အာယသ် သေ အင်န်ဖာက္က်

wikishia မှ


အာယသ် သေ အင်န်ဖာက္က် ဟူသည် ( စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၇၄) ဖြစ်ပြီး အင်န်ဖာက္က် (ပေးကမ်းစွန့်ကြဲခြင်း) အကြောင်း နှင့် အခြေအနေ ပညတ်ချက် အမျိုးမျိုးတွင် ၎င်းအား မည်သို့ ကျင့်ဆောင်ရမည် နှင့်ပတ်သက်ပြီး ကျရောက်ခဲ့ခြင်း ဖြစ်သည်။ အင်န်ဖာက္က် ဆိုသည်မှာ အခြားသူများ၏ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း နှင့် ပစ္စည်းဥစ္စာများ ပေးကမ်းခြင်း ဖြစ်သည်။ ရှီအာ သဖ်စီးရ် ပညာရှင်များ နှင့် စွန္နီ သဖ်စီးရ် ပညာရှင် အချို့သည် ၊ ဤအ ယသ် ကျရောက်သည့် အကြောင်းအရင်းကို ညယံအချိန်တွင်ဖြစ်စေ၊ နေ့အချိန်၌ လူမြင်ကွင်းတွင်ဖြစ်စေ၊ သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ ဒီရ်ဟမ် လေးခုအား ပေးကမ်းစွန့်ကြဲသည့် အေမာမ်အလီ (အစ) ၏ ပေးကမ်းစွန့်ကြဲခြင်း နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည် ဟူ၍ လက်ခံထားကြသည်။ အချို့များသည်လည်း ဤအာယသ်တော် ၎င်းနှင့်အညီ ပြုမူကျင့်‌ေဆာင်သူ အားလုံး အကျုံးဝင်သည် ဟူ၍ ယုံကြည်ကြသည်။ အာယသ် သေ အင်န်ဖာက္က် အာယသ်တော်၏ အချက်အလက် အာယသ်၏ အမည် အာယသ် သေ အင်န်ဖာက္က် လာရှိထားသည့် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၇၄ ဂျွဇ်အ် (အစောင်) ၃ အကြောင်းအရာ အချက်အလက် ကျရောက်သည့် အကြောင်းအရင်း အေမာမ်အလီ (အစ) ၏ ပေးကမ်းစွန့်ကြဲမှု ကျရောက်သည့် နေရာ မဒီနာ ခေါင်းစဉ် အကျင့်စာရိတ္တ အကြောင်းအရာ အင်န်ဖာက္က် (ပေးကမ်းစွန့်ကြဲခြင်း) ဤအာယသ်တွင် ၊ အကယ်တွင် ပွင့်လင်းမြင်သာစွာ ပေးကမ်းစွန့်ကြဲရန် မဖြစ်နိုင်ပါက ၊ လျှို့ဝှက်စွာ ပြုလုပ်သင့်ပြီး လက်ခံသူ၏ ဂုဏ်သိက္ခာ မပျက်စီး မထိခိုက် မနစ်နာစေရန် လျှို့ဝှက်စွာ လုပ်ဆောင်သင့်သည် ဟူ၍ အလေးပေးထားသည်။ အပြစ်များကို ခွင့်လွှတ်ပေးခြင်း၊ ပြစ်ဒဏ်များမှ ကင်းဝေးခြင်း၊ စိတ်နှလုံး တည်ငြိမ် အေးချမ်းမှု ရရှိခြင်း၊ နှင့် ဝမ်းနည်းမှုမှ ကင်းဝေးခြင်း စသည်တို့သည် ပေးကမ်းစွန့်ကြဲခြင်း၏ အကျိုးအာနိသင်များ ဖြစ်သည်ဟူ၍ ဤအာယသ်၌ ဖော်ပြထားသည်။

စာသား နှင့် ဘာသာပြန်

စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၇၄ အား ၊ အာယသ် သေ အင်န်ဖာက္က် ဟူ၍ ခေါ်ဆိုကြသည်။ (1) အချို့သည် ဤအာယသ်ကို ပေးကမ်းစွန့်ကြဲခြင်း နှင့်ပတ်သက်၍ ယခင်ဆယ့်လေး အာယသ်တော်များ၏ အကျဉ်းချုပ်အဖြစ် ယူဆကြသည်။ (2) ဤအာယသ်၌ ၊ ၎င်း၏ ဆုလာဘ်များ (3) လူသားတို့၏ ငြိမ်းချမ်းခြင်းအပေါ် ၎င်း၏ မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိသည်ကို ဆွေးနွေးထားသည်။ (4) ထို့အပြင် အခြေအနေ ပညတ်ချက် အမျိုးမျိုး နှင့် အချိန်တိုင်းတွင် ၎င်း၏ မြင့်မြတ်မှုကို ညွှန်ပြပေသည်။ (5) الَّذینَ ینْفِقُونَ أَمْوالَهُمْ بِاللَّیلِ وَ النَّهارِ سِرًّا وَ عَلانِیةً فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَ لا خَوْفٌ عَلَیهِمْ وَ لا هُمْ یحْزَنُون﴿۲۷۴﴾ လူခြေတိတ်ဆိတ်သည့်ညယံအချိန်တွင်ဖြစ်စေ၊ နေ့အချိန်၌ လူမြင်ကွင်းတွင်ဖြစ်စေ၊ သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ သူတို့ဥစ္စာဓန (စွမ်းရည်နှင့်နည်းပညာများ) ကို စွန့်လှူပေးကမ်းလှူဒါန်းကြသူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များရှိပြီး သူတို့၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်သောကြောင့်) သူတို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ပေ။ (၂၇၄) ဤအာယသ်သည် အခြေအနေတိုင်းတွင် ၎င်းတို့၏ စည်းစိမ်ဥစ္စာများကို ပေးကမ်းစွန့်ကြဲသည့် သူတိုင်းအား ဖော်ညွှန်းထားသည်။ (6) အခြေအနေ ပညတ်ချက် အမျိုးမျိုးတွင် ပေးကမ်းစွန့်ကြဲခြင်း၏ အားထုတ်မှုကို ရည်ညွှန်းပြီး (7) ၎င်းတို့အတွက် ပေးကမ်းစွန့်ကြဲခြင်း၏ လောကီ နှင့် လောကုတ္တရာ ဆိုင်ရာ အကျိုးသက်ရောက်မှုများကိုလည်း ဖော်ပြထားသည်။ (8)

ကျရောက်သည့် အကြောင်းအရင်း

ရှီအာ သဖ်စီးရ် ပညာရှင်များသည် ရေဝါယသ်များကို ထောက်ထား ကိုးကားခြင်းအားဖြင့်၊ အာယသ် သေ အင်န်ဖာက္က် သည် အေမာမ်အလီ (အစ) နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည် ဟူ၍ လက်ခံထားပြီး ၎င်းသည် ဒီရ်ဟမ် လေးခုကို ၊ ညယံ၌ တစ်ခု၊ နေ့အချိန်၌ တစ်ခု၊ တစ်ခုကို ပေါ်လွင်စွာ ၊အခြားတစ်ခုကို သိုသိတ်စွာ ပေးကမ်းစွန့်ကြဲခဲ့သည်။ (9) အဲဟ်လေစွန္နသ် တို့၏ သဖ်စီးရ် ပညာရှင်များသည်၊ အာယသ် သေ အင်န်ဖာက္က် ကျရောက်သည့် အကြောင်းအရင်း နှင့်ပတ်သက်ပြီး အမြင်ရှုထောင့် နှစ်မျိုး ရှိပေသည်။ ၎င်းတို့အနက်မှ အုပ်စုတစ်စုသည် ဤအာယသ် ကျရောက်သည့် အကြောင်းအရင်းကို အေမာမ်အလီ (အစ) နှင့်သာလျှင် သက်ဆိုင်သည် ဟူ၍ လက်ခံထားသည်။ (10) ဒုတိယအုပ်စုသည် ဤအာယသ် ကျရောက်သည့် အကြောက်းအရင်းကို အေမာမ်အလီ (အစ) ၏ ပေးကမ်းစွန့်ကြဲမှု အကြောင်းကို ညွှန်ပြခြင်းအပြင် အဗ္ဗ်ဒုရ်ရဟ်မားန် ဗင်န် အောင်ဖ် (11) နှင့် အဘူဘက္က်ရ် (12) တို့ကဲ့သို့သော အခြားဖြစ်နိုင်ချေများကိုပါ ဖော်ပြခဲ့သည်။ အဗ္ဗ်ဒုရ်ရဟ်မားန် ဗင်န် အောင်ဖ် ကို နေ့အချိန်၌ ပေးကမ်းစွန့်ကြဲသူ၊ အေမာမ်အလီ (အစ) ကို ညယံအချိန်၌ ပေးကမ်းစွန့်ကြဲသူ၊ အဖြစ် ဖော်ပြထားသည်။ (13) သို့မဟုတ် မည်သူမဆို အရှင်မြတ် လမ်းစဉ်၌ (14) လွန်ကဲစွာ အသုံးစွဲဘဲ ၊ မဖြုန်းတီးဘဲ ပေးကမ်းစွန့်ကြဲသူ ဟူ၍လည်း ဖော်ပြထားသည်။ (15) နောက်ဆုံး အရှင်မြတ်၏ လမ်းတော်၌ ဂျီဟတ်ဝါဒီမြင်းများကို အစာကျွေးသောသူများပင် ဖော်ညွှန်းထားသည်။ (16) အချို့သူများသည်လည်း ၊ အချို့သော ဖြစ်နိုင်ချေများကို ဖော်ပြပြီးနောက် ၊ အာယသ် ကျရောက်ရသည့် အကြောင်းအရင်းကို မဖော်ပြတော့ပဲ ရပ်တန့်လိုက်ပြီး ထိုအာယသ်အတွက် သီးခြား ကျရောက်သည့် အကြောင်းအရင်း မရှိပေဟူ၍ သတ်မှတ်လိုက်ကြသည်။ (17) အချို့သော် သဖ်စီးရ် ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ ဤအာယသ်သည် မည်မျှပင် သီးခြား ပုဂ္ဂိုလ် တစ်ဦးတစ်‌ေယာက်အတွက် ကျရောက်ခဲ့သော်များလည်း ၎င်း၏ ဥပဒေသသည် သီးခြား အကြောင်းအရာ တစ်ခုနှင့်သာလျှင် သက်ဆိုင်သည် မဟုတ်ပဲ ပေးကမ်းစွန့်ကြဲရာ၌ ဤသို့ ပြုကျင့်လုပ်ဆောင်သူ အားလုံး ယင်း၌ အကျုံးဝင်ပေသည်။ (18) ဤအာယသ်တွင် ၊ အေမာမ်အလီ (အစ) ၏ ပေးကမ်းစွန့်ကြဲမှုသည် အားလုံးထက် အရက် ရှေ့၌ရှိနေသည့်အတွက် ဤအကြောင်းအရာတွင် ပိုမိုသာလွန်မြင့်မြတ်မှု ရှိပေသည်။ (19)

အလင်းဖွင့်ဆိုခြင်း (သဖ်စီးရ်)

အာယသ် သေ အင်န်ဖာက္က် ၌၊ ပေးကမ်းစွန့်ကြဲသည့် နည်းလမ်းများစွာက်ု ဖော်ပြထားသည်။ အကယ်၌ ပေါ်လွင်စွာ ‌ပေးဆောင်ရန် မလိုအပ်ပါက ၊ သိုသိတ်စွာ ပေးကမ်းရပေမည်။ (20) ထိုမှသာ လက်ခံသူ၏ ဂုဏ်သိက္ခာကို မထိခိုက်စေမည် ဖြစ်သည်။ (21) သို့သော် အခြားသူများကို အားပေးခြင်း နှင့် အရှင်မြတ်၏ ထုံးတမ်းစဉ်လာများကို လေးစားလိုက်နာ နာခံဖို့ရန် ဟူသော အကြောင်းအရာများ ရှိလာပါက ၊မည်မျှပင် ညယံ၌ ပေးကမ်းစွန့်ကြဲခြင်းသည် နေ့အချိန်၌ ပေးကမ်းစွန့်ကြဲခြင်းထက် ၊ ပေါ်လွင်စွာ ပေးကမ်းစွန့်ကြဲခြင်းသည် သိုသိတ်စွာ ပေးကမ်းစွန့်ကြဲခြင်းထက် ပိုမိုသာလွန်မှု ရှိနေပါစေ လူသိရှင်ကြား ပေါ်လွင်စွာ ပေးကမ်းနိုင်ပေသည်။ (22) ဤအာယသ်၌၊ အပြစ်များကို ခွင့်လွှတ်‌ပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်းမှ ကင်းဝေးခြင်း တို့ကို ပေးကမ်းစွန့်ကြဲခြင်း၏ အကျိုးဆုလာဘ်များအဖြစ် ဖော်ပြထားသည် ။ အချို့သော် သဖ်စီးရ် ပညာရှင်များ ယုံကြည်ထားသည်မှာ ၊ထိုသို့လုပ်ဆောင်ခြင်းဖြင့် အရှင်မြတ်သည် ထိုလူသားအား စိတ်ချမ်းသာ ၍ ငြိမ်းချမ်းမှုရစေကာ (သြတ္တပ္ပစိတ်) နှင့် အပူသောကမှ ကင်းဝေးစေပေမည်။ (23) အဘယ်ကြောင့်ဆိုသော် အချို့သည် အနာဂတ်ကိုကြောက်ရွံ့ခြင်း သို့မဟုတ် စည်းစိမ်ဥစ္စာ ဆုံးရှုံးမည်ကိုကြောက်ရွံ့ခြင်းတို့ကြောင့် ပေးကမ်းစွန့်ကြဲရန် ငြင်းဆန်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ငွေ‌ေကြးစည်းစိမ်ဥစ္စာ ကို ပေးကမ်းစွန့်ကြဲသူများသည် အနာဂတ်ကို မကြောက်ကြဘဲ ၎င်းတို့၏ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်း ဆုံးရှုံးခြင်းအတွက် ဝမ်းနည်းခြင်း မပြုကြသောကြောင့် ဖြစ်သည်။ (24) သွီဗ်ရေစီ သည် ၊ မဂ်ျမအုလ်ဘယားန်၌ (25) နှင့် သဖ်စီးရ် ပညာရှင်များ အနက်မှ အချို့ပညာရှင်များသည် (26) အာယသ်တော်၏ ဆိုလိုရင်းကို ကေယာမသ် ရှင်ပြန်ထမြောက်မည့်‌ေန့ တွင် ကြောက်ရွံ့ခြင်းမရှိကြောင်း ဖော်ပြသည်ဟူ၍ သတ်မှတ်ထားသည်။ ပူဆွေးသောကမှ ကင်းဝေးခြင်း (27) စိတ်ငြိမ်သက်မှု ရှိခြင်း နှင့် စိတ်လုံခြုံမှုရှိခြင်းကို ဤအာယသ်‌၏ သတင်းစကားအဖြစ် မှတ်ယူထားကြသည်။ (28) အင်န်ဖာက္က် ဆိုသည်မှာ ပစ္စည်းဥစ္စာ ငွေးကြေးဒနအား ပေးကမ်းစွန့်ကြဲခြင်း (29) နှင့် ငွေကြေး ချို့ယွင်းချက်များကို ပြေလည်အောင် ဖြေရှင်းပေးခြင်း ဟူ၍ ဖြစ်သည်။ (30) လေ့လာရန် အာယသ် သေ ဝေလာယသ် အာယသ် သေ ရှရာအ် အာယသ် သေ အိသ်ွအာမ်