အာယသ်--သေ--နုရှုဇ်

wikishia မှ

အာယသ်--သေ--နုရှုဇ် (အာရဗီ-آية النشوز) သည် စူရဟ် နေစာအ် ၏ အာယသ်အမှတ် ၃၄ နှင့် အာယသ်အမှတ် ၁၂၈ တို့၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နုရှုဇ် နှင့် ၎င်း၏ ဥပဒေသများကို ဖော်ညွှန်းထားသည်။ နုရှုဇ် ဆိုသည်မှာ အိမ်ထောင်ဖက်နှင့် ပတ်သက်ပြီး တရားတော်မှ ပြဌာန်းထားသည့် တာဝန်များကို ထန်းဆောင်ခြင်းမှ ရှောင်ကြဉ်ပျက်ကွက်ခြင်း ဖြစ်သည်။ အာယသ်အမှတ် ၃၄ သည် ဇနီးမယား၏ တာဝန်ပျက်ပြားမှုအကြောင်း လာရှိထားပြီး အာယသ်အမှတ် ၁၂၈ တွင် ခင်ပွန်းသည်၏ တာဝန်ပျက်ပြားမှုအကြောင်း လာရှိထားသည်။ ထိုအာယသ်တော်များမှ ၊ အလင်းဖွင့်ဆိုရှင်းလင်းမှုအပြင် ၎င်းနှင့်သက်ဆိုင်သည့် ဖိက္ကဟ် ဓမ္မသတ်များ နှင့် စာအုပ်များလည်း ရေးသားထားသည်။ အာယသ်---သေ---နုရှုဇ် အာယသ်၏ အချက်အလက်များ အာယသ်အမည် အာယသ်----သေ----နုရှုဇ် လာရှိထားသည့် စူရဟ် နေစာအ် အာယသ်အမှတ် ၃၄ နှင့် ၁၂၈ ဂျွဇ်အ် (အစောင်) ၅ အကြောင်းအရာ အချက်အလက် အကြောင်းအရာ ဖိက္က်ဟီ အကြောင်း နုရှုဇ် သက်ဆိုင်သည့် အာယသ် آیه الرجال قوامون علی النساء ဖကီးဟ် ပညာရှင်များသည် အာယသ်အမှတ် ၃၄ ကိုထောက်ထားခြင်းအားဖြင့် ယုံကြည်ထားသည်မှာ ၊ အကယ်၍ ဇနီးမယားသည် တရားတော်မှ ပြဌာန်းထားသည့် တာဝန်များကို ထန်းဆောင်ခြင်းမှ ရှောင်ကြဉ်ပျက်ကွက် ပါက ခင်ပွန်းဖြစ်သူသည် ဦးစွာ ၎င်းအား နားချရပေမည်၊ အကယ်၍ ထိုသို့ပြုလုပ်ရာ၌ အကျိုးမရှိပါက ထိုဇနီးသည်နှင့် အိပ်ယာ ခွဲအိပ်ရမည်။ ထိုမှလည်း အကျိုးမရှိလာပါက ၎င်းအား ပေါ့ပေါ့တန်တန် ရိုက်၍ ပြစ်ဒဏ် ပေးရမည် ဖြစ်သည်။ အာယသ်အမှတ် ၁၂၈ အရ၊ အကယ်၍ ခင်ပွန်းဖြစ်သူမှ တရားတော်မှ ပြဌာန်းထားသည့် တာဝန်များကို ထန်းဆောင်ခြင်းမှ ရှောင်ကြဉ်ပျက်ကွက်ပါက၊ ဇနီးမယားသည် အိမ်ထောင်ရေးဘဝ တည်မြဲဖို့ရန် ၊ ၎င်းနှင့် ငြိမ်းချမ်းမှု ဖန်တီးပြီး လင်ယောက်ျား၏ စိတ်ပါဝင်စားမှုကို ရအောင် ဖန်တီးဖို့ရန်အတွက် ၊ လင်ယောက်ျားအား ပေးဆောင်ရမည့် ရပိုင်ခွင့် အချို့ကို မပေးဆောင်နိုင်ပေသည်။

စာသား နှင့် ဘာသာပြန်

စူရဟ် နေစာအ် အာယသ်အမှတ် ၃၄ နှင့် ၁၂၈ တို့သည် အိမ်ထောင်ဖက်နှင့် ပတ်သက်ပြီး တရားတော်မှ ပြဌာန်းထားသည့် တာဝန်များကို ထန်းဆောင်ခြင်းမှ ရှောင်ကြဉ်ပျက်ကွက်ခြင်း အကြောင်း လာရှိထားခြင်း ဖြစ်သည်။ အာယသ်အမှတ် ၃၄ သည် ဇနီးမယား၏ တာဝန်ပျက်ပြားမှုအကြောင်း လာရှိထားပြီး အာယသ်အမှတ် ၁၂၈ တွင် ခင်ပွန်းသည်၏ တာဝန်ပျက်ပြားမှုအကြောင်း လာရှိထားသည်။ စူရဟ်နေစာအ် အာယသ်အမှတ် ၃၄ ...وَاللَّـاتِی تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَاهْجُرُ‌وهُنَّ فِی الْمَضَاجِعِ وَاضْرِ‌بُوهُنَّ فَإِنْ أَطَعْنَكُمْ فَلَا تَبْغُوا عَلَيهِنَّ سَبِيلًا إِنَّ اللَّـهَ كَانَ عَلِيّاً كَبِيرً‌ا အလ္လာဟ်အရှင်မြတ်သည် (လူ့ဘောင်အဖွဲ့အစည်းရေရှည်တည်တံ့ရေးအတွက် အညမညရှိစေရန်အလို့ငှာ) အချို့ကို အချို့ထက် (ခန္တကိုယ်ဖွဲ့စည်းပုံ၊ စွမ်းရည်၊ ဉာဏ်ပညာ စသည်ဖြင့်) အရှင့်ကျေးဇူးတေ်ာကို တိုးမြှင့်ပေးတော်မူသည့်အလျှောက် အမျိုးသားများသည် (သူတို့၏စွမ်းရည်နှင့်အညီ မိသားစု၏စားဝတ်နေရေးအတွက် တာ ဝန်ယူ၍) သူတို့ဝင်ငွေနှင့်ပိုင်ဆိုင်မှုများကို သုံးစွဲသောကြောင့် အမျိုးသမီးများအတွက်ရပ်တည်ရသူများ၊ သူမတို့) အပေါ် ကာကွယ်စောင့်ရှောက်သူနှင့်ကြီးကြပ်အုပ်ထိန်းသူများ ဖြစ်ကြ၏။ သို့ဖြစ်၍ (အမျိုးသမီးများ အနေဖြင့်လည်း) ထိန်းသိမ်းစောင့်ရှောက်မှုကိုခံယူသူများ၊ အရှင့်စည်းမျဉ်းတော်များကို နာခံလျက် (အမျိုးသား များရှာသော ငွေကြေးကို အလွဲသုံးစားမလုပ်ဘဲ ဘဝရှင်သန်ရေးအတွက် အဖော်အဖြစ်) ရပ်တည်ပေးသူများနှင့်အမျိုးသားတို့၏မျက်ကွယ်ရာတွင် အလ္လာဟ်အရှင်မြတ် (က ပေးအပ်တော်မူထားသည့် မိသားစုဂုဏ်သိက္ခာ၊ ကာယိန္ဒြေ၊ အမျိုးသားတို့၏အခွင့်အရေးနှင့်ပိုင်ဆိုင်မှုများကို အရှင်မြတ်) မိန့်တော်မူသည့်အတိုင်း ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်ကြလော့။ အကယ်၍ သင်တို့သည် သူမတို့၌ (ဘဝရပ်တည်မှုကို ထိခိုက်စေနိုင်သည့်) ရိုင်းဆိုင်းစွာ ပြောဆိုဆက်ဆံခြင်းနှင့်အာခံခြင်းတို့ဖြင့် စော်ကားခံရမည်ကို စိုးရိမ်ကြောင့်ကြလျှင် သူမတို့အား (ယဉ်ကျေး သိမ်မွေ့စွာဖြင့်) သွန်သင်ဆုံးမကြလော့။ ထို့နောက် အိပ်ခန်းများ၌ စွန့်ခွာထားကြလော့။ ထို့နောက် နည်းအမျိုးမျိုး ပုံဆောင်ဥပမာအသွယ်သွယ်ဖြင့် နားလည်လာအောင် ရှင်းပြကြလော့။ ထိုသို့ ရှင်းပြခြင်းဖြင့် သင်တို့အား လိုက်နာနာခံကြ (မည်ဟု ပြောကြ) လျှင် သူမတို့၏သဘောဆန္ဒနှင့်ဆန့်ကျင်သည့် မည်သည့်နည်းလမ်းကိုမျှ (သူမတို့အား နှိပ်စက်ရန် ရည်ရွယ်၍) မရှာဖွေကြလေနှင့်။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏ အိမ်ထောင်ရေးဆိုင်ရာ ပြဿနာအလုံးစုံကို အပေါ်ဆုံးမှ လွှမ်းခြုံ သိမြင်တော်မူသောအရှင်) အလွန်မြင့် မြတ်ကြီးကဲတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။(1) စူရဟ်နေစာအ် အာယသ်အမှတ် ၁၂၈ وَ إِنِ امْرَ‌أَةٌ خَافَتْ مِن بَعْلِهَا نُشُوزًا أَوْ إِعْرَ‌اضًا فَلَا جُنَاحَ عَلَيهِمَا أَن يصْلِحَا بَينَهُمَا صُلْحًا وَالصُّلْحُ خَيرٌ وَأُحْضِرَ‌تِ الْأَنفُسُ الشُّحَّ وَ إِن تُحْسِنُوا وَتَتَّقُوا فَإِنَّ اللَّـهَ كَانَ بِمَا تَعْمَلُونَ خَبِيرً‌ا ထို့ပြင် အကယ်၍ အမျိုးသမီးတစ်ဦးသည် သူမ၏ လင်ယောကျာ်းဘက်မှ အနိုင်ကျင့်နှိပ်စက်မည့် အပြုအမူ သို့မဟုတ် ယောကျ်ားဖြစ်သူ၌ တာဝန်ရှိသည့် စားဝတ်နေရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို မကျေပွန်ဘဲ သူမအား ဥပေက္ခာပြု စွန့်ပစ်ထားမည်ဟု စိုးရိမ်ကြောင့်ကြရသော် သူတို့နှစ်ကြားတွင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာရန် သူတို့နှစ်ဦးစလုံးအပေါ် ဖိအားပေးပြီး သင့်မြတ်အောင်လုပ်ခြင်း၌ အပြစ်မထိုက်ပေ။ ထိုသို့ သင့်မြတ်အောင်လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်၏။ လူတိုင်းနှလုံးသွင်းသင့်သည်မှာ လူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်သည် တစ်ကိုယ်ကောင်းဆန်သည့် မတော်လောဘ အလိုရမ္မက်ဘက်သို့ အစဉ် ယိမ်းယိုင်တိမ်းစောင့်လေ့ ရှိတတ်၏။ သို့ရာတွင် (အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) အကယ်၍ သင်တို့သည် သင်တို့၏တာဝန်ကိုယ်စီကို ကျေပွန်ရုံ သက်သက်မဟုတ်ဘဲ တာဝန်ရှိသည်ထက်ပို၍ အကောင်းဆုံးဖြစ်အောင် လုပ်ကြပြီး အရှင်မြတ်ကို စို့ရွံ့ထိတ်လန့်လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် ကျေပွန်ဆောင်ရွက်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက် အသေးစိတ်ကို အကြွင်းမဲ့ ကြားနေတော်မူသော သတင်းရနေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။( (2)

ကျရောက်ရသည့် အကြာင်းအရင်း

စူရဟ် နေစာအ် အာယသ်အမှတ် ၃၄ နှင့် ၁၂၈ တို့အတွက် ကျရောက်ရသည့် အကြာင်းအရင်းများကို အောက်ပါအတိုင်း ဖော်ပြထားသည်မှာ၊

စူရဟ် နေစာအ် အာယသ်အမှတ် ၃၄ ကျရောက်ရသည့် အကြာင်းအရင်း

သဖ်စီးရ် ပညာရှင်များ၏ အဆိုအရ၊ စူရဟ် နေစာအ် အာယသ်အမှတ် ၃၄ သည် တမန်တော်မြတ် (ဆွ) ၏ နောက်လိုက်သားများ အနက်မှ တစ်ဦး ဖြစ်သည့် စအ်ဒ် ဗင်န် ရဗီးအ် ဆိုသူနှင့် ၎င်း၏ ဇနီးမိန်းမ အကြောင်း ကျရောက်ထားခြင်း ဖြစ်သည်။ (3) စအ်ဒ် ၏ ဇနီးသည် ၎င်း၏ အမိန့်ကို ဆန့်ကျင်ဖည်ဆန်ခဲ့သည်။ စအ်ဒ်သည်လည်း ‌၎င်းကို သူ့ကို ရိုက်နှက်ခဲ့သည်။ ထို့ကြောင့် ၊ စအ်ဒ် ၏ ဇနီးသည် မိမိ၏ ဖခင်နှင့်အတူ တမန်တော်မြတ် ဆွ ထံသို့ သွားရောက်ပြီး စအ်ဒ်၏ လုပ်ရပ်မှ တိုင်ကြားခဲ့သည်။ တမန်တော်မြတ် ဆွ သည် သူမအား အပြစ်ပေးရန် အမိန့်ပေးခဲ့သည်။ သို့သော် သူမသည် ထိုအပြစ်ပေးခြင်းအား မထိမျက်မြင် ပြုသည့်အခါ ဤအာယသ်တော် ကျရောက်ခဲ့သည်။ (4)

စူရဟ် နေစာအ် အာယသ်အမှတ် ၁၂၈ ကျရောက်ရသည့် အကြာင်းအရင်း

ဤအာယသ်ကျရောက်ရသည့် အကြောင်းအရင်း နှင့်ပတ်သက်ပြီး သဖ်စီးရေ ကွမ်မီး၌ ဖော်ပြထားသည့် ရေဝါယသ်အရ၊ တမန်တော်မြတ်(ဆွ)၏ အပေါင်းအဖော်များထဲမှ တစ်ဦးဖြစ်သော ရာဖေအ် ဗင်န် ခဒီးဂ်ျ တွင် ဇနီး နှစ်ဦးရှိပြီး တစ်ဦးမှာ အသက်ကြီးပြီး ကျန်တစ်ဦးမှာ ငယ်ရွယ်‌ေပသည်။ သဘောထား မတိုက်ဆိုင်မှုများကြောင့် သက်ကြီးရွယ်အိုဇနီးကို ကွာရှင်းခဲ့သည်။ ကွာရှင်းပြီးနောက် အိဒ်ဒေဟ် အချိန်ကာလ၌ ရာဖေအ် ဗင်န် ခဒီးဂ်ျ သူမအား အကယ်၍ အသင်မသည် ကျွန်ုပ်နှင့် ပြေလည်လိုပါက ၊ ကျွန်ုပ်၏ နောက်မိန်းမကို အသင့်ထက် ဦးစား‌ေပးမည်ကို မကန့်ကွက်ရပေ သို့မဟုတ် အိဒ်ဒေဟ် ကာလပြီးသည့်အထ် စောင့်ဆိုင်းပြီးနောက် နှစ်ယောက်စလုံး လမ်းခွဲကြမည် ဟူ၍ ပြောလေသည်။ ထိုအခါ ထိုဇနီးမယားသည် ပထမ အချက်ကို လက်ခံကာ ၎င်းနှင့် ညှိနှိုင်း၍ နေခဲ့လေသည်။ ထို့နောက် ဤအာယသ်တော် ကျရောက်လာခဲ့သည်။ (5)

ဖိက္ကီးဟ် အသုံးပြုပုံ

ဖိက္ကဂ် ပညာရှင်များငည် စူရဟ် နေစာအ် အာယသ်အမှတ် ၃၄ နှင့် ၁၂၈ တို့အား ၊ နုရှုဇ် နှင့်ပတ်သက်သည့် ဥပဒေသများကို ဖော်ပြဖို့ရန် အတွက် အသုံးပြုခဲ့ကြသည်။ (6) နုရှုဇ် ဆိုသည်မှာ ၊ အိမ်ထောင်ဖက်နှင့် ပတ်သက်ပြီး တရားတော်မှ ပြဌာန်းထားသည့် တာဝန်များကို ထန်းဆောင်ခြင်းမှ ရှောင်ကြဉ်ပျက်ကွက်ခြင်း ဖြစ်သည်။ (7)

        အာယသ်အမှတ် ၃၄ သည် ဇနီးမယား၏ တာဝန်ပျက်ပြားမှုအကြောင်း လာရှိထားသည်။ ဤအာယသ်တော်အရ၊ ဖက္ကီးဟ် ပညာရှင်များ ဖသ်ဝါ ပေးထားသည်မှာ ၊ အကယ်၍ ဇနီးမယားသည် တရားတော်မှ ပြဌာန်းထားသည့် တာဝန်များကို ထန်းဆောင်ခြင်းမှ ရှောင်ကြဉ်ပျက်ကွက် ပါက ခင်ပွန်းဖြစ်သူသည် ဦးစွာ ၎င်းအား နားချရပေမည်၊ အကယ်၍ ထိုသို့ပြုလုပ်ရာ၌ အကျိုးမရှိပါက ထိုဇနီးသည်နှင့် အိပ်ယာ ခွဲအိပ်ရမည်။ ထိုမှလည်း အကျိုးမရှိလာပါက ၎င်းအား ပေါ့ပေါ့တန်တန် ရိုက်၍ ပြစ်ဒဏ် ပေးရမည် ဖြစ်သည်။ (8) ဆိုထားသည်မှာ ၊ ခင်ပွန်းသည် မိမိဇနီးမယား၏ တပ်မက်မှုကို စိုးရိမ်မှုရှိမှသာလျှင် ၎င်းအား နားချပြီး အိပ်ယာ ခွဲအိပ်ပြီးနောက် ၎င်းကို ရိုက်ပိုင်ခွင့် ရှိပေသည်။ ‌သို့သော် ရိုက်ကို ရိုက်ရမည် ဟူ၍ မဟုတ်ပေ။ ခင်ပွန်းသည် သူမနှင့် ကြင်နာယုယစွာ ပြောဆိုဆက်ဆံနိုင်ပေသည်။ အကယ်၍ ဇနီးမယားဘက်မှ မည်သို့ပုံစံမျိုးကိုမှ လက်မခံပဲ တရားတော်၏ ပြဌာန်းချက်နှင့် ဆန့်ကျင်ဘက်အရာများကို ပြုလုပ်လာပါက ၎င်းအား ကွာရှင်းနိုင်ပေသည်။ (9)         အာယသ်အမှတ် ၁၂၈ သည် ခင်ပွန်းဖြစ်သူ၏ တာဝန်ပျက်ပြားမှုအကြောင်း လာရှိထားသည်။ ဤအာယသ်တော်အား ကိုးကား၍ ဥပဒေပညာရှင်များ ‌ဆိုထားသည်မှာ ၊ အကယ်၍ ဇနီးမယားသည် ခင်ပွန်းဖြစ်သူ၏ တာဝန်ပျက်ပြားမှုများကို တွေ့မြင်လာပါက ၊ ၎င်း နှင့် မိမိအကြား ညှိ့နှိုင်းပြီး အတူတကွ ဆက်လက်နေထိုင်နိုင်ဖို့ရန် အတွက် ၎င်းအား နားချပြီး ၎င်း၏ အချို့ ရပိုင်ခွင့်များကို လျော့ချရပေမည်။ ထိုနည်းလမ်းဖြင့် ကွာရှင်းပျက်စဲမှုမှ တားစီးနိုင်မည် ဖြစ်သည်။ (10)

ရိုက်နှက်ခြင်း ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်

ရှီအာ နှင့် အဲဟ်လေစွန္နသ် သဖ်စီးရ် ပညာရှင်များ နှင့် ဥပဒေပညာရှင်များ၏ ပြောကြားချက်အရ သိရသည်မှာ ၊ စူရဟ် နေစာအ် အာယသ်အမှတ် ၁၂၈ ၌လာရှိထားသည့် “ضرب” ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်မှာ ရိုက်နှက်ခြင်းဟု ဆိုလိုသည်။ (11) သို့သော် ရိုက်နှက်ခြင်း အတွက် ပညတ်ချက်များ နှင့် အတိုင်းအတာများကို ဖော်ပြထားသည်။ ဥပမာ ရိုက်နှက်ရာတွင် သူမအား ပြုပြင်ပြောင်းလည်း ပေးရန် နှင့် အညှိးအတေးမရှိပဲ ရိုက်နှက်ရပြီး (12) ‌ဖြည်းညှင်းစွာ ရိုက်နှက်ရမည် ဖြစ်သည်။ (13) ယခုခေတ် ကုရ်အာန် သုတေသီ ဖြစ်သူ အာယသုလ္လာဟ် မအ်ရိဖသ် သည်၊ သွားပွတ်တံဖြင့် အမျိုးသမီးများအား ရိုက်နှက်ဆုံးမခြင်း၊ အမျိုးသမီးများကို ရိုက်နှက်ခြင်း တားမြစ်ခြင်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အမိန့်ပေးခြင်းစသည့် အထောက်အထားများအပေါ် အခြေခံ၍ ဤအာယသ်ကို ဖျက်သိမ်းလိုက်ပြီ ဟူ၍ ယုံကြည်ထားသည်။ (14) ၎င်း၏ ရှုထောင့်အရ၊ ဤအာ ယသ်၌၊ အခြေခံကျ၍ လွယ်ကူသော နည်းလမ်းကို အသုံးပြုထားသည်။ (15) ဤနည်းလမ်းတွင်၊ အရှင်မြတ်သည် မသိနားမလည်သော ဓလေ့ထုံးတမ်းအချို့ နှင့် ပညာမဲ့ လုပ်ရပ်အချို့ကို အမြစ်ပြတ်ချေမှုန်းရန်အတွက် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိသော စီရင်ချက်ကို ဦးစွာ သတ်မှတ်ပြီးနောက် တစ်ဖြည်းဖြည်းချင်း ယင်းအား ဖျက်သိမ်းလေသည်။ (16)