အမျိုးသမီးများအလှပြင်ခြင်း

wikishia မှ
ဤဆောင်းပါးသည် တရားတော်နှင့် စပ်ဆိုင်သည့်အကြောင်းကိစ္စကို ဖေါ်ညွှန်းထားသည်ဖြစ်ပြီး ဘာသာရေးဆိုင်ရာကျင့်ကြံအားထုတ်မှုများအတွက် စံသတ်မှတ်ချက်တစ်ခုမဟုတ်ပါ။ ဘာသာရေး ဆိုင်ရာကျင့်ကြံအားထုတ်မှုများနှင့်ပတ်သက်၍ အခြားရင်းမြစ်များကိုလေ့လာစေလိုပါသည်။

အမျိုးသမီးများအလှပြင်ခြင်း (အာရဘီ - زينة المرأة) ဆိုသည်မှာ -မျက်နှာ၊ဆံပင်နှင့်လက်သည်းခြေသည်း များကို ဖြီးလိမ်းခြင်းဖြစ်သည်။ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရားတော်နှင့်သက်ဆိုင် သောဥပဒေသများလာရှိထားပြီးဖြစ်ပါသည်။ အမျိုးသမီးများဖြီးလိမ်း၍အလှပြင်ခွင့်ရှိပါသည်။သို့သော် မိမိတို့၏ လင်ယောက်ျားများအတွက်သာဖြစ်ရမည်။ လင်ယောက်ျားများမှ အလှပြင်ဖြီးလိမ်းပါဟု တောင်းဆိုခဲ့မည်ဆိုပါကဖြီးလိမ်းရန် ဝါဂျိဘ်ဖြစ်ပြီး ၎င်းတို့ဘက်မှ တောင်းဆိုမှမရှိခဲ့ပါလျှင် မွစ်သဟဘ်ဖြစ်ပေသည်။အဲဟ်ရာမ်ဝတ်ဆင်ထားချိန်နှင့် လင်ယောက်ျားသေဆုံးသွားသည့်အတွက် အိဒ်ဒသ်-သေ-ဝဖါးသ် ပြုလုပ်နေစဥ်ကာလ၌ အမျိုး သမီးများဖြီးလိမ်းအလှပြင်ခြင်းသည် ဂျာအိဇ်မဟုတ်(အခွင့်မရှိ)ပါ။ ရှီအာဓမ္မသတ်ပညာရှင်ကြီးများသည် အမျိုးသမီးများဖြီးလိမ်း၍အလှပြင်ထားသည့်အခါ သူစိမ်း အမျိုးသားတို့၏ရှေ့တွင် မိမိတို့၏အလှကို ဖုံးအုပ်ရန် ဝါဂျိဘ်ဖြစ်သည်ဟု ဖေါ်ပြထား လေသည်။ထိုအတိုင်းပင် ဖြီးလိမ်းအလှပြင်ပေးမှုအပေါ်အခကြေးငွေရယူခြင်းနှင့်ပတ်သက်ပြီး အကယ်၍ ဟလာလ် လုပ်ရပ်အတွက်အလှပြင်ပေးပြီး အခကြေးငွေရယူခြင်းသည် ဂျာအီဇ်ဖြစ်သည်။ နမားဇ် ဖတ်ချိန်တွင် ဖြီးလိမ်းအလှင်ပြင်ထားသည်များကို ဖုံးအုပ်ဖို့ရန်မလိုအပ်ပါ။ သို့သော်ငြားလည်း အချို့သော ဓမ္မသတ်ပညာရှင်တို့၏ ဖတ်သဝါများတွင် ဖုံးအုပ်ခြင်းသည် မွစ်သဟဘ်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။

အဓိပ္ပါယ် နှင့် အရိုက်အရာ

အလှပြင်ခြင်းဆိုသည်မှာ - အလှပြင်သည့်ပစ္စည်းများဖြင့် မျက်နှာတွင်လိမ်းခြင်း(သို့) ခန္ဓာကိုယ်ရှိ ပိုနေသော အမွှေးအမြှင်များကို ဖယ်ရှားခြင်း(သို့) ဆံပင်ကောက်ခြင်း၊ ဆံပင်အလှဆင်ခြင်း(သို့) ခြေသည်းလက်သည်းများကို ပြုပြင်အလှဖန်တီးခြင်းတို့ဖြစ်ပေသည်။[၁] အလှပြင်ခြင်းကို ဓမ္မသတ်ကျမ်းများတွင် زینة (ဇီနသ်)ဟု သုံးနှုံးထားပြီး ထိုဝေါဟာရသည် အလှပြင်ဆင်ခြင်းလုပ်ဆောင်ချက်တိုင်းကို အဓိပ္ပါယ်ဖေါ်ဆောင်ပေးသည်။ [၂]မည်သည့်အလှပြင်ခြင်းမျိုးပင်ဖြစ်ပါစေ ထိုဝေါဟာရက အဓိပ္ပါယ်ဖေါ်ဆောင်ပေးသည်။[၃] အဘီဓါန်ကျမ်းများတွင် زینة ဆိုသည်မှာ အလှပြင်ဆင်သည့် ပစ္စည်းတိုင်းကို ဆိုလိုပါသည်။ [၄] ရေဝါယသ်တော်များတွင် အမျိုးသမီးများအလှပြင်ပါဟု မှာကြားထားလေသည်။[၅] ဥပမာအနေဖြင့် အေမာမ်ဘာကိရ်(အ.စ)ထံမှ ရေဝါယသ်တစ်ခုကို တင်ပြလိုပါသည်။ မိန့်တော်မူထားသည်မှာ - အမျိုးသမီးများ အနေဖြင့် မိမိတို့၏လက်များကို ဒန်းဆိုးခြင်းမပြုပဲနေခြင်းသည် မသင့်လျှော်ပါဟု ဖြစ်သည်။[၆] အခြားသောရေဝါယသ်တစ်ခုတွင် ဖေါ်ပြထားသည်မှာ - မွန်မြတ်သောအမျိုးသမီးတို့၏ အသွင်အပြင်များအတွင်းမှတစ်ခုသည် မိမိတို့၏ လင်ယောက်ျားများအတွက် အလှပြင်ခြင်းနှင့် မိမိတို့၏ အလှတရားများကို သူစိမ်းအမျိုးသားတို့ထံမှ ဖုံးအုပ်ခြင်းပင်ဖြစ်၏။[၇] ဓမ္မသတ်ကျမ်းတို့တွင် ဥပမာ- နေကာဟ်[၈]ဟဂျ်[၉]နမားဇ်[၁၀] စသဖြင့် အခန်းဂဏ္ဍများတွင်လည်းကောင်း မကာစဘ်-ဘေ-မိုဟရ်ရမာ[၁၁] ကျမ်း၏ သဒ်လီးစ်-စေ-မာရှေတွာ အခန်း၌ အမျိုးသမီးတို့၏ အလှပြင်ခြင်းနှင့်ပတ်သက်ပြီး တင်ပြထားပါသည်။

အလှပြင်ခြင်းနှင်းဖြီးလိမ်းပုံအမျိုးမျိုး

ရှီအာဓမ္မသတ်ကျမ်းများတွင် စွရ်မာဆိုးခြင်၊ မျက်ခုံးမွှေးများပေါ်ဒန်းဆိုးခြင်း[၁၂] ၊ ဆံတုတပ်ခြင်း[၁၃] ၊ တက်တူးထိုးခြင်[၁၄]၊ အဝတ်အရောင်[၁၅] ၊ရေမွှေးစွတ်ခြင်း[၁၆] နှင့် မျက်နှာကို လှပစေမည့်အရာအားလုံ[၁၇]းကို زینت (ဇီနသ်)ဟုသတ်မှတ်ထားပါသည်။ သို့သော် ဓမ္မသတ်ပညာရှင်ကြီးများအကြား အချို့သောအကြောင်းအရာများဖြစ်ကြသည့် ဆံတုတပ်ခြင်း[၁၈]၊ အရောင်ပါသောအဝတ်အစားဝတ်ခြင်း[၁၉] စသည်တို့သည် အလှပြင်ခြင်းနှင့်ပတ်သက်ပြီးအကွဲအလွဲရှိပါသည်။ ဟီဂျရီသက္ကရာဇ် ၁၃ ရာစု ခုနှစ်ခန့်တွင် ဆွာဟေဘေဂျဝါဟီရ် ဟုကျော်ကြားသည့် ရှီအာဓမ္မသတ်ပညာရှင်ကြီးက “ အရာတစ်ခုအလှပြင်ခြင်းဆိုသည်မှာ လူ့အသိုင်းအဝိုင်းက မည်သိုမည်ပုံသည် အလှပြင်ဆင်ခြင်းဟူ၍ သတ်မှတ်ထားသော အရာများသာလျှင်ဖြစ်ပေသည်ဟုပြောကြားခဲ့ပြီး မိမိ၏အမြင်တွင် အရောင်ပါသောအဝတ်အစားဝတ်ဆင်ခြင်းသည် အလှပြင်ခြင်းမဟုတ်ကြောင်းတင်ပြခဲ့လေသည်။[၂၀]ထိုအတိုင်းပင် ဟီဂျရီခုနှစ် ၁၃၃၇ တွင် ဆုံးပါးသွားခဲ့သော ဆွာဟေဘေအုရ်ဝါ ဟုကျော်ကြားသည့် ရှီအာဓမ္မသတ်ပညာရှင်ကြီးမှလည်း လှပခြင်းမလှပခြင်းဆိုသည်ကို လူပုဂ္ဂိုလ် ၊ နေထိုင်ရာ နေရာဒေသ နှင့် အချိန်ကာလများအပေါ်မူတည်၍ ယူဆမှုအမျိုးမျိုးနှင့်သာသက်ဆိုင်သည်ဟု ပြောဆိုထားပါလေသည်။[၂၁] မရ်ဂျာယေသက္ကလီးဒ် တစ်ပါးဖြစ်သည့် ဆယိဒ်အလီခါမေနာအီ၏ ဖတ်သဝါတွင်လည်း လှခြင်းမလှခြင်းများ (ဥပမာ မျက်ခုံးပေါ်တက်တူးထိုးခြင်း) သည် လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်နှင့်သာ သက်ဆိုင်သောအကြောင်းအရာဖြစ်သည်ဟုဖေါ်ပြထားပါသည်။[၂၂]

ဓမ္မသတ်အမိန့်

Sormedan

စူရာ-ယေ-အဲအ်ရားဖ် အာယသ်တော် ၃၂ အရ ရှီအာဓမ္မသတ်ပညာရှင်ကြီးများသည် အလှပြင်ခြင်းကိုယ်၌အား ဂျာအိဇ် အဖြစ်သတ်မှတ်ထားရှိသော်လည်း[၂၃] အလှပြင်ခြင်းကို (၃) မျိုးခွဲထားပေသည်။ ဝါဂျီဘ် ၊ မွစ်သဟဘ် ၊ ဟရာမ်ဟူ၍ ဖြစ်သည်။

ဝါဂျီဘ် ဖြစ်သော ဖြီးလိမ်းခြင်းနှင့်အလှပြင်ခြင်း

ရှီအာဓမ္မသတ်ပညာရှင်ကြီးတို့သည် အမျိုးသမီးများ မိမိတို့၏ လင်ယောကျ်ားတို့ဘက်မှ ဖြီးလိမ်းအလှပြင်ရန် တောင်းဆိုလာပါက အလှပြင်ရမည်မှာ လင်ယောက်ျား၏အမိန့်နာခံရမည့်အပေါ်[၂၄]နှင့် ၎င်းသူတို့၏ ရပိုင်ခွင့်ကို ပေးစပ်ရမည်ဆိုသည့်သတ်မှတ်ချက်အပေါ်မူတည်၍ ဝါဂျိဘ်ဖြစ်သည်ဟု သတ်မှတ်ထားကြပေသည်။[၂၅]

မွစ်သဟဘ်ဖြစ်သောဖြီးလိမ်းခြင်းနှင့် အလှပြင်ခြင်း

အမျိုးသမီးတို့သည် မိမိတို့၏လင်ယောက်ျားများဘက်မှ တောင်းဆိုခြင်းမရှိပဲ ၎င်းသူတို့အတွက် အလှပြင်ခြင်းသည် မွစ်သဟဘ်ဖြစ်ကြောင်း ဓမ္မသတ်ပညာရှင်ကြီးများမှ ပြောဆိုထားကြလေသည်။[၂၆] ၎င်းအပြင် သွလားက် ကွာရှင်းပြတ်စဲပြီးနောက် (၃)လ တိုင်တိုင် အိဒ်ဒသ် ဝင်နေစဥ် အတွင်း မိမိ၏လင်ယောကျ်ားစိတ်ပြန်လည်လာပြီး မိသားစုဘဝကို ရှေ့ဆက်စေဖို့ရန်အတွက်[၂၇] အလှပြင်ခြင်းသည်လည်း မွစ်သဟဘ်ဖြစ်သည်ဟု[၂၈] ဖေါ်ပြထားပေသည်။

ဟရာမ်ဖြစ်သော ဖီးလိမ်းခြင်းနှင့်အလှပြင်ခြင်း

ရှီအာဓမ္မသတ်ပညာရှင်ကြီးများ၏ ဓမ္မသတ်ဆုံးဖြတ်ချက်အရ အမျိုးသမီးတို့သည် အဲဟ်ရာမ်ဝတ်ထားစဥ်ကာလ[၂၉]နှင့် လင်ယောကျ်ားသေဆုံးပြီး အိဒ်ဒသ် ဝင်နေစဥ်ကာလအတွင်း အလှပြင်ခြင်းသည် ဂျာအိဇ်မဟုတ်ပါ။[၃၀] ရှေးခ်မိုဖီးဒ် (ကွယ်လွန်သည့်နှစ် ဟီဂျရီ ၄၁၃) ဆွာဟေဘေဂျဝါဟီရ် (ကွယ်လွန်သည့်နှစ်ဟီဂျရီ ၁၂၆၆ ) အစရှိသည့် ဓမ္မသတ်ပညာရှင်ကြီးများမှလည်း အမျိုးသမီးများ သူစိမ်းအမျိုးသားတို့အား ဆွဲဆောင်ရန်အတွက် အလှပြင်ခြင်းကို ဟရာမ် ဟုသတ်မှတ်ထားကြလေသည်။[၃၁] ၎င်း အပြင် လက်ထပ်မင်္ဂလာပြုရန်လာရောက်တောင်းရမ်းသည့်အခါတွင် ချို့ယွင်းချက်များကို အလှပြင်၍ ဖုံးအုပ်ထားခြင်း (သဒ်လီးစ်) ပြုလုပ်ခြင်းသည် ရှီအာဓမ္မတ်ပညာရှင်ကြီးများ၏ ကျော်ကြားသော ဓမ္မသတ်ဆုံးဖြတ်ချက်အရဟရာမ်ဖြစ်ပေသည်။[၃၂]

သာမန်(အနည်းငယ်မျှ)ဖြီးလိမ်းအလှပြင်ခြင်း

ာယသုလ္လာဟ်နာစေရ်မကာရင်မ်ရှေရာဇီဖှသ်ဝါအရ မျက်နှာနှင့် လက်(လက်ကောက်ဝတ်မှလက်ချောင်းလေးများထိ)ကို သာမန်(အနည်းငယ်မျှသာ)ဖြီးလိမ်းရာတွင် အကယ်၍ ဆိုးကျိုးမဖြစ်ပေါ်စေပါက ဂျာအိဇ်(လုပ်ပိုင်ခွင့်ရှိသည်)ဖြစ်သည်။[၃၃] သို့သော် အာယသုလ္လာဟ် ဆယိဒ်အလီခါမေနာအီ၏ဖှသ်ဝါအရ ထိုသာမန်မပြောပလောက်သော ဖြီးလိမ်းခြင်းသည်လည်း အကယ်၍ လူအသိုင်းအဝိုင်းမှ ထိုသို့ပြုခြင်းကို အလှပြင်ခြင်းဟု သတ်မှတ်ခဲ့ကြမည်ဆိုပါက သူစိမ်းအမျိုးသားများရှေ့တွင် ထိုသို့သောဖြီးလိမ်းထားမှုကို ဖုံးကွယ်ထားရမည်မှာဝါဂျီဘ်ဖြစ်သည်။[၃၄]အာယသုလ္လာဟ်ဂျာအ်ဖရ် စွဘ်ဟာနီမှလည်း ထိုသို့ဖြီးလိမ်းမှုသည် အလှပြင်ခြင်းဟု သတ်မှတ်ခြင်းခံရမည်ဆိုပါက (သူစိမ်းအမျိုးသားတို့၏ရှေ့တွင် ထိုသို့အလှပြင်မှုအား ဖုံးကွယ်ထားရပေမည် ဟု ဖေါ်ပြထားသည်။[၃၅]ထိုအတိုင်းပင် အာယသုလ္လာဟ် ဆွာဒိက်ရူဟာနီမှလည်း အနည်းငယ်မျှသာ ဖြီးလိမ်းခြင်းသည် အကယ်၍ သူစိမ်းအမျိုးသားတို့အား စွဲဆောင်မှုပြုဖွယ်ရာ ဖြစ်နေပါက ဂျာအိဇ်မဟုတ်ကြောင်း ရေးသားထားသည်။[၃၆] မရ်ဂျာအ်-ယေ-သက္ကလီးဒ်များဖြစ်ကြသော အာယသုလ္လာဟ် ဆယီဒ် အလီ စိစ်သာနီ[၃၇]အာယသုလ္လာဟ် ဆယီဒ်အဘူလ်ကာစင်ခူအီ နှင့် အာယသုလ္လာဟ် မိရ်ဇာဂျဝါးဒ် သဗ်ရေဇီ[၃၈] တို့ကလည်း သူစိမ်းအမျိုးသားတို့ရှေ့တွင် အလှပြင်ဖြီးလိမ်းထားမှုများကို ဖုံးအုပ်ရမည်မှာ ဝါဂျီဘ်ဖြစ်သည် မည်မျှပင် အနည်းငယ်မျှသာ ဖြီးလိမ်းထားပါစေ ။ဟု ဆိုထားကြသည်။

ဖြီးလိမ်းအလှပြင်ခြင်းနှင့် ဆက်လျှက်ရှိသော ဥပဒေသများ

ပုံစံငယ်ဖန်တီးရာတွင် အမှားပြနေသည် -
Gabe arayesh

၎င်းအကြောင်းအရာနှင့် ဆက်နွယ်လျှက်ရှိသော ဥပဒေသများမှာ -

အခကြေးငွေဖြင့် အလှပြင်ဖြီးလိမ်းပေးခြင်း

အလှပြင်ပေးမှုအပေါ် အခကြေးငွေယူခြင်းသည် အကယ်၍ ဟလာလ်လုပ်ရပ်( အမျိုးသမီးကို သူမယောက်ျားအတွက် ဖြီးလိမ်းအလှပြင်ပေးခြင်း) အတွက်ဖြစ်ပါက ဂျာအိဇ် ဖြစ်သည်။(လုပ်ပိုင်ခွင့်ရှိသည်)[၃၉]အာယသုလ္လာဟ်ဆယိဒ်အလီခါမေနာအီ၏ဖှသ်ဝါအရ အမျိုးသမီးတစ်ဦးအား ဟရာမ်ကိစ္စအတွက် ကူညီအလှပြင်ဖြီးလိမ်းပေးခြင်း(ဥပမာ- သူစိမ်းအမျိုးသားများကို ပြသရန် ဖြီးလိမ်းပေးခြင်း)သည် ဂျာအီဇ် မဟုတ်ပါ။ ထိုအာယသုလ္လာဟ်၏အမြင်တွင် လမ်းမှားရောက်နေသော အုပ်စုဝင်တို့၏ ဆံပင်ပုံအတိုင်း ဆံပင်အလှပြင်ခြင်းသည်လည်း ဂျာအီဇ်မဟုတ်သလို ထိုသို့ပြုလုပ်ပေးကာ အခကြေးငွေရယူခြင်းသည်လည်း ဂျာအိဇ်မဟုတ်ပါ။[၄၀]

အလှပြင်ဖြီးလိမ်း၍ ဝဇူပြုလုပ်ခြင်းနှင့် နမားဇ်ဖတ်ခြင်း

မရ်ဂျာ-ယေ-သက္ကလီးဒ်တို့၏ ဖှသ်ဝါအရ အလှပြင်ရာတွင် အသုံးပြုလိမ်းခြယ်သည့်အရာသည် အဆီနှင့် ဝဇူမပြုနိုင်သည့်အရာများဖြစ်ပါက ဝဇူမပြုမီ ထိုအရာများကို ဖယ်ရှားရပေမည်။[၄၁] အရောင်သာရှိပြီး အဆီမဟုတ်သော အလှပြင်သည့်ပစ္စည်းမျာ[၄၂](သို့) အရေပြားအောက်၌ ရောက်သွားသော အရာများသည် ဝဇူအတွက်အတားအဆီးမဟုတ်သလို ထိုအရာများကို မဖယ်ရှားပဲ ဝဇူပြုနိုင်သည်။ ဝဇူသည်လည်း ပိုင်၏။ [၄၃] နမားဇ်ဖတ်ချိန်တွင် မျက်နှာ၌ လိမ်းခြယ်ထားမှုမျာ[၄၄]၊ လက်ဝတ်ရတနာများ နှင့် ဆံတုများ ကို (သူစိမ်းယောကျ်ားများမမြင်နိုင်ပါက)ဖုံးအုပ်ရန် မလိုသည့်အပြင်[၄၅] အမျိုးသမီးများအတွက် နမားဇ်ဖတ်ချိန်တွင် လက်ဝတ်ရတနာများဝတ်ဆင်ခြင်းနှင့် ဒန်းဆိုးထားခြင်းတို့သည် မွစ်သဟဘ်ဖြစ်သည်။[၄၆]

အခြားသူများအား ဖြီးလိမ်းအလှခြယ်ထားမှုများကို ပြသခြင်း

وَلَایُبدِینَ زِینَتَهُنَّ إِلّا... (မိမိတို့၏ အလှများကို ပေါ်လွင်အောင် မပြုကြလေကုန်...စူရာနူးရ်-၃၁) ဟူသော အာယသ်တော်သည် အိဘ်ဒါအူလ်ဇီနသ် ဟူ၍ ကျော်ကြားပေသည်။[၄၇] ၎င်းတွင် အမျိုးသမီးများ မိမိတို့၏အလှတရားများကို သူစိမ်းအမျိုးသားတို့အား ဖေါ်ပြခြင်းမပြုရန်တားမြစ်ထားလေသည်။ ထို့ကြောင့် ရှီအာဓမ္မသတ်ပညာရှင်ကြီးများသည် ထိုအာယသ်တော်ကို သက်သေထားပြုကာ အမျိုးသမီးတို့အဖို့ မိမိတို့၏ အလှပြင်မှုများနှင့် ဖြီးလိမ်းမှုများကို သူစိမ်းယောကျ်ားတို့ရှေ့တွင် ဖုံးအုပ်ထားရန် ဝါဂျီဘ်ဖြစ်သည်ဟု ဖှသ်ဝါ ထုတ်ပြန်ထားကြလေသည်။[၄၈] ဓမ္မသတ်ကျမ်းများ၌လည်း သူစိမ်းအမျိုးသားတို့ရှေ့တွင် မိမိတို့၏ အလှတရားများအား ဖေါ်ပြခြင်းကို تَبَرُّج ဟူသောဝေါဟာရဖြင့် ပြောဆိုထားလေသည်။[၄၉] ထိုအတိုင်းပင် ရေဝါယသ်တော်များ၌လည်း အမျိုးသမီးများမှ မိမိတို့၏အလှတရားများကို သူစိမ်းအမျိုးသားတို့ရှေ့တွင် ဖေါ်ပြခြင်းအား ရှုံ့ချထားပေသည်။[၅၀] သဲဟ်ဇီးဘုလ်အဲဟ်ကာမ်ကျမ်းမှ ရေဝါယသ်တစ်ခုတွင် အမျိုးသမီးများသက်သေထွက်ဆိုနိုင်သော ပညက်ချက်များအတွင်းမှ တစ်ခုသည် မိမိတို့၏အလှတရားများကို မဖေါ်ပြခြင်းနှင့် အမျိုးသားတို့ရှိသောနေရာတွင် မိမိကိုယ်မိမိဖေါ်ပြမှုမပြုခြင်း(تبرج) ဖြစ်သည်။[၅၁]

မှတ်စုများ

  1. အန်ဝရီ၊ ဖရ်ဟန်ဂ်ဘိုဇူရ်ဂ်စိုခန်၊ အီရန်သက္ကရာဇ် ၁၃၈၁၊ အတွဲ ၁၊ စာမျက်နှာ ၇၇။
  2. ဥပမာအနေဖြင့် ရှိခ်တူစီသိုကြည့်ပါ၊ အလ်မဘ်စူသ်၊ ဟိဂျရီ ၁၃၈၇၊ အတွဲ ၅၊ စာမျက်နှာ ၂၆၄။
  3. နဂျဖီ၊ ဂျဝါဟိရ်အလ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၇၆။
  4. ဖရာဟီဒီ၊ ကိသာဘ် အလ်အိုင်န်၊ ဟိဂျရီ ၁၄၀၈၊ ဇီလ်ဝါဂျဟ်ဇိုင်န်၊ ဆွာဟိဘ်၊ အလ်မိုဟီသ် ဖီလ် လိုဂသ်၊ ဟိဂျရီ ၁၄၁၄၊ ဇီလ်ဝါဂျဟ်ဇိုင်န်၊၊ر
  5. ကိုလိုင်နီ ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၂၉၊ အတွဲ ၁၃၊ စာမျက်နှာ ၁၄၁; ဟူရ်အာမိုလီ၊ ဝဆာအိလ်ရှီအာ၊ ဟိဂျရီ ၁၄၁၆၊ အတွဲ ၂၊ စာမျက်နှာ ၉၇။
  6. ကိုလိုင်နီ ၊ အလ်ကာဖီ၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊ စာမျက်နှာ၅၀၉။
  7. မဂ်ျလေစီ၊ ဘေဟာရွလ်အန်ဝါရ်၊ ဟိဂျရီ ၁၄၀၃၊ အတွဲ ၁၀၀၊ စာမျက်နှာ၂၃၅။
  8. ဘဟ်ရာနီ၊ ဆနဒ်အလ်အွရ်ဝသွလ်ဝူစ်ကာ( နိကာဟ် )၊ ဟိဂျရီ ၁၄၂၉၊ အတွဲ ၁၊ စာမျက်နှာ ၈၉။
  9. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၁၈၊ စာမျက်နှာ ၃၇၃။
  10. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၈၊ စာမျက်နှာ ၁၇၅။
  11. ရှိခ်အန်ဆွာရီ၊ မကာစိဘ်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၂၊ စာမျက်နှာ ၁၅၉။
  12. ရှိခ်တူစီ၊ အလ်မဘ်စူသ်၊ဟိဂျရီ ၁၃၈၇၊ အတွဲ ၅၊ စာမျက်နှာ ၂၆၄။
  13. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၈၊ စာမျက်နှာ ၁၇၅။
  14. မိုဖီဒ်၊ အဟ်ကာမ်အလ်နေဆအ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၇။
  15. အိဘ်နေဘိုရာဂ်ျ၊ အလ်မဇ်ဟဗ်၊ ဟိဂျရီ ၁၄၀၆၊ အတွဲ ၂၊ စာမျက်နှာ ၃၃၀။
  16. ရှိခ်တူစီ၊ အလ်မဘ်စူသ်၊ဟိဂျရီ ၁၃၈၇၊ အတွဲ ၅၊ စာမျက်နှာ ၂၆၄။ဘဟ်ရာနီ၊ ဆနဒ်အလ်အွရ်ဝသွလ်ဝူစ်ကာ( နိကာဟ် )၊ ဟိဂျရီ ၁၄၂၉၊ အတွဲ ၁၊ စာမျက်နှာ ၉၃။
  17. ရှိခ်တူစီ၊ အလ်မဘ်စူသ်၊ဟိဂျရီ ၁၃၈၇၊ အတွဲ ၅၊ စာမျက်နှာ ၂၆၄။
  18. သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အွရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၂၊ စာမျက်နှာ ၃၁၇။
  19. အိဘ်နေဘိုရာဂ်ျ၊ အလ်မဇ်ဟဗ်၊ ဟိဂျရီ ၁၄၀၆၊ အတွဲ ၂၊ စာမျက်နှာ ၃၃၀ ; နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၂၊ စာမျက်နှာ ၂၈၀။
  20. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၂၊ စာမျက်နှာ ၂၈၀။
  21. သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အွရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၆၊ စာမျက်နှာ ၉၈။
  22. ကျော်ကြားသည့်အဝတ်အထည်များ နှင့် ဝတ်စားဆင်ယင်ခြင်းဆိုင်ရာဥပဒေသ၊ ဟဇရသ်အာယသွလ္လာဟ်ခါမေနာအီ၏ အာဆာရ်များအား ထိန်းသိမ်းခြင်း နှင့် ထုတ်ဝေခြင်းရုံး။
  23. ဥပမာအနေဖြင့် ရှိခ်တူစီသိုကြည့်ပါ၊ အလ်ခိလာဖ်၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၅၊ စာမျက်နှာ ၇၃; အာလာမဟ် ဟိလ္လီ၊ သဇ်ကိရသွလ်ဖိုကဟအ်၊ ဟိဂျရီ ၁၄၁၄၊ အတွဲ ၅၊ စာမျက်နှာ ၁၃၃။
  24. ဥပမာအနေဖြင့် ဆဗ်ဇ်ဝါရီသိုကြည့်ပါ၊ မဟ်ဇဗ်အလ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၂၅၊ စာမျက်နှာ ၂၁၈ ; အေမာမ်ခိုမေနီ၊ သဟ်ရီရူလ်ဝဆီလာ၊ အီရန်နီ ၁၃၉၂၊ အတွဲ ၂၊ စာမျက်နှာ ၃၂၈ ; စီစ်သာနီ၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၅၊ အတွဲ ၃၊ စာမျက်နှာ ၁၀၆; လန်ကရာနီ၊ ဂျာမေအ်အူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၅၊ စာမျက်နှာ ၄၂၈။
  25. ဖလဟ်၊ <ရှီအာ၏ ဖိကဟ်၌ အမျိုးသမီးများ အလှပြင်တန်ဆာဆင်ခြင်းဆိုင်ရာဥပဒေသ>၊ စာမျက်နှာ ၁၂၁ နှင့် ၁၂၂။
  26. ဥပမာအနေဖြင့် အဘီဂျူမ်ဟူရ်သိုကြည့်ပါ၊ အလ်အက်သာဘ်အလ်ဖိက်ဟီရာ၊ ဟိဂျရီ ၁၄၁၀၊ စာမျက်နှာ ၁၀၀၊ ဟကီးမ်အလ်ဖသာဝီ၊ ဟိဂျရီ ၁၄၃၃၊ စာမျက်နှာ ၂၉၁။
  27. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၃၂၊ စာမျက်နှာ ၃၅၄။
  28. ဥပမာအနေဖြင့် ဘဟ်ရာနီသိုကြည့်ပါ၊ အလ်ဟဒါယိက် အလ်နာဇေရာ၊ အီရန်သက္ကရာဇ် ၁၃၆၃၊ အတွဲ ၂၅၊ စာမျက်နှာ ၄၇၆; ခွီး၊ မင်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ၂၊ စာမျက်နှာ ၃၀၃။
  29. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၁၈၊ စာမျက်နှာ ၃၇၃။
  30. ရှိခ်တူစီ၊ အလ်မဘ်စူသ်၊ဟိဂျရီ ၁၃၈၇၊ စာမျက်နှာ ၂၆၃ နှင့် ၂၆၄; အိဘ်နေဘိုရာဂ်ျ၊ အလ်မဇ်ဟဗ်၊ ဟိဂျရီ ၁၄၀၆၊ အတွဲ ၂၊ စာမျက်နှာ ၃၃၀ ; နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၂၊ စာမျက်နှာ ၂၈၆ ; သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အွရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊ အတွဲ ၆၊ စာမျက်နှာ ၉၉။
  31. ဥပမာအနေဖြင့် နဂျဖီသိုကြည့်ပါ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၂၉၊ စာမျက်နှာ ၈၅ ; မိုဖီဒ်၊ အဟ်ကာမ် အလ်နေဆာအ်၊ ဟိဂျရီ ၁၄၁၃၊ စာမျက်နှာ ၅၇; <အမျိုးသမီးများအလှပြင်တန်ဆာဆင်ခြင်းဆိုင်ရာဥပဒေသ>၊ အာယသွလ္လာဟ် ခါမေနာအီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်၊
  32. ရှိခ်အန်ဆွာရီ၊ မကာစိဘ်၊ ဟိဂျရီ ၁၄၁၀၊ အတွဲ ၂၊ စာမျက်နှာ ၁၅၉ ; ရူဟာနီ၊ မင်န်ဟာဂ်ျဂျူလ်ဖိုကဟာဟ်၊ ဟိဂျရီ ၁၄၂၉၊ အတွဲ ၁၊ စာမျက်နှာ ၂၄၂။
  33. သူစိမ်းများရှေ့၌ အမျိုးသမီးများ အလှပြင်တန်ဆာဆင်၍‌ေနထိုင်ခြင်းဆိုင်ရာဥပဒေသ၊ အာယသွလ္လာ မကာရီမ်ရှီရာဇီ ရုံး၏ သတင်းပိုချခြင်းဆိုင်ရာဌာနချူပ်။
  34. သင့်ရုံမျှအလှပြင်တန်ဆာဆင်ခြင်းဖြင့် ဟိဂျာဘ်အားထိန်းသိမ်းခြင်း၊ မကာမ် မိုအဇ္မမ် ရဟ်ဘရီ ရုံး၏ သတင်းပိုချခြင်းဆိုင်ရာဌာနချူပ်။
  35. သူစိမ်း‌ယောကျာ်းလေးအရှေ့တွင် မျက်နှာအလှပြင်၍‌‌ေနထိုင်ခြင်း၊ အာယသွလ္လာဟ် ဂျာအ်ဖရစွဘ်ဟာန်နီရုံး၏သတင်းပိုချခြင်းဆိုင်ရာဌာနချူပ်၊
  36. ရူဟာနီ၊ အိစ်သိထ်သာအာသ်၊ အီရန်နီ ၁၃၈၂၊ စာမျက်နှာ ၂၀၂။
  37. အလှပြင်တန်ဆာဆင်ခြင်း၊ မရ်ဂျာအ်အာလီကဒ်ရ် ဆိုင်ယိဒ် အလီ ဟိုစိုင်နီ ဆစ္စသာနီရုံး၏ တရားဝင်ဆိုဒ်၊၊
  38. ခွီး၊အမျိုးသမီးများနှင့် ပက်သက်သော ရှရ်အီ ဥပဒေသများ၊ အီရန်သက္ကရာဇ် ၁၃၉၁၊ စာမျက်နှာ ၄၃၉။
  39. ဆဘ်ဇ်ဝါရီ၊ မဟ်ဇဗ်အလ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၁၆၊ စာမျက်နှာ ၇၇; ဘနီဟာရှင်မ်မီ ခိုမေနီ၊ မရ်ဂျအ် ၁၃ပါး၏ ဖသဝါများနှင့်ကိုက်ညီသော သောဝ်ဇီဟူလ်မဆာအိလ်၊ အီရန်သက္ကရာဇ် ၁၃၈၅၊ စာမျက်နှာ ၁၉၄၁။
  40. < အမျိုးသမီးများ အလှပြင်ခြင်းဆိုင်ရာ ဥပဒေသ >၊ အာယသွလ္လာဟ် ခါမေနာအီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်။
  41. ဥပမာအနေဖြင့် ဘနီဟာရှင်မ်မီ ခိုမေနီသိုကြည့်ပါ၊ ၊ မရ်ဂျအ် ၁၃ပါး၏ ဖသဝါများနှင့်ကိုက်ညီသော သောဝ်ဇီဟူလ်မဆာအိလ်၊ အီရန်သက္ကရာဇ် ၁၃၈၅၊ စာမျက်နှာ ၁၉၄၁; ဘဟ်ဂျသ်၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၃၈၆၊ အတွဲ ၁၊ စာမျက်နှာ ၁၇၃; < ဂွစ်လ်နှင့်သက်ဆိုင်သော အမေးအဖြေ >၊ အာယသွလ္လာဟ် ဆိုင်ယိဒ်အလီဟိုစိုင်နီဆစ္စသာနီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်။
  42. ဥပမာအနေဖြင့် ဘနီဟာရှင်မ်မီ ခိုမေနီသိုကြည့်ပါ၊ ၊ မရ်ဂျအ် ၁၃ပါး၏ ဖသဝါများနှင့်ကိုက်ညီသော သောဝ်ဇီဟူလ်မဆာအိလ်၊ အီရန်သက္ကရာဇ် ၁၃၈၅၊ စာမျက်နှာ ၁၉၄၁; ဘဟ်ဂျသ်၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၃၈၆၊ အတွဲ ၁၊ စာမျက်နှာ ၁၇၃; < ဂွစ်လ်နှင့်သက်ဆိုင်သော အမေးအဖြေ >၊ အာယသွလ္လာဟ် ဆိုင်ယိဒ်အလီဟိုစိုင်နီဆစ္စသာနီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်။
  43. ဥပမာအနေဖြင့်ဘဟ်ဂျသ်သိုကြည့်ပါ၊ အိစ်သိဖ်သာအာသ်၊ ဟိဂျရီ ၁၃၈၆၊ အတွဲ ၁၊ စာမျက်နှာ ၁၇၃; < ဝူဇူ၏ ဥပဒေသ >၊ အာယသွလ္လာဟ် ခါမေနာအီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်။
  44. သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊အတွဲ ၂၊ စာမျက်နှာ ၃၁၉။
  45. နဂျဖီ၊ ဂျဝါဟိရ်ကလာမ်၊ အီရန်သက္ကရာဇ် ၁၃၆၂၊ အတွဲ ၈၊ စာမျက်နှာ ၁၇၅။
  46. သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊အတွဲ ၂၊ စာမျက်နှာ ၆၁၄။
  47. သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊အတွဲ ၂၊ စာမျက်နှာ ၄၉၂။၄၇။ သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊အတွဲ ၂၊ စာမျက်နှာ ၄၉၂။
  48. ၄ ကာရှိဖ်ဖူလ်ဂေတွာအ်၊ ကရှ်ဖူလ်ဂေတွာအ်၊ မဟ်ဒဝီ၊ စာမျက်နှာ ၁၉၈၊ သွဘာသွဘာအီ ယဇ်ဒီ၊ အလ်အူရ်ဝသွလ်ဝူစ်ကာ၊ ဟိဂျရီ ၁၄၁၉၊အတွဲ ၂၊ စာမျက်နှာ ၃၁၉။
  49. ဘဟ်ရာနီ၊ ဆနဒ်အလ်အွရ်ဝသွလ်ဝူစ်ကာ( နိကာဟ် )၊ ဟိဂျရီ ၁၄၂၉၊ အတွဲ ၁၊ စာမျက်နှာ ၈၉။
  50. ဥပမာအနေဖြင့် မဂျလေစီသိုကြည့်ပါ၊ ဘေဟာရွလ်အန်ဝါရ်၊ ဟိဂျရီ ၁၄၀၃၊ အတွဲ ၁၀၀၊ စာမျက်နှာ ၂၃၅။
  51. ရှိခ်တူစီ၊ သဟ်ဇီဘ်ဘူလ်အဟ်ကာမ်၊ ဟိဂျရီ ၁၄၀၇၊ အတွဲ ၆၊ စာမျက်နှာ ၂၆၂။

ကျမ်းကိုးမျာ

  • သူစိမ်းအရှေ့တွင် မျက်နှာအလှပြင်ခြင်း၊ အာယသွလ္လာဟ် ဂျာအ်ဖရစွဘ်ဟာန်နီရုံး၏သတင်းပိုချခြင်းဆိုင်ရာဌာနချူပ်၊ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉ ၄ ဘဟ်မန် (အီရန်နီလ)။
  • မကာမ် မိုအဇ္မမ် ရဟ်ဘရီ ရုံး၏ သတင်းပိုချခြင်းဆိုင်ရာဌာနချူပ်၊ အကြောင်းအရာရက်စွဲ၊ ၃ အာဘာန် အီရန်သက္ကရာဇ် ၁၃၉၈၊ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉ ၄ ဘဟ်မန်(အီရန်နီလ)
  • ရူဟာနီ၊ မိုဟမ္မဒ် ဆွာဒီက်၊ အိစ်သိဖ်သာအာသ်၊ ဟဒီးစ်ဒိလ်၊ ကွမ်မြို၊ အီရန်သက္ကရာဇ် ၁၃၈၂။
  • အိဗ်နေ အဘီ ဂျူမ်ဟူရ်၊ မိုဟမ္မဒ် ဘင်န် ဇိုင်န်နွလ်အာဗေဒီးန်၊ အလ်အေက်သွာဘ်ဘွလ်ဖိက်ဟ်ဟီရဟ်၊ ကွမ်မြို၊ ဟဇရသ် အာယသွလ္လာဟ် အလ်အွဇ်မာ မရ်အရှီနဂျဖီ၏ အများပြည်သူစာကြည့်တိုက်၊ ဟိဂျရီ ၁၄၁၀။
  • အိဗ်နေဘိုရာဂ်ျ၊ အဘ်ဒွလ်အဇီဇ် ဘင်န် နဟ်ရီရ်၊ အလ်မဇ်ဟဗ်၊ ကွမ်မြို၊ ဂျာမေအဟ် မိုဒရ်ရေစီးန် ဟောဝ်ဇာ အိလ်မီယဟ် ကွမ်၊ ဟိဂျရီ ၁၄၀၆။
  • အန်ဝရီ၊ ဟဆန်၊ ဖရ်ဟန်ဂ် ဘိုဇူရ်ဂ် စိုခန်၊ တီဟ်ရန်မြို၊ စိုခန်၊ အီရန်သက္ကရာဇ် ၁၃၈၁။
  • < အမျိုးသမီးများ အလှပြင်ခြင်းဆိုင်ရာ ဥပဒေသ >၊ အာယသွလ္လာဟ် ခါမေနာအီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်၊အကြောင်းအရာ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉ ၁၉ အာဇရ်(အီရန်နီလ)။
  • < ဝူဇူ၏ ဥပဒေသ >၊ အာယသွလ္လာဟ် ခါမေနာအီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်၊ အကြောင်းအရာ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉ ၁၉ အာဇရ်(အီရန်နီလ)။
  • အဇ်ဟရီ၊ မိုဟမ္မဒ် ဘင်န် အဟ်မဒ်၊ သဟ်ဇီးဘ် အလ်လိုဂသ်၊ ဘေရွသ်မြို၊ ဒရ်ရို အဟ်ယာအ် အလ်သိုရာစ် အလ်အရဗီ၊ ဟိဂျရီ ၁၄၂၁။
  • အေမာမ်ခိုမေနီ၊ ဆိုင်ယိဒ် ရူဟွလ္လာဟ်၊ သဟ်ရီရ် အလ်ဝစီလာ၊ တီဟ်ရန်မြို၊ အေမာမ်ခိုမေနီ၏ အာဆာရ်များအား ပုံနှိပ်ခြင်း နှင့် ပြင်ဆင်ရေး ဌာန၊ အီရန်သက္ကရာဇ် ၁၃၉၂။
  • ဘဟ်ရာနီ၊ မိုဟမ္မဒ် ဆနဒ်၊ ဆနဒ် အလ်အွရ်ဝသွလ် ဝူစ်ကာ

( အန်နေကာဟ် )၊ ကွမ်မြို၊ ဘာကီရာသ်၊ ဟိဂျရီ ၁၄၂၉။

  • ဘဟ်ရာနီ၊ ယူစွဖ် ဘင်န် အဟ်မဒ်၊ အဟ်ဒါအေကွန် နာဇေရဟ် ဖီ အဟ်ကာမ် အလ်အိသ်ရသ် အလ်သွာဟေရာ၊ ကွမ်မြို၊ ဂျာမေအဟ် မိုဒရ်ရေစီးန် ဟောဝ်ဇာ အိလ်မီယဟ် ကွမ်၊အီရန်သက္ကရာဇ် ၁၃၆၃။
  • ဘနီဟာရှေမ်မီ ခိုမေနီ၊ ဆိုင်ယိဒ် မိုဟမ္မဒ် ဟဆန်၊ သောဝ်ဇီဟူလ် မဆာအိလ် မရ်ဂျာအ် သက်လီးဒ်များမှ မရ်ဂျာအ်၁၃ယောက်၏ ဖသ်ဝါနှင့်ကိုက်ညီသော၊ ကွမ်မြို၊ အစ္စလာမ်မစ် ဖြန့်ချီရေးရုံး၊ အီရန်သက္ကရာဇ် ၁၃၈၅။
  • ဘသ်ဂျသ်၊ မိုဟမ္မဒ်သကီ၊ အိစ်သိဖ်သာအာသ်၊ ကွမ်မြို၊ အာယသွလ္လာဘဟ်ဂျသ်ရုံး၊ ဟိဂျရီ ၁၃၈၆။
  • < ဂွစ်လ်နှင့်သက်ဆိုင်သော အမေးအဖြေ >၊ အာယသွလ္လာဟ် ဆိုင်ယိဒ်အလီဟိုစိုင်နီဆစ္စသာနီ၏သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်၊အကြောင်းအရာ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉၊ အာဇရ်(အီရန်နီ)။
  • ဆိုင်ယိဒ်မဟ်မူဒ် ဟာရှီမ်မီ ရှဟ်ရူဒီ၏ လက်အောက်ရှိ သုတေသနပြုလုပ်သူအဖွဲ၊ ا(မောဝ်စူအသွလ် ဖိက်ဟ် အစ္စလာမီ သိဘ်ကန် လေမဇ်ဟဘ် အဟ်လေဘိုသ်(အ.စ)၊ ကွမ်မြို၊ ဒါအေရသွလ်မအာရိဖ် ဖိက်ဟ် အစ္စလာမီ ဘရ် မဇ်ဟဘ် အဟ်လေဘိုသ်(အ.စ)၊ ဟိဂျရီ ၁၄၂၃။
  • ဂျောဝ်ဟရီ၊ အစ္စမာအီလ် ဘင်န် ဟေမာဒ်၊ အလ်ဆွဟာဟ်၊ သာဂ်ျဂျူလ်လိုဂသ် နှင့် ဆွဟာဟ် အလ်အရဗီ၊ အဟ်မဒ်အဗ်ဒွလ်ဂဖူရ်အသာရ်၏ပြင်ဆင်မှု၊ ဘေရွသ်မြို၊ ဒရ်ရူလ်အိလ်မ် လိလ်မလာယီးန်၊ ဟိဂျရီ ၁၃၇၆။
  • ဟူရ်အာမိုလီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ သက်ဆွီးလ် ဝဆာအိလ်ရှီအာ အေလာ သဟ်ဆွီးလ် မဆာအိလ်ရှီအာ၊ အာလေဘိုသ်(အ.စ) ဌာန၏ ပြင်ဆင်မှု၊ ကွမ်မြို၊ အာလေဘိုသ်(အ.စ)ဌာန၊ ဟိဂျရီ ၁၄၀၉။
  • ဟူရ်အာမိုလီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ သက်ဆွီးလ် ဝဆာအိလ်ရှီအာ အေလာ သဟ်ဆွီးလ် မဆာအိလ်ရှီအာ၊အာလေဘိုသ်(အ.စ)ဌာန၊ ဟိဂျရီ ၁၄၁၆။
  • သူစိမ်းယောက်ကျာလေးရှေ့၌ အမျိုးသမီးများအလှပြင်ဆင်၍နေထိုင်ခြင်းနှင့်ပက်သက်ပြီးဥပဒေသ၊ အာယသွလ္လာဟ်မကာရီမ်ရှီရာဇီ၏ သတင်းပိုချခြင်းဆိုင်ရာ ဌာနချူပ်၊ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ်၁၃၉၉၊ ၄ အာဘာန်(အီရန်နီလ)။
  • ဟကီးမ်၊ ဆိုင်ယိဒ် မိုဟမ္မဒ် ဆအီးဒ်၊ အလ်ဖသာဝီ၊ ကွမ်မြို၊ ဒရ်ရူလ်ဟေလာလ်၊ ဟိဂျရီ ၁၄၃၃။
  • ခွီး၊ ဆိုင်ယိဒ် အဘူလ်ကာစင်မ်၊ ဂျဝါဒ်သဗ်ရီဇီ၊ အမျိုးသမီးများ၏ ရှရ်အီဥပဒေသများ၊ ကွမ်မြို၊ ဒရ်ရူလ်ဆီဒ်ဒီကသွလ်ရှဟီဒဟ်(စ.အ)၊ အီရန်သက္ကရာဇ် ၁၃၉၁။
  • ခွီး၊ ဆိုင်ယိဒ် အဘူလ်ကာစင်မ်၊မင်န်ဟာဂ်ျဂျူလ် ဆွာလေဟီးန်၊ ကွမ်မြို၊ မဒီနသွလ် အိလ်မ်၊ ဟီဂျရီ ၁၄၁၀။
  • ဒဟ်ခိုဒါ၊ အလီအက္ကဘရ်၊ လိုဂသ်နာမဟ်၊ တီဟ်ရန်တက္ကသိုလ်၊အီရန်သက္ကရာဇ် ၁၃၇၇။
  • ရူဟာနီ၊ မိုဟမ္မဒ်ဆွာဒီက်၊ မင်န်ဟာဂ်ျဂျူလ် ဖိုကာဟဟ်၊ အလ်သအ်လီးက် အလာ မကာဆိဗ် ရှိခ်ခွလ်အအ်ဇွမ်၊ ကွမ်မြို၊ အန်ဝါရ်ရူလ် ဟိုဒါ၊ ဟိဂျရီ ၁၄၂၉။
  • အလှဆင်ခြင်း၊ မရ်ဂျာအ်အာလီကဒ်ရ် ဆိုင်ယိဒ် အလီ ဟိုစိုင်နီ ဆစ္စသာနီရုံး၏ တရားဝင်ဆိုဒ်၊ အကြောင်းအရာမှတ်တမ်းတင်ထားသည့်ရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉၊ ၄ ဘဟ်မန်( အီရန်နီလ )။
  • ဆဗ်ဇ်ဝါရီ၊ ဆိုင်ယိဒ်အဗ်ဒွလ်အအ်လာ၊ မဇ်ဟဗ်အလ်အဟ်ကာမ်၊ ကွမ်မြို၊ အလ်မနာရ်ဌာန၊ ဟိဂျရီ ၁၄၁၃။
  • ဆစ္စသာနီ၊ ဆိုင်ယိဒ်အလီ၊ မက်န်ဟာဂ်ျဂျူလ်ဆွာလေဟီးန်၊ ကွမ်မြို၊အာယသွလ္လာဆိုင်ယိဒ်အလီဆစ္စသာနီ၏ကျောင်း၊ ဟိဂျရီ ၁၄၁၅။
  • ရှိခ်အန်ဆွာရီ၊ မွရ်သဇာ ဘင်န် မိုဟမ္မဒ်အမီးန်၊ မကာစိဗ်၊ မိုဟမ္မဒ်ကလာန်သိရ်၏သုတေသန၊ ကွမ်မြို၊ ဒါရ်ရူလ်ကိသာဘ်၊ ဟိဂျရီ ၁၄၁၀။
  • ရှိခ်ဆွဒ်ဒူက်၊ မိုဟမ္မဒ်ဘင်န်အလီဘင်န်ဘာဘိုဝိုင်၊ အိုယူန်အခ်ဘာရ်ရူလ်ရေဒွါ(အ.စ)၊ မဟ်ဒီလာဂျူရ်ဒီ၏ ပြင်ဆင်မှု၊ တီဟ်ရန်မြို၊ နရှ်ရ်ဂျဟာန်၊ အီရန်သက္ကရာဇ် ၁၃၇၈။
  • ရှိခ်တူဆီ၊ မိုဟမ္မဒ်ဘင်န်အလ်ဟဆန်၊ သဟ်ဇီဗ်အလ်အဟ်ကာမ်၊ ဟဆန်အလ်မူစဝီခိုရာဆာန်၏ပြင်ဆင်မှု၊ တီဟ်ရန်မြို၊ ဒါရ်ရူလ်ကိသာဘ်အစ္စလာမီ၊ ဟိဂျရီ ၁၄၀၇။
  • ရှိခ်တူဆီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ အလ်ခိလာဖ်၊ ကွမ်မြို၊ ဂျာမေအဟ် မိုဒရ်ရေစီးန် ဟောဝ်ဇာ အိလ်မီယဟ် ကွမ်၊ ဟိဂျရီ ၁၄၀၇။
  • ရှိခ်တူဆီ၊ မိုဟမ္မဒ်ဘင်န်ဟဆန်၊ အလ်မဗ်စူသ် ဖီ ဖိက်ဟ် အေမာမီယာ၊ တီဟ်ရန်၊ မက်သဘ် အလ်မွရ်သဇဝီ၊ ဟိဂျရီ ၁၃၈၇။
  • ဆွာဟိဘ်၊ အစ္စမာအီလ် ဘင်န် အေဘာဒ်၊ အလ်မိုဟီးသ်ဖီလ်လိုဂသ်၊ မိုဟမ္မဒ်ဟဆန် အာလေယာစီးန်၏ ပြင်ဆင်မှု၊ ဘေရွသ်မြို၊ အာလေမ်အလ်ကိသာဘ်၊ ဟိဂျရီ ၁၄၁၄။
  • ဆွာဖီဂွလ်ပိုက်ဂါနီ၊ လွသ်ဖွလ္လာ၊ ဂျာမေအွလ် အဟ်ကာမ်၊ ကွမ်မြို၊ အာယသွလ္လာဟ်ဆွာဖီ၏ အာဆာရ်များအား ဖြန့်ချီရေးနှင့်ပြင်ဆင်ခြင်းဌာန၊ ဟိဂျရီ ၁၃၈၅။
  • သွဘာသွဘာအီ ယဇ်ဒီ၊ ဆိုင်ယိဒ် မိုဟမ္မဒ်ကာဇင်မ်၊ အလ်အွရ်ဝသွလ်ဝူစ်ကာ၊ ကွမ်မြို၊ အလ်နရှ်ရ်အစ္စလာမီ၏ဌာန၊ ဟိဂျရီ ၁၄၁၉။
  • သွဘရေစီ၊ ဖဇ်လ်ဘင်န်ဟဆန် မဂ်ျမအ်ဘယားန်ဖီသဖ်စီးရ်ကူရ်အာန်၊ ဖဇ်လွလ္လာယဇ်ဒီသွဘာသွဘာအီ နှင့် ဟာရှင်မ် ရစူလီ၊ တီဟ်ရန်၊ နာဆိရ်ခူစ်ရို၊ အီရန်သက္ကရာဇ် ၁၃၇၂။
  • အမျိုးသမီးများအတွက်နေဒဏ်ကာကွယ်သည့်ခရင်မ်၊ မကာမ်မိုအဇ်ဇမ်ရဟ်ဘရီရုံး၏ သတင်းပိုချခြင်းဆိုင်ရာဌာနချူပ်၊ အကြောင်းအရာရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၈၊ ၁၀ ဒိယ်(အီရန်နီလ)၊ စစ်ဆေးခြင်းရက်စွဲ၊ အီရန်သက္ကရာဇ် ၁၃၉၉ ၄ ဘဟ်မန်(အီရန်နီလ)
  • ကိုလိုင်နီ၊ မိုဟမ္မဒ်ဘင်န်ယအ်ကူဘ်၊ အလ်ကာဖီ၊ မိုဟမ္မဒ်အာခူန်ဒီ၏ပြင်ဆင်မှု၊ တီဟ်ရန်မြို၊ ဒါရ်ရူလ်ကိသာဘ်အစ္စလာမီ၊ ဟိဂျရီ ၁၄၀၇။
  • အလ္လာမာ ဟိလလ်လီ၊ ဟဆန် ဘင်န် ယူစွဖ်၊ သဇ်ကိရသွလ် ဖိုကဟာ၊ ကွမ်မြို၊ အာလေဘိုသ်(အ.စ) လေအဟ်ယာအိလ်သိုရာစ်ဌာန၊ ဟိဂျရီ ၁၄၁၄။
  • အရာရှီ၊ မိုဟမ္မဒ်ဘင်န်မက်စ်အူဒ်၊ သဖ်စီးရ်အရာရှီ၊ ဟာရှင်မ်ရစူလီ၏ ပြင်ဆင်မှု၊ တီဟ်ရန်မြို၊ မက်သဘ် အလ်မ်မီယသွလ် အစ္စလာမီယဟ်၊ အီရန်သက္ကရာဇ် ၁၃၈၁။
  • ဖရာဟီဒီ၊ ခလီလ်ဘင်န်အဟ်မဒ်၊ ကိသာဘ်ဘွလ်အိုင်န်၊ ကွမ်မြို၊ ဟိဂ်ျရသ်ဖြန့်ချီရေး၊ ဟိဂျရီ ၁၄၀၉။
  • ကာရှိဖ်ဖွလ်ဂိတွာအ်၊ ဂျအ်ဖရ်ဘင်န်ခိဇ်ရ်၊ ကရှ်ဖ်အလ်ဂိတွာအ်၊ အစ်ဖဟာန်းမြို၊ မဟ်ဒဝီ၊ ဘီသာ၊ ကိုလိုင်နီ၊ မိုဟမ္မဒ်ဘင်န်ယအ်ကူဘ်၊ အလ်ကာဖီ၊ ကွမ်မြို၊ ဒါရူလ်ဟဒီးစ်၊ ဟိဂျရီ ၁၄၂၉။
  • ကိုလိုင်နီ မိုဟမ္မဒ်ဘင်န်ယအ်ကူဘီ၊ အလ်ကာဖီ၊ မိုဟမ္မဒ်အာခူန်ဒီ၏ ပြင်ဆင်မှု၊ တီဟ်ရန်မြို၊ ဒါရ်ရူလ်ကိသာဘ်အစ္စလာမီ၊ ဟိဂျရီ ၁၄၀၇။
  • ဖာဇိလ်လန်ကရာနီ၊ မိုဟမ္မဒ် ၊ ဂျာမေအူလ်မဆာအိလ်၊ ကွမ်မြို၊ အမီးရ်ကလမ်၊ ဟိဂျရီ ၁၄၂၅။
  • မဂ်ျလေဆီ၊ မိုဟမ္မဒ်ဘာကိရ်၊ ဘေဟာရူလ်အန်ဝါရ်အလ်ဂျာမေအဟ် လေဒိုရရေ အခ်ဘာရ် အအေမ်မာ အသ်ဟာရ်(အ.စ)၊ မိုဟမ္မဒ်ဘင်န်ဘာကိရ် မဟ်မူဒီ နှင့် အခြားသူများ၊ ဘေရွသ်မြို၊ ဒါရ်ရူလ်အဟ်ယအ်အွလ်သိုရာစ်အရဗီ၊ ဟိဂျရီ ၁၄၀၃။
  • မိုအီးန်၊ မိုဟမ္မဒ်၊ ဖရ်ဟန်ဂ်ဖာရ်စီ၊ တီဟ်ရန်မြို၊ ဆီဖဟ်ရ်ပုံနှိပ်စက်ရုံ၊ အီရန်သက္ကရာဇ် ၁၃၇၁။
  • မိုဖီးဒ်၊ မိုဟမ္မဒ်ဘင်န်မိုဟမ္မဒ်၊ အဟ်ကာမ်နေဆာအ်၊ မဟ်ဒီနဂျဖ်၏ သုတေသန၊ ကွမ်မြို၊ အလ်မိုအ်သမရူလ် အာလေမီ အလ်ဖီဟိ အလ်ရဇိခ်မိုဖီးဒ်၊ ဟိဂျရီ ၁၄၁၃။
  • နဂျဖီ၊ မိုဟမ္မဒ်ဟဆန်၊ ဂျဝါဟိရ်ရူလ်ကရာမ်၊ အဘ္ဘာစ်ကူချာနီ၊ ဘေရွသ်မြို၊ ဒါရ်ရူလ်အဟ်ယာအ် အလ်သိုရာစ်အရဗီ၊ အီရန်သက္ကရာဇ် ၁၃၆၂။
  • နူရီဟမဒါနီ၊ ဟိုစိုင်န်၊ အစ္စလာမ်တွင်အမျိုးသမီးများ၏အရိုက်အရာ၊ ဘီဂျာ၊ မဟ်ဒီယေမောဝ်အူဒ်(အ.ဂျ)၊ အီရန်သက္ကရာဇ် ၁၃၈၃