အာယသ်သေ နဖီ ယေစဘီးလ်
| အာယသ်တော် အမည် | အာယသ်သေ နဖီ ယေစဘီးလ် |
|---|---|
| လာရှိသည့် စူရဟ် | နေစာ |
| အာယသ်တော်အမှတ် | ၁၄၁ |
| ဂျွတ်ဇ် နံပါတ် | ၅ |
| ရှာနေနိုဇူလ် | အဗ်ဒွလ္လာဟ် ဘင်န် အိုဗိုင်း နှင့်အေပါင်းအပါများ အစ္စလာမ်တပ်သားများမှ နောက်ဆုတ်သွားသည့်အတွက် |
| ရှာနေနိုဇူလ် ဖြစ်သည့်နေရာ | မဒီနာ |
| ခေါင်းစဉ် | သက်ဝင် ယုံကြည်ချက်များဆိုင်ရာ |
| အကြောင်း | မိုအ်မင်များ အပေါ် ကာဖေရ်များ လွမ်းမိုးချုပ်ကိုင်မှုကိုပယ်ချထားမှု |
| ပတ်သက်ဆက်နွယ်နေသည့် အာယသ်တော်များ | အာယသ်သေ ဟေဇ်ရ် |
အာယသ်သေ နဖီ ယေစဘီးလ် (အရဘီ : آية نفي السبيل ) သည် စူရဟ်နေစာ ၏ အာယသ်တော်အမှတ် ၁၄၁ ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးး မွတ်စလင်များအပေါ် ကာဖေရ် များ၏ လွမ်းမိုးချုပ်ကိုင်မှု အမျိုးမျိုး ကို ဆန့်ကျင်ထားပါသည်။ ဖေက်ဟီ အခန်းကဏ္ဍ များ မှ အခန်း ကဏ္ဍ တစ်ခု ဖြစ်သည့် ကာအေဒဟ် ဟေ ဖနီယေ စဘီးလ် ဤ အာယသ်တော်မှ ကိုးကားထားခြင်းဖြစ်ပါသည်။
အချို့သော သဖ်စီးရ် များသည် အာယသ်တော် ၏ ယေဘူယျသဘောကို ကိုးကား၍ ရှိသမျှ စစ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး နယ်ပယ်အားလုံးတွင်သာမက လောကီ (ဒွန်ယာ) နှင့် လောကုတ္တရာ (အာခေရသ်) တွင် ကာဖေရ် များ၏ လွမ်းမိုးချုပ်ကိုင်မှုကို ငြင်းပယ်ခြင်းဟု ဆိုကြပါသည်။
ဤအာယသ်တော် သည် ရှီအဟ် ပညာရှင်အချို့၏ ဖသ်ဝါပေးသည့် အခါ အသုံးပြုသည့် အခြေခံ အုတ်မြစ်များထဲမှ တစ်ခုဖြစ်ပါ သည်။ ဥပမာအားဖြင့် အေမာမ် ခိုမေနီ (ရ.ဟ) သည် ဤအာယသ်တော် ကို ကိုးကားပြီး စတော့ရှယ်ယာဈေးကွက် (ခ) capitulation ဥပဒေကြမ်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ခြင်း ဖြစ် ပါသည်။
အမည်ပေးရခြင်း နှင့် ရှာနေနိုဇူလ် (အာယသ်တော် ကျရောက်ရသည့် သမိုင်း အဖြစ်အပျက်)
စူရဟ်နေစာ ၏ အာယသ်တော်အမှတ် ၁၄၁ ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် «وَ لَنْ یجْعَلَ اللَّهُ لِلْکافِرِینَ عَلَی الْمُؤْمِنِینَ سَبِیلًا» (အဓိပ္ပာယ် - ထိုပြင် အလ္လာဟ်ဟို အရှင်မြတ်သည် ကာဖေရ်များ အား မွတ်စလင်မ်များ အပေါ်တွင် (လွမ်းမိုးချုပ်ကိုင်နိုင်ရန်)မည်သည့် လမ်းကြောင်းကို မှလုံးဝ ပေးတော်မူမည်မဟုတ်ချေ။ ) မွတ်စလင်များ အပေါ် ကာဖေရ် များ၏ လွမ်းမိုးချုပ်ကိုင်မှု အမျိုးမျိုး ကို ဆန့်ကျင်ထားပါသည်။ [1] ဤအာယသ်တော် ကို အာယသ်သေ နဖီ ယေစဘီးလ်ဟုခေါ်ဆိုပါသည်။ [2] သဖ်စီးရေ ကွမ်းမီ ကျမ်း လာ ရီဝါယသ်တော် တစ်ခု အရ ဤအာယသ်တော် သည် အဗ်ဒွလ္လာဟ် ဘင်န် အိုဗိုင်း နှင့် ၎င်း ၏ အပေါင်းအပါများ ကို ဆုံးမရန် အတွက် ကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ အဗ်ဒွလ္လာဟ် ဘင်န် အိုဗိုင်းသည် အနေဖြင့် မိမိ ၏ အပေါင်းအပါများ သည် အိုဟွတ်ဒ် စစ်ပွဲ တွင် မွတ်စလင်မ် တပ်သားများမှ အကယ်၍ ကာဖေရ်များ အနေဖြင့် မွတ်စလင်မ် အပေါ် အောင်နိုင်သွားလျင် ငါတို့သည် မင်းတို့နှင့် အတူရှိသည်ဟု ပြောရန် ၊ အကယ်၍ မွတ်စလင်မ် များ အောင်နိုင်သွားလျင် ငါတို့သည် မင်းတို့ နှင့် အတူ ရှိသည်ဟု ပြောရန် ရည်ရွယ်ချက် ဖြင့် နောက်ဆုတ်သွားကြပေသည်။ [3]
(.وَلَنْ يَجْعَلَ اللهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا ...)
(... ထိုပြင် အလ္လာဟ်ဟို အရှင်မြတ်သည် ကာဖေရ်များ အား မွတ်စလင်မ်များ အပေါ်တွင် (လွမ်းမိုးချုပ် ကိုင်နိုင်ရန်) မည်သည့် လမ်းကြောင်းကို မှလုံးဝ ပေးတော်မူမည်မဟုတ်ချေ။)
စူရဟ်နေစာ ၊ အာယသ်တော်အမှတ် ၁၄၁