အမ္မာရ် ဗင်န် ဟစ္စာန်သွာယီး

wikishia မှ

အမ္မာရ် ဗင်န် ဟစ္စာန်သွာယီး သည် အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်များ အနက်မှဖြစ်ပြီး ကရ်ဘလာ၏ ရှိုဟဒါများ မှဖြစ်သည်။ ဇေယာရက်ျသ ရှိုဟဒါတွင် (ဇေယာရက်သေ နာဟီယ်ဟ် မိုကဒ္ဒက်စေ ဂိုင်းရေ မရှ်ဟူရ်)) ၌ ၎င်း၏ အမည်ကို ဖော်ပြထားသည်။ သမိုင်းအထောက်အထားအရ၊ ဟီဂျရီ ၆၁ ရာစု၌ အမ္မာရ် ဗင်န် ဟစ္စာန်သွာယီးသည် အေမာမ်ဟိုစိုင်းန်( အစ) နှင့်အတူ မက္ကာ မှ ကရ်ဘလာသို့ လိုက်ပါလာခဲ့ပြီး ကရ်ဘလာ အဖြစ်အပျက်၌ အာရှုရာနေ့တွင် ရှဟီးဒ် ဖြစ်ခဲ့သည်။

အမည် နှင့် မျိုးရိုး

အမ္မာရ် ဗင်န် ဟစ္စာန် သည် သွီးမျိုးနွယ်စုမှ ဖြစ်သည်။ (1) ၎င်းကို ဟီဂျရီ ပထမရာစု ၌ရှိသော ရှီအဟ် နှင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ နောက်လိုက်သားများ မှဖြစ်သည်ဟု ယူဆထားကြသည်။ (2) အချို့ကျန်းကိုးများတွင် ၊ ၎င်း၏ အမည်သည် အာမီရ် ဗင်န် ဟစ္စာန် ဟူ၍ လာရှိထားသည်။ အချို့သော သုတေသီများက ဤသို့ဖြစ်ရခြင်းမှာ အာမီရ် ဗင်န် မွတ်စ်လင်မ် (ကရ်ဘလာ ရှိုဟဒါများ အနက်မှ ဖြစ်ပြီး အာမီရ်၏ ညီဝမ်းကွဲတော်စပ်သူ ဟူ၍ မှတ်ချက်ပေးထားသူ) နှင့် ၎င်း၏ အမည်သည် ဆင်တူသောကြောင့် သို့မဟုတ် ဤအမည်နှစ်ခုသည် ၎င်းတို့၏ တူညီမှုကြောင့် တစ်ခုနှင့်တစ်ခု ရောထွေးကာ တူညီသောအမည်ဖြင့် မှတ်တမ်းနှစ်ခု ရှိခဲ့သောကြောင်ဘ့ ဖြစ်သည်ဟူ၍ ထင်ကြေးပေးထားသည်။ (3) မုဟမ္မဒ် သကီ ရှုရှ်ုသရီ သည်လည်း ကာမးစုလ်ရေဂျာလ် စာအုပ်၌ အမ္မာရ် ဗင်န် ဟစ္စာန် နှင့် အာမီရ် ဗင်န် အဘီစလာမဟ် (ကရ်ဘလာ၏ ရှိုဟဒါ) တို့သည် တစ်ယောက်တည်းပင် ဖြစ်သည် ဟူ၍ ထင်ကြေးပေးထားသည်။ (4) အမ္မာက်၏ ဖခင်၊ ဟစ္စာန် ဗင်န် ရှရီးဟ် ကိုလည်း အေမာမ်အလီ(အစ) ၏ နောက်လိုက်သား အနက်မှ ဖြစ်သည်ဟု လက်ခံထားကာ ဂျမလ် စစ်ပွဲ နှင့် ဆွီဖီးန် စစ်ပွဲ တို့၌ အေမာမ်အလီ (အစ) ၏ တပ်သားဘက်မှ ဖြစ်ပြီး ဆွီဖီးန် စစ်ပွဲ၌ ရှဟီးဒ် ဖြစ်ခဲ့သည်။ (5) ရှီအဟ် ရေဝါယသ် ကောက်နုတ်သူ၊ ကဇွာယာယေ အမီးရုလ်မိုအ်မေနီးန် စာအုပ်ရေးသူ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အဟ်မဒ် အား အမ္မာရ်၏ မြေးဖြစ်သည် ဟူ၍ ယူဆထားသည်။ (6)

ကရ်ဘလာ၌ ရှဟီးဒ် ဖြစ်ခြင်း

နဂျာရှီး သည် ၊ အမ္မာရ် ဗင်န် ဟစ္စာန် ကို ဟီဂျရီ ၆၁ ခုနှစ် အာရှုရာနေ့၌ ရှဟီးဒ်ဖြစ်သွားသူများ အနက်မှ ဖြသ်သည် ဟူ၍ သတ်မှတ်ထားသည်။ (7) ပညာရှင်များ၏ အဆိုအရ အမ္မာရ် သည် အေမာန်ဟိုစိုင်းန်(အစ) မက္ကာမှ ထွက်ခွာချိန်တွင် အေမာမ်နှင့်အတူ လိုက်ပါခဲ့သည်။ (8) သမိုင်းကျမ်းကိုးများအရ၊ ကရ်ဘလာ အဖြစ်အပျက်၌ ၊ အွမ္မရ် ဗင်န် စအ်ဒ်၏ တပ်သားများသည် တိုက်ပွဲကို ရပ်တန့်ရန် ဟူသော မျှော်လင့်ချက်ဖြင့် အေမာန်ဟိုစိုင်းန် (အစ) သည် တရားဒေသနာများစွာ ဟောကြားခဲ့သည်။ သို့သော် ၎င်းတို့သည် အေမာမ်၏ မိန့်ဆိုချက်ကို လက်မခံခဲ့ကြပေ။ ဤတရားဒေသနာပြီးနောက်၊ ရှင်မ်ရ် နှင့် သူ၏ တပ်သားတစ်စုသည် အေမာန်ဟိုစိုင်းန် (အစ) ၏ ခိုင်မာ တဲနန်းကို တိုက်ခိုက်ပြီး တဲနန်း၏ ညာဘက် နှင့် ဘယ်တောင်ပံမှ မြှားများဖြင့် ပစ်ခတ်ခဲ့ကြသည်။ ဤတိုက်ခိုက်မှုကို သမိုင်းဝင် စာအုပ်များတွင် “ပထမတိုက်ခိုက်မှု” ဟု လူသိများသည်။ (9) အမ္မာရ် ဗင်န် ဟစ္စာန် သည် ဤတိုက်ခိုက်မှု၏ ရှဟီးဒ် ဖြစ်သွားသူများ အနက်မှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ (10) သို့သော် အချို့ကျမ်းကိုးများတွင်လည်း အမ္မာရ် ရှဟီးဒ် ဖြစ်ပုံကို စစ်မြေပြင် နှင့် အေမာမ်ဟိုစိုင်းန်(အစ) ၏ ရှေ့မှောက်၌ ဖြစ်သည်ဟု ဖော်ပြထားသည်။ (11) ဇေယာရက်သေ ရှိုဟဒါ၌ «اَلسّلامُ عَلَی عَمّار بنِ حَسّان» ဟူသော စာပိုဒ်ဖြင့် ၎င်းအား စလာမ် ပို့သထားသည်။ (12)