌ေကျးကျွန်ဖြစ်မှုကို အသိအမှတ်ပြုခြင်း နှင့် တရားစီရင်ခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းနေ့ ကို လက်ခံခြင်း ဖြစ်ပြီး အခက်အခဲများ ၊ လဘးဒုက္ခနှင့် ရင်ဆိုက်ကြုံတြွေစဉ် ဤအာယသ်အား ရွတ်ဆိုခြင်းအားဖြင့် အရှင်မြတ်၏ အလိုတော်ကို လက်ခံခြင်း နှင့် ၎င်း၏ စီမန့်ခန့်ခွဲမှုအပေါ် ကျေနပ်ခြင်း ဖြစ်သည်ဟူ၍ ဖွင့်ဆိုထားပေသည်။ (4) ဖက်ဇ်ွလ် ဗင်န် ဟစန် သွီဗ်ရိစီ သည် အာယသ် သေ အိစ်သီရ်ဂျာအ် အား သဖ်စီးရ် အလင်းဖွင့်ဆိုရာ၌ ရေဝါယသ်တစ်ခုကို ဖော်ညွန်းထားပြီး ထိုရေဝါယသ်အရ၊ အရှင်မြတ်သည် ဝမ်းနည်းပူဆွေး သည့်အချိန် နှင့် ဘေးဥပဒ် နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်တွင်၊ ၎င်းသည် အရှင်မြတ်ထံမှ လာပြီး အရှင်မြတ်ထံသို့ ပြန်လှည့်ရမည် ဖြစ်ကြောင်းကို အောင့်မေသတိရပါက ၊ အရှင်မြတ်သည် ထိုသူအား အစားပြန်ပေးပြီး ၎င်းတို့၏ အာခေရသ်ကိုလည်း ကောင်းမွန်‌စေတော်မူပေမည်။ (5) ထို့အပြင် ၎င်းသည် အေမာမ်ဆွာဒီက် (အစ) ထံမှ ရေဝါာသ်တစ်ခု ကောက်နုတ်ကိုးကား ထားပြီး ထိုရေဝါယသ်အရ ၊ ဘေးဒက္ခ နှင့်ရင်ဆိုင်ကြုံတွေ့စဉ်၌ အိစ်သီရ်ဂျာအ် ပြုလုပ်သူများသည် ၊ ဂျန္နသိ သုခဘုံသို့ သွားရမည့် အုပ်စုလေးစု အနက်မှ တစ်စုဖြစ်ပေသည်။ (6) အေမာမ်အလီ (အစ) ရေဝါယသ်တစ်ခု၌ အာယသ် သေ အိစ်သီရ်ဂျာအ် ကို ထိုသို့ ဖွင့်ဆိုရှင်းလင်းထားသည်မှာ “အင်န်နာလိလ္လာဟ်” (ကျွန်ုတို့သည် အရှင်မြတ်ထံမှ ဖြစ်သည်”) ၏ဆိုလိုရင်းမှာ ၊ ကျွန်ုပ်တို့သည် အရှင်မြတ့် ပိုင်ဆိုင်သည့် အရာများ ဖြစ်ပြီး အရှင်မြတ်သည် ကျွန်ုပ်တို့၏ ပိုင်ရှင်ဖြစ်ကြောင်းကို ဖွင့်ဟပြောဆို ဝန်ခံခြင်း ဖြစ်သည်။ ထို့နောက် “ အင်န်နာ အိလိုင်းဟိ ရာဂျိအူးန်” ( ကျွန်ုပ်တို့သည် ထိုအရှင်မြတ်ထံသို့ ပြန်လှည့်ကြရမည် ဖြစ်သည်) ဆိုလိုသည်မှာ ၊ ကျွန်ုပ်တို့အားလုံးသည် သေကျေပျက်စီးကြရမည် ပေလိမ်မည် ဖြစ်ကြောင်းကို လက်ခံခြင်း ဖြစ်သည်။ (7) ဤအာယသ်အား အာယသ် သေ အိစ်သီရ်ဂျာအ် ဟူ၍ ခေါ်ဆိုရခြင်းမှာလည်း ထိုအာယသ်၏ ဒုတိယ အစိတ်အပိုင်း ဖြစ်သည့် “ အင်န်နာ အိလိုင်းဟိ ရာဂျိအူးန်” ကျွန်ုပ်တို့သည် ထိုအရှင်မြတ်ထံသို့ ပြန်လှည့်ကြရမည် ဖြစ်သည်) ဟူသော အပိုဒ်ကြောင့် ဖြစ်ပေသည်။ အလ္လာမဟ် သွဗာသွဗာယီး သည် အလ်မီဇားန် သဖ်စီးရ်၌ အာယသ် သေ အိစ်သီရ်ဂျာအ် ၏ အနက်အဓိပ္ပါယ် နှင့်ပတ်သက်ပြီး ဆိုထားသည်မှာ ၊ အကယ်၍ လူသားသည် စစ်မှန်သော စိုးပိုင်အုပ်ချုပ်သူမှာ အရှင်မြတ်သာလျှင် ဖြစ်ပြီး လူသားများ၏ ပိုင်ဆိုင်မှုသည် အပေါ်ယံ အပြင်ပိုင်း သာလျင်ဖြစ်ကြောင်းကို သိရှိမည် ဆိုပါက ထိုအခါ ၎င်းထံ အရာတစ်ခု လက်ဝယ်ရရှိလာသည့်အချိန် ပျော်ရွှင်မှု နှင့် မာန်မာနကို ဖြစ်စေမည် မဟုတ်သလို အရာတစ်ခုကို လက်လွှတ် ဆုံးရှုံးလိုက်ရခြင်းမှလည်း နောင်တ နှင့် ထိခိုက်မှု ဖြစ်စေမည် မဟုတ်ပေ။ (8) သွဗာသွဗာယီးသည် ၎င်း၏ ဆရာဖြစ်သူ စိုင်ယိဒ်အလီကာဇွီ ထံမှ ကောက်နုတ် ကိုးကားထားသည်မှာ ၊ ၎င်းသည် စိတ်ဝိညာဉ်၏ ရည်ရွယ်ချက်များ နှင့် နီယသ်များကို ဖယ်ရှားပစ်ရန် လောင်ကျွမ်းခြင်းနည်းလမ်းကို အကြံပြုခဲ့သည်။ ဤနည်းလမ်းကို ကုရ်အာန်ကျမ်းတော်မြတ်မှ အာယသ် သေ အိစ်သီရ်ဂျာအ် ကဲ့သို့သော အာယသ်တော်မှ ရယူခဲ့သည်။ ဤနည်းလမ်းတွင်၊ ရှာဖွေသူ အနေဖြင့် ရှိရှိသမျှသော အရာအားလုံးသည် အရှင်မြတ်၏ ပကတိအကြွင်းမဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး မိမိသည် ပင်ကိုယ်ဗီဇ ဆင်းရဲမှုရှိကြောင်းကို သိထားပြီး ဤသို့တွေးခေါ်မှုသည် ၎င်း၏ စိတ်ဝိညာဉ်၏ ရည်ရွယ်ချက်များ နှင့် နီယသ်များကို လောင်ကျွမ်းစေသောကြောင့် ယင်းအား အိဟ်ရာက္က် (လောင်ကျွမ်းခြင်း)) ဟုခေါ်သည်။ (9)

တရားတော်အရ မွတ်စ်သဟဘ် ဖြစ်ခြင်း

ရှဟီးဒ် အောင်ဝလ်၏ အဆိုအရ၊ ဟီဂျရီ ရှစ်ရာစု ရှီအဟ် ဓမ္မပညာရှင်များသည် ဒုက္ခနှင့် ကြုံတွေ့စဉ် ၊ ပူးဆွေးဝမ်းနည်းစဉ် အခါတွင် အိစ်သီရ်ဂျာအ် ဇီကီရ် (အင်န်နာ လိလ္လာဟ် ဝအင်န်န်ာ အိလိုင်းဟိ ရာဂျိအူးန်) အား ဖတ်ရွတ်ခြင်းကို မွတ်စ်သဟဘ် ဖြစ်သည်ဟူ၍ သတ်မှတ်ထားကြသည်။ (10) များစွာသော ရေဝါယသ်များတွင်လည်း တမန်တော်မြတ် (ဆွ )နှင့် မအ်စူမ် (အစ) များသည် ပူးဆွေး ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အိစ်သီရ်ဂျာအ် ဇီကီရ် (အင်န်နာ လိလ္လာဟ် ဝအင်န်န်ာ အိလိုင်းဟိ ရာဂျိအူးန်) အား ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ (11) ဆွာဟီဘ် ဂျဝါဟီရ် ၏ အဆိုအရ၊ ဟီဂျရီ ၁၃ရာစု ရှီအဟ် ဓမ္မပညာရှင်များသည်၊ ဆုံးပါးသွားသူများကို ‌မြုပ်နှံသည့်အခါ၌လည်း အိစ်သီရ်ဂျာအ် ဇီကီရ် (အင်န်နာ လိလ္လာဟ် ဝအင်န်န်ာ အိလိုင်းဟိ ရာဂျိအူးန်) အား ဖတ်ရွတ်ခြင်းကို မွတ်စ်သဟဘ် ဖြစ်သည်ဟူ၍ သတ်မှတ်ထားကြသည်။ (12)

ကျရောက်သည့် အကြောင်းအရင်း

အလ္လာမဟ်ဟီလ္လီ သည် နဂ်ဂျွလ်ဟက္က် နှင့် ကရှ်ဖုလ်စူဒူက္က် စာအုပ်၌ အာယသ် သေ အိစ်သီရ်ဂျအ် ကျရောက်ငည့် အကြောင်းအရင်း နှင့်ပတ်သက်ပြီး ဖော်ပြထားသည့် ဟဒီးစ်တစ်ခုအရ၊ အေမာမ်အလီ(အစ) သည် ၎င်း၏ ဦးလေးဖြစ်သူ ဟမ်ဇဟ်၏ ရှဟာဒသ် သတင်းကို ကြားပြီးနောက် “အင်န်န်ာ လိလ္လာဟ် ဝအင်န်န်ာ အိလိုင်းဟိ ရာဂျိအူးန်” အား ဖတ်ရွတ်ခဲ့သည်။ ထို့နောက် ဤအာယသ် ကျရောက်ခဲ့လေသည်။ (13) ဟီဂျရီ ခြောက်ရာစု ရှီအာတို့၏ သဖ်စီးရ်ပညာရှင် နှင့် ဟဒီးစ်ကိုးကားသူ အိဗ်နေရှဟ်ရ်အာရှုဗ် သည် မနာကီဗုအာလေအဘီသွာလီဘ် စာအုပ်၌ ကောက်နုတ်ဖော်ပြထားချက်အရ၊ တမန်တော်မြတ်ကြီ (ဆွ) သည် မူသဟ် စစ်ပွဲတွင် ဂျအ်ဖဲရ် ဗင်န် အဘီသွာလီဘ် ၏ ရှဟာဒသ် သတင်းကို အေမာမ်အလီ (အစ) ထံ ပို့ဆောင်ပြီးနောက် အေမာမ်အလီ (အစ) သည် “အင်န်န်ာ လိလ္လာဟ် ဝအင်န်န်ာ အိလိုင်းဟိ ရာဂျိအူးန်” အား ဖတ်ရွတ်ခဲ့သည်။ ထို့နောက် ဤအာယသ် ကျရောက်ခဲ့လေသည်။ (14)