အာမေနဟ် ဘေဂမ် မဂ်ျ‌လေစီ

wikishia မှ

အာမေနဟ် ဘေဂမ် မဂ်ျ‌လေစီ သို့မဟုတ် အာမေနဟ် ခါသူန် (ဟီဂျရီ ၁၂ ကွယ်လွန်) ) ဆွဖှဝီ ခေတ်ကာလ၌ ရှီအဟ် အာလင်မ်ပညာရှင် တစ်ဦးဖြစ်သည်။ သူမသည် မုဟမ္နဒ် သကီ မဂ်ျ‌လေစီ ၏ သမီး ၊ အလ္လာမဟ် မဂ်ျ‌လေစီ ၏ ညီမ၊ မုလ္လာဟ် ဆွာလေဟ် မာဇင်န်ဒရာနီ (ဟီဂျရီ ၁၀၈၁ ကွယ်လွန်)) ၏ ဇနီး ဖြစ်သည်။ အာမေနဟ်ဘေဂမ်သည် ဗေဟာရုလ်အန်ဝါရ်၏ ဟဒီးစ်များကို စုစည်းရာ၌ အလ္လာမဟ် မဂ်ျလေစီအား ကူညီခဲ့သည်။ အလ်ဖီယဟ် အိဗ်နေ မာလီက် စာအုပ်အား အလင်းဖွင့်ဆိုထားသည့် စာအုပ်၊ ရှဝါဟီဒေ စီယူသွီ စာအုပ်အား အလင်းဖွင့်ဆိုထားသည့် စာအုပ် နှင့် မဂ်ျမူအေယေ မစာအီလေ ဖိက္က်ဟီ စာအုပ်တို့သည် သူမ ပြုစုရေးသားထားသည့် စာအုပ်များ ဖြစ်သည်။

အထ္ထုပတ္တိ

အာမေနဟ် ဘေဂမ် မဂ်ျ‌လေစီ သို့မဟုတ် အာမေမဟ် ခါသူန် သည် မုဟမ္နဒ် သကီ မဂ်ျ‌လေစီ ၏ သမီး ၊ အလ္လာမဟ် မဂ်ျ‌လေစီ ၏ ညီမ ဖြစ်သည်။ (1) သူမ၏ မိခင်မှာ ဆွဒ်ရုလ်ဒီးန် မုဟမ္မဒ် ဟိုစိုင်းနီ အာရှုရီ ကွမ်းမီ ၏ သမီး ဖြစ်သည်။ (2) စာရေးဆရာများသည် သူမ၏ ပညာ နှင့် မြင့်မြတ်မှုကြောင့် လူသိများခဲ့သည် ။ (3)(3) ဥပမာ ရေယာဇုလ်အိုလမာ ဝါ ဟယာဇုလ် ဖဇွာအ် သာအုပ်ရေးသူ အဗ္ဗ်ဒုလ္လာဟ် အဖ်နဒီသည် အာမေနဟ်ဘေဂမ် နှင့် တစ်ခေတ်တည်း နေထိုင်ပြီး သူမသည် မြင့်မြတ်သူ၊ ပညာရှိသု၊ နှင့် သက္ကဝါတရားရှိသူ အဖြစ် ဖော်ပြပေးထားသည်။ (4) (4) ကျမ်းကိုးများတွင် သူမ မွေးဖွားသည့်နေ့ နှင့် ကွယ်လွန်သည့်နေ့အား မဖော်ပြထားပေ။ (5) သို့သော် သူမသည် ဟီဂျရီ ၁၂ ၌ ကွယ်လွန်သွားသည်ဟု ယူဆထားကြသည်။ (6) အာမေနဟ်ဘေဂမ် သာ် အိဆ်ွဖှာဟာန် မြို့၌ ကွယ်လွန်သွားပြီး သခ်သုလ်ဖူလာသ် သင်္ချိုင်းတွင် မြှုပ်နှံခဲ့သည်။ (7) အချို့သုတေသီများသည်၊ အခြားနေရာများကို အာမေနဟ်ဘေဂမ် မြုပ်နှံထားသည့် နေရာအဖြစ် ဖော်ပြထားသည်။ (8)

အိမ်ထောင်ဖက် နှင့် သားသမီးများ

အာမေနဟ်ခါသူန် သည် မိမိဖခင်၏ အကြံပြုချက်အရ မုလ္လာဟ်ဆွာလေဟ် မာဇင်န်ဒရာနီ ဖြင့် ထိန်းမြားခဲ့သည်။ (9) မုလ္လာဟ်ဆွာလေဟ် သည် ပထမ မဂ်ျလေစီ၏ တပည့်ဖြစ်သည်။ (10) နောက်ပိုင်း၌ ရှရ်ဟ် ဘရ် အဘ်ကာဖီ စာအုပ် အပါအဝင် စာအုပ်များစွာကို ရေးသားခဲ့သည်။ (11) အာမေနဟ်ခါသူန်သည် မုလ္လာဟ်ဆွာလေဟ် ဖြင့် သားခြောက်ယောက် ဖွားမြင်ခဲ့ပြီး အားလုံးမှာ အာလင်မ် ပညာရှင်များ ဖြစ်ကြသည်။ (12) ထို့အပြင် သမီးတစ်ယောက် သို့မဟုတ် နှစ်ယောက်လည်း ရှိပေသည်။ (13) ဝဟီးဒ် ဘေဟ်ဘဟာနီ နှင့် အာယသုလ္လာသ် ဘူရူဂျဒီ တို့သည် အာမေနဟ်ဘေဂမ် နှင့် မုလ္လာဟ်ဆွာလေဟ် မာဇင်န်ဒရာနီ တိုဘ၏ မျိုးရိုးမှ ဖြစ်သည်။ (14)

ပညာရေး အအရိုက်အရာ

အာမေနဟ်ခါသူန် သည် ဖိက္က်ဟ် နှင့် ဟဒီးစ် ၌ မိမိ၏ ဖခင် ပထမ မဂ်ျလေစီ နှင့် အကိုဖြစ်သူ အလ္လာမဟ် မဂ်ျလေစီ တို့ ၏ တပည့် ဖြစ်သည်။ (15) သူမ ရေးသားထားသည့် စာအုပ်များမှာ ရှရ်ဟ် ဘရ် အလ်ဖီယဟ် အိဗ်နေမာလီက် ရှရ်ဟ် ဘက် ရှဝါဟီဒ် စီယူသွီး မဂ်ျမူအေယေ မစာအီလေ ဖိက္က်ဟီ ဒီဝါးနေ ရှေအ်ရ် (16) တို့ဖြစ်သည်။

အာမေနဟ်ခါသူန်သည် ဗေဟာရုလ်အန်ဝါရ်၏ အချို့ အတွဲများ၏ ဟဒီးစ်များကို စုစည်းရာ၌ အလ္လာမဟ် မဂ်ျလေစီအား ကူညီပေးခဲ့သည်။ (17) ထို့အတူ မုလ္လာဟ်ဆွာဟလဟ် မာဇင်န်ဒရာနီသည် အလ္လာမဟ်ဟီလ္လီ ရေးသားထားသည့် ကဝါအီဒုလ်အဟ်ကာမ်၏ အချို့ အကြောင်းအရာများကို ဖြေရှင်းရာ၌ သူမ နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ (18)