အာယသ်-သေ-အိဖ်က်

wikishia မှ

ဤစာစောင်သည် အာယသ်-သေ-အိဖ်က် နှင့်ပတ်သက်ပြီး ရေးသားထားခြင်း ဖြစ်သည်။ အိဖ်က် အဖြစ်အပျက်ကို သိလိုပါက ၎င်းနှင့်ပတ်သက်သည့် အကြောင်းအရာကို ကြည့်ရှု့ပါလေ။ အာယသ်-သေ-အိဖ်က် အာယသ်၏ သတ်မှတ်ချက်များ အာယသ်၏ အမည် အာယသ်-သေ-အိဖ်က် စူရဟ် နူရ်၌ လာရှိထားသည်။ အာယသ် အမှတ် ၁၁ မှ ၂၆ အထိ ၁၈ပါးမြောက် ဂျွဇ်အ် အကြောင်းအရာ အချက်အလက် ကျရောက်ရသည့် အကြောင်းအရင်း : အိဖ်က် အဖြစ်အပျက် (ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား လုပ်ဇတ်ခင်း၍ စွပ်စွဲခြင်း ) ကျရောက်‌သည့် နေရာ : မဒီနာ အကြောင်းအရာ : အကျင့်စာရိတ္တ         လူတစ်စုသည် မွတ်စလင်မ် အမျိုးသမီးကို ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား စွပ်စွဲခြင်း အကြောင်း

အာယသ်-သေ-အိဖ်က်(အာရဗီ-آیاتِ اِفْک )(စူရဟ် နူရ် ၊ အာယသ်အမှတ် ၁၁ - ၂၆) အစ္စလာမ်သာသနာ အစပိုင်းတွင်၊ လူတစ်စုမှ မွတ်စလင်မ် အမျိုးသမီး တစ်ဦးကို ကာမေသုမိစ္ဆာစာရ ကျူးလွန်သည် ဟူ၍ လုပ်ဇတ်ခင်း စွပ်စွဲပြောဆိုခြင်း အကြောင်းကို ရည်ညွှန်းပြောဆိုထားသည်။ အရှင်မြတ်သည် ဤအာယသ်တော်၌၊ လူထုအား ထိုသို့ စွပ်စွဲပြောဆိုခြင်း နှင့် ကောလာဟလများ ဖြန့်ခြင်းအတွက် ပြစ်တင်ရှုတ်ချထားသည်။ ကျမ်းကိုးများ၌၊ စွပ်စွဲပြောဆိုခြင်း ခံရသူ နှင့်ပတ်သက်ပြီး အဓိက ဖော်ပြချက်နှစ်ခု လာရှိထားသည်။ အဲဟ်လေစွန္နသ် တို့၏ ကျမ်းကိုးများ နှင့် ရှီအာတို့၏ အချို့ ကျမ်းကိုးများအရ ၊ အာယသ်သေအိဖ်က် သည် မိုနာဖီက် (အရည်ခြုံ)များမှ အာယေရှာအား စွပ်စွဲပြောဆိုခဲ့သည် ဟူ၍ ဖော်ပြထားသည်။ သို့သော်၊ ကွမ်းမီ၏ သဖ်စီးရ်၌ ကိုးကားထားခဲ့သော ဒုတိယ ဖော်ပြချက်အရ၊ မာရီယဟ် ကိဗ္ဗ်သွီယဟ် အား အာယေရှာမှ စွပ်စွဲပြောဆိုခဲ့ခြင်းသည် ဤအာယသ် ကျရောက်ရသည့် အကြောင်းအရင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ဖော်ပြချက် နှစ်မျိုးစလုံးသည် စောဓကများ ရှိပေသည်။ ထို့အတွက်ကြောင့် အချို့သူများ ဥပမာ မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီ ၊ စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် ဖှက်ဇွ်လုလ္လာဟ် ၊ မကာရင်မေရှီရာဇီ နှင့် ဂျအ်ဖရ် စုဗ္ဗ်ဟာနီ တို့သည် ထိုဖော်ပြချက် နှစ်မျိုးစလုံးကို လက်မခံကြပေ။ စိုင်ယိဒ်အလီခါမေနအီ ၏ ယုံကြည်ချက်အရ၊ စွပ်စွဲခံရသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဆုံးဖြတ်ရန် ဆွေးနွေးခြင်းသည် သွေဖည်ဆန့်ကျင်သော ဆွေးနွေးမှုဖြစ်သည်။ အာယသ်သေအိဖ်က် တွင် လာရှိထားသာသည့် အဓိက အကြောင်းအရာမှာ အလွန်အရေးကြီးသော အကျင့်စာရိတ္တ အကြောင်းဖြစ်ပြီး ယင်းအား တစ်ဦးတစ်ယောက်၏ အရေးအဖြစ် မပြောင်းလည်းသင့်ပေ။

အာယသ်တော်၏ စာသား

အာယသ်-သေ-အိဖ်က် (စူရဟ်နူရ် ၊ အာယသ်အမှတ် ၁၁ မှ ၂၆ အထိ) စာသား နှင့် ဘာသာပြန် إِنَّ الَّذِینَ جَاءُوا بِالْإِفْک عُصْبَةٌ مِّنکمْ ۚ لَا تَحْسَبُوهُ شَرًّ‌ا لَّکم ۖ بَلْ هُوَ خَیرٌ لَّکمْ ۚ لِکلِّ امْرِ‌ئٍ مِّنْهُم مَّا اکتَسَبَ مِنَ الْإِثْمِ ۚ وَالَّذِی تَوَلَّىٰ كِبْرَ‌هُ مِنْهُمْ لَهُ عَذَابٌ عَظِیمٌ ﴿۱۱﴾

لَّوْلَا إِذْ سَمِعْتُمُوهُ ظَنَّ الْمُؤْمِنُونَ وَالْمُؤْمِنَاتُ بِأَنفُسِهِمْ خَیرً‌ا وَقَالُوا هَٰذَا إِفْک مُّبِینٌ ﴿۱۲﴾
لَّوْلَا جَاءُوا عَلَیهِ بِأَرْ‌بَعَةِ شُهَدَاءَ ۚ فَإِذْ لَمْ یأْتُوا بِالشُّهَدَاءِ فَأُولَٰئِک عِندَ اللَّهِ هُمُ الْکاذِبُونَ ﴿۱۳﴾
وَلَوْلَا فَضْلُ اللَّهِ عَلَیکمْ وَرَ‌حْمَتُهُ فِی الدُّنْیا وَالْآخِرَ‌ةِ لَمَسَّکمْ فِی مَا أَفَضْتُمْ فِیهِ عَذَابٌ عَظِیمٌ ﴿۱۴﴾
إِذْ تَلَقَّوْنَهُ بِأَلْسِنَتِکمْ وَتَقُولُونَ بِأَفْوَاهِکم مَّا لَیسَ لَکم بِهِ عِلْمٌ وَتَحْسَبُونَهُ هَینًا وَهُوَ عِندَ اللَّهِ عَظِیمٌ ﴿۱۵﴾
وَلَوْلَا إِذْ سَمِعْتُمُوهُ قُلْتُم مَّا یکونُ لَنَا أَن نَّتَکلَّمَ بِهَٰذَا سُبْحَانَک هَٰذَا بُهْتَانٌ عَظِیمٌ ﴿۱۶﴾
یعِظُکمُ اللَّهُ أَن تَعُودُوا لِمِثْلِهِ أَبَدًا إِن کنتُم مُّؤْمِنِینَ ﴿۱۷﴾
وَیبَینُ اللَّهُ لَکمُ الْآیاتِ ۚ وَاللَّهُ عَلِیمٌ حَکیمٌ ﴿۱۸﴾ 

إِنَّ الَّذِینَ یحِبُّونَ أَن تَشِیعَ الْفَاحِشَةُ فِی الَّذِینَ آمَنُوا لَهُمْ عَذَابٌ أَلِیمٌ فِی الدُّنْیا وَالْآخِرَ‌ةِ ۚ وَاللَّهُ یعْلَمُ وَأَنتُمْ لَا تَعْلَمُونَ ﴿۱۹﴾

وَلَوْلَا فَضْلُ اللَّهِ عَلَیکمْ وَرَ‌حْمَتُهُ وَأَنَّ اللَّهَ رَ‌ءُوفٌ رَّ‌حِیمٌ ﴿۲۰﴾
یا أَیهَا الَّذِینَ آمَنُوا لَا تَتَّبِعُوا خُطُوَاتِ الشَّیطَانِ ۚ وَمَن یتَّبِعْ خُطُوَاتِ الشَّیطَانِ فَإِنَّهُ یأْمُرُ بِالْفَحْشَاءِ وَالْمُنکرِ ۚ وَلَوْلَا فَضْلُ اللَّهِ عَلَیکمْ وَرَ‌حْمَتُهُ مَا زَکیٰ مِنکم مِّنْ أَحَدٍ أَبَدًا وَلَٰکنَّ اللَّهَ یزَکی مَن یشَاءُ ۗ وَاللَّهُ سَمِیعٌ عَلِیمٌ ﴿۲۱﴾
وَلَا یأْتَلِ أُولُو الْفَضْلِ مِنکمْ وَالسَّعَةِ أَن یؤْتُوا أُولِی الْقُرْ‌بَیٰ وَالْمَسَاکینَ وَالْمُهَاجِرِ‌ینَ فِی سَبِیلِ اللَّهِ ۖ وَلْیعْفُوا وَلْیصْفَحُوا ۗ أَلَا تُحِبُّونَ أَن یغْفِرَ اللَّهُ لَکمْ ۗ وَاللَّهُ غَفُورٌ رَّ‌حِیمٌ ﴿۲۲﴾
إِنَّ الَّذِینَ یرْ‌مُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِی الدُّنْیا وَالْآخِرَ‌ةِ وَلَهُمْ عَذَابٌ عَظِیمٌ ﴿۲۳﴾
یوْمَ تَشْهَدُ عَلَیهِمْ أَلْسِنَتُهُمْ وَأَیدِیهِمْ وَأَرْ‌جُلُهُم بِمَا کانُوا یعْمَلُونَ ﴿۲۴﴾
یوْمَئِذٍ یوَفِّیهِمُ اللَّهُ دِینَهُمُ الْحَقَّ وَیعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِینُ ﴿۲۵﴾
الْخَبِیثَاتُ لِلْخَبِیثِینَ وَالْخَبِیثُونَ لِلْخَبِیثَاتِ ۖ وَالطَّیبَاتُ لِلطَّیبِینَ وَالطَّیبُونَ لِلطَّیبَاتِ ۚ أُولَٰئِک مُبَرَّ‌ءُونَ مِمَّا یقُولُونَ ۖ لَهُم مَّغْفِرَ‌ةٌ وَرِ‌زْقٌ کرِ‌یمٌ ﴿۲۶﴾	

ဧကန်ပင်၊ သင်တို့အနက်မှ သူတစ်ပါးအား အသရေဖျက်စေရန် လုပ်ကြံဖန်တီး၍ စွပ်စွဲပြောဆိုလျက် မုသားစကား ဖြန့်ချီခဲ့သော အုပ်စုတစ်ခုပင် ဖြစ်၏။ ထိုကိစ္စအား သင်တို့အတွက် အဆိုးတရားဟု မထင်မှတ်ကြ လေနှင့်။ အမှန်မှာ ယင်းသည် သင်တို့အတွက် ကောင်းကျိုးပေးမည့်အရာပင် ဖြစ်၏။ ၎င်းတို့အနက်မှ တစ်ဦးတစ် ယောက်ချင်းစီအတွက် သူရှာဖွေဆည်းပူးခဲ့သော ပြစ်မှုရှိပြီး ၎င်းတို့အနက်မှ အကြီးဆုံးလှည့်ကွက်ဆင်၍ လုပ်ကြံသည့် အသရေဖျက်မှုအား အဖြန့်ချီဆုံးသောသူသည် သူ့အတွက် အလွန်ကြီးလေးသော ပြစ်ဒဏ်ခံစားလိမ့်မည် ဖြစ်၏။ (၁၁) ထိုလုပ်ကြံသည့်အသရေဖျက်မှုသည် သင်တို့ထံ ကြားသိစေသောအခါ ယုံကြည်သူအမျိုးသားများနှင့် ယုံကြည်သူအမျိုးသမီးတို့သည် ၎င်းတို့၏ နဖ်စ် များဖြင့် အကောင်းမြတ်ဆုံးဖြစ်အောင် အဘယ်ကြောင့် မတွေးတော မဆင်ခြင် မသုံးသပ် ကြသနည်း။ ထို့ပြင် ၎င်းတို့က ဤသည် ထင်ရှားလှစွာသော လုပ်ကြံသည့် အသရေဖျက်မှုသာ ဖြစ်သည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။ (၁၂) ၎င်းတို့သည် ထို (လုပ်ကြံသည့်အသရေဖျက်မှု) နှင့်စပ်လျဉ်း၍ မျက်မြင်သက်သေ လေးဦးနှင့်အတူ ရောက်လာ၍ အဘယ်ကြောင့် မတင်ပြခဲ့ကြသနည်း။ စင်စစ် ၎င်းတို့သည် သက်သေများကို မတင်ပြနိုင်ခဲ့သော ကြောင့် ၎င်းတို့သည်ပင်လျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (မဟုတ်မတရား လိမ်လည်စွပ်စွဲသော) မုသာဝါဒီများ ဖြစ်ကြ၏။ (၁၃) စင်စစ်သော်ကား အကယ်၍ ဤလောကီဘဝ သက်တမ်းနှင့် တမလွန်ဘဝတို့တွင် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်များသည် ) သင်တို့အပေါ် သက်ရောက်စေခြင်းမရှိခဲ့လျှင် ယင်းထဲ၌ သင်တို့လည်း နစ်မွန်းလျှက် အရသာတွေ့နေသော ထို (လုပ်ကြံသည့်အသရေဖျက်မှု) နှင့်စပ်လျဉ်း၍ အလွန်ကြီးလေးသော ပြစ်ဒဏ်သည် သင်တို့ထံ အမှန်ပင် ထိမှန်သက်ရောက်ခဲ့ပြီး ဖြစ်ချေ၏။ (၁၄) သင်တို့သည် တပ်အပ်သေချာစွာ မသိပါဘဲလျှက် ထို (လုပ်ကြံသည့်အသရေဖျက်မှု) ကို သင်တို့ နှုတ်လျှာများဖြင့် ကြိုဆိုလက်ခံပြီး သင်တို့၏ ပါးစပ်များဖြင့် ပြောဆိုဖြန့်ဝေနေခဲ့ကြ၏။ ထို့ပြင် သင်တို့သည် ယင်းကိစ္စကို အရေးမပါသော သာမန်ကိစ္စ အသေးအဖွဲ့အဖြစ်သာ ထင်မှတ်နေကြသော်လည်း ယင်းသည် အလ္လာဟ်အရှင် မြတ်ထံတော်၌ အလွန် ကြီးလေးသောကိစ္စပင် ဖြစ်၏။ (၁၅) ထိုလုပ်ကြံသည့် အသရေဖျက်မှုသည် သင်တို့ထံ ကြားသိစေသောအခါ သင်တို့က “ကျွန်ုပ်တို့သည် ဤ သည်ကို (ကျွန်ုပ်တို့၏နှုတ်လျှာဖြင့်) ပြောဆိုကြရန် လုံးဝ မသင့်တော် မပြောဆိုအပ်ပါ။ အို၊ အရှင်မြတ်၊ အသင်သည် ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည် စေတော်မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏ ဤသည် ကြီးကျယ် လှစွာသော သွားပုပ်လေလွင့်မှု (မတရားစွပ်စွဲချက်) မျှသာဖြစ်သည်။” ဟု အဘယ်ကြောင့် မပြော ဆိုခဲ့ကြသနည်း။ (၁၆) အကယ်၍ သင်တို့သည် အမှန်ပင် သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် သင်တို့သည် (လုပ်ကြံသည့် အသရေဖျက်မှုမျိုးကို ကြားပြီးနောက် ယင်းတို့ကို ထပ်တလဲလဲ ပြောဆိုခြင်းဖြင့်) အလားတူ ပြစ်မှုမျိုးကို ထပ်မံ၍ မကျူးလွန်ကြရန် အလ္လာဟ်အရှင်မြတ်က သင်တို့အား သတိပေးနှိုးဆော်တိုက်တွန်းတော်မူ၏။ (၁၇) အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် အာယသ် သက်သေလက္ခဏာတော်များကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် အသေးစိတ် ရှင်းလင်းစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ရာတွင်) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ် တော်မူ၏။ (၁၈) ဧကန်စင်စစ်၊ သက်ဝင်ယုံကြည်သူများအကြား၌ မကြားဝံ့မနာသာမှုများ (မဖွယ်မရာ ညစ်ညမ်းသော ပြုမူပြောဆိုချက်များ) အား ဖြန့်ချိပျံ့နှံ့ခြင်းကို နှစ်သက်လိုလားသော သူတို့အတွက် ဤလောကီဘဝနှင့်တ မလွန်ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်သည် ရှိနေ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာ ခပ်သိမ်းနှင့် အကြောင်းကိစ္စအလုံးစုံ၏ သဘောသဘာဝအမှန် နှင့်ဘတိကျပြတ်သားသော အမှန်တရားကို) အကြွင်းမဲ့ သိနေတော်မူပြီး အသင်တို့မူကား မသိနားမလည်ကြချေ။ (၁၉) စင်စစ်သော်ကား အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် ကရုဏာတော်များသည် (သင်တို့၏ စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို လျစ်လျူရှူ ခွင့်လွှတ်တော်မူရန်) သင်တို့အပေါ် သက်ရောက် ခြင်းမရှိခဲ့လျှင် (အမှန်ပင် သင်တို့၌ ပြစ်ဒဏ်ကို အဆောတလျင် သက်ရောက်စေတော် မူခဲ့မည် ဖြစ်၏)။ သို့ရာတွင် ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အလွန်ပင် ညှာတာတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။ (၂၀) အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် ရှိုင်ဿွန်မကောင်းဆိုးဝါး၏ ခြေရာများအတိုင်း မလိုက် ကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆို ရှိုင်ဿွန်မကောင်းဆိုးဝါး၏ ခြေရာများအတိုင်း လိုက်နာလျှင် ဧကန်ပင် စေတန်မကောင်းဆိုးဝါးသည် (ထိုသူအား) မကြားဝံ့မနာသာသော ရှက်ဖွယ်ကိစ္စ နှင့်မ ကောင်းမှု ဒုစရိုက်များကိုသာ လုပ်ဆောင်ရန် မရမက စေ့ဆော်ညွှန်ကြားပေလိမ့်မည်။ အကယ်၍ အလ္လာဟ်အ ရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်များသည် (သင်တို့၏စက်ဆုပ်ဖွယ်ရာ ဖီဆန်မှုများကို ဥပေက္ခာပြု ခွင့်လွှတ်တော်မူရန်) သင်တို့အပေါ် သက်ရောက် ခြင်းမရှိခဲ့လျှင် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှ၊ မည်သည့်အခါမျှပင် (အမြင်မှန် ရ၍ ဝန်ချတောင်းပန်လျက် နာမ်ရေးရာ) စင်ကြယ်သန့်ရှင်းအောင် လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား (အမြင်မှန်ရ၍ ဝန်ချ တောင်းပန်လျက်) စင်ကြယ်သန့်ရှင်း စေတော်မူ၏။ စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့၏ အသံအလုံးစုံကို အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။ (၂၁) ထို့ပြင် သင်တို့အနက် ဂုဏ်အသရေနှင့်ကုံလုံကြွယ်ဝမှု ရှိသောသူများသည် ဆွေရင်းမျိုးရင်းများအား လည်းကောင်း၊ ဆင်းရဲချို့တဲ့သူများအားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မယုံကြည်သူတို့ ၏ညှင်းပန်းနှိပ်စက်မှုကြောင့် မွေးရပ်ဒေသနှင့်အိုးအိမ်စည်းစိမ်တို့ကို စွန့်၍ မဒီနာမြို့သို့) ရွှေ့ပြောင်းနေထိုင်သူ များအားလည်းကောင်း၊ (ကူညီထောက်ပံ့ခြင်းသည် အကူအညီပေးသူများအတွက် ထိခိုက်နစ်နာစေသည့်တိုင် အကူအညီအထောက်အပံ့များ) ပေးမည်မဟုတ် ဟု ကျိန်ဆိုခြင်း မပြုကြစေနှင့်။ အမှန်မှာ သူတို့ကို သည်းခံခွင့်လွှတ် သင့်သည့်အပြင် ဥပေက္ခာပြုသင့်၏။ (ထိုသို့ လျစ်လျူရှူလျက် သည်းခံခွင့်လွတ် ခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည် သင်တို့အား (အပြစ်မှ) ခွင့်လွှတ်ချမ်းသာပေးတော်မူမည်ကို သင်တို့ မနှစ်သက် မလိုလားကြလေသလော။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။ (၂၂) ဧကန်စင်စစ်၊ ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်၍ ဂုဏ်သရေရှိသည့်အပြင် မရိုးသား မဖြောင့်မတ် သော မည်သည့်နည်းစနစ်ကိုမျှ သတိမမူ မသိနားမလည်သည့် ယုံကြည်သူ အမျိုးသမီးများအား (ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား) စွပ်စွဲသူတို့သည် လောကီဘဝ နှင့် တမလွန်ဘဝ၌ အရှင်မြတ်၏မေတ္တာ ကရုဏာတော်မှ ကင်းဝေးစေ (သောကျိန်ဆဲ) မှုကို ခံကြရပြီး သူတို့အတွက် ကြီးလေးလှစွာသော ပြစ်ဒဏ်သည် (လည်း) ရှိပေမည်။ (၂၃) (လောကီဘဝတွင် လိမ်လည်လှည့်စား ခွင့်ရကြသော်လည်း တမလွန် တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့၏ နူတ်လျှာများသည်လည်းကောင်း၊ သူတို့၏ လက်များသည်လည်းကောင်း၊ သူတို့၏ ခြေထောက်များသည်လည်းကောင်း၊ သူတို့နှင့်ဆန့်ကျင်ကာ သူတို့ပြုမူကျင့်ကြံခဲ့သမျှ နှင့်ပတ်သက်၍ သက်သေခံကြပေမည်။ (၂၄) ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား (လုပ်ရပ်များ၏အကျိုးဆက်အဖြစ်) သူတို့နှင့် ထိုက်တန်သော အစားပေးမှုကို အပြည့်အဝ ပေးတော်မူမည်မှာ အသေအချာပင် ဖြစ်ပြီး ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် (အကြောင်းကိစ္စများကို တိကျမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသောအရှင် အမှန်တရားအားလုံး ထင်ရှားစေတော်မူသောအရှင်) မြင်သာထင်ရှားသော ပရမတ္တသစ္စာတရားပင် ဖြစ်တော်မူကြောင်းကို သူတို့ သိကြပေလိမ့်မည်။ (၂၅) (ယုံကြည်မှုအတွေးအခေါ် ရည်စူးချက်နှင့်လုပ်ရပ်များတွင်) မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသမီးများသည် မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသားများနှင့်သာ ထိုက်တန်ပြီး (ယုံကြည်မှုအတွေး အခေါ် ရည်စူးချက်နှင့်လုပ်ရပ်များတွင်) မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသားများသည် မသန့်စင်သော စာရိတ္တပျက်နေသော အမျိုးသမီးများနှင့်သာ ထိုက်တန်၏။ ထို့ပြင် (ယုံကြည်မှု အတွေးအခေါ် ရည်စူးချက် နှင့်လုပ်ရပ်များတွင်) သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသမီးများသည် သန့်ရှင်းစင်ကြယ် ယသော စာရိတ္တကောင်းမွန်သော အမျိုးသားများနှင့် ထိုက်တန်ပြီး အလားတူ သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသားများသည်လည်း သန့်ရှင်းစင်ကြယ်သော စာရိတ္တကောင်းမွန်သော အမျိုးသမီးများ နှင့်ထိုက်တန်၏။ သန့်ရှင်းစင်ကြယ်မှုနှင့် စာရိတ္တကောင်းမွန်မှုသည် ယုံကြည်မှုပေါ် မူတည်နေသောကြောင့် မယုံကြည်သူများက မည်သို့ပင် မတရားစွပ်စွဲသည်ဖြစ် သန့်ရှင်းစင်ကြယ်သော) ထိုပုဂ္ဂိုလ်များသည် သူတို့စွပ်စွဲ ပြောဆိုနေသောအချက်များမှ လုံးဝ ကင်းရှင်းသောသူများပင် ဖြစ်ကြပေသည်။ ထို (သန့်ရှင်းစင်ကြယ်သော) ၎င်းတို့အတွက် (အပြစ်မှ) လွတ်ငြိမ်းချမ်း သာခွင့်နှင့် မွန်မြတ်သော စားနပ်ရိက္ခာများ ရှိနေ၏။ (၂၆)

အာယသ်တော်၏ အကြောင်းအရာ

စူရဟ် နူရ် အာယသ်အမှတ် ၁၁ မှ ၂၆ အထိသည် ၊ လူတစ်စုသည် မွတ်စလင်မ် အမျိုးသမီးတစ်ဦးကို ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု လုပ်ဇတ်ခင်း၍ မတော်မတရား စွပ်စွဲခြင်း အကြောင်း ပြောဆိုထားခြင်း ဖြစ်ပြီး အရှင်မြတ်သည် ထိုသို့ မတော်မတရား စွပ်စွဲ‌ေပြာဆိုကြသူများကို ရှုတ်ချထားလေသည်။ (1) အလ်မီဇာန် သဖ်စီးရ် ကုရ်အာန်အလင်းဖွင့်ဆိုသည့် စာအုပ်ရေးသားသူ မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီ၏ အဆိုအရ၊ ဤအာယသ်တော်မှ သိရသည်မှာ စွပ်စွဲခံရသူသည် တမန်တော်မြတ်(ဆွ) ၏ အိမ်သူအိမ်သား အနက်မှ ဖြစ်ပြီး မတော်မတရား စွပ်စွဲသူသည် လူထုအနက်မှ ဖြစ်ပေသည်။ (2) အရှင်မြတ်သည် ဤအာယသ်တော်၌၊ လုပ်ဇတ်ခင်း၍ မတော်မတရား စွပ်စွဲကြသူများကို ကြီးမားသော အပြစ်ထိုက်သည် ဟူ၍ ခြိမ်းခြောက်ပြောဆိုထားပြီး မိုအ်မင်န် များကိုလည်း ထိုသို့ ကောလဟာလ မဟုတ်မမှန်သည့် သတင်းများကို သက်သေအထောက်အထား မရှိ မစူးစမ်း မလေ့လာဘဲ လက်ခံလိုက်သည့် အတွက်ကြောင့် ပြစ်တင်ပြောဆိုထားသည်။ (3) ပညာရှင်အချို့သည် ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား စွပ်စွဲခြင်း အကြောင်းအရာကို တမန်တော်မြတ်၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အရေခြုံများ၏ အခြေခံအကျဆုံးသော အတွင်းရေး ပူးပေါင်းကြံစည်မှု အဖြစ် ဖော်ပြခဲ့ကြသည်။ ထို့အပြင်၊ အရှင်မြတ်သည် အာယသ်-သေ-အိဖ်က် အား ကျရောက်စေခြင်းဖြင့် ၊ တမန်တော်မြတ်(ဆွ) ၏ ရေစာလသ် နဗူဝသ် အရိုက်အရာမှ ကာကွယ်ပေးခဲ့သည် ဟူ၍ ‌ဆိုထားကြသည်။ (4)

အာယသ်တော် ကျရောက်ရသည့် အကြောင်းအရင်း

အာယသ်-သေ-အိဖ်က် ကျရောက်ရသည့် အကြောင်းအရင်း နှစ်ခုကို ဖော်ပြထားသည်။ အာ‌ယေရှာ အား မဒီနာရှိ အရေခြုံများမှ လုပ်ဇတ်ခင်း၍ မတော်မတရား စွပ်စွဲပြောဆိုခြင်း : ထိုဖော်ပြချက်အရ၊ ကာမေသုမိစ္ဆာစာရ ကျူးလွန်သည်ဟု မတော်မတရား စွပ်စွဲခြင်း အကြောင်းအရာသည် မွတ်စ်လင်မ်များ ဗနီမုဆ်ွသွလိက် စစ်ပွဲ (ဟီဂျရီ ငါးရာစု) မှ ပြန်ရောက်လာသည့်အချိန် ဖြစ်သည် (5) သို့မဟုတ် ဟီဂျရီ ခြောက်ရာစု (6) ၌ ဖြစ်ပွားခဲ့သည်။ (7) မုဟမ္မဒ် ဂျဝါဒ် မဂ်နီယဟ်၏ အဆိုအရ၊ ဟီဂျရီ ၁၄ ရာစု ရှီအာ သဖ်စီးရ်ပညာရှင်များ ၊ များစွာသော သဖ်စီးရ် ပညာရှင်များ နှင့် သမိုင်းသုတေသီများသည် ထိုဖော်ပြချက်ကို ဤအာယသ်တော် ကျရောက်ရသည့် အကြောင်းအရင်း ဖြစ်သည်ဟူ၍ လက်ခံထားကြသည်။ (8) မာရီယဟ် ကိဗ္ဗ်သွီယဟ် အား အာယေရှာမှ လုပ်ဇတ်ခင်း၍ မတော်မတရား စွပ်စွဲပြောဆိုခဲ့ခြင်း : အေမာမ်ဘာကဲရ်(အစ) ထံမှ ကောက်နုတ်ထားသည့် အလီဗင်န် အိဗ်ရာဟီးမ် ကွမ်းမီ၏ ရေဝါယသ် အရ၊ အာယေရှာသည် မာရီယဟ် ကိဗ္ဗ်သွီယဟ်အား ဂျရီးဟ်ကိဗ်သွီ အမည်ရှိသူနှင့် တရားမဝင် အတူနေထိုင်ကာ ကာမေသုမိစ္ဆာစာရ ကျူးလွန်သည် ဟူ၍ မတော်မတရား စွပ်စွဲပြောဆိုခဲ့လေသည်။ (9) ရှီအာ အိုလမာ ပညာရှင်များ၏ အဆိုအရ၊ မကြာသေးမီကာလများက ပညာရှင်များသာလျှင် ဤအာယသ်တော်ကို မာရီယဟ် အကြောင်းအရာ နှင့်ပတ်သက်ပြီး ကျရောက်ခဲ့သည် ဟူ၍ ယူဆခဲ့ကြသည်။ (10) ထိုအိုလမာ ပညာရှင်များမှာ စိုင်ယိဒ် အဘုလ်ကာစင်မ် ခူဝီ (11) ၊ စိုင်ယိဒ် ဂျအ်ဖဲရ် မုရ်သဇွာ အာမိလီ (12) နှင့် စိုင်ယိဒ် မုရ်သဇွာ အစ်ကရီ တို့ ဖြစ်နိုင်သည် ဟူ၍ အမည်ဖော်ပြထားသည်။ (13) သို့သော် ရှီအာ နှင့် စွန္နီ တို့၏ ကျမ်းကိုးများတွင် ၊ မာရီယဟ် အကြောင်းအရာကို ဖော်ပြထားသည်။ ဥပမာ ၊ အမာလီယေ စိုင်ယိဒ်မုရ်သဇွာ (14) အလ်ဟိဒါယသုလ် ကုဗ်ရာ (15) ၊ ဆွဟီးဟ် မွတ်စ်လင်မ် (16) နှင့် မုစ်သဒ်ရကု အလလ် ဆွဟီဟိုင်းန် (17) တို့၌ဖြစ်သည်။ သို့သော် ထိုကျမ်းကိုးများ အားလုံး၌ မာရီယဟ် အဖြစ်အပျက်ကို ဖော်ပြထားခြင်း မရှိပေ။ (18)

ကျရောက်သည့် အကြောင်းအရာ နှစ်မျိုးစလုံးကို ခြေပခြင်း

ကျရောက်သည့် အကြောင်းအရာ တစ်ခုချင်းစီတိုင်း၌ စောဓကများ နှင့် အားနည်းချက်အချို့ ရှိနေပေသည် ။ ဥပမာ ၊ အထူးသဖြင့် အာယေရှာ နှင့်ပတ်သက်ပြီး ဖော်ပြထားသည့် အကြောင်းအရာတွင် ၊ တမန်တော်မြတ်သည် မိမိ၏ ဇနီးမယားများကို စစ်ပွဲများတွင် ခေါ်ဆောင်သွားလေ့ မရှိပေ ဟုဆိုထားသည်။ (19) ထို့အပြင် အဲဟ်လေစွန္နသ် တို့၏ ဖော်ပြချက်အရ ၊ တမန်တော်မြတ်သည် အာယေရှာကို သံသယ ဖြစ်လာခဲ့သည်။ သို့သော် ထိုအရာသည် တမန်တော်မြတ်၏ အပြစ်ကင်းစင်မှု အရိုက်အရာနှင့် ကိုက်ညီမှု မရှိပေ။ (20) စိုင်ယိဒ် ဂျအ်ဖဲရ် မုရ်သဇွာ သည် ထိုအကြောင်းအရာကို အတုအယောင်ဟု ယူဆထားပြီး ထိုသို့ ဖန်တီးလုပ်ကြံ ဇတ်ခင်းသူများ၏ ရည်ရွယ်ချက်မှာ အာယေရှာအတွက် သာလွန်မြင့်မြတ်မှုကို ဖန်တီးရန် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (21) မာရီယဟ် အဖြစ်အပျက် နှင့်ပတ်သက်၍လည်း စောဓကများ လာရှိထားသည်မှာ အာယသ်-သေ-အိဖ်က် မှ သိရသည်မှာ လုပ်ဇတ်ခင်း၍ စွပ်စွဲပြောဆိုသူများသည် အုပ်စုတစ်စု ဖြစ်သည် သို့သော် ဤရေဝါယသ်၌ ၊ အာယေရှာ တစ်ယောက်တည်းကိုသာလျင် စွပ်စွဲပြောဆိုသူ ဟူ၍ ဖော်ပြထားသည်။ (22) ထို့အပြင်၊ ဤရေဝါယသ်အား ဂရုပြုခြင်းအားဖြင့် ၊ တမန်တော်မြတ်သည် ဂျရီးဟ် ဆိုသူအား သတ်မိန့် ပေးထားလသည်ဟု သုံးသပ်ကာ စွပ်စွဲခံရသူအား သတ်ဖြတ်ရန် အမိန့်ပေးခြင်းသည် ပြဿနာ၏ မှန်ကန်မှုကို မသံာစမ်း မစစ်ဆေးဘဲ တမန်တော်မြတ် ဘက်မှ အမိန့်ပေးရန် ဖြစ်နိုင်ခြေ မရှိပေ ဟူ၍ ဆိုထားသည်။ နောက်ဆုံးတွင်၊ ထိုသို့သော အပြစ်အတွက် ပြစ်ဒဏ်သည် လူတစ်ဦးတစ်‌ေယာက်ကိုသာ သတ်ရန်မဟုတ်ပေ။ (23) ဤပြဿနာ စောဓကများကို ဂရုပြုခြင်းအားဖြင့် ၊ အချို့သော သဖ်စီးရ် ပညာရှင်များ ဥပမာ မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီ (24) ၊ စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် ဖက်ဇ်ွလုလ္လာဟ် (25) မကာရင်မေရှီရာဇီ (26) နှင့် ဂျအ်ဖဲရ် စု‌ဗ္ဗ်ဟနီ (27) တိုဘသည် ကျရောက်ရသည့် အကြောင်းအရင်း နှစ်မျိုးစလုံးကို ငြင်းပယ်ထားသည်။ အချို့များ သည်လည်း ၊ ဤအာယသ်သည် ထိုနှစ်ဦး မဟုတ်သည့် အခြားသူနှင့် ပတ်သက်ပြီး ကျရောက်ခဲ့သည် ဟူ၍ ဆိုထားသည်။ (28) စိုင်ယိဒ်အလီ ခါမေနအီ ယုံကြည်ထားသည်မှာ ၊ အာယသ်သေအိဖ်က် ၌လာရှိထားသည့် အကြောင်းအရာသည် ၊ လူ့အဖွဲ့အစည်းအတွက် အလွန်အရေးကြီးသော အကျင့်စာရိတ္တ နှင့်ပတ်သက်ပြီး လာရှိထားသည်ဟူ၍ ယူဆထားကာ စွပ်စွဲခံရသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖော်ထုပ်အတည်ပြုခြင်းသည် လွဲမှားသောအရာ ဖြစ်သည် ။ ထို့အပြင် ဤအကြောင်းအရာသည် လူအဖွဲ့အစည်း နှင့်သက်ဆိုင်ပြီး ယင်းအား တစ်ဦးတစ်ယောက်ကိုသာ ပတ်သက်မှု မပေးသင့်ပေ ဟူ၍ ဆိုထားလေသည်။(29)