အလ်-သီဗ်ယားန် ဖီ ကုရ်အာန် သဖ်စီးရ်
အလ်-သီဗ်ယားန် ဖီ ကုရ်အာန် သဖ်စီးရ် သည် ၊ ကုရ်အာန် အလင်းဖွင့်ဆိုသည့် စာအုပ်တစ်အုပ်ဖြစ်ပြီး၊ ရှီးခ်သူစီ (ဟီဂျရီ ၃၈၅ - ၄၆၀) ရေးသားထားကာ ယင်းစာအုပ်ကို ရှီအာတို့၏ ပထမဦးဆုံး ကုရ်အာန် အလင်းဖွင့်ဆိုသည့် စာအုပ်တစ်အုပ် ဖြစ်သည်ဟူ၍ သိထားကြသည်။ အလ်-သီဗ်ယားန် သည် ရှီအာတို့၏အလင်းဖွင့်ဆိုရာ၌ များစွာသော အကျိုးသက်ရောက်မှုများ ရှိခဲ့ပေသည်။ ရှီအာ သဖ်စီရ် ဖွင့်ဆိုသူများသည် ယင်းစာအုပ်ကို စံနမူနာအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤစာအုပ်သည် ကုရ်အာန်ကျမ်းတော်မြတ်ရှိ အာယသ်တော်များအားလုံးကို အလင်းဖွင့်ဆိုထားပေသည်။ ၎င်း၏ အားသာချက်များထဲမှ တစ်ခုမှာ ကျယ်ကျယ်ပြန့်ပြန့် အမြင်ရှိပြီး ကုရ်အာန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပညာရပ်အမျိုးမျိုးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဤစာအုပ်တွင် ရှီးခ်သူစီသည် အခြားအစ္စလာမ့်ဘာသာတရားများ၏ ဝေဖန်သုံးသပ်သူများနှင့် ဓမ္မပညာရှင်တို့၏ အမြင်များကို ယူဆောင်လာပြီး ၎င်းတို့အား ဆန်းစစ်ဝေဖန်ခဲ့သည်။ ဆဋ္ဌမရာစု၏ ရှီအာပညာရှင်တစ်ဦးဖြစ်သည့် အိဗ်နေအီဒ်ရီးေစဟီလ္လီ နှင့် အိဗ်နေကာလ်တို့သည် သလ်ခီးစုလ်သီဗ်ယားန် ခေါင်းစဉ်အောက်တွင် ဤစာအုပ်ကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။
စာရေးသူ
မုဟမ္မဒ် ဗင်န် ဟစန် သူစီ ( ဟီဂျရီ ၃၈၅-၄၆၀) ၊ ရှီးခ်သူစီ ဟူ၍ ကျော်ကြားကာ ဟီဂျရီ ငါးရာစု၌ ရှီအာတို့၏ ကျော်ကြားသော ဖကီးဟ် ပညာရှင် တစ်ဦးဖြစ်သည်။ (1) ၎င်းသည် စိုင်ယိဒ် မုရ်သဇွာ ကွယ်လွန်ပြီးနောက် ၊ ရှီအာ၏ ဘာသာရေးခေါင်းဆောင်အဖြစ် ခံယူခဲ့သည်။ ၎င်းသည် ကျောင်းသားများစွာကို လေ့ကျင့်သင်ကြားပေးပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သည်။ (2) ရှီးခ်သူစီ သည် ရှီအာဟဒီးစ် ၏ အရေးအကြီးဆုံး ကျမ်းကိုးများဖြစ်သည့် အရ်ဘအဟ် စာအုပ်များမှ စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သူဖြစ်သည်။ ၎င်းတို့မှာ ၊ သဟ်ဇီးဗုလ်အဟ်ကာမ် ၊ နှင့် အလ်အိစ်သိဗ်ဆွာရ် တို့ဖြစ်သည်။ (3) ရေးသားရခြင်း၏ အကြောင်းအရင်း ရှီးခ်သူစီ ၏ အဆိုအရ စာအုပ်၏ နိဒါန်းတွင် ကျမ်းမြတ်ကုရ်အာန်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအရ ထိုအချိန်မတိုင်မီအထိ ကုရ်အာန်အားလုံး မပါဝင်ခဲ့ဘဲ ကွဲပြားသော ပညာရပ်များ၏ ရှုထောင့်မှ အဓိပ္ပါယ်မဖော်ခဲ့ပေ။ ယင်းအစား၊ အဘိဓာန် သို့မဟုတ် အထားအသိုကဲ့သို့သော အသိပညာတစ်ခုသာ ပါဝင်သည်။ အချို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်များတွင်၊ ဟဒီးစ်များကို ဖော်ပြရန် လုံလောက်ပြီး အချို့ဟဒီးစ်များကို ကောင်းစွာ ခွဲခြမ်းမစိတ်ဖြာခဲ့ပေ။ (4) ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အလွန်အသေးစိတ်ပေး၍ မသက်ဆိုင်သော အကြောင်းအရာများစွာ ပါဝင်ပါသည်။ (5) အဆိုပါ ချို့ယွင်းချက်များကို ထည့်သွင်းစဉ်းစားရာတွင် ၎င်း၏ရည်ရွယ်ချက်မှာ ကုရ်အာန်ကို နားလည်နိုင်သော ပညာရပ်အားလုံးကို အသုံးပြုထားသည့် ကုရ်အာန်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခု ပေးရန်ဖြစ်သည်။ ဥပမာ ရွတ်ဆိုခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သရများ၊ စကားလုံးများနှင့် အခြားသော ဘာသာတရားများ၏ ဘာသာရေးဆိုင်ရာ သံသယများအတွက် အဖြေများလည်း ပါဝင်သည်။ ၎င်းသည် ပျမ်းမျှ စာအုပ်တစ်အုပ် ဖြစ်သင့်သည်- စာဖတ်သူကိုငြီးငွေ့သွားအောင် ဤမျှအသေးစိတ် ဖော်ပြထားခြင်းမျိုး မရှိပဲ နှင့် အတိုချုံးရေးသားခြင်းကြောင့် အဓိပ္ပာယ်ကို မှန်ကန်စွာ မဖော်ပြနိုင်ခြင်းမျိုုးလည်း မရှိပေ။ (6)
အရိုက်အရာ
အလ်-သီဗ်ယားန် သည် ရှီအာ အလင်းဖွင့်ဆိုချက် ၏ ပထမဆုံး ပြီးပြည့်စုံသော စာအုပ်ဖြစ်သည်ဟု ယူဆထားကြသည်။ (7) မုဟမ္မဒ် ဟာဒီမအ်ရိဖသ် ၏အဆိုအရ အသ်သီဗ်ယားန် သည် ၎င်းခေတ်၌ရှိသော စာအုပ်များအားလုံးထက် သာလွန်ခဲ့သည်။ ၎င်းတို့နှင့် မတူသောကြောင့် ၎င်းသည် အနက်ဖွင့်ဆိုချက် တစ်ခုတည်းကိုသာ ကန့်သတ်မထားဘဲ သူ့ရှေ့က ဋီကာဆရာများ၏ အမြင်အားလုံးကို ထည့်သွင်းထားသည်။ (8) ၎င်းသည် ဤစာအုပ်ကို “ပျမ်းမျှ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုဖြစ်ပြီး တစ်ချိန်တည်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြီးပြည့်စုံပြီး အတိတ်၏ အဓိပ္ပါယ်များ အားလုံးကို ပါ၀င်သည်” ဟု မှတ်ယူခဲ့သည်။ (9) ထို့အပြင် ဆောင်းပါးရေးသားသူသည် “အလ်-သီဗ်ယားန် နှင့် မာဂျမာလ် အလ်-ဘယားန်တို့၏ ကိုးကွယ်ဆည်းကပ်မှုနှစ်ခု၏ အကြမ်းဖျင်းချဉ်းကပ်မှုကို ဆန်းစစ်ခြင်းသည် အဟ်လေဗိုင်သ်(အစ) ၏ ထုံးတမ်းစဉ်လာများကို ပြောပြရာတွင် အလ်-သီဗ်ယားန်သည် ရှီအာအိဂ်ျသေဟာဒ်၏ ပထမဆုံးသော အနက်အဓိပ္ပါယ်ဖြစ်သည်ဟု ယူဆပါသည်။ စတုတ္ထနှင့် ပဉ္စမမြောက်လ၏ လေထုမှ ဖြစ်ပေါ်လာသော ဆင်ခြင်တုံတရားသည် ထင်ရှားသည်။ (10) ဤစာရေးဆရာ ရှီးခ်သူစီ ၏အဆိုအရ၊ ၎င်းသည် ဤမှတ်ချက်ရေးသားရာတွင် ရှီအာ နှင့် စွန္နီ တို့၏ စာအုပ်များကိုလည်း ကိုအသုံးပြုခဲ့သည်။ (11) မုဟမ္မဒ် အလီ မဟ်ဒီရာဒ် ( အီရာန်နှစ် ၁၃၃၄ မွေးဖွား) သည် အလ်-သီဗ်ယားန်သည် သူ့နောက်မှ မှတ်ချက်ပေးသူများအပေါ် သြဇာကြီးမားကြောင်း ရေးသားခဲ့သည်။ ထိုမှ သီဗ်ယားန် သည် ၌စာအုပ်ကို ချီးကျူးပြီး ၎င်း၏ မှတ်ချက်စာအုပ် မဂ်ျမအုလ်ဗယားန် မှာ ၎င်းရဲ့ စံပြနည်းလမ်းကို မိတ်ဆက်ခဲ့သည်။ (12)
ထူးခြားမှုများ
ရှီးခ်သူစီ သည် အလ်သီဗ်ယားန် တွင် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ခဲ့ပြီး ကုရ်အာန်၏ အလင်းဖွင့်ဆိုချက်တွင် ကုရ်အာန်ပညာရပ်အားလုံးကို အသုံးပြုခဲ့သည်။ အဘိဓာန်ဗေဒ၊ ရွတ်ဆိုခြင်း၊ အာရဗီ၊ ကျရောက်ရသည့် အကြောင်းအရင်း၊ နာစီခ် နှင့် မန်စူခ် နှင့် မက္ကီ နှင့် မဒနီ ကဲ့သို့သော ပညာရပ်များ (13) ထို့အပြင်၊ ကုရ်အာန်၏ အံ့ဖွယ်အမှုများ နှင့် ခိုင်မာသောအာယသ်များ အလားတူ အာယသ်များ၊ ကုရ်အာန် အံဖွယ်မှု ဖြစ်ရပ်များ၊ ကုရ်အာန် အမည်များကို စမ်းစစ်ခြင်း နှင့် စူရဟ်များ၏ အမည်များကို စစ်ဆေးခြင်း တို့ဖြစ်သည်။ (14) ဤစာအုပ်အတွက် ဖော်ပြထားသော အခြားအင်္ဂါရပ်များမှာ- ကုရ်အာန်အား ကုရ်အာန်ဖြင့် အလင်းဖွင့်ဆိုခြင်း ၊ (15) အားနည်းသော ထုံးတမ်းစဉ်လာများကို စွန့်ပယ်ပြီး မှန်ကန်သော ထုံးတမ်းစဉ်လာများကို အသုံးချကာ ကုရ်အာန်နှင့် ဆင်ခြင်တုံတရားနှင့် မဆန့်ကျင်သော အခြေအနေ ကိုဖော်ပြခြင်း (16) ထိာ့နောက် ကျယ်ပြောလှတဲ့ ငီအိုလောဂျီ အကြောင်းအရာများကို အစီအစဉ်တကျ ဖော်ပြထားခြင်း တို့ဖြစ်သည်။ (17) ဤစာအုပ်တွင်၊ အခန်းငယ်တစ်ခုစီကိုဖော်ပြပြီးနောက်၊ နားမလည်နိုင်သောစကားလုံးများကို ဦးစွာစစ်ဆေးပြီး စာဖတ်ခြင်းတွင်ကွဲပြားမှုများကိုဖော်ပြထားသည်။ ထို့နောက် ၎င်းနှင့်ပတ်သက်သည့် အမျိုးမျိုးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဆန်းစစ်သည်။ ထို့နောက် ကျမ်းပိုဒ်၏ အဓိပ္ပါယ်ကို “စကားလုံး၏ အတိုကောက်နှင့် အဓိပ္ပါယ်၏ ပြည့်စုံခြင်း” ကို လေးစားမှုခြင်း ဖော်ပြထားသည်။ ထို့အပြင် ကျမ်းပိုဒ်များ၏ ပေါ်ထွန်းရသည့် အကြောင်းရင်းများနှင့် ဆက်စပ်သော ဓမ္မနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြီး ဆန့်ကျင်ဘက် အယူအဆများကို ယဉ်ကျေးစွာ လေးလေးစားစား ဝေဖန်ကြသည်။ (18)
ရွေးချယ်ထားမှုများ
အာဂါဗိုဇုရ်ဂေသီဟီရာနီ ( ဟီဂျရီ ၁၃၈၉ ကွယ်လွန်) သည် ရှီအာစာပေလေ့လာသူ ဖြစ်ပြီး အလ်ဂဒီးရ် စာအုပ်တွင်၊ မုခ်သဆွဲရြလ်သီဗ်ယားန် ခေါင်းစဉ်အောက်တွင် ရှီယိုက်ပညာရှင်များ၏ မှတ်ချက်ပေးထားသော စာအုပ်နှစ်အုပ်ကို မိတ်ဆက်ပေးခဲ့သည်။ တစ်ခုမှာ အိဗ်နေအီဒ်ရီးစ် ဟီလ္လီ (ဟီဂျရီ ၅၄၈ ကွယ်လွန်) ရေးသားထားသည့် စာအုပ်ဖြစ်ပြီး (19) အခြား တစ်ခုမှာ အိဗ်နေကာလ် ဟုကျော်ကြားေသာ အဘူအဗ္ဗ်ဒုလ္လာဟ် မုဟမ္မဒ် ဗင်န် ဟာရူးန် (ဟီဂျရီ ၅၉၇ ကွယ်လွန်) ရေးသားထားသည့် စာအုပ်ဖြစ်သည်။ (20)
စာမူများ နှင့် ပထမထုတ်ဝေမှုများ
အာဂါဗိုဇုရ်ဂေသီဟီရာနီ ၏အဆိုအရ၊ မည်သည့် စာကြည့်တိုက်တွင်မဆို အလ်သီဗ်ယားန်၏ လက်ရေးစာမူ အပြည့်အစုံကိုမတွေ့ရသေးဘဲ၊ အစိတ်အပိုင်း တစ်ခုစီပါရှိသောစာမူများကို စာကြည့်တိုက် အမျိုးမျိုးတွင် ပြန့်ကျဲစွာ ရှိနေခဲ့သည်။ (21)မဟ်ဒီရာဒ် ၏အဆိုအရ၊ ပထမဆုံးအကြိမ်၊ စိုင်ယိဒ် မုဟမ္မဒ် ဟုဂျသ်ကူဟ် ကမရီ (ဟီဂျရီ ၁၃၇၂ ကွယ်လွန်) ၏ ကြိုးပမ်းမှုကြောင့် ထို ပြန့်ကျဲနေသော အစိတ်အပိုင်းများကို စာအုပ်တစ်အုပ်ထုတ်ဝေရန် စုဆောင်းခဲ့သည်။ (22) အလ်သီဗ်ယားန် ၏ပထမဆုံးထုတ်ဝေမှုကို မီရ်ဇာအလီ အာဂါ ရှီရာဇီ နှင့် စိုင်ယိဒ် အဗ္ဗ်ဒုရ်ကစူလ် မှ အတွဲနှစ်တွဲဖြင့် ပြုလုပ်ခဲ့သည်။ ပထမအတွဲသည် ဟီဂျရီ ၁၃၆၂ ခုနှစ် ၊ ဒုတိယ အတွဲ ဟီဂျရီ ၁၃၆၅ ၌ဖြစ်ပြီး (23) ဒုတိယထုတ်ဝေမှုကို ဟီဂျရီ ၁၃၇၆ နှင့် ဟီဂျရီ ၁၃၈၂ အကြား နဂျဖ် တွင် အတွဲ ဆယ်တွဲဖြင့် ထုတ်ဝေခဲ့ပြီး အများစုကို စိစစ်ဖတ်ရှုခြင်းနှင့် သုတေသနလုပ်ငန်းအများစုကို အဟ်မဒ် ဟဘီးဘ် ကဆွီးရုလ် အာမေလီ မှ လုပ်ဆောင်ခဲ့သည်။ (24)