အာယသ် သေ အင်န်ဖာလ်

wikishia မှ


အာယသ် သေ အင်န်ဖာလ် ဆိုသည်မှာ (စူရဟ် အင်န်ဖာလ် အာယသ်အမှတ်၁) ဖြစ်ပြီး စစ်ပွဲမှရရှိလာသည့် ပစ္စည်းများ အပါအဝင် ပိုင်ရှင်မရှိသည့် ပစ္စညါးဥစ္စာများ အပေါ် အရှင်မြတ် နှင့် ၎င်း၏ တမန်တော်တို့ ပိုင်ဆိုင်ကြောင်း ရည်ညွှန်းထားသည်။ ရှီအာ သဖ်စီးရ် ပညာရှင်များ ဖြသ်ကြသည့် အလ္လာမဟ် သွဗာသွဗာယီး နှင့် မကာရင်မေ ရှီရာဇီတို့သည်၊ စစ်ပွဲမှရရှိလာသည့် ပစ္စည်းများကို အင်န်ဖာလ်၏ ဆိုလိုရင်းများ အနက်မှ ဆိုလိုရင်းတစ်ခုအဖြစ် ယူဆထားကြသည်။ သို့သော် မုလ္လာဟ်ဖသ်ဟုလ္လာဟ် ကာရှာနီ သည်၊ ၎င်းကို အင်န်ဖာလ်၏ တစ်ခုတည်းသော ဆိုလိုရင်းအဖြစ် အသိအမှတ်ပြုထားသည်။ အာယသ် သေ အင်န်ဖာလ် အာယသ်၏ အချက်အလက်များ အာယသ်၏ အမည် အင်န်ဖာလ် လာရှိထားသည့် စူရဟ် အင်န်ဖာလ် အာယသ်အမှတ် ၁ ဂျွဇ်အ် (အစောင်) ၉ အကြောင်းအရာ အချက်အလက် ကျရောက်သည့် အကြောင်းအရင်း ဘဒဲရ်စစ်ပွဲ နှင့်ပတ်သက်ပြီး မွတ်စ်လင်မ်များ၏ အငြင်းပွားမှု ကျရောက်သည့်နေရာ မဒီနာ ခေါင်းစဉ် ဖိက္ကဟ် (ဓမ္မသတ်) နှင့် ကိုယ်ကျင့်တရား အကြောင်းအရာ စစ်ပွဲမှ ရရှိလာသည့် ပစ္စည်းများကို ခွဲဝေပုံ နှင့် ဇာသုလ်ဘိုင်းန် အား ခွဲဝေခြင်း အင်န်ဖာလ် အာယသ် ကျရောက်သည့် အကြောင်းအရင်း နှင့်ပတ်သက်၍ ရှီအာ သဖ်စီးရ် ပညာရှင်များ၏ ကျော်ကြားသော ထင်မြင်ချက်မှာ ဘဒဲရ် တိုက်ပွဲတွင် အောင်ပွဲခံပြီးနောက် မိုဟာဂျီရ် (ရွှေ့ပြောင်းအခြေချသူ) များနှင့် အန်ဆွာရ် အုပ်စုတစ်စုသည် စစ်ပွဲမှ ရရှိလာသည့် ပစွစညါးများကို ရယူရန် အငြင်းပွားခဲ့ကြပြီး ထိုအငြင်းပွားမှု ကိုဖြေရှင်းဖို့ရန်အတွက် တမန်တော်မြတ်(ဆွ)ထံ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ မိုဂျာဟီရ် ဗင်န် ဂျဘ်ရ် အပါအဝင် မွတ်စ်လင်မ် သဖ်စီးရ် ပညာရှင်အချို့သည် ခွမ်စ် အာယသ် ကျ‌ေရာက်ခြင်းအားဖြင့် အင်န်ဖာလ် အာယသ်ကို ဖျက်သိမ်းခြင်းခံရသည် ဟူ၍ ယုံကြည်ခဲ့ကြသော်လည်း ရှီအာ နှင့် စွန္နီ သဖ်စီးရ် ပညာရှငါအများအပြားက ဖျက်သိမ်းခြင်းဆိုင်ရာ ကြွေးကြော်ချက်ကို ဆန့်ကျင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ဖျက်သိမ်းခြင်းသည် အကြောင်းပြချက် မရှိဘဲ အာယသ်တော် နှစ်ခုသည်လည်း ဆန့်ကျင်ဘက် မဟုတ်ပေ ဟူ၍ ယုံကြည်ကြသည်။

စာသား နှင့် ဘာသာပြန်

စူရဟ် အင်န်ဖာလ်၏ ပထမဆုံး အာယသ်ကို “အာယသ် သေ အင်န်ဖာလ်” ဟူ၍ ခေါ်ဝေါ်ကြသည်။ (1) يَسأَلونَكَ عَنِ الأَنفالِ ۖ قُلِ الأَنفالُ لِلّهِ وَالرَّسولِ ۖ فَاتَّقُوا اللّهَ وَأَصلِحوا ذاتَ بَينِكُم ۖ وَأَطيعُوا اللّهَ وَرَسولَهُ إِن كُنتُم مُؤمِنينَ (ယုံကြည်) သူတို့က အသင် (တမန်တော်) အား စစ်ပွဲရ (အပို) ပစ္စည်းများနှင့်စပ်လျဉ်း၍ မေးမြန်းနေကြ၏။ ထိုစစ်ပွဲရပစ္စည်းများသည် (အရှင့်အမိန့်တော်၊ တမန်တော်မြတ်၏လမ်းစဉ်နှင့်အညီ ခွဲဝေပေးရသော) အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖြေကြားဟောကြားလော့။ သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် ကြပြီး သင်တို့အချင်းချင်းကြားတွင် သဘောထား မကွဲလွဲစေဘဲ ပြုပြင်ပြောင်းလဲမှုပြုလုပ်ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အလ္လဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို နာခံလိုက်နာကြလော့။ (စူရဟ် အင်န်ဖာလ် အာယသ် ၁)

ကျရောက်သည့် အကြောင်းအရင်း

ရှီအာတို့၏ သဖ်စီးရ် အလင်းဖို့ချက်တွင် အာယသ် သေ အင်န်ဖာလ်သည် မည်သည့် အခြေအနေ ပညတ်ချက်မျိုး၌ ကျရောက်ခဲ့ပြီး မည်သည့် အကြောင်းအရင်းကြောင့် ကျရောက်ခဲ့ခြင်း နှင့်ပတ်သက်ပြီး ၊ ရှုထောင့်နှစ်မျိုး ရှိပေသည်။ များစွာသော အလင်းဖွင့်ဆိုချက်များသည် ဤအာယသ် ကျရောက်ရသည့် အကြောင်းအရင်းကို ဝေစုခွဲဝေဖိုဘရန် မွတ်စ်လင်မ်များ အကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခြင်းနှင့် သက်ဆိုင်သည် ဟူ၍ လက်ခံထားကြသည်။ အချို့ သဖ်စီးရ် များသည်လည်း မိုဟာဂျီရ် ရွှေ့ပြောင်းအခြေချသူများ အနက်မှ အုပ်စုတစ်စုသည် ၎င်းတို့၏ ပိုင်ဆိုင်မှုမှ ခွမ်စ် မပေးဆောင်ခြင်း နှင့်ပတ်သက်၍ ဖော်ညွှန်းခဲ့ကြသည်။ ဖက်ဇ်ွ(လ်) ဗင်န် ဟစန် ရေးသားထားသည့် မဂ်ျမအုလ်ဘယားန် သဖ်စီးရ် ၊ ရှီးခ်သူစီး ရေးသားထားသည့် အလ်သီဗ်ယားန် စာအုပ်၊ မုလ္လာဟ် ဖသ်ဟုလ္လာဟ် ကာရှာနီ ရေးသားထားသည့် မင်န်ဟဂျွလ် ဆွာဒီကီးန် သဖ်စီးရ် နှင့် မကာရင်မေရှီရာဇီ ရေးသားထားသည့် သဖ်စီးရ် နမှုနဟ် တို့၌ လာရှိထားချက်အရ၊ အာယသ် သေ အင်န်ဖာလ်သည် ဘဒဲရ် စစ်ပွဲမှ ရရှိလာသည့် အပိုပစ္စည်းများ နှင့်သက်ဆိုင်ပြီး မွတ်စ်လင်မ် များအနက်မှ အုပ်စုတစ်စုဖြစ်သည့် မိုဟာဂျီရ် နှင့် အန်ဆွာရ် တို့သည် စစ်ပွဲမှ ရရှိလာသည့် အပိုပစ္စည်းများကို ခွဲဝေရာ၌ ၎င်းတို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုကိစ္စကို ဖြေရှင်းရန် တမန်တော်မြတ် (ဆွ) ထံသွားရောက်ခဲ့ကြပြီးနောက် ဤအာယသ် ကျရောက်ခဲ့သည်။ (2) သွီဘ်ရီစီ ရေးသားထားသည့် မဂ်ျမအုလ်ဘယားန် စာအုပ် နှင့် ရှီးခ်သူစီ ရေးသားထားသည့် အလ်သီဘ်ယားန် စာအုပ်တို့၌ ဖော်ပြထားချက်အရ ၊ မိုဟာဂျီရ် များအနက်မှ အုပ်စုတစ်စုသည် မိမိတို့၏ ပိုင်ဆိုင်မှုမှ ခွမ်စ် မပေးဆောင်ရန် ရည်ရွယ်ပြီးနောက် အာယသ် သေ အင်န်ဖာလ် ကျရောက်ခဲ့သည်။ (3)

အင်န်ဖာလ်၏ အနက်အဓိပ္ပါယ်

ရှီအာ သဖ်စီးရ် ပညာရှင်များ ဖြစ်ကြသည့် အလ္လာမဟ် သွ‌ဗာသွဗာယီး နှင့် မကာရင်မေ ရှီရာဇီ တို့သည်၊ အင်န်ဖာလ် ဟူသည် ပိုင်ရှင့်မဲ့သော ပစ္စည်းဥစ္စာများ အားလုံးကို အကျုံးဝင်သည် ဟူ၍ လက်ခံထားကြသည် ။ ထိုပစ္စည်းဥစ္စာများ၏ ပိုင်ရှင်မှာ ၊ အရှင်မြတ် ၊ တမန်တော်မြတ် နှင့် ၎င်း၏ ကိုယ်စားလှယ်များ ဖြစ်ကြပေသည်။ (4) ထို့ကြောင့် စစ်ပွဲမှ ရရှိလာသည့် အပို ပစ္စည်းများသည် အင်န်ဖာလ်၏ ဆိုလိုရင်း ဖြစ်သည်။ (5) ဆွဖှဝီယာ ခေတ်ကာလ၌ နေထိုင်ခဲ့သည့် ဟီဂျရီ ဆယ်ရာစု ရှီအာ သဖ်စီးရ် ပညာရှင် ဖြစ်သူ မုလ္လာဟ်ဖသ်ဟုလ္လာဟ် ကာရှာနီသည်၊ မင်န်ဟဂျွလ်ဆွာဒီကီးန် သဖ်စီးရ်စာအုပ်တွင် အင်န်ဖာလ်၏ ဆိုလိုရင်းကို စစ်ပွဲမှ ရရှိလာသည့် အပို ပစ္စည်းများ ဖြစ်ပြီး ထိုပစ္စည်းများသည် အရှင်မြတ်ဘက်မှာ ၎င်း၏ လမ်းတွင် ကြိုးစားအားထုပ်သူများကို ပေးထားသည့် လက်ဆောင်ဖြစ်သည် ဟူ၍ လက်ခံထားသည်။ (6) အင်န်ဖာလ် ဆိုသည်မှာ အဘိဓာန်၌၊ နဖ်လ် ၏ အများကိန်းဖြစ်ပြီး ၊ တစ်စုံတစ်ခုထက် ပို၍ရှိ‌ေသာ အရာ ဟူ၍ အနက်အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် ၎င်း၏ မူရင်းထက် ပို၍ရှိသောအရာကို အင်န်ဖာလ် ဟုခေါ်ဆိုသည်။ ဥပမာ ဝါဂျီဘ် နမာဇ်များ မတိုင်မီ သိုဘမဟုတ် ပြီးးနောက် ဖတ်ရွတ်သော နမာဇ်များကို နာဖေလဟ် နမာဇ် ဟုခေါ်ဆိုပြီး ထိုသို့ ခေါ်ဆိုခြင်းမှာလည်း နာဖေလဟ် နမာဇ်များသည် ဝါဂျီဘ်နမာဇ်များ အပေါ် အပိုထပ်စောင်း၍ ဖတ်ရသော နမာဇ်များ ဖြစ်သောကြောင့် ဖြစ်သည်။ (7)

ခွမ်စ် အာယသ်ဖြင့် အင်န်ဖာလ် အာယသ် ဖျက်သိမ်းခံရခြင်း သို့မဟုတ် ဖျက်သိမ်းမခံရခြင်း

ရှီးခ်သူစီ ရေးသားထားသည့် သီဘ်ယားန် သဖ်စီးရ်၌ ဖော်ပြထားချက်အရ၊ အချို့သော စွန္နီ သဖ်စီးရ် ပညာရှင်များ ဥပမာ အိဗ်နေအ‌ဗ္ဗာစ်၏ ကျောင်းသားများ အနက်မှ တစ်ဦးဖြစ်သူ မိုဂျာဟီဒ် ဗင်န် ဂျဘ်ရ် (ဟီဂျရီ ၁၀၄ _ ၁၂၁) သည် ကုရ်အာန်၏ အလင်းဖွင့်ဆိုချက်၌၊ ထို့အပြင် မိုအ်သဇီလဟ်တို့၏ သီအိုလောဂျီ ပညာရှင် ဖြစ်သူ အဘူအလီ ဂျဘာဘီ (ဟီဂျရီ ၂၃၅_၃၀၃) တို့ ယုံကြည်ဖားသည်မှာ စူရဟ်အင်န်ဖာလ်၏ ပထမအာယသ်သည် ခွမ်စ် အာယသ်ဖြင့် ဖျက်သိမ်းခြင်း ခံလိုက်ရပေသည်။ (8) သို့သော် ရှီအာ နှင့် စွန္နီ တို့၏ အချို့ သဖ်စီးရ် ပညာရှင်များသည် ထိုသို့ ပယ်ဖျက်လိုက်ခြင်း ဥပဒေသကို လက်မခံထားကြပေ။ (9) ရှီးခ်သူစီသည် အာယသ် သေ အင်န်ဖာလ် ပယ်ဖျက်ခံလိုက်ရသည်ကို လက်မခံပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပယ်ဖျက်လိုက်ခြင်းကို လက်ခံဖို့ရန် သက်သေအထောက်အထား ‌လိုပေသည်။ ထို့အပြင် ၊ အင်န်ဖာလ် အာယသ် ဖျက်သိမ်းခံရသည်ဟု ထင်မြင်ရ‌လောက်သည့်အထိ ထိုအာယသ် နှင့် ခွမ်စ် အာယသ် တို့အကြား ကွဲလွဲမှုမရှိပေ။ (10) အခြား ငဖ်စီးရ် ပညာရှင်များ ဖြစ်ကြသည့် ဖက်ဇ်ွလ် ဗင်န် ဟစန် သွီဘ်ရီစီ ၊ နာဆွီရ် မကာရင်မေ ရှီရာဇီ နှင့် စိုင်ယိဒ် မုဟမ္နဒ် ဟိုစိုင်းန် သွဗာသွဗာယီ တို့သည်လည်း အာယသ် နှစ်ခု အကြား ကွဲလွဲမှုရှိခြင်းကို လက်ခံကြပေ။ (11) အလ္လာမဟ် သွဗာသွဗာယီ ယုံကြည်ထားသည်မှာ ၊ အာယသ် သေ ခွမ်စ် ဟူ၍ ကျော်ကြားသော စူရဟ် အင်န်ဖာလ် အာယသ်အမှတ် ၄၁ သည် ၊ စူရဟ် အင်န်ဖာလ်၏ ပထမ အာယသ်တော်၏အား ဖွင့်ဆိုရှင်းလင်း ၊ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ ပထမ အာယသ်၌ ၊ အင်န်ဖာလ်အား ပိုင်ဆိုင်မှု နှင့်ပတ်သက်သော ရှင်းလင်းမှုများကို ဖြေရှင်းနိုင်သောကြောင့် ဖြစ်သည်။ ယင်းမှာ ၊ မည်သူတစ်ဦးတစ်ယောက်မှ အင်န်ဖာလ်၏ ပိုင်ရှင် မဟုတ်ပေ။ စစ်ပွဲမှ ရရှိလာသော ပစ္စည်းအပိုများသည် အင်န်ဖာလ် အမျိူအစား အနက်မှ ဖြစ်ပြီး ၊ ထိုပစ္စည်းအပိုများသည် အရှင်မြတ် ၊ နှင့် တမန်တော်မြတ် နှင့်သာ သက်ဆိုက်မှု ရှိပေသည်။ သို့သော် စူရဟ်အင်န်ဖာလ် အာယသ်အမှတ် ၄၁ တွင်၊ ထိုစစ်ပွဲမှ ရရှိလာသည့် ပစ္စည်းအပိုများ၏ ငါးပုံ အနက်မှ လေးပုံကို မွတ်စ်လင်မ်များ သုံးစွဲပိုင်ခွင့် ရှိပြီး ကျန်ရှိသော တစ်ပုံ (ငါးပုံတစ်ပုံ) သည် အရှင်မြတ် နှင့် တမန်တော်မြတ် နှင့်သာလျှင် သက်ဆိုင်ပေသည်။ (12) သွဗာသွဗာယီး၏ အဆိုအရ၊ ထိုသို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့်၊ ဤအာယသ်‌နှစ်ခု၏ အကြောင်းအရာ နှင့်ပတ်သက်၍ ဆန့်ကျင်ကွဲလွဲမှု မရှိပေ။ ထို့ကြောင့် အာယသ်တစ်ခုကို ဖျက်သိမ်းရန် မလိုအပ်တော့ပေ။ (13) အချို့များသည် ၊ ဤပိုင်ဆိုင်မှုအားလုံးသည် အစ္စလာမ့်အုပ်စိုးရှင်လက်ထဲတွင် ရှိနေပြီး ဤပစ္စည်းများ၏ လေးပုံတစ်ပုံသည် စစ်သည်များထံ ပေးကမ်းကြသည် ဟုလည်း ယုံကြည်ထားကြသည်။ (14)