အာယသ်သေ ဘိုက်အသ်သေရေဇ်ဝါမ်းန်

wikishia မှ
 ဤဆောင်းပါးသည် အာယသ်သေ ဘိုက်အသ်သေရေဇ်ဝါမ်းန်အကြောင်းဖြစ်သည်။ ဤ ခေါင်းစဉ်နှင့် ပတ်သက်သည့် အကြောင်းအရာ  အချက်အလက်အတွက် ဘိုက်အသ်သေရေဇ်ဝါမ်းန် ဆောင်းပါး မူရင်း ကိုလေ့လာနိုင်ပါသည်။

အာယသ်သေ ဘိုက်အသ်သေရေဇ်ဝါမ်းန် (အရဘီ : آية بيعة الرضوان أو آية البيعة ) သို့မဟုတ် အာယသ်သေ ဘိုက်အသ် ( စူရဟ်ဖသ်ဟ် အာယသ်တော် အမှတ်၁၈ ) ဆိုသည်မှာ ဘိုက်အသ်သေရေဇ်ဝါမ်းန် တွင်ပါဝင်သည့် မိုအ်မင် အီမာန် သက်ဝင်ယုံကြည်သူများ အပေါ် အလ္လာဟ် ဟို အရှင်မြတ် မှ ကျေနပ်ကြောင်း ကြေငြာခြင်း ဖြစ်ပါသည်။ စွန်နီ ပညာရှင်များသည် ဤအာယသ် တော် အား အဒါလာသ်သေ ဆွဟာဗဟ် (ဆွဟာဗဟ်အား လုံးသည် တရား မျှတကြသည်၊ လူကောင်းများ ဖြစ်ကြသည်) ဆိုသည့် အမြင်အား သက်သေပြရန် အထောက် အထေား အဖြစ် အသုံးပြု ကိုးကား ကြပါသည်။ သို့သော် ဤအာယသ်တော် ပါ အလ္လာဟ် အရှင်မြတ် ၏ ကျေနပ်မှုသည် ဆွဟာဗဟ် များတွင် မားမားမတ်မတ် ရပ်တည်ပြီး မိမိတို့၏ ပဋိညာဉ် အပေါ် သစ္စာ ရှိသည့် ဆွဟာဗဟ်များ သာ ပါဝင်သည်ဟု ရှီအဟ် သဖ်စီးရ် ပညာရှင်များ မှ ယုံကြည်ကြပါသည်။ ရှီအဟ် သဖ်စီးရ် ပညာရှင် များအဆိုအရ စူရဟ်ဖသ်ဟ် အာယသ်တော် အမှတ် ၁၀ သည်ဤအာယသ်တော် အပြီး တွင်ကျ ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဤအာယသ်တော်တွင် အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မိုအ်မင်များ အား မိမိနှစ်မြို့ ကျေနပ်မှုအတွက် တမန်တော်မြတ် (ဆွ) အမိန့်တော်များ လိုက်နာကျင့်သုံးနာခံ ခြင်း နှင့် ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းမှ ရှောင်ကြဉ်ရန် ကို စည်းမျဥ်း အဖြစ် သတ်မှတ်ထားပါသည်။

အာယသ်သေ ဘိုက်အသ်သေရေဇ်ဝါမ်းန်အရ အလ္လာဟ်ဟို အရှင်မြတ် သည် ဘိုက်အသ်သေရေဇ်ဝါမ်းန် ပြုထားကြသည့် ကိုယ်ကျိုးစွန့် မိုအ်မင် (အီမာန်သက်ဝင်ယုံကြည်သူများ) အား ကြီးစွာသောဆုလာဘ်များ ပေးသနား တော်မူထားပါသည်။၎င်းဆုလာဘ်တော်များ တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေနပ်နှစ်မြို့မှု ၊ စိတ်ငြိမ်းချမ်းမှု နှင့် အောင်မြင်ခြင်းစွတ်ခူးရန် နီးကပ်နေမှု တို့ ဖြစ်ပါသည်။ထိုနည်းတူစွာ နောက်ဆက်တွဲ အာယသ်တော်တွင် စစ်ပွဲရ ပစ္စည်း အများ အပြားကို ပေးဆောင်မည်ဆိုသည့် ကတိကဝတ် ဖြစ်ပါသည်။ သဖ်စီးရ် ပညာရှင်များ၏ အဆိုအရ ဤ ကတိကဝတ်သည် ခိုင်ဘဲရ် တိုက်ပွဲတွင် လက်တွေ့အကောင်အထည် ဖော်ခဲ့ကြောင်း ဖြစ်ပါသည်။

အမည်ပေးခြင်း နှင့် အရေးပါမှု

စူရဟ်ဖသ်ဟ် အာယသ်တော် အမှတ်၁၈ တွင် ဘိုက်အသ်သေရေဇ်ဝါမ်းန်အကြောင်းတင်ပြထားပါသည်။ «အာယသ်သေ ဘိုက်အသ်သေရေဇ်ဝါမ်းန် » သို့မဟုတ် «အာယသ်သေ ဘိုက်အသ်» ဟုခေါ်ဆိုပါသည်။[1] စွန်နီ ပညာရှင်များသည် ဤအာယသ် တော် အား အဒါလာသ်သေ ဆွဟာဗဟ် (ဆွဟာဗဟ်အား လုံးသည် တရား မျှတကြသည်၊ လူကောင်းများ ဖြစ်ကြသည်) ဆိုသည့် အမြင်အား သက်သေပြရန် အထောက် အထေား အဖြစ် အသုံးပြု ကိုးကား ကြပါသည်။ [2]

စာသား နှင့် ဘာသာပြန်

﴾لَقَدْ رَضِيَ اللَّهُ عَنِ الْمُؤْمِنِينَ إِذْ يُبَايِعُونَكَ تَحْتَ الشَّجَرَةِ فَعَلِمَ مَا فِي قُلُوبِهِمْ فَأَنْزَلَ السَّكِينَةَ عَلَيْهِمْ وَأَثَابَهُمْ فَتْحًا قَرِيبًا ﴿ ကုရ်အာန် (၄၈:၁၈)


«  မိုအ်မင် အီမာန် သက်ဝင် ယုံကြည်သည့်သူများသည် သစ်ပင်အောက်တွင် အသင်နှင့် ဘိုင်အသ်ပြုနေ သည့်အခါ တွင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကျေနပ်တော်မူခဲ့ပါ သည်။ ထို့နောက်အရှင် မြတ် သည် သူတို့၏ စိတ်နှလုံးများထဲတွင်ရှိသည်ကို သိတော်မူခဲ့ပါသည်။ သို့ဖြစ်ရာ အလ္လာဟ် ဟိုအရှင်မြတ် သည် သူတို့အပေါ်တွင် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့ပါသည်။ ထို့ပြင် သူတို့အား အရှင်မြတ်သည် နီးကပ်သောအောင်မြင်မှုကိုလည်း ပေးသနားတော်မူခဲ့သည်။ » စူရဟ်ဖသ်ဟ် အာယသ်တော် အမှတ်၁၈

ဘိုက်အသ်သေရေဇ်ဝါမ်းန်

မူရင်း ဆောင်းပါး - ''ဘိုက်အသ်သေရေဇ်ဝါမ်းန်'' နှင့် ဆိုလ်ဟ်‌ဟေဟိုဒိုင်းဘီယဟ် ကိုလေ့လာပါ။

ဘိုက်အသ်သေရေဇ်ဝါမ်းန် သို့မဟုတ် ဘိုက်အသ် သေရှဂျရဟ် သည် ဆွဟာဗဟ် (ကိုယ်တော် မြတ် (ဆွ) အပေါင်းအဖော်များ၊သာဝကများ ) အချို့ သည် တမန်တော်မြတ် (ဆွ) နှင့် ဘိုက်အသ် (ကတိသစ္စာဆို) ဖြစ်ပြီး မက္ကဟ် မြို့အနီးတွင် ဟီဂျရီ ၆ ခုနှစ် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။တတိယမြောက် ရာစု၏ သမိုင်းပညာရှင် အစ်ဗ်နေဟရှာမ် အနေဖြင့် စီရသ်သိုန်နဘူဝဟ် ကျမ်းတွင် ဤ အဖြစ်အပျက်ကို တင်ပြရာ၌ တမန်တော်မြတ်(ဆွ) နှင့် အတူ အချို့ ဆွဟာဗဟ်များသည် အိုမရဟ် ပြုရန် မဒီနာမြို့မှာ ထွက်ခွာ လာခဲ့ကြ ပါသည်။သို့သော် ၎င်းတို့က ကိုရိုက်ရှ် မွတ်ရှ်ရေက်များ မှ မက္ကဟ် မြို့ အတွင်းသို့ ဝင်ရောက်တားဆီးခဲ့ကြပါ သည်။တမန်တော်မြတ် (ဆွ) နှင့် ကိုရိုက်ရှ် မွတ်ရှ်ရေက်များ အကြားသံတမန်အဆက်အသွယ်များ ပြုခဲ့ကြပါ သည်။ တမန်တော်မြတ်(ဆွ)၏ တမန်များထဲမှ တစ်ဦးကို ကိုရိုက်ရှ် မွတ်ရှ်ရေက်များ မှ သတ်ပစ်ခဲ့ကြောင်း ကောလဟာလကြောင့် တမန်တော်မြတ်(ဆွ)သည် ဆွဟာဗဟ်များအား ဘိုက်အသ်ယူရန် (သစ္စာခံရန် ) ဖိတ်ခေါ်ခဲ့ပါသည် ဆွဟာဗဟ်များ မှလည်း ဘိုက်အသ် ပြုခဲ့ကြပါသည်။ ဤကုံသို့ ဘိုက်အသ် ပြုခြင်းဖြင့် တမန်တော်မြတ်(ဆွ၀ ၏ အသက်ကို ကာကွယ် စောင့်ရှောက် ရန် ဖြစ်ပါသည်။ ဤဖြစ်ရပ်သည် နောက်ဆုံး တွင် ဆိုလ်ဟ်‌ဟေဟိုဒိုင်းဘီယဟ် ကိုဆောင်ရွက်စေခဲ့ပါသည်။ မွတ်စလင်မ် များသည် ထိုနှစ်တွင် ဟဂ်ျ မလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်နှစ်တွင် မွတ်စလင်မ်များသည် မက္ကဟ် မြို့သို့ သွားရောက်ကာ အလ္လာဟ့် အိမ်တော်သို့ ဇေယာရသ်ပြုရန် သွားရောက်ကြမည်ဖြစ်သည်။ [3]

အကြောင်းအရာ နှင့် ဘိုက်အသ် ပြုခဲ့သူများ ၏ ဆုလာဒ်

ဤအာယသ်တော် တွင် ဘိုက်အသ်သေရေဇ်ဝါမ်းန် တွင်ပါဝင်သည့် ယုံကြည်သူများ အပေါ် အလ္လာဟ် ဟို အရှင်မြတ် မှ ကျေနပ်ကြောင်း ဖော်ပြထားပါသည်။ [4]အလ္လာဟ်ဟို အရှင်မြတ်သည် ဤ အာယသ်တော် အရ အရေးကြီးသောအခိုက်အတန့်တွင် တမန်တော်မြတ်(ဆွ)နှင့် သစ္စာခံကတိပြုခဲ့သော ကိုယ်ကျိုးစွန့် ယုံကြည်သူများအား ကြီးမားသည့် ဆုလာဘ် သုံး ခုကို ပေးသနားတော်မူထားပါသည်။

(၁) အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေနပ်နှစ်မြို့မှု «رَضِيَ اللَّه» (၂) စိတ်တည်ငြိမ်မှု «فَأَنْزَلَ السَّكِينَةَ عَلَيْهِمْ» - မိမိတို့အရပ်ဒေသ နှင့် ဝေးကွာသောအရပ်၌ရှိသော များပြားလှသည့် ရန်သူများအလယ်တွင် ရန်သူများ၏ အသင့်လက်နက်များအလယ်တွင် လက်နက် အပြည့်အစုံ မရှိလျက် ကြောက်ရွံ့ထိတ်လန့်ခြင်းများကို စိတ်နှလုံးထဲမ၀င်စေဘဲ တောင်ကဲ့သို့ ခိုင်ခံ့မတ်မတ်ရပ်နေစေခြင်းငှာ ၎င်းတို့ အား စိတ်တည်ငြိမ်မှု ပေးသနားတော်မူခဲ့ပါသည်။ (၃) အောင်ပွဲနီးမှု «أَثَابَهُمْ فَتْحًا قَرِيبًا» - သဖ်စီးရ် ပညာရှင်အများစု ၏အဆိုအရ ဤအောင်ပွဲသည် ခိုင်ဘဲရ် ၏အောင်နိုင်မှုကိုရည်ညွှန်းထားကြောင်း အကြောင်းမှာ ခိုင်ဘဲရ် ၏အောင်ပွဲသည် ဟီဂျရီ ၇ခုနှစ် အစောပိုင်း တွင် ဆိုလ်ဟ်‌ဟေဟိုဒိုင်းဘီယဟ် ( ဟိုဒိုင်းဘီယဟ် ငြိမ်းချမ်းရေးစာချုပ်) အပြီး လအနည်း ငယ်အကြာတွင် ဖြစ်ပွားခဲ့ သောကြောင့်ဖြစ်ပါ သည်။ ထိုနည်းတူစွာ «وَ مَغانِمَ کَثِیرَةً یَأْخُذُونَها» ဆိုသည့် စာသားအရ ခိုင်ဘဲရ် စစ်ပွဲ တွင် မွတ်စလင်မ်များ ရရှိမည့် စစ်ရ ပစ္စည်းများ အားရည်ညွှန်း ထားပါသည်။ [5]

အဒါလာသ်သေ ဆွဟာဗဟ် သက်သေထူရန် အာယသ်တော် ကို ကိုးကား

စွန်နီ ပညာရှင်အချို့ သည် ဤအာယသ် တော် အား အဒါလာသ်သေ ဆွဟာဗဟ် (ဆွဟာဗဟ်အား လုံးသည် တရား မျှတကြသည်၊ လူကောင်းများ ဖြစ်ကြသည်) ဆိုသည့် အမြင်အား သက်သေပြရန် အထောက် အထေားအဖြစ် မှတ်ယူကြပါသည်။ [6] စွန်န်နီပညာရှင်များက ဆွဟာဗဟ် များကို အလ္လာဟ်ဟို အရှင်မြတ် သည် နှစ်သက် သည် ဆွဟာဗဟ်အား လုံးတရား မျှတကြသည်၊ လူကောင်းများ ဖြစ်ကြသည် ၏ သက်သေအဖြစ် မှတ်ယူကြပြီး အလ္လာဟ် ဟို အရှင်မြတ် သခင်နှစ်သက်တော်မူသောသူကို မည်သည့်အခါမျှ အမျက်ထွက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ကြပါသည်။ [7] ရှီအဟ် ပညာရှင်တို့၏အဆိုအရ ဤအာယသ် တော် သည် ဆွဟာဗဟ် အားလုံး၏တရားမျှတမှု ကို ညွှန်ပြသည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအာယသ်တော် တွင် ဘိုက်အသ်သေရေဇ်ဝါမ်းန် တွင်ပါဝင်သည့် ဆွဟာဗဟ် များ နှင့် မိမိတို့ ပြုထားသည့် ပဋိညာဉ် တွင် သစ္စာရှိသူများ ကို သာ ဆိုလိုခြင်း ဖြစ်ကြောင်း ဆွဟာဗဟ် တိုင်း ကို ဆိုလိုသည် မဟုတ်ကြောင်း ဆိုထား ပါသည်။ [8] ထိုနည်းတူစွာ ဆွဟာဗဟ် အားလုံး၏တရားမျှတမှုကြောင်း ပြောဆိုမှု သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် ဘကရဟ် ၏ အာယသ်တော် ၁၀၁ နှင့် မကိုက်ညီပါ။ အဘယ် ကြောင့်ဆိုသော် ဖော်ပြ ထား သော အာယသ် တော် သည် အချို့သော ဆွဟာဗဟ် များကို မိုနာဖေက် အဖြစ် မိတ်ဆက် ပေးထား သည့် အတွက်ကြောင့် ဖြစ်ပါသည်။ [9]

သဖ်စီးရေ ကွမ်းမီ ရေးသားသည့် ပညာရှင် ကြီး အလီ ဘင်န် အီဗရာဟီးမ် ကွမ်းမီ၏ အဆိုအရ စူရဟ်ဖသ်ဟ် အာယသ်တော် အမှတ် ၁၀ ဤအာယသ်တော် နောက်တွင်ကျရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ပြီးနောက် ဤအာယသ်တော်တွင် အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မိုအ်မင်များ အား မိမိနှစ်မြို့ ကျေနပ်မှုအတွက် တမန်တော်မြတ် (ဆွ) အမိန့်တော်များ လိုက်နာကျင့်သုံးနာခံ ခြင်း နှင့် ပဋိညာဉ်ကို ဖောက်ဖျက်ခြင်းမှ ရှောင်ကြဉ် ရန် ကို စည်းမျဥ်း အဖြစ် သတ်မှတ်ထားပါသည်။

ရှီအဟ်သဖ်စီးရ် ပညာရှင်များသည် ဤအာယသ်တော် ပါအလ္လာဟ် အရှင်မြတ် ၏ ကျေနပ်မှုသည် ဆွဟာဗဟ် များတွင် မားမားမတ်မတ် ရပ်တည်ပြီး မိမိတို့၏ ပဋိညာဉ် အပေါ် သစ္စာ ရှိသည့် ဆွဟာဗဟ်များ သာ ပါဝင်သည်ဟု မှတ်ယူကြပါသည်။ [10]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ