အရှင်မြတ်၏ရပိုင်ခွင့်

wikishia မှ

အရှင်မြတ်၏ရပိုင်ခွင့် ဆိုသည်မှာ အရှင်မြတ် နှင့်သက်ဆိုင် သည့် အခွင့်အရေး (ရပိုင်ခွင့် ဟက္က်)များသည် လူသား၏ အပေါ်၌ တာဝန်ရှိခြင်းကို ခေါ်ဆိုသည်။ အရှင်မြတ့်၏ရပိုင်ခွင့်သည် လူသား၏ရပိုင်ခွင့် ဖြစ်သည့် လူသားတစ်ဦး ၏ အခွင့်အရေးသည် အခြားလူသားအပေါ် တာဝန်ရှိသော လူသား၏ရပိုင်ခွင့်၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အရှင်မြတ်၏ရပိုင်ခွင့် ၌၊ နမာဇ် ၊ ရိုဇာ ကဲ့သို့သော် တာဝန်ရပ်များကို ဗန်ဒါလူသားများ လိုက်နာကျင့်ဆောင်ရမည့် တာဝန်အဖြစ် သတ်မှတ် ပေးထားပြီး အကယ်၍ ထိုတာဝန်များအား အလုပ်ဆောင်ခဲ့ပါက သောင်ဗာ ဝန်ချတောင်းပန်ခြင်း နှင့် ပြန်လည်အစားထိုး ပြုလုပ်ခြင်းတို့ကို ဝါဂျီဘ် အဖြစ် သတ်မှတ်ထားသည်။ အစ္စလာမ်၏ တရားစီရင်ရေးဆိုင်ရာ အဲဟ်ကာမ် ဥပဒေသများတွင် အရှင်မြတ်၏ရပိုင်ခွင့် နှင့် လူသား၏ရပိုင်ခွင့် တို့အကြား ကွဲပြားမှုများ ရှိပေသည်။ ဥပမာအားဖြင့် ၊ အရှင်မြတ်၏ ရပိုင်ခွင့်တွင်၊ အိမ်ထောင်ရေး ဖောက်ပြန်မှု ကဲ့သို့သော အရာမျိုး၌ တရားသူကြီးသည် ပြစ်မှုကျူးလွန်သူကို ဝန်ခံခြင်းမှ တားမြစ်နိုင်သည်။ သို့သော် လူသား၏ရပိုင်ခွင့်တွင် ခိုးယူလုယက်သူကို ထိုသို့မပြုနိုင်ပေ။ အရှင်မြတ်၏ ရပိုင်ခွင့် နှင့် လူသား၏ရပိုင်ခွင့် အကြား ကွာခြားချက်များမှာ အစ္စလာမ်ဘာသာတွင် အရှင်မြတ်၏ ရပိုင်ခွင့် ကို လျှော့ပေါ့ခြင်း ၊ လူသား၏ရပိုင်ခွင့်ကို တိကျမှု နှင့် သတိထားမှု အပေါတွင် အခြေခံသည် ဟူ၍ ဖော်ပြထားသည်။

ဝေါဟာရ အနက်အဓိပ္ပါယ်

အစ္စလာမ်ဘာသာတွင် ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးများကို အရှင်မြတ်၏ ရပိုင်ခွင့် နှင့် လူသား၏ရပိုင်ခွင့် ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ (1) အရှင်မြတ်၏ ရပိုင်ခွင့် ဆိုသည်မှာ အရှင်မြတ် နှင့်သက်ဆိုင် သည့် အခွင့်အရေး (ရပိုင်ခွင့် ဟက္က်)များသည် လူသား၏ အပေါ်၌ တာဝန်ရှိခြင်းကို ခေါ်ဆိုပြီး လူသားတစ်ဦး ၏ အခွင့်အရေးသည် အခြားလူသားအပေါ် တာဝန်ရှိသော လူသား၏ရပိုင်ခွင့်၏ ဆန့်ကျင်ဘက်ဖြစ်သည်။ (2) အရှင်မြတ်၏ ရပိုင်ခွင့် ၌ ၊ အရှင်မြတ်ထံမှ လာရှိထားသည့် အမိန့်များ နှင့် တားမြစ်မှုများ အားလုံး ပါဝင်သည်။ (3) ထို့အပြင် လူသား၏ရပိုင်ခွင့် သည်လည်း၌ ၎င်း၌ ပါဝင်ပေသည်။ (4) သို့သော် အရှင်မြတ်၏ ရပိုင်ခွင့် ဟူသော ဝေါဟာရကို သူံနှုံးရာ၌ ယင်း၏ ဆိုလိုရင်းမှာ လူသားများ၏ အခွင့်အရေးမဟုတ်သော အခွင့်အရေးများကိုသာ ရည်ညွှန်းပြီး မည်သူမျှ ထိုအခွင့်‌အရေးများကို ရုပ်သိမ်းနိုင်မည် မဟုတ်ပေ။ (5) တရားဥပဒေ ရှုထောင့်မှကြည့်လျှင် စည်းမျဥ်းစည်းကမ်းကို နှောင့်ယှက်ပြီး လူမှုရေး အကျိုးစီးပွား နှင့် အများ ပြည်သူဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေသည့် မည်သည့် ရာဇ၀တ်မှုမျိုးကိုမဆို အပြစ်ဒဏ်ပေးခြင်းအား ၊ အရှင်မြတ်၏ရပိုင်ခွင့် ဖြစ်သည် ဟု ယူဆထားကြသည်။( 6) အချို့သော ဖကီးဟ် ပညာရှင်များသည်၊ အရှင်မြတ့်၏ရပိုင်ခွင့်အား အပိုင်းနှစ်ပိုင်း ပိုင်းခြားထားသည်။ ၎င်းတို့မှာ “သီးသန့် အရှင်မြတ့်၏ရပိုင်ခွင့်“ ဥပမာ - အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ လိင်တူဆက်ဆံခြင်း နှင့် အရက်သောက်ခြင်း ၊“သီးသန့် မဟုတ်သည့် အရှင်မြတ်၏ ရပိုင်ခွင့် “ယင်း၌ အရှင်မြတ်၏ရပိုင်ခွင့် အပြင် လူသား၏ရပိုင်ခွင့်လည်း ပါဝင်ပေသည် ။ ခိုးယူခြင်း အတိုင်းအတာ။ (7) အိမ်ထောင်ရေး ဖောက်ပြန်ခြင်းမှ လွဲပြီး နမာဇ် (8) နှင့် အခြားသော တာဝန်များအားလုံးသည် ပထမအပိုင်း ဖြစ်သည့် “သီးသန့် အရှင်မြတ်၏ ရပိုင်ခွင့် “ အနက်မှ ဖြစ်ပြီး (9) လူ့ကျင့်ဝတ်များအား လိုက်နာခြင်း (10) နှင့် အိမ်ထောင်ရေး ဖောက်ပြန်မှု အတိုင်းအတာ (11) သည် ဒုတိယအပိုင်း ဖြစ်သည့် “သီးသန့် မဟုတ်သည့် အရှင်မြတ်၏ရပိုင်ခွင့်“ အနက်မှ ဖြစ်သည်။

အရိုက်အရာ

အာယသ်တော်များ နှင့် ရေဝါယသ်တော်များ၌ အရှင်မြတ်၏ရပိုင်ခွင့် အား လိုက်နာကျင့်ဆောင်ရန် တိုက်တွန်းထား သည်။ အလ္လာမဟ် သွဗာသွဗာယီး၏ အဆိုအရ ၊ စူရဟ် မိုဒက်စ္စီရ် အာယသ်အမှတ် ၄၂ မှ ၄၅ အထိ၌ လာရှိထားသည်မှာ ၊ နမာဇ်မဖတ်ခြင်း နှင့် မရှိဆင်းရဲသား များကို အစားအစာ ပေးကမ်းစွန့်ကြဲမှု မရှိခြင်းသည် ဂျဟန္နမ် အပယ်ငရဲဘုံသို့ ဝင်ရောက်ရခြင်း၏ အကြောင်းအရင်း ဖြစ်သည်။ ထို့နောက် နမာဇ်သည် အရှင်မြတ်၏ ရပိုင်ခွင့် မှ ဖြစ်ပြီး မရှိဆင်းရဲသားများကို အစားအစာ ပေးကမ်း မစွန့်ကြဲခြင်းသည် လူသား၏ရပိုင်ခွင့် မှဖြစ်သည်ဟု ဖော်ပြထားသည်။ (12) ထို့အတူ ၎င်းသည် ၊ အရှင်မြတ်၏ရပိုင်ခွင့် အားလုံးကို ဘာသာ သာသနာအား သင်ယူ‌ လေ့လာဆည်းပူးခြင်း နှင့် ထိုအရာများကို လိုက်နာဆောင်ရွက်ခြင်း ဖြစ်သည်ဟု အကျဉ်းချုံး မိန့်ဆိုထားသည်။ (13) ရေစာလေယေဟိုကူက္က် ၌ လာရှိထားသည့် အေမာမ်စဂျာဒ်(အစ) ၏ မိန့်ဆိုချက် တစ်ခုအရ ၊ အရှင်မြတ်၏ရပိုင်ခွင့် သည် အကြီးမားဆုံး နှင့် အလေးနက်ဆုံးသော အခွင့်အရေး ဖြစ်သည်။ (14) ဖိက္က်ဟ် ကျမ်းကိုးများ၌ ၊ အရှင်မြတ်၏ရပိုင်ခွင့်ကို တရားစီရင်ရေးဆိုင်ရာ အဲဟ်ကာမ် ဥပဒေသများ ကဏ္ဍတွင် ဖော်ပြထားသည်။ ၎င်းကို အီရာန်အစ္စလာမ္မစ် သမ္မတနိုင်ငံ၏ ဥပဒေများတွင်လည်း ထည့်သွင်းစဉ်းစားထားသည်။ အီရာန်တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးကောင်စီ၏ ဆန္ဒခံယူပွဲများ ကော်မရှင်အရ၊ အရှင်မြတ်၏ ရပိုင်ခွင့် နှင့် ရာဇ၀တ်မှု၏ ယေဘူယျရှုထောင့်သည် လူသား၏ရပိုင်ခွင့် နှင့် ရာဇ၀တ်မှု၏ ယေဘူယျရှုထောင့် ထက်ပို၍ ဦးစားပေးထားသည်။ (15)

လူသား၏ရပိုင်ခွင့် နှင့်ကွာခြားပုံ

အရှင်မြတ်၏ရပိုင်ခွင့် နှင့် လူသား၏ရပိုင်ခွင့် တို့အကြား ကွဲပြား ခြားနားချက်များ ရှိပေသည်။ ၎င်းတို့အနက်မှ အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ • တရားစီရင်သူ အ‌ေနဖြင့် အရှင်မြတ်၏ ရပိုင်ခွင့် အား သက်သေပြုခြင်းသည် လူသား၏ရပိုင်ခွင့် အား သက်သေပြုခြင်းထက် ပိုမိုခက်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်၏ ရပိုင်ခွင့် သည် အမျိုးသား သက်သေထွက်ဆိုသူတစ်ဦး ၊ အမျိုးသမီး သက်သေထွက်ဆိုသူ နှစ်ဦး၊ သို့မဟုတ် ကျမ်းကျိန်ထား သော အမျိုးသား၏ သက်သေထွက်ဆိုချက် သို့မဟုတ် အမျိုးသမီးများ၏ သက်သေထွက်ဆိုချက် ဖြင့် သက်သေမပြနိုင်သောကြောင့် ဖြစ်သည်။ သို့သော် အချို့ လူသား၏ရပိုင်ခွင့်များကို ထိုအရာများဖြင့် သက်သေပြုနိုင်ပေသည်။ (16) • အရှင်မြတ်၏ရပိုင်ခွင့်၌ စီရင်ချက်ကို ကွပ်မျက်ခြင်း သည် မည်သူတစ်ဦးတစ်ယောက်၏ တောင်းဆိုချက်နှင့် မှမသက်ဆိုင်ပေ။ သို့သော် လူသား၏ရပိုင်ခွင့်သည် ချိုးဖောက်ကျူးလွန်မှု ခံထားရသူ၏ တောင်းဆိုမှုကို လိုအပ်သည်။ (17) • အရှင်မြတ်၏ရပိုင်ခွင့်၌ ၊ လူသား၏ရပိုင်ခွင့် နှင့်ဆန့်ကျင်ဘက် ၊ တရားသူကြီးသည် ပြစ်မှုကျူးလွန်သူ ကို ဝန်ခံခြင်းမှ တားမြစ်နိုင်သည်။ (18) • အရှင်မြတ်၏ ရပိုင်ခွင့် တွင် ပျောက်ကွယ်နေသူ နှင့်ပတ်သက်ပြီး တရားစီရင်ခြင်း မပြုဘဲ စွပ်စွဲခံရသူ သည် မဖြစ်မနေ ရှိနေရမည် ဖြစ်သည်။ (19) ဤပြဿနာကို အီရာန်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ 290 တွင်ဖော်ပြထားသည်။ (20) • အရှင်မြတ်၏ ရပိုင်ခွင့်တွင် ပြစ်မှုကျူးလွန်သူ၏ သဘောတူညီချက်သည် အမှုအား မျက်ကွယ်ပြုလိုက်မည် မဟုတ်ပေ။ သို့သော် အချို့သော လူသား၏ရပိုင်ခွင့်များကို ခွင့်လွှတ်ပေးနိုင်သည် သို့မဟုတ် အခြားအရာသို့ လွှဲပြောင်းပေးနိုင်ပေသည်။ (21) • အချို့သော အရှင်မြတ်၏ ရပိုင်ခွင့်တွင် သောင်ဗာ ဝန်ချတောင်းပန်လိုက်ခြင်းဖြင့် အပြစ်များသည် လွတ်ငြိမ်းချန်းသာခွင့် ရသွားပေသည်။ သို့သော် လူသား၏ရပိုင်ခွင့်များသည် သောင်ဗာ ဝန်ချတောင်းပန်ခြင်းဖြင့် လွတ်ငြိန်းချမ်းသာခွင့် မရသွားပေ။ (22) • အရှင်မြတ်၏ ရပိုင်ခွင့် သည် လွယ်ကူမှု နှင့် လျှော့ချမှု အပေါ် အခြေခံသော်လည်း လူသား၏ရပိုင်ခွင့် သည် တိကျမှု နှင့် သတိထားမှု အပေါ် အခြေခံထားသည်။ (23) အချို့သော ဖိက္ကဟ် ပညာရှင်များသည် ၊ အရှင်မြတ်၏ရပိုင်ခွင့် နှင့် လူသား၏ရပိုင်ခွင့် တို့အကြား ကွဲပြခြားနားချက်ကို ထိုအချက်ကြောင့် ဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။ (24)

အရှင်မြတ်၏ ရပိုင်ခွင့် အား ပြန်လည်အစား‌ပေးခြင်း

အရှင်မြတ်၏ရပိုင်ခွင့် ဟူသည် အရှင်မြတ် အတွက် လုပ်ဆောင်ရမည့် တာဝန်များဖြစ်သည်။ (25) အကယ်၍ ထိုတာဝန်များကို မလုပ်ဆောင်ခဲ့ပါက ပြန်လည်အစားထိုး လုပ်ဆောင်ရပေမည် ။ ထိုတာဝန်အချို့၏ အစားထိုး လုပ်ဆောင်ချက်မှာ သောက်ဗာ ဝန်ချတောင်းပန်ခြင်း ဖြစ်သည်။ (26) အရှင်မြတ်၏ရပိုင်ခွင့် ၏ အချို့တာဝန်များဖြစ်သည့် နမာဇ် နှင့် ရိုဇာ တို့၏ အစားထိုး လုပ်ဆောင်ချက်မှာ ၊ သောင်ဗာ ဝန်ချတောင်းပန်မှု အပြင် ၊ ၎င်းတို့အား နောင်တစ်ချိန်၌ လုပ်ကိုလုပ်ဆောင်ရမည် ဖြစ်သည်။ (27)