အာယသ်(သေ)အာမနရ်ရစူလ်

wikishia မှ

အာယသ်(သေ)အာမနရ်ရစူလ်(အာရဗီ-آیه آمَنَ الرّسول) ဟူသည် (စူရဟ် ‌ဗက္က်ရာ အာယသ် ၂၈၅_၂၈၆) ဖြစ်ပြီး အရှင်မြတ်အပေါ် အီမာန် သက်ဝင်ယုံကြည်ခြင်း၊ တမန်တော်များအပေါ် သက်ဝင်ယုံကြည်ခြင်း၊ ၊ ကေယာမသ် ပြန်လည်ရှင်ထမြောက်မည့်နေ့အား အီမာန် သက်ဝင်ယုံကြည်ခြင်း၊ အရှင်မြတ်၏ ခဝတ်ကိုးကွယ်မှု ဆိုင်ရာ ရပိုင်ခွင့် လိုက်နာခြင်း၊ မိုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးသားထဲ၌ အီမာန် သက်ဝင်ယုံကြည်မှုရှိခြင်း နှင့် လက်တွေ့ကျင်ဆောင်ခြင်း၊ အရှင်မြတ်၏ ခွင့်လွှတ်ပလပ်မှု နှင့် ဖန်ဆင်းခံများအား ၎င်းတို့ တတ်စွမ်းနိုင်သည်ထက် ပို၍ တာဝန်ဝတ္တရားများကို မပေးဆောင်ခြင်း စသည့် အကြောင်းအရာများကို ဖော်ညွှန်းပေသည်။ သဖ်စီးရ် ပညာရှင်များ၏ အဆိုအရ ၊ ဤအာယသ်သည် မဠတ်စ်လင်မ်များကို စိတ်နှလုံးသား၌ ယုံကြည်မှုပေးစွမ်းခြင်း နှင့် အရှင်မြတ်အား သက်ဝင်ယုံကြည်ရန် လမ်းစဉ်ကို ညွှန်းကြားပြသပေးသည့် အာယသ်ဖြစ်သည်။

အာယသ် သေ အာမနရ်ရစူလ် 

မဟဲရ်နာဇ် ကုရ်ဘာန်ပူးရ်၏ ရေးသားခဲ့သည့် အာယသ် သေ အာမနရ်ရစူလ် အာယသ်၏ အချက်အလက်များ အာယသ်အမည် အာမနရ်ရစူလ် လာရှိထားသည့် စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၈၅ နှင့် ၂၈၆ ဂျွဇ်အ် (အစောင်)) ၃ အကြောင်းအရာ အချက်အလက် ကျရောက်ရသည့် အကြောင်းအရင်း ဆွဟာဘာများကို နှစ်သိမ့်ရန် နှင့် သက်ဝင်ယုံကြည့်သည့် လမ်းစဉ်ကို ညွှန်းကြားပြသပေးရန် ကျရောက်သည့် နေရာ မဒီနာ ခေါင်းစဉ် ယုံကြည်ချက် အကြောင်းအရာ အရှင်မြတ်အား ခဝတ်ကိုးကွယ်သည့် နည်းလမ်းများ ၊ အရှင်မြတ် ၊ တမန်တော်များ နှင့် ကေယာမသ်နေ့ အား အီမာန် သက်ဝင်ယုံကြည်ခြင်း အခြားသော အကြောင်းအရာ အစ္စလာမ် သာသနာသည် လွယ်ကူရိုးရှင်းသော သာသနာ ဖြစ်ပြီး ဖန်ဆင်းခံများအား ၎င်းတို့ တတ်စွမ်းနိုင်သည် ထက်ပို၍ တာဝန်များ မပေးအပ်ခြင်း ဤအာယသ်သည် မွတ်စ်လင်များ အလွန်အလေးအနက် ထားကြသော အာယသ်တော် ဖြစ်သည်။ ရှီအာ နှင့် စွန္နီ ရေဝါယသ်များ၌၊ ဤအာယသ်အား ညပိုင်း နှင့် အချို့သော မွတ်စ်သဟဘ် နမာဇ်များတွင် ဖတ်ရန် တိုက်တွန်းထားသည်။ အချို့သော ဗလီများတွင် အီရှာနမာဇ် ပြီးနောက် ဤအာယသ်တော်ကို ဖတ်ရွတ်ကြသည်။ အချို့ သဖ်စီးရ် ပညာရှင်များ၏ အဆိုအရ၊ စူရဟ် ဗက္က်ရာ၏ ‌အလုံးခြုံ ရည်ရွယ်ချက်များသည် ဤအာယသ်၌ ကိန်းအောင်းနေပေသည်။ ဤစူရဟ်၏ အစပိုင်း၌ပင် အသိတရားများ နှင့် ယုံကြည်ချက်များ ‌အပေါ် ထောက်ခံထားသည့် ‌အကြောင်းအရာများ လာရှိထားသည်။

စာသား နှင့် ဘာသာပြန်

آمَنَ الرَّسُولُ بِمَا أُنزِلَ إِلَيْهِ مِن رَّبِّهِ وَالْمُؤْمِنُونَ ۚ كُلٌّ آمَنَ بِاللَّـهِ وَمَلَائِكَتِهِ وَكُتُبِهِ وَرُسُلِهِ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّن رُّسُلِهِ ۚ وَقَالُوا سَمِعْنَا وَأَطَعْنَا ۖ غُفْرَانَكَ رَبَّنَا وَإِلَيْكَ الْمَصِيرُ ﴿٢٨٥﴾ لَا يُكَلِّفُ اللَّـهُ نَفْسًا إِلَّا وُسْعَهَا ۚ لَهَا مَا كَسَبَتْ وَعَلَيْهَا مَا اكْتَسَبَتْ ۗ رَبَّنَا لَا تُؤَاخِذْنَا إِن نَّسِينَا أَوْ أَخْطَأْنَا ۚ رَبَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرًا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِن قَبْلِنَا ۚ رَبَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ ۖ وَاعْفُ عَنَّا وَاغْفِرْ لَنَا وَارْحَمْنَا ۚ أَنتَ مَوْلَانَا فَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ ﴿٢٨٦﴾ ရစူလ်တမန်တော် နှင့် ယုံကြည်သူအားလုံးသည် အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာ စေတမန်များ၊ အရှင့်ကျမ်းတော်များ နှင့် အရှင့်ရစူလ်တမန်တော်များကို (ဖြူစင်စွာ) ယုံကြည်ကြ၍ ကျွန်ုပ်တို့သည် အရှင့်ရစူလ်တမန်တော်များ အနက်မှ မည်သည့်တမန်တော်ကိုမျှ တစ်ပါးနှင့်တစ်ပါးကြားဝယ် ခွဲခြားခြင်းမပြုဘဲ (ယုံကြည်လျှက်) တမန်တော်မြတ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်မှ ရစူလ်တမန်တော် (မုဟမ္မဒ်) အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်သမျှကို ယုံကြည်ကြသည်။ သူတို့က “(အရှင်မြတ် ချမှတ်ပေးအပ်သမျှနှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ ကြားနာကြပါ၏။ နာခံလိုက်နာကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အသနားခံလျှောက်တင်ပါ၏။ ကျွန်ုပ်တို့ဘဝ၏နောက်ဆုံးခရီးပန်းတိုင်မှာ အရှင့်ထံသို့သာ ဖြစ် (ကြောင်း သိနားလည်ကြပါ) ၏။” ဟု ပြောဆိုကြခဲ့သည်။ (၂၈၅) () အလ္လာဟ်အရှင်မြတ်သည် (စိတ်၊ ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေးနှင့် အစွမ်းအစများ သို့မဟုတ်) မည်သူ့ကိုမျှ (ယင်း သို့မဟုတ်) ၎င်း၏ အစွမ်းအစနှင့် အညီမှအပ (တာဝန်ယူမှု၊ တာဝန်ခံမှု၏) ဝန်ထုပ်ဝန်ပိုးတို့ကို ထမ်းရွက်စေတော်မမူပေ။ ယင်း၏ (ရည်ရွယ်ချက်၊ ကြံစည် မှုနှင့်အညီ) ပြုမူကျင့်ကြံလုပ်ဆောင်၍ ရှာမှီးရယူသမျှသည် ယင်းတို့အတွက်သာ ဖြစ်ပြီး ထိုသို့ပြုမူကျင့် ကြံလုပ်ဆောင်သမျှအတွက်သာ ယင်းအပေါ်၌ (အစစ်ဆေးခံရန်) တာဝန်ရှိ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (အကယ်၍ ကျွန်ုပ်တို့က တာဝန်ကျေပွန်ရန်) မေ့လျော့ခဲ့သည်ဖြစ်စေ၊ သို့တည်းမဟုတ် ချွတ်ချော်မှားယွင်းမိသည်ဖြစ်စေ (ယင်းတို့အတွက်) ကျွန်ုပ်တို့အား အရေးယူတော်မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့ မတိုင်မီ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူတို့ (၏ပခုံးများအ) ပေါ် (ကြီးလေးသော တာဝန်ဝတ္တရား ဝန်ထုပ်များအား) ထမ်းဆောင်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့အပေါ်၌လည်း ထမ်းဆောင်စေတော် မမူပါနှင့်။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏စွမ်းရည်စွမ်းပကားဖြင့် မတတ်စွမ်း၊ မဆောင်ရွက်နိုင်သည့်အရာအား ထမ်းရွက်စေတော်မမူပါနှင့်။ ကျွန်ုပ်တို့ထံမှ (ကျွန်ုပ်တို့၏ချွတ်ချော်မှားယွင်းမှုများကို) ဥပေက္ခာပြုတော်မူလျှက် ကင်းလွတ်စေတော်မူ၍ ဖယ်ရှားပေး သနားတော်မူပါ။ ကျွန်ုပ်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်စေတော်မူပါ။ ကျွန်ုပ်တို့အပေါ် အရှင့်ကရုဏာတော် သက်ရောက်စေတော်မူပါ။ အသင်အရှင်မြတ်သည် ကျွန်ုပ်တို့၏အုပ်ထိန်းစောင့်ရှောက်သူ ဖြစ်တော်မူသည့်အပြင် ကျွန်ုပ်တို့အား မယုံကြည်သော (အမှန်တရားကိုဖီဆန်ငြင်းပယ်သော) လူမျိုးတို့အပေါ် (လွှမ်းမိုးနိုင်ရန်) ကူညီစောင်မတော်မူပါ။( (၂၈၆)

မြင့်မြတ်မှု နှင့် အကြောင်းအရာ

စူရဟ် ဗက္က်ရာ အာယသ်အမှတ် ၂၈၅ နှင့် ၂၈၆ တို့၏ အစ၌ «آمَنَ الرَّسُولُ» ဟူသော စာသားဖြင့် အစပြုထားသောကြောင့် ယင်းအာယသ်အား အာယသ် သေ အာမနရ်ရစူလ် ဟူ၍ ခေါ်ဝေါ်ကြသည်။ (1) ထိုအာယသ် နှစ်ခု၏ မြင့်မြတ်မှု နှင့်ပတ်သက်ပြီး ၊ ရှီအာ (2) နှင့် သွန္နီ (3) ကျမ်းကိုးများ၌ လာရှိထားသည်။ ဥပမာ ၊ တမန်တော်မြတ် (ဆွ ထံမှ ကောက်နုတ်ကိုးကားထားသည်မှာ ၊ စူရဟ် ဗက္က်ရာ၏ နောက်ဆုံးအာယသ် နှစ်ခုသည် အရ်ရှ် ပုလ္လင်တော်၏ အောက်ဖြားမှ တန်းဖိုးရှိသော ရတနာ ဖြစ်သည်။ (4) ထို့အပြင် အချို့ မွတ်စ်သဟဘ် နမာဇ်များ(5 (5) နှင့် ညပိုင်း ၊မအိပ်စက်မီ (6) ဤအာယသ်အား ဖတ်ရွတ်ရန် တိုက်တွန်းထားသည်။ အဲဟ်လေစွနီနသ်တို့၏ ကျမ်းကိုးများတွင် ၊ အ‌ဗ္ဗ်ဒုလ္လာဟ် ဗင်န် အိုမရ် သည် တမန်တော်မြတ် ဆွ ထံမှ ကောက်နုတ်ကိုးကားထားသည့် ရေဝါယသ်အရ၊ အီရှာ နမာဇ် နှင့် နမာဇေရှက်ဗ် ပြီးနောက် ဤအာယသ်အား နှစ်ကြိမ် ဖတ်ရွတ်ခြင့်ဖြင့် လုံလောက်ပေသည်။ (7) အချို့သော ဗလီများတွင် အီရှာနမာဇ်အား ဂျမာအသ်ဖြင့် ဖတ်ပြီးနောက် ၊ ဤအာယသ်ကို ဖတ်ရွတ်လေသည်။ (8) အီဂျစ် သဖ်စီးရ် ပညာရှင် စိုင်ယိဒ် ကုသ်ွဗ် ယုံကြည်ထားသည်မှာ ၊ စူရဟ် ဗက္က်ရာ၏ ယေဘူယျ ရည်ရွယ်ချက်များသည် အရှင်မြတ် ၊ ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ခြင်း ၊ တမန်တော်များ နှင့် ၎င်းတို့၏ ကျမ်းစာအုပ်များ အပေါ် သက်ဝင်ယုံကြည်ခြင်း၊ ကေယာမသ် ပြန်လည်ရှင်ထမြောက်မည့်နေ့အား သက်ဝင်ယုံကြည်ခြင်း နှင့် အရှင်မြတ်ထံတော်မှ ခွင့်လွှတ်ပလပ်ခြင်းကို ရှာဖွေခြင်း တို့သည် ဤအာယသ်တော်နှစ်ခု၌ ကိန်းအောင်းနေပေသည်။ (9) ထို့ကြောင့်၊ အာယသ်တော်၏ အကြောင်းအရာသည် စူရဟ် ဗက္က်ရာ၏ အစပိုင်း၌ အစပျိုး လာရှိထားသည့် အစ္စလာမ့်သွန်သင်ချက်များနှင့် ယုံကြည်ချက် အချိုု့ကို အလေးပေးထားသည် ဟူ၍ ယူဆထားသည်။ (10) စိုင်ယိဒ် မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီ သည်လည်း ဤအာယသ်နှစ်ခုသည် စူကဟ် ဗက္က်ရာတွင် ရှင်းလင်းဖွင့်ဆိုထားသည့် အကျဉ်းချုပ် အကြောင်းအရာများ ကဲ့သို့ပင် ဖြစ်သည် ဟူ၍ ယုံကြည်ထားသည်။ (12) ၎င်း၏ ရှုထောင့်တွင်၊ စူရဟ် ဗက္က်ရာသည် သက်ဝင်ယုံကြည်သူ (အကွယ်ကို သက်ဝင်ယုံကြည်သောသူ ၊ နမာဇ်ဖတ်ရွတ်သူ ၊ ပေးကမ်းစွန့်ကြဲသူ .. ) စသည့်တို့ဖြင့် အစပြုထားလေသည်။ ဆက်လက်ပြီး အဲဟ်လေကိသာဘ် တို့၏ ခေါင်းမာမှု ၊ အထူးသဖြင့် အမှန်တရားကို ဆန့်ကျင်ပြီး ဂျူးလူမျိုးများ၏ ခေါင်းမာမှုနှင့် ပုန်ကန်မှုတို့ နှင့် ထိုအရာများ၏ ပြစ်ဒဏ်အမျိုးမျိုး နှင့် ဘေးဆိုးအမျိုးမျိုးကို ဖော်ပြထားသည်။ စူရဟ်၏ နောက်ဆုံးတွင် တမန်တော်မြတ် ဆွ နှင့် အီမာန် သက်ဝင်ယုံကြည်သူများသည် အဲဟ်လေကိသာဘ် တို့နှင့် မတူပဲ အမှန်တရားကို လက်ခံပြီး မိမိတို့၏ မတတ်စွမ်းနိုင်မှုအပေါ် အသိအမှတ်ပြုကြောင်း ရှင်းပြထားသည်။ (11)

ကျရောက်သည့် အကြောင်းအရင်း

ဤအာယသ် ကျရောက်သည့် အကြောင်းအရင်း နှင့်ပတ်သက်ပြီး ဆိုထားကြသည်မှာ ၊ စူရဟ် ‌ဗက္က်ရာ အာယသ်အမှတ် ၂၈၄ သည် အောက်ပါ အကြောင်းအရာ အပေါ် အခြေခံပြီး ကျရောက်လာသည့်အခါ၊

သင်တို့၏စိတ်နှလုံးများ၌ (ကြိုတင်ကြံစည်၍ ရည်ရွယ်လျှက် ယင်းကို လူသိရှင်ကြား) ထုတ်ဖော်ဖွင့်ချသည်ဖြစ်စေ သို့တည်းမဟုတ် လျှို့ဝှက်ထိန်ချန်ထားသည်ဖြစ်စေယင်း (တို့) နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်က သင်တို့အား စစ်ဆေးမေးမြန်းပြီး စီရင်တော်မူလိမ့်မည်။ (၂၈၄)

ဆွဟာဘာများ အနက်မှ အုပ်စုတစ်စုသည် မိမျတို့သည်လည်း ရှေးယခင် အွမ္မသ်များကဲ့သို့ ပုန်ကန်မည်ကို ကြောက်ရွံစိုးရိမ်လာခဲ့ကြသည်။ ထို့ကြောင့် တမန်တော်မြတ် ဆွ အား လျှောက်ထားကြသည်မှာ ၊ “ ကျွန်ုပ်တို့ အားလုံးအနက်မှ မည်သူမှ စိတ်၏ နှောက်ယှက်မှု နှင့် အမှားများ ကျူးလွန်ခြင်းမှ မကင်းစင်ကြပေ။” ထိုအခါ အထက်ပါ အာယသ် (၂၈၅ နှင့် ၂၈၆) ကျရောက်ခဲ့ပြီး ၎င်းတို့အား အီမာန် သက်ဝင်ယုံကြည်ခြင်း လမ်းစဉ်၊ အရှင်မြတ် ထံတော်၌ ခွင့်လွှတ်ပလပ်မှု နှင့် ဝန်ချတောင်းပန်မှုအား တောင်ခံသည့် နည်းလမ်း နှင့် အရှင်မြတ်၏ အမိန့်တော်အား နာခံလိုက်နာခြင်း လမ်းစဉ်များကို သင်ကြားပေးခဲ့သည်။ (12)

အလင်းဖွင့်ဆိုရှင်းမှု၏ အချက်အလက်များ

အာယသ် သေ အာမနရ်ရစူလ် ၏ အချို့သော အလင်းဖွင့်ဆိုရှင်းမှု၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်၊ မိုအ်မင်န် သက်ဝင်ယုံကြည်သူများသည် တမန်တော်များ ယူဆောင်လာသည့် အရာအားလုံးကို ၎င်းတို့အကြား မည့်သည့် ကွဲပြားမှုများ မရှိပဲ လက်ခံကြသည်။ (13) တမန်တော်များ၏ အခွင့်ထူးများထဲမှ တစ်ခုမှာ ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ သာသာ သာသနာကို ယုံကြည်ပြီး ၎င်းတို့၏ ယုံကြည်ချက်များကို မတွန့်ဆုတ်ခြင်း ပင်ဖြစ်သည်။ ၎င်းတို့သည် အားလုံး ထက်အရင်၊ အရှင်မြတ်ထံမှ ယူဆောင်လာသော အရာများကို သက်ဝင်ယုံကြည်မှု ရှိကြပြီး အားထက်ပို၍ ၎င်းတွင် ဇွဲလုံ့လအရှိဆုံး ဖြစ်သည်။ (14) အရှင်မြတ် ပေးအပ်သော တာဝနများသည် လူသားများ တတ်စွမ်းနိုင်သည်ထက် မပိုပေ။ ဤအာယသ်များဖြင့်၊ အဲဟ်ကာမ် ဥပဒေသများကို ချည်နှောင်ထားသည်။ (15) «سَمِعْنَا وَأَطَعْنَا» ဟူသော စကားစုမှ ကောက်နုတ်နိုင်သည်မှာ သက်ဝင် ယုံကြည်သူများသည် ၎င်းတို့၏ တာဝန်များကို နှလုံးသားဖြင့် လှိုက်လှိုက်လှဲလှဲယုံကြည်ခြင်း နှင့် လက်တွေ့ကျသောနာခံမှုဖြင့် ထမ်းဆောင်ကြသည်။ (16) ဤအာယသ်သည် အရှင်မြတ်၏ ရပိုင်ခွင့်သည် ဖန်ဆင်းခံများအပေါ် မူတည်ပြီး ဖန်ဆင်းခံ၏ ရပိုင်ခွင့်သည် အရှင်မြတ်အပေါ် မူတည်ကြောင်း သက်သေပြုပေသည်။ အရှင်မြတ်၏ ရပိုင်ခွင့်သည် ဖန်ဆင်းခံများအပေါ် မူတည်ပေသည်။ ထို့နောက် ဖန်ဆင်းခံများအား ခွင့်လွှတ်ပေးခြင်းသည် အရှင်မြတ်မှ မိမိကိုယ်ကို ဝါဂျီဘ် အဖြစ် သတ်မှတ်ထားသည့် ရပိုင်ခွင့် ဖြစ်သည် ။ (17) ]