အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း

wikishia မှ

အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း သည် ကောင်းမွန်သော အကျင့်စာရိတ္တ မှဖြစ်သည်။ စူရဟ် အာလေအင်မ်ရားန် အာယသ်အမှတ် ၁၃၄ ၌ ၊ ဒေါသကို အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်းကို အကောင်းဆုံးလုပ်ဆောင်ကြသူများ၏ အချင်းလက္ခဏာ ဖြစ်သည်ဟု ဖော်ပြထားသည်။ ရေဝါယသ်၌လည်း ၊ အရှင်မြတ်၏ အမျက်ဒေါသမှ ကင်းဝေးခြင်း ၊ အရှင်မြတ် ကျေနှစ်သက်မှုကို ရရှိခြင်းတို့သည် ဒေါသကို အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း ၏ အကျိုးအာနိသင်များ ဖြစ်သည် ဟူ၍ လာရှိထားသည်။ကိုယ်ကျင့်တရား ဆိုင်ရာ ပညာရှင်များသည် ၊ အမျက်ဒေါသ ဟူသော ခေါင်းစဉ်အောက်၌ ဒေါသကို အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း ဟူသော အကြောင်းအရာများကို ဆွေးနွေးတင်ပြ ထားပြီး ၎င်းနှင့်သက်ဆိုင်သည့် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။ ခုနှစ်ပါးမြောက် အေမာမ် မူစာ ဗင်န် ဂျအ်ဖဲရ်(အစ) သည် မိမိ၏ အမျက်ဒေါသကို အစွမ်းကုန် မျိုသိပ်ထားသည့် အတွက်ကြောင့် ကာဇွင်မ် “ ဒေါသကို အစွမ်းကုန် မျိုသိပ်ထားသူ” ဟူ၍ ဂုဏ်ပုဒ်ရရှိခဲ့သည်။

အနက်အဓိပ္ပါယ် နှင့် အရိုက်အရာ

غَیْظْ “ဂိုင်းဇ်ွ” ဆိုသည်မှာ “အပြင်းထန်ဆုံးသော အမျက်ဒေါသ” နှင့် “လူ့နှလုံးသွေးများ ဆူပွက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော အပူရှိန်” ဟူ၍ ခေါ်ဆိုသည်။ (1) کظم “ကဇ်ွမိ” ဆိုသည်မှာ “စိန်နှလုံးအား ထိန်းချုပ်ခြင်း” ဟူ၍ဖြစ်သည်။ ထို့ကြောင့် کظم غیظ، “ ကဇ်ွမိ ဂိုင်းဇ်ွ” ဆိုသည်မှာ “ အမျက်ဒေါသအား ထိန်းချုပ်ခြင်း နှင့် ပေါ်လွင်စွာ ဒေါသထွက်ခြင်းမှ ရှောင်ကြဉ်ခြင်း” ဟူ၍ အနက်အဓိပ္ပါယ် ရှိပေသည်။ (2) အမျက်ဒေါသအား အစွမ်းကုန် ထိန်းချုပ်ထားသူကို “ကာဇွင်မ်” ဟုခေါ်ဆိုသည်။ (3) کظم غیظ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း သည် အခြားသော ကိုယ်ကျင့်တရားဖြစ်သည့် حلم ခန္နီသည်းခံမှုတရားရှိခြင်း ဟူသော ဂုဏ်ရည်နှင့် နီးစပ်ပေသည်။ သို့သော် ကွဲခြားချက်မှာ ၊ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ် ထားနိုင်သူ သည် ယခုအချိန်ထိ ၎င်း၌ ခန္နီသည်းခံမှုတရား မရှိသေးပေ ထို့အပြင် အမျက်ဒေါသသည် ၎င်းအပေါ် လွှမ်းမိုးသွားနိုင်သည့် အလားအလာ ရှိပေသည်။ သို့သော် ၎င်းသည် ထိုအရာကို မျိုသိပ်ရန် ကြိူစားရင်း အမျက်ဒေါသကို ထိန်းချုပ်ထားပေသည်။ (4) ရေဝါယသ်များ၌ ၊ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း နှင့် ခန္နီသည်းခံမှုတရားရှိခြင်း တို့အကြား ဆက်စပ်မှုရှိကြောင်း ဖော်ပြထားသည်။ အေမာမ်ဆွာဒီက်(အစ) သည် ရေဝါယသ်တစ်ခု၌ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်းသည် အရှင်မြတ် ထံတော်၌ အချစ်မြတ်နိုးရဆုံးသော အရာဖြစ်သည်ဟု ယုံကြည်လက်ခံထားသည်။ ထို့ကြောင့် မိန့်တော်မူသည်မှာ ၊ မည်သည့်အရာမှ အရှင်မြတ်ထံတော်၌ လူသားတို့၏ အတွင်းစိတ်မှ ပွတ်ပွတ်ဆူ၍ အရှိန်အဟုန် ပြင်းစွာ ဖြစ်ပေါ်လာသော အမျက်ဒေါသအား ခန္နီသည်းခံမှုတရားဖြင့် မျိုသိပ်ထိန်းချုပ်လိုက်သည့် အရာလောက် နှစ်သက်ရသည့်အရာ မရှိပေ။ (5) ကျမ်းတော်မြတ် ကုရ်အာန်ထဲ၌ ၊ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း ကို ကောင်းမွန်သူများ၏ ဂာဏ်အရည်အချင်းမှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ မိန့်‌ဆိုထားသည်မှာ “ ၎င်းတို့သည် အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်သာမက လူတို့သည် ၎င်းတို့အပေါ် မထီမဲ့မြင်မှုဖြင့် ကျူးလွန်လာလျှင်လည်း ထိုလူတို့ကို ကင်းလွတ်ခွင့်ပေးသူများ ဖြစ်ကြ၏။ အရှင်မြတ်သည် အသိစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်သူများကို နှစ်သက်တော်မူ၏။ (6) ထို့အတူ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်းသည် ရေဝါယသ်များ၌ သာလွန်မြင့်မြတ်သော ကိုယ်ကျင့်တရားမှ ဖြစ်သည်ဟု ဖော်ပြထားပြီး အေမာမ်(အစ) များအားလုံးသည် ထိုအရာကို လုပ်ဆောင်ရန် အလေးအနက် တိုက်တွန်းထားသည့် အရာလည်း ဖြစ်ပေသည်။ ကိုလိုင်နီသည် အလ်ကာဖီစာအုပ် ၊ အီမာန် နှင့် ကုဖ်ရ် ဟူသော အခန်းဂဏ္ဌ၌ ရေဝါယသ် ၁၃ ခုကို အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း ဟူသော ခေါင်းစဉ်အောက်၌ ဖော်ပြပေးထားသည်။ (7) ဆွဟီဖေဟေ စဂျာဒီယေဟ် ဒိုအာစာအုပ်၌လည်း အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း အကြောင်း လာရှိထားသည်။ (8) ရေဝါယသ်များ၌ သိက္ခာရှိခြင်း ၊ ကြီးမြတ်မှုရှိခြင်း ၊ အရှင်မြတ်၏ အပြစ်ပေးမှုမှ ကင်းဝေခြင်း နှင့် ၎င်း၏ နှစ်သက်လိုလားမှုရှိခြင်း တို့သည် အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း၏ အကျိုးအာနိသက်များ ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။ (9) တမန်တော်မြတ်(ဆွ) ထံမှ ရေဝါယသ်တစ်ခု လာရှိထားသည်မှာ ၊ “ မည်သူမဆို မိမိ၏ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ် ထိန်းချုပ်ထားပါက အရှင်မြတ်သည် ၎င်း၏ အပြစ်ငရဲများကို ခွင့်လွှတ်ပေးတော် မူပေမည်။” (10) အေမာမ်စဂျာဒ်(အစ)မိန့်တော်မူထားသည်မှာ “ ကျွန်ုပ်ထံ၌ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားပြီး အခြားသူများကို အပြစ်မ‌ပေးသည့် အရာလောက် မည်သည့်အရာမျှ နှစ်သက်ဖွယ်ရာ မရှိပေ။ အခြားရေဝါယသ် တစ်ခု၌ ၊ ပူဆွေးဝမ်းနည်း သောက ရောက်နေသည့်အချိန် ထိုသောက နှင့် အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်းသည် အရှင်မြတ် အနှစ်သက်ရဆုံးသော အရာဖြစ်သည် ဟူ၍ လာရှိထားသည်။ (11)

အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားနိုင်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများ

အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ စာအုပ်များ၌ မကောင်းသော အကျင့်စာရိတ္တများ အခန်း၌ လာရှိထားပြီး အမျက်ဒေါသ ဟူသော ဂုဏ်ပုဒ်‌အောက်၌ ဖော်ပြထားသည်။ (12) ကိုယ်ကျင့်တရား ပညာရှင်ရှင်များသည် အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားနိုင်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများကို ဖော်ပြပေးထားသည်။ (13) ဖီးဇ်ကာရှာနီသည် အလ်မုဟ်ဂျဘသုလ် ဗိုင်ဇာ စာအုပ်၌ ၊ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း ၊ ခန္နီသည်းခံတရားရှိခြင်း ၊ ခွက့်လွှတ်ခြင်း တို့၏ သာလွန်မြင့်မြတ်မှုများနှင့် သက်ဆိုင်သည့် ရေဝါယသ်တစ်ခု၌ လာရှိထားသည်မှာ ၊ထိုရေဝါယသ်၌ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း အတွက် ရရှိလာမည့် အကျိုးအာနိသင်များကို ဂရုပြုခြင်းအားဖြင့် ၊ အရှင်မြတ်၏ တတ်စွမ်းနိုင်မှု ၊ ထိုအရှင်၏ အမျက်ဒေါသ စူးရှမှု ၊ အမျက်ဒေါသ ထွက်ခြင်းကြောင့် ရုပ်ဆိုးအကျဉ်းထန် ဖြစ်သည်ကို အာရုံထားခြင်း နှင့် ကလဲဘစားခြေလိုသည့်စိတ်ကို ချိုးနှိမ်ခြင်း စသည်တို့ကို အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားနိုင်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများ အဖြစ် ဖော်ပြထားသည်။ (14) ထို့အတူ ၊ ဖီးဇ်ကာရှာနီ သည် အမျက်ဒေါသ ဖြစ်နေသည့် အချိန် မိမိ၏ စိတ်ကို အခြားတစ်ဖက်သို့ ပြောင်းလိုက်ခြင်းအား အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း၏ လက်တွေ့ကျသော ဖြေရှင်းသည့် နည်းလမ်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းပြောထားသည်မှာ ထိုသို့စိတ်ပြောင်းလိုက်သော်လည်း မထူးခြားလာပါက အမျက်ဒေါထွက်နေသူသည် အကယ်၍ မတ်တပ်ရပ်နေပါက ထိုင်လိုက်ရမည် ၊ အကယ်၍ ထိုင်နေသည် ဆိုပါက အနောက်သို့ မှီလိုက်ရမည် သို့မဟုတ် အိပ်လိုက်ရမည်။ ထို့အတူ အချို့ ရေဝါယသ်များ၌ ၊ အမျက်ဒေါသကို မီးနှင့် အလားတူသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် မီးကို ရေဖြင့်သာလျှင် ငြိမ်းလို့ရ သောကြောင့် မည်သူမဆို အမျက်ဒေါသထွက်‌ပါက ဝူဇူပြုလုပ်ရမည် ဟူ၍ လာရှိထားသည်။ (15) တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ဖော်ပြထားသည့် အချို့ရေဝါယသ်များ၌ လာရှိထားသည်မှာ ၊ မည်သူမဆို အမျက်ဒေါသထွက်ပါက ‌၎င်း၏မျက်နှာကို မြေကြီးနှင့် ကပ်ထားပါလေ။ ဝရားမ် ဗင်န် အဘီ ဖရာစ် ဆိုသူ ပြောထားသည်မှာ ၊ တမန်တော်မြတ်(ဆွ) မိန့်ဆိုချက်၏ ဆိုလိုရင်းမှာ “စိတ်နှလုံးသား ငြိမ်းချမ်းပြီး အမျက်ဒေါသ ပပြောက်စေရန် စဂ်ျဒါ ပြုလုပ်ချုင်းခြင်း” ဖြစ်သည်။ (16) အေမာမ်ဘာကဲရ်(အစ) သည် အမျက်ဒေါသအား ထိန်းချုပ်ထားနိုင်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများနှင့် ပတ်သက်ပြီး မိန့်ဆိုထားသည်မှာ “မည်သူမဆို အခြားသူအပေါ် အမျက်ဒေါသထွက်ပါက အကယ်၍ မတ်တပ်နေပါက အလျင်အမြန် ထိုင်လိုက်ရမည် ထိုမှသာ ရှိုင်သွာန်၏ အနှောက်အယှက်ပေးမှုမှ ကင်းဝေးပေမည်။ အကယ်၌ မည်သူမဆို ဆွေးမျိုးသားချင်းအပေါ် အမျက်ဒေါသထွက်အောင် ပြုလုပ်ပါက ၎င်းအနားသို့ သွား၍ ၎င်း၏ ‌ဦးခေါင်း သို့မဟုတ် ကိုယ်ခန္ဓာအား လက်ဖြင့်ပွတ်သပ်ပေးရမည်။ အဘယ်ကြောင့်ဆိုသော် ၊ ဆွေမျိုးသားချင်းများသည် ထိုသို့ပွတ်သပ်လိုက်ပါက စိတ်နှလုံးဘအေးချမ်းသွားသောကြောင့် ဖြစ်သည်။ (17)

အေမာမ်ကာဇွင်မ်(အစ)၏ အမျက်ဒေါသအား အစွမ်းကုန် မျိုသိပ်ထိန်းချုပ်ထားခြင်း

အေမာမ်မူစာကာဇွင်မ်(အစ) သည် မိမိ၏ အမျက်ဒေါသအား ထိန်းချုပ်နိုင်သည့် အတွက်ကြောင့် ၎င်းအား ကာဇွင်မ် ဟူဥ ခေါ်ဆိုကြသည်။ (18) ကျမ်းကိုးများ၌ အဆိုအမျိုးမျိုး လာရှိထားသည်မှာ ၊ အေမာမ်မူစာကာဇွင်မ်(အစ) သည် ရန်သူများ အရှေ့နှင့် ၎င်းကို မကောင်းပြုသူများ အရှေ့တွင် မိမိ၏ အမျက်ဒေါသကို ထိန်းချုပ်ထားခဲ့သည်။ (19) ဥပမာပေးရသော်၊ အွမ္မရ် ဗင်န် ခသွာဘ် ၏ မျိုးရိုးမှ အမျိုးသားတစ်ဦးသည် အေမာမ်အလီ (အစ) ကို အေမာမ်မူစာကာဇွင်မ်(အအစ ၏ ရှေ့မှောက်၌ စော်ကား ပြောဆိုခဲ့သည်။ အေမာမ်မူစာကာဇွင်မ်(အစ) ၏ အပေါင်းအဖော်များသည် ထိုသူ့ကို တိုက်ခိုက်ရန် ဆန္ဒရှိသော်လည်း အေမာမ်က ၎င်းတို့အား တားဆီးပြီးနောက် ထိုလူ၏ လယ်ယာသို့ သွားခဲ့သည်။ ထိုလူသည် အေမာမ်မူစာကာဇွင်မ်(အစ) ကို မြင်သောအခါ မိမိ၏ ကောက်ပဲသီးနှံများကို မနင်းရပေ ဟူ၍ အော်ပြောလေ၏။ အေမာမ်သည် ထိုသူ့ ထံချဉ်းကပ်ပြီး လယ်စိုက်ဖို့ရန် ဒီနာ ဘယ်လောက် သုံးခဲ့သနည်း ဟု ယဉ်ကျေးစွာမေးလေသည် ။ ထိုသူသည်လည်း ဒီနာ၁၀၀ ဟုဖြေဆိုခဲ့သည်။ ထို့နောက် အေမာမ်ကာဇွင်မ်(အစ) သည် ရိတ်သိမ်းမှုမှ ဘယ်လောက် အမြတ်ယူဖို့ မျှော်လင့်သနည်း ? ဟု မေးရာ ထိုသူသည်” မသိဘူး” ဟူ၍ ပြောပေသည်။ အေမာမ်ကာဇွင်မ်(အစ) သည် ထပ်မံ၍ ရိတ်သိမ်းမှုမှ ဘယ်လောက် အမြတ်ယူဖို့ မျှော်လင့်သနည်း? ဟု မေးရာ ထိုသူလည်း “ ဒီနာ၂၀၀” ဟူ၍ ဖြေဆိုခဲ့သည်။ ထိုအခါ အေမာမ်ကာဇွင်မ်(အစ) သည် ထိုသူအား ဒီနာ၃၀၀ ပေးပြီး ထိုဒီနာသည် အသင့်အတွက်ဖြစ်ပြီး အသင့်၏ ရိတ်သိမ်းမှုလည်း အသင့်အတွက်သာလျှင် ဖြစ်သည် ဟုမိန့်ဆိုခဲ့သည်။ ထို့နောက် ဗလီသို့ ထွက်သွားခဲ့သည်။ ထိုအမျိုးသားသည် အေမာမ်ထက်ဦးစွာ ဗလီသို့ ရောက်အောင်သွပြီး ဗလီ၌ အေမာမ်ကာဇွင်မ်(အစ) အား တွေ့သောအခါ اللَّه أَعْلَمُ حَيْثُ يَجْعَلُ رِ‌سَالَتَهُ “အရှင်မြတ်သာ် မိမိ၏ ရေစာလသ်ကို မည်သူ့ထံ ပေးအပ်ရမည် ဖြစ်ကြောင်း ကောင်းစွာသိတော်မူသော အရှင်ဖြစ်သည်” ဟူသော အာယသ်တော်ကို ဖတ်ရွတ်ခဲ့သည်။ (20)

ရေးသားထားသည့် စာအုပ်များ

မဟာရက်သေ မိုကာဘီလေ ဘာ ခက်ရှ်မ် ၊ စိုင်ယိဒ် မဲဟ်ဒီ ခသွီးဘ် ရေးသားထားသည်။ ဒါရုလ်ဟဒီးစ် ပုံနှတ်တိုက်မှ ထုပ်ဝေသည်။ အီရာန်နှစ် ၁၃၉၈ ၌ ပထမ အကြိမ် ထုပ်ဝေမှု ဖြစ်ပြီး စာမျက်နှာပေါင်း ၄၈ မျက်နှာ ရှိသည်။ (21) မဟာရေ ခက်ရှ်မ် ဝါ ပူရ်ခါရရှေဂဲရီ ဒဲရ် ပဲရ်သူးယေ အာမူဇီးရှ်ဟာယေ ဒီးနီး စာအုပ် ၊ မဂျီးဒ် ဂျအ်ဖဲရီ ဟိရိဖ်သေဟ် ရေးသားထားသည်။ အေမာမ်ခိုမိန်နီကျောင်း ပုံနှိတ်တိုက်မှ ထုပ်ဝေထားသည်။ ပထမထုပ်ဝေမှု ၊ အီရာန်နှစ် ၁၃၉၇ ၊ စာမျက်နှာပေါင်း ၂၁၆ မျက်နှာ ရှိသည် ။ (22) မဟာရေ ခက်ရှ်မ် စာအုပ်၊ မုဟမ္မဒ် ရေဇွာ ကူရူမီရ်စီ အိစ်ကူယီး ရေးဟားထားသည်။ အီရာန်နှစ် ၁၃၉၁ ၌ ပထမ အကြိမ် ထုပ်ဝေမှု ဖြစ်ပြီး စာမျက်နှာပေါင်း ၂၉၉ မျက်နှာ ရှိသည်။ (23)