အာယသ်သေ အစ်ရာအ်

wikishia မှ

အာယသ်သေ အစ်ရာအ် (အရဘီ : آية الإسراء) သည် စူရဟ် အစ်ရာအ် ၏ ပထမဆုံး အာယသ်တော် ဖြစ်ပြီး တမန်တော်မြတ် (ဆွ) ၏ မေအ်ရာဂျ် အကြောင်း နှင့်ပတ်သက်ပြီးကျရောက်ထားခြင်းဖြစ်ပါသည်။ ဤအာယသ်တော် အရ တမန်တော်မြတ်(ဆွ)အား မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် မှ မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ အထိ ညအချိန်တွင် ခေါ်ဆောင်သွားခြင်းဖြစ်ပါသည်။ မေအ်ရာဂျ်၏ ရည်ရွယ်ချက်မှာ တမန်တော်မြတ်(ဆွ) အား အလ္လာဟ် ဟိုအရှင်မြတ် ၏ နိမိတ်လက္ခဏာတော်များ၏ ကြီးမြတ်မှုကို ပြသရန်ဖြစ်ပါသည်။ ဤအာယသ် တော် အရ တမန်တော်မြတ် (ဆွ) ၏မေအ်ရာဂျ် ကိုယ်ခန္ဓာဖြင့်သွားရောက် ထားသည့် မေအ်ရာဂျ် ဖြစ်ပြီး မော်အ်ဂျေဇဟ် ဖြစ်ကြောင်းကို နားလည်နိုင်ပါသည်။

မိတ်ဆက်

မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် မှ မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ အထိ တမန်တော်မြတ် (ဆွ) ၏ ခရီးစဉ်ဖြစ်ရပ်ကို ရည်ညွှန်းသော စူရဟ် အစ်ရာအ် ၏ ပထမဆုံး အာယသ်တော် ဖြစ်ပြီး အာယသ်သေ အစ်ရာအ် ဟုခေါ်ဆိုပါသည်။ [1]

سُبْحَانَ الَّذِی أَسْرَی بِعَبْدِهِ لَیْلًا مِّنَ الْمَسْجِدِ الْحَرَامِ إِلَی الْمَسْجِدِ الأَقْصَی الَّذِی بَارَکْنَا حَوْلَهُ لِنُرِیَهُ مِنْ آیَاتِنَا إِنَّهُ هُوَ السَّمِیعُ البَصِیرُ﴿۱﴾

အဓိပ္ပာယ် -အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည်။ ထိုအရှင်မြတ်သည် တစ်ည၌ အရှင်မြတ်၏ ကျေးကျွန်(ဖြစ်သူ တမန်တော်မိုဟမ္မဒ်(ဆွ)အား မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် မှ ထိုကျွန်အား ငါအရှင်မြတ်၏ အချို့လက္ခဏာများကို ပြသရန်အတွက် မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ အထိ ခေါ်ဆောင်သွားတော်မူခဲ့ပါသည်။ ငါအရှင်မြတ်သည် ထိုမတ်စ်ဂျစ်ဒ် ဝတ်ကျောင်းတော်၏ ပတ်ဝန်းကျင်ကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံစေတော်မူခဲ့ပါသည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူ သောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။

ရှာနေနိုဇူလ် (အာယသ်တော် ကျရောက်ရသည့် သမိုင်း အဖြစ်အပျက်)

ပင်မဆောင်းပါး- : မေအ်ရာဂျ်

ဤအာယသ်တော် သည် တမန်တော်မြတ်(ဆွ) ၏ မက္ကဟ် မြို့ မှ ဘိုက်သိုလ်မိုကဒတ်စ် (ယေရုရှလင်မြို့) သို့ ခရီး ထွက်ခွာသွားခြင်းအကြောင်း ဖော်ပြထားသည့် အာယသ်‌တော်ဖြစ်ပါသည်။ [2 ဟီဂျရီ ]၆ရာစု နှစ်၏ သဖ်စီးရ် ပညာရှင် တစ်ပါး ဖြစ်သည့် ရှိက်ခ် သူစီ ၏ အဆိုအရ တမန်တော်မြတ် (ဆွ)သည် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် တွင် နမာဇ်ဇေမဂ်ရိဗ် နှင့် အေရှာ နမာဇ် အား ဝတ်ပြုတော်မူပြီးနောက် မေအ်ရာဂျ် ကို စတင်ခဲ့ပါသည်။ ၎င်းညတွင်သာပြန်ကြွလာပြီး နမာဇ်ဇေဆိုဗ် အား မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် တွင် ဝတ်ပြုခဲ့သည်ဟု ဆိုထားပါ သည်။ ဤခေါင်းစဥ်သည် မွတ်စလင်မ်များ အားလုံးတွင် တစ်ညီတစ်ညွတ် တည်းလာရှိပြီး အချို့ ဆွဟာဗဟ်များ ပမာအားဖြင့် အစ်ဗ်နေအဘာစ် ၊အစ်ဗ်နေမတ်စ်အူးဒ် ၊ ဂျဘေရ်ဘင်န် အဗ်ဒိုလ္လာဟ် နှင့် ဟိုဇိုက်ဖဟ် တို့မှ ဆင့်ပြန်လာရှိပါသည်။ [3]

ဤအာယသ်တော် အောက်တွင် သဖ်စီးရ် ပညာရှင် များသည် တမန်တော်မြတ်ကြီး(ဆွ)၏ မေအ်ရာဂျ် ခရီးစဥ် ၏ အချိန်၊ နေရာနှင့် အသွင်အပြင်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ [4]

မေအ်ရာဂျ် သည် မိုအ်ဂျေဇဟ် (အံ့ဖွယ်တန်ခိုး) ဖြစ်ကြောင်း အပေါ် အာယသ်သက်သေ

အချို့သော သဖ်စီးရ် ပညာရှင်များ က စူရဟ် အစ်ရာအ် ၏ အာယသ်တော်အား တမန်တော်မြတ် (ဆွ) ၏ အံ့ဖွယ် တန်ခိုး အမှုများထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့ကြပါသည်။ [5] ဂျအ်ဖရ်စိုဗ်ဟာနီ အနေဖြင့် သဖ်စီးရ် မန်ရှုရ် ဂျာဝီးဒ် တွင်ရေးသားတင်ပြထားသည်မှာ တမန်တော်မြတ် (ဆွ) ၏ မေအ်ရာဂျ်ညခရီးစဥ် သည် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် မှ မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ အထိ ဖြစ်ပြီး တမန်တော်မြတ် (ဆွ) ၏ အံ့ဖွယ် တန်ခိုး အမှုများထဲမှ တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ် ကိရိယာများ မပါဘဲသွားခဲ့ခြင်း ဖြစ်ပါသည်။ ဤသည် အံ့ဖွယ်တန်ခိုးဖြစ် ပြီး လူသားတို့၏ စွမ်းရည်ထက် ကျော်လွန်နေသောလုပ်ရပ်ဖြစ်ပါသည်။ [6] ရှီယဟ် တွေးခေါ်ရှင် မိုရ်သဇာ မိုသွဟရီ (ကွယ်လွန်- အီရန် သက္ကရာဇ် ၁၃၅၈ခုနှစ် ) ၏ အဆို အရ ဤအာယသ်တော် သည် တမန်တော်မြတ် (ဆွ)အတွက် ပုံမှန်မဟုတ်သော ရုပ်ပိုင်းဆိုင်ရာခရီးကို အတိအလင်းဖော်ပြထားပါ သည်။

ကုလားအုတ်ခရီးသွားခြင်းပါ၀င်သည့် ကာလတစ်ခုအတွင်း ထိုကဲ့သို့သော ခရီးသည် အံ့ဖွယ်တန်ခိုး တစ်ပါးမှလွဲ၍ အခြားမည်သည့်အရာမှ မဖြစ်နိုင်သောကြောင့်ဖြစ်ပါ သည်။ [7]သို့သော် အာယာသွလ္လာဟ် မကာရေမို ရှီးရာဇီး မှ အာယသ်တော်ဖြင့် ကိုယ်တော်မြတ် (ဆွ) ၏ မေအ်ရာဂျ် ခရီးစဥ် အား အံ့ဖွယ်တန်ခိုး အဖြစ် တိုက်ရိုက်သက်သေ ထူလိုမရကြောင်း ဤမေအ်ရာဂျ် ခရီးစဥ် နှင့်ပတ်သက်ပီုးလာရှိသည့် ရီဝါယသ်တော်များ ရှာနေနိုဇူလ် (အာယသ်တော် ကျရောက်ရသည့် သမိုင်း အဖြစ်အပျက်)တို့ကို အသုံးပြုပြီး မှ ကိုယ်တော်မြတ် (ဆွ)၏ အံ့ဖွယ် တန်ခိုးများ မှ ဖြစ်ကြောင်းဆိုနိုင်သည်ဟု ဆိုထားပါသည်။ [8]

မေအ်ရာဂျ် သည် ရုပ်ပိုင်း အရ ဖြစ်ကြောင်း အပေါ် အာယသ်သက်သေ

သဖ်စီးရ်ပညာရှင်များမှ ဤအာယသ်တော် ၏ အောက်တွင် မေအ်ရာဂျ် ခရီးစဥ်သည် ရုပ်ပိုင်း အရ သို့ နာမ်ပိုင်း အရဆိုပြီး ဆိုထားကြပါသည်။ အလာမဟ် သွဗါသွဗါယီ ( ကွယ်လွန် - အီရန် သက္ကရာဇ် ၁၃၆၀ ) အဆိုအရ သဖ်စီးရ် ပညာရှင် အများစု မှာ မေအ်ရာဂျ် ခရီးစဥ်သည် ရုပ်ပိုင်း ဖြစ်ကြောင်းကို လက်ခံထားသည်ဟု ဖြစ်ပါသည်။ [9] သို့သော် အလာမဟ်သွဗါသွဗါယီ ကိုယ်တိုင် ယုံကြည်လက်ခံသည်မှာ ဤအာယသ်တော် နှင့် စူရဟ် နဂျ်မ် ၏ အာယသ်တော် အမှတ် ၃ အရ ကိုယ်တော်မြတ် (ဆွ)၏ မေအ်ရာဂျ် ခရီးစဥ်သည် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် မှ မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ အထိ ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပြီး မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ မှ ကောင်းကင်သို့ ကြွမြန်း ခြင်းမှာ နာမ်ပိုင်း အရ ဖြစ်သည်ဟုဖြစ်ပါသည်။ [10] အာယာသွလ္လာဟ် မကာရေမိုရှီးရာဇီး ၏ အဆိုအရ "ဘေအဗ်‌ဒေဟီ "(အရဘီ - بِعَبْده) ဟူသော စကားလုံးသည် ဤ ခရီးတွင် တမန်တော်မြတ် (ဆွ) ၏ ကိုယ်ခန္ဓာဖြင့် လိုက်ပါသွားကြောင်း ဤစကားလုံးက ဖော်ပြသောကြောင့် တမန်တော်မြတ် (ဆွ၀ ၏ မေအ်ရာဂျ် ခရီးစဥ် မှာ ရုပ်ပိုင်းဆိုင်ရာဖြစ်ကြောင်း ဆိုလိုထားသည်ဟု ဖြစ်ပါသည်။ [11]ဂျအ်ဖရ်စိုဗဟာနီ ၏ အဆိုအရ အကယ်၍ ဤခရီးစဥ်သည် နာမ် ပိုင်း အရ ဖြစ်ပါက "ဘေအဗ်‌ဒေဟီ " ဆိုသည့်စကားလုံးနေရာတွင် "ဘေရူဟေဟီ "ဟု သုံးထားမည် ဖြစ်ကြောင်း ဆိုထားပါသည်။ [12]

တမန်တော်မြတ် (ဆွ) ၏ မေအ်ရာဂျ် ခရီးစဥ် ၏ ရည်ရွယ်ချက်

သဖ်စီးရ် ပညာရှင်များ ၏ အဆိုအရ «لنریه من آیاتنا» (လေနိုရီယဟူမင်န်အာယာသေနာ ) ဟူသော စကားစုသည် မေအ်ရာဂျ် ၏ ရည်ရွယ်ချက်ကို ရည်ညွှန်းနေပါသည်။ [13] မေအ်ရာဂျ်ခရီးစဥ် ၏ရည်ရွယ်ချက်မှာ တမန်တော်မြတ်(ဆွ)အား အလ္လာဟ် ဟို အရှင်မြတ် ၏ နိမိတ်လက္ခဏာတော်များကို ပြသရန်ဖြစ်သည်။ ဤသို့ဖြင့် ကိုယ်တော်မြတ် (ဆွ) ရူဟ် (နာမ်၊ဝိညာဥ် ) သည် ကြီးကျယ်မြင့် မြတ်လာကာ လူသားများ ကို လမ်းပြရန် ပိုမိုပြင်ဆင်လာမည်ဖြစ်ပါသည်။ [14]သွဘရေစီ အနေဖြင့် မဂျ်မအိုဘယာန်း တွင် မက္ကဟ် မြို့ မှ ဘိုက်သိုလ်မိုကဒတ်စ် (ယေရုရှလင်မြို့) သို့ ခရီး ထွက်ခြင်း ထိုနေရာမှ ကောင်းကင်သို့ ကြွမြန်းခြင်း တမန်တော်များ (အ.စ) ကို တွေ့ခြင်းစသည်ဖြင့်တို့သည် ဤ မေအ်ရာဂျ် ခရီးစဥ် ၏ ရည်ရွယ်ချက်များ မှ ဖြစ်ပါသည်။ [15] ထို့အပြင် အာယသ်တော်လာ "မင်န်" ဟူသော စကားလုံးမှ ဤခရီးတွင် တမန်တော်မြတ် (ဆွ) သည် အလ္လာဟ် ဟိုအရှင်မြတ် ၏ ကြီးမြတ်ခြင်းလက္ခဏာအချို့ကို မြင်ခဲ့ပြီး အားလုံးကို မြင်ခဲ့သည် မဟုတ်ကြောင်း နားလည်နိုင်ပါသည်။ [16]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ