မာတိကာသို့ ခုန်သွားရန်

အမေရိကန် ကျဆုံးပါစေ

wikishia မှ
Farhoud Moghadam၊ 2018၊ Shia Art Center ဝဘ်ဆိုဒ်မှ « အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ် အား စာစီ စာရိုက် နှင့် သရုပ်ဖော်ပုံ

အမေရိကန် ကျဆုံးပါစေ (အရဘီ : الموت لأمريكا) ဆိုသည်မှာ အမေရိကန်အစိုးရ၏ မူဝါဒများကို ဆန့်ကျင်ကန့် ကွက်ရန် အီရန် နှင့် ကမ္ဘာတစ်ဝှမ်းရှိ နေရာအများအပြားတွင် အသုံးပြုနေကြသည့် ဆောင်ပုဒ်ဖြစ်ပါသည်။ အချို့က ဤဆောင်ပုဒ်သည် ကိုလိုနီ ဆန့်ကျင်ရေး အတွေးအခေါ်များနှင့် အီရန်အစ္စလာမ်မစ် တော်လှန်ရေး၏ ပန်းတိုင်များ ၏ သင်္ကေတအဖြစ် မှတ်ယူကြပါသည်။

အချို့ပညာရှင်များက ဤဆောင်ပုဒ် အား ကျမ်းတော်မြတ် ကုရ်အာန် ၏ ကာဖေရ်များ နှင့် မွတ်ရှ်ရေက်များ အတွက် သေခြင်းတရားကို အလိုရှိသည့် အာယသ်တော်များကို ကိုးကားကြပါသည်။ အချို့ ပညာရှင်များ က ဤဆောင်ပုဒ် အား ဘာသာတရား၏ အကိုင်းအခက်များ (ခ) ဖရူးအ်အေ ဒီးန် ထဲမှ တစ်ခုဖြစ်သည့် သဗတ်ရ်ရာ ၏ စံနမူနာအဖြစ် မှတ်ယူကြပါသည်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အဆိုအရ ဤဆောင်ပုဒ် သည် နက်နဲပြီး ဆင်ခြင်တုံတရား နှင့် ယုတ္တိရှိကြောင်း၊ ဤဆောင်ပုဒ် ကြောင့် ရှိုင်တွာန် အားဆန့်ကျင်ရန် အမြဲတစေ ပြင်ဆင်မှု ကိုပြုပေးပြီး အလ္လာဟ်အရှင်မြတ်ထံ အစ်သေအာဇဟ်(ခ) ပန်ကြားမှု ပမာ ဖြစ်ကြောင်း ဖြစ်ပါ သည်။

အီရန်နိုင်ငံရှိ နိုင်ငံရေး နယ်ပယ် မှ အချို့က ဤဆောင်ပုဒ်ကို ဆန့်ကျင်ပြီး ၎င်းကို ဖယ်ရှားလိုကြပါသည်။ ထို့ပြင် အေမာမ် ခိုမေနီ (ရ.ဟ) မှ လည်း မိမိ ၏ သက်တမ်းတစ်လျှောက် နိုင်ငံပိုင်မီဒီယာတွင် ကြွေးကြော် သံများကို ဖယ်ရှားရန် သဘောတူခဲ့ကြောင်း ၎င်းတို့က ဆိုထားကြပါသည်။ ဒါပေမယ့် ဒီဆောင်ပုဒ်ကို ထောက်ခံသူတွေက ဒီစကားလုံးတွေကို လိမ်လည်ပြီး အထောက်အထားမဲ့လို့ ယူဆကြပြီး ဒီကိစ္စမှာ ဆုံးဖြတ်ချက်ချတာကို ဝလီယေ ဖကီးဟ် ၏ အခွင့်အာဏာလို့ ဆိုကြပါသည်။

နေရာအဆင့်

« အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ်သည် အီရန် အစ္စလာမ့်တော်လှန်ရေး ၏ ကိုလိုနီ ဆန့်ကျင်ရေး အတွေးအခေါ်များ နှင့် ပန်းတိုင်များကို ကိုယ်စားပြုကြောင်း တင်ပြထားသည်။[] အချို့ ပညာရှင်များ က ၎င်းကို အီရန်၏ အစ္စလာမ်မစ် တော်လှန်ရေး၏ အဓိကဆောင်ပုဒ်ဟု ယူဆကြပါသည်။[]ဤဆောင်ပုဒ် သည် အချိန်ကာလတစ်ခုအတွက် သီးခြားမဟုတ်ပေ။[] ရှီအဟ် မွတ်ဂျ်သဟစ်ဒ် တစ်ပါး နှင့် ဒဿန ပညာရှင်တစ်ဦး ဖြစ်သည့် အာယာသွလ္လာဟ် မိုဟမ္မဒ် သကီ မစ်ဆ်ဗါဟ် ယဇ်ဒီ အနေဖြင့် အီရန် ပြညသူ လူထုအနေဖြင့် ဤ ဆောင်ပုဒ် အား နမာဇ် ဂျမာအသ်များ အပြီး သက်ဘီးရ် တိုင်ပြီးနောက် တိုင်ရန် လိုအပ်ကြောင်း မှတ်ယူကြသည်ဟု ယုံကြည်ထားပါ သည်။[]

အီရန် ၏ အစ္စလာမ့် တော်လှန်ရေး၏ ဒုတိယခေါင်းဆောင် ကြီး ဖြစ်သူ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အဆိုအရ « အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ်သည် နက်နဲသော ဉာဏ်ရည်ဉာဏ်သွေး နှင့် ဆင်ခြင်တုံတရားဖြင့် ပံ့ပိုးကူညီမှုဖြင့် ယုတ္တိတန်သော ဆောင်ပုဒ်ဖြစ်ပြီး ဆိုလိုသည်မှာ အမေရိကန် ၏ လွှမ်းမိုးချုပ်ကိုင်မှုဆိုင်ရာ မူဝါဒများ ကျဆုံးပါစေ[]ထို့အပြင် မည်သည့် ခေတ်တွင်မဆို အမေရိကန် ခေါင်းဆောင်များ ကျဆုံးပါစေ ဟုဖြစ်ကြောင်း ဆိုထားပါသည်။[] အာယာသွလ္လာဟ် ခါမေနာအီ အနေဖြင့် ဤဆောင်ပုဒ်ကို အစ်သေအာဇဟ်(ခ) ပန်ကြားမှု ၏ ကျော်ကြားသော စကားစုနှင့် ခိုင်းနှိုင်းပြီး ရှိင်တွာန် (ခ) မာရ်နတ်ကို ဆန့်ကျင်ရန် အမြဲ အသင့်ဖြစ်နေပြီး ဤဆောင်ပုဒ်သည် လူများကို လောကအုပ်စိုးရှင်များ (ခ) နယ်ချဲ့ ၊ အာဏာရှင်များ ၏ အလွန်အကျွံ ပြုလုပ်မှုများ ဆန့်ကျင်ဘက် တွင် အသင့်ရှိနေစေသည်ဟု ယုံကြည်လက်ခံ ထားပါသည်။[]

« အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ် ၏ ဘာသာရေးဆိုင်ရာ အထောက်အထားများ

အချို့သော ပညာရှင်များက « အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ်ကို ကုရ်အာန် အထောက် အထား များရှာဖွေခဲ့ပြီး ဤဆောင်ပုဒ်ဖြစ်သည့် စူရဟ် မိုဟမ္မဒ် ၏ အာယသ်တော် အမှတ် ၈ ၊ စူရာဟ် ဘရူဂျ် ၏ အာယသ်တော် ၄၊ စူရဟ် မွတ်ဒ်ုစေရ် ၏ အာယသ်တော် အမှတ် ၁၉ နှင့် စူရဟ်ဇာရီယာသ် ၏ အာယသ် တော် အမှတ် ၁၀ ကဲ့သို့သော အာယသ်တော် များနှင့် ဆက်စပ်နေသည်ဟု ဆိုကြပါသည်။ ၎င်းတို့အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တွင် ကာဖေရ်များ နှင့် မွတ်ရှ်ရေက်များ အချို့ အတွက် တမင် သေခြင်း (ခ) ကျဆုံးခြင်း တရားကို အလိုရှိခဲ့ကြောင်း ထိုအတွက် «قُتِلَ» (အဓိပွာယ်မှာ ကျဆုံးပါစေ၊ သေပါစေ ) ဆိုသည့် စကားလုံး ကို သုံးထားသည်ဟု ဆိုကြပါသည်။[] အချို့ ပညာရှင်များ က ဤဆောင်ပုဒ် အား ဘာသာတရား၏ အကိုင်းအခက်များ (ခ) ဖရူးအ်အေ ဒီးန် ထဲမှ တစ်ခုဖြစ်သည့် သဗတ်ရ်ရာ ၏ စံနမူနာအဖြစ် မှတ်ယူကြပါသည်။[]

တခြားနိုင်ငံတွေမှာ သင်ယူကြခြင်း

ယီမင်နိုင်ငံရှိ ဟူသီ တော်လှန်ရေးသမားများ၏ အလံပေါ်ရှိ ဆောင်ပုဒ်မှာ ဤကဲ့သို့ ဖြစ်ပါသည်။ « အလ္လာဟ် ဟို အက္က်ဘဲရ် (အလ္လာဟ်ဟို အရှင်မြတ်သည် အကြီးတကာ အကြီးဆုံး အရှင် ဖြစ်၏ ) ၊ အမေရိကန် ကျဆုံးပါစေ ၊ အစ္စရေး (ခ) ဣ သ ရေ လ အ မျိုး ကျဆုံးပါစေ ၊ ရဟူသီ (ဂျူး) အပေါ် လအ်နသ် ကျပါစေ ၊ အစ္စလာမ် ရှင်သန်ပါစေ ၊အောင်မြင်ပါစေ  »

အီရန် အပြင် အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ် (ခ) ညာသံအား အာရှ ၊ ဥရောပ၊ အာဖရိကနှင့် လက်တင် အမေရိကနိုင်ငံအချို့တွင် အသုံးပြုကြပါသည်။[၁၀] အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဤဆောင်ပုဒ် (ခ) ညာသံ သည် အမေရိကန်အတွက် ဆိုးရွားသော အကျပ်အတည်းဟု ခံယူထားပါသည်။ [၁၁]ထို့အပြင် ကမ္ဘာ့အဆင့်တွင် မလွှဲမရှောင်သာ ပြောင်းလဲခြင်း၏ လက္ခဏာကိုလည်း ခွဲခြမ်းစိတ်ဖြာ ပြနေသည်ဟုဆိုထားပါသည်။[၁၂] ဥပမာအားဖြင့် ယီမင် ၏ အန်ဆွာလွလ္လာဟ် အစ္စလာမ့်တော်လှန်ရေး လှုပ်ရှားမှုကို တည်ထောင်သူ နှင့် ပထမဆုံးခေါင်းဆောင် ဆယက်ဒ် ဟိုစိုင်းန် ဟူသီ သည် « နယ်ချဲ့ဝါဒ ၊ အာဏာရှင်ဝါဒ အပေါ် ကြွေးကြော်ခြင်း  » ဟူသော မိန့်ခွန်းတွင် « အလ္လာဟ်ဟိုအက္က်ဘဲရ် (အလ္လာဟ်ဟို အရှင်မြတ်သည် အကြီးတကာ အကြီးဆုံး အရှင် ဖြစ်၏ ) ၊ အမေရိကန် ကျဆုံးပါစေ ၊ အစ္စရေး (ခ) ဣ သ ရေ လ အ မျိုး ကျဆုံးပါစေ ၊ ရဟူသီ (ဂျူး) အပေါ် လအ်နသ် ကျပါစေ ၊ အစ္စလာမ် ရှင်သန်ပါစေ ၊အောင်မြင်ပါစေ  » ဟူသော ညာသံများ ကြွေးကြော်သံများကို အသုံးပြုခဲ့ပါသည်။ပြီးနောက် ဤ ဆောင်ပုဒ်များ (ခ) ညာသံများ ကို ဤ ဒေသရှိ ရှီအဟ် များ၏ တရားဝင် ဆောင်ပုဒ် နှင့် ညာသံ ဖြစ်ကြောင်း ကြေငြာ ခဲ့ပါ သည်။[၁၃]


« အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ်ကို ဆန့်ကျင်ခြင်း

အီရန်တွင် လူအချို့သည် အီရန်၏ နိုင်ငံရေးစာပေမှ « အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ်ကို ဖယ်ရှား လိုကြပါ သည်။ ပမာအား ဖြင့် သာသနာ့ ပညာရှင်တစ်ပါး နှင့် နိုင်ငံရေးသမား ဖြစ်သူ မိုဟမ္မသ် သကီ ရဲဟ်ဗရ် ဤဆောင်ပုဒ်ကို အမေရိကန်နှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးထူထောင်ရန် အတွက် ဖယ်ရှား ရမည် ဟု ပြောကြားခဲ့ပါ သည်။[၁၄] တီဟီရန် တက္ကသိုလ် မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဆွာဒစ်က် ဇီးဘားကလာန်မ် က အဆိုပါ ကြွေးကြော်သံကို အီရန်အတွက် စျေးကြီးသည်ဟု ယူဆပါသည်။[၁၅] JCPOA မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ခြင်းကဲ့သို့သော နိုင်ငံတကာနယ်ပယ်တွင် မအောင်မြင် မှု ကို ပြည်သူ အချို့က ဤဆောင်ပုဒ်ကို ရွတ်ဆိုခြင်းနှင့် ဆက်စပ်နေသည်ဟု ဆိုကြပါသည်။[၁၆] သာသနာ့ပညာရှင် တစ်ပါး လည်း ဖြစ် နိုင်ငံရေး သမားလည်း ဖြစ်သည့် အာယာသွလ္လာဟ် အက္က်ဘဲရ် ဟာရှင်မ်မီ ရဖ်စာန်ဂျာနီ မှ အီရန် အစ္စလာမ်မစ် တော်လှန်ရေး ၏ ပထမဆုံး ခေါင်းဆောင် အေမာမ် ခိုမေနီ (ရ.ဟ) မှ လည်း မိမိ ၏ သက်တမ်းတစ်လျှောက် နိုင်ငံပိုင်မီဒီယာတွင် ဤ ဆောင်ပုဒ် (ခ) ကြွေးကြော် သံများကို ဖယ်ရှားရန် သဘော တူခဲ့ ကြောင်း ပြောကြားထားပါသည်။[၁၇]

တစ်ဖက်တွင် တီဟီရန် သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဖြစ်သည့် အာယာသွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသမီ ကဲ့သို့သော အချို့သောသူများသည် ဤဆောင်ပုဒ်ကို ဖယ်ရှားခြင်းအား ဝလီယေ ဖကီးဟ် ထံ အခွင့် အာဏာ၌ ရှိသည်ဟု လက်ခံ ထားကြပါသည်။[၁၈]အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ လည်း ဤ ဆောင်ပုဒ်(ခ) ညာသံ ဟာ အမေရိကန် အနေဖြင့် အီရန် အပေါ် ရန်လိုမှုကြောင်း အဖြေ ပေး ပြောကြားခဲ့ပါသည်။ နယ်ချဲ့ဝါဒီများ နှင့် အာဏာ ရှင် များသည် တရားမျှတမှု အလံကို လွှင့်တင် ခြင်း နှင့် ၎င်းတို့၏ အာဏာနယ်ပယ်အပြင်ဘက်တွင် ဖြစ်ပေါ်နေသော လူမျိုး တိုင်း ၏ သိပ္ပံပညာနှင့် လက်တွေ့ကျသော တိုးတက်မှုတို့ကို မလို၍ ရန်ငြိုးဖွဲ့ထားပြီး ဤ ဆောင်ပုဒ်အား ဆင်ခြေတစ်ခု လုပ်ကြ ပါသည်။[၁၉] အထူးသဖြင့်၊ အမေရိကန်၏ရန်လိုမှုသည် ဩဂုတ်လ ၁၉ ရက်နေ့ ၁၉၅၃ ခုနှစ် တွင် စတင်ခဲ့ပြီး အီရန်တွင် မည်သူမျှ « အမေရိကန် ကျဆုံးပါစေ  » ဆိုသည့် ကြွေးကြော်သံများ မကြွေးကြော် နေချိန်ဖြစ်ပါ သည်။[၂၀] အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အမေရိကန်သည် မိမိ ၏ "ဆိုးသွမ်းမှု" "စွက်ဖက်ခြင်း" "မနာလိုခြင်း" နှင့် "ယုတ်မာခြင်း" တို့ကို ဆက်လက်လုပ်ဆောင်နေသမျှ ကာလ ပတ်လုံး « အမေရိကန် ကျဆုံးပါစေ  » ဆိုသည့် ဆောင်ပုဒ်သည် အီရန်ပြည်သူများ ၏ ပါးစပ်မှ ပြုတ်ကျ မည်မဟုတ်ဟု လက်ခံ ယုံကြည်ထားပါသည်။[၂၁]

သမိုင်း အကျဥ်း

« အမေရိကန် ကျဆုံးပါစေ  » ဟူသော ဆောင်ပုဒ်၏ ဇာစ်မြစ်နှင့် ပတ်သက်၍ အမျိုးမျိုးသော အစီရင်ခံ စာများ ရှိ ပါသည်။ တစ်ချို့ ၏ အမြင်အရ ဤ ကြွေးကြော်သံ (ခ) ဆောင်ပုဒ် ကို ပထမဆုံး အကြိမ် နိုဝင်ဘာလ ၁၄ ရက်နေ့ ၁၉၇၇ခုနှစ် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန် အီရန်ဘုရင် အမေရိကကိုခရီးထွက် သွားချိန် ဖြစ်ပြီး အီရန် ဘုရင် (ခ) ရှားဟ် ဆန့်ကျင်သူများ နှင့် ကျောင်းသား၊ကျောင်းသူများမှ ကြွေးကြော် ခံရခြင်း ဖြစ်ပါသည်။[၂၂] တီဟီရန်ရှိ အမေရိကန်သံရုံးကို သိမ်းဆည်းရမိခြင်းမှရရှိသော စာရွက်စာတမ်းများ အရ ဤဆောင်ပုဒ်ကို ၁၉၇၈ ခုနှစ် ဆောင်းဦးကာလတွင် လူများက ကြွေးကြော်ခဲ့ကြပြီး နံရံများတွင်လည်း ရေးသားခဲ့ကြပါသည်။[၂၃] အချို့က ဤ ဆောင်ပုဒ် ကို ၁၉၇၈ ခုနှစ် နိုဝင်ဘာ ၄ ရက် ကျောင်းသား၊ ကျောင်းသူ များ က အသုံးပြုခဲ့ကြ သည်ဟု ယူဆကြပါသည်။[၂၄]

မီဒီယာ နှင့် အနုပညာ ကြေးမုံ ၌

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲခံပြီး နှစ်များအတွင်း ပြပွဲများ၊ ညီလာခံများနှင့် ပြိုင်ပွဲများ တည်ထောင်ခြင်းနှင့် အမေရိကသို့ သေခြင်းတရား ဟူသော ဆောင်ပုဒ်ကို ဗဟိုပြုသည့် အနုပညာ လက်ရာများ ထုတ်လုပ်မှုသည် နိုင်ငံနှင့် နိုင်ငံတကာ ပွဲများ ၏ စဉ်ဆက်မပြတ် အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ဥပမာအနေဖြင့်၊ ဓာတ်ပုံများ၊ ဂရပ်ဖစ်များ၊ ရုပ်ပြောင်များ၊ မှတ်တမ်းရုပ်ရှင်များ၊ အပိုင်းများ၊ ဓမ္မ သီချင်းများနှင့် နိုင်ငံတော် သီချင်းများကဲ့သို့သော ကဏ္ဍအသီးသီးမှ « အမေရိကန် ကျဆုံးပါစေ  » ပွဲတော်ကို နှစ်စဉ် နှစ်တိုင်း ကျင်းပလေ့ရှိပါ သည်။[၂၅]

ထို့အပြင် ပြိုင်ပွဲဖြစ်သည့် « အမေရိကန် ကျဆုံးပါစေ စာစီစာရိုက်ပြိုင်ပွဲ » ပြိုင်ပွဲတွင် နိုင်ငံ အဆင့်[၂၆] « အမေရိကန် ကျဆုံးပါစေ  » ပိုစတာ စုစည်းမှု ပြပွဲကို တက္ကသိုလ် ကျောင်းဝင်းများတွင်[၂၇] ထို့အပြင် « အမေရိကန် ကျဆုံးပါစေ  » အနုပညာပွဲတော်ကိုလည်း ကမ္ဘာ့ထိပ်တန်း နယ်ချဲ့ဝါဒီ၊ အာဏာရှင်ဝါဒီ ဆန့်ကျင် ရေး အဆိုတော်အချို့ကို ဖိတ်ကြားပြီး ကျင်းပခဲ့ပါသည်။[၂၈]

အမါရ် ရုပ်ရှင် ပွဲတော် သည် မိမိ ၏ ခြောက်ကြိမ်မြောက် ပိတ်ပွဲအခမ်းအနားတွင် ၎င်း၏ အထူးဆု « အမေရိကန် ကျဆုံးပါစေ မှန်စီရွှေချ » ကို ထုတ်ဖော်ပြသခဲ့ပါသည်။နှစ်စဉ်နှစ်တိုင်း အမေရိကန် ဆန့်ကျင်ရေး အလုပ်အတွက် ပေးအပ်သည့် ဤဆုသည် ၁၀ ကြိမ်မြောက် အီရန်သမ္မတရွေးကောက်ပွဲ၏ အကျိုးဆက်များ နှင့်ပတ်သက်သည့် မှတ်တမ်းရုပ်ရှင် «ညီအစ်ကိုများ» ကို ရိုက်ကူးထားသည့် ဒါရိုက်တာ မဲဟ်ဒီ နကဝီရမ်းန် ကို ပထမဆုံး ချီးမြှင့်ခြင်းဖြစ်ပါသည်။[၂၉]

ပြခန်း

ခိုမိုင်းမြို့ ခူဇာန် မတ်စ်ဂျစ်ဒ် ၏ ရင်ပြင် ရှီ ကော်ဇော် တွင် ကူဖီရေးနည်းရေးဟန်ဖြင့် « အမေရိကန် ကျဆုံးပါစေ  » ကြွေးကြော်သံ ရေးထားပါသည်။ [၃၀]


နယူးယောက်မှာ George Floyd အသတ်ခံရမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း အမေရိကန်အလံ မီးရှို့ခံ ခဲ့ရပါသည်။ [၃၁]


အီရန်ပြည်သူများက « အမေရိကန် ကျဆုံးပါစေ  » ဟူသော ကြွေးကြော်သံများကို မကြားခဲ့ရကြောင်း ထရမ့် ၏ မှတ်ချက်နှင့် ပတ်သက်၍ « အမေရိကန် ကျဆုံးပါစေ  » ကာတွန်းများ [၃၂]


အလီ ရှိုအိုင်းဘီ ရေးသား သီးကုံးထားသည့် ပါရှန်းဘာသာဖြင့် ဂျဟန်ခွာရ် (ဘာကြောင့် အမေရိကန် ကျဆုံး ပါစေ လဲ ) စာအုပ် ။[၃၃]




အောက်ခြေ မှတ်စုများ

  1. ဟိုင်ဒဲရ်ရီ ၊ သဗ်ယင်းန် ဂွတ်စ်သရေ ရှအာအေ‌ရေ အေလာဟီ ဒဲရ်ကုရ်အာန် ကရီးမ်ဗါ ရူကရ်ဒ်ဒေ သသွဘီးက်ကေ ရှိုအာရဟာယေ အင်န်ကေလာဗ် ဗေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ် ၊ စာမျက်နှာ ၁၀ ။
  2. လှုပ်ရှားမှုသမိုင်းတွင် « အမေရိကန် ကျဆုံးပါစေ  » ကြွေးကြော်သံ၏ အရင်း အမြစ်များ၊အစ္စလာမ့်လှုပ်ရှားမှုသမိုင်း ၊ အစ္စလာမ့်တော်လှန်ရေးစာရွက်စာတမ်းများစင်တာ။
  3. မီးရ်ရှေးကာရီ စိုလိုင်းမာန်နီ ၊ ဘရ်ရစီယေ ဇမီးန်ဟာယေ သာရီခ်ခီ ရှိုအာဟာယေ အင်န်ကေလာဗ်ဗေ အစ္စလာမ်မီ ယေ အီရန် ၊ အီရန် သက္ကရာဇ် ၁၃၉၈ ခုနှစ် ၊ စာမျက်နှာ၁၄၃ ။
  4. မစ်ဆ်ဗါဟ် ၊ အီရန် ပြည်သူ လူထုအနေဖြင့် ဤ ဆောင်ပုဒ် အား နမာဇ် ဂျမာအသ်များ အပြီး သက်ဘီးရ် တိုင်ပြီးနောက် တိုင်ရန် လိုအပ်ကြောင်း မှတ်ယူကြပါတယ် ၊ Insaf သတင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုက်။
  5. ပြေစာများ၊ « အမေရိကန် ကျဆုံးပါစေ  » ကြွေးကြော်သံ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှုများ ထိန်းသိမ်း ထုတ်ဝေ ခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  6. https://farsi.khamenei.ir/newspart-index?tid=11096 လေတပ် တပ်မှူးများနှင့် လေတပ် ဝန်ထမ်းများ တွေ့ဆုံပွဲ ၏ မိန့်ခွန်း ] ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှု များ ထိန်းသိမ်း ထုတ်ဝေခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  7. အစ္စလာမ့်ကျောင်းသားသမဂ္ဂများအဖွဲ့ နှင့် တွေ့ဆုံ သည့် အစည်းအဝေး ၏ မိန့်ခွန်း ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှု များ ထိန်းသိမ်း ထုတ်ဝေခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  8. ဟိုင်ဒဲရ်ရီ ၊ သဗ်ယင်းန် ဂွတ်စ်သရေ ရှအာအေ‌ရေ အေလာဟီ ဒဲရ်ကုရ်အာန် ကရီးမ်ဗါ ရူကရ်ဒ်ဒေ သသွဘီးက်ကေ ရှိုအာရဟာယေ အင်န်ကေလာဗ် ဗေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၄၀၀ ခုနှစ် ၊ စာမျက်နှာ ၁၀ ။
  9. « အမေရိကန် ကျဆုံးပါစေ  » ဟု အဘယ်ကြောင့် ကြွေးကြော်ရမည်နည်း? အမေရိကန် ရေးသားခြင်း ၏ အက်ကွဲကြောင်း ၊ Tasnim သတင်းအေဂျင်စီ ဝဘ်ဆိုဒ် ။
  10. ကျောင်းသား၊ကျောင်းသူများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နှင့် တွေ့ဆုံ ပွဲ ၏ မိန့်ခွန်း ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှုများ ထိန်းသိမ်း ထုတ်ဝေ ခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  11. ကျောင်းသား၊ကျောင်းသူများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နှင့ တွေ့ဆုံ ပွဲ ၏ မိန့်ခွန်း ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှုများ ထိန်းသိမ်း ထုတ်ဝေ ခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  12. တက္ကသိုလ် ဆရာများ နှင့် တွေ့ဆုံ ပွဲ၏ မိန့်ခွန်း ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှုများ ထိန်းသိမ်း ထုတ်ဝေ ခြင်းလုပ် ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  13. အလီဇါဒေဟ် မူစဝီ ၊ ဘီဒါရီယေ အစ္စလာမ်မီ ၊ အီရန် သက္ကရာဇ် ၁၃၉၀ ခုနှစ် ၊ စာမျက်နှာ ၂၀၈- ၂၀၉ ။
  14. « အမေရိကန် ကျဆုံးပါစေ  » ဘာဖြစ်မည်နည်း ? ၊ AsrIran သတင်းခွဲခြမ်းစိတ်ဖြာမှုဆိုက်။
  15. ဗျူဟာမြောက် ဆောင်ပုဒ်တစ်ခု၏ ကံကြမ္မာ / / « အမေရိကန် ကျဆုံးပါစေ  » ကို ထောက်ခံသူများနှင့် အတိုက်အခံများက ဘာပြောကြသနည်း? ၊ အွန်းလိုင်း သတင်း ။
  16. ဟေဒါယသ်သီ ၊ « အမေရိကန် ကျဆုံး ပါစေ »ဘာ ကြောင့် ဆက်ဖြစ်တာလဲ။ ၊ဂျာမေအ်အေ ခဗရ်ရီ ယေ သဟ်လီလီ ၊အလစ်ဖ် ။
  17. [၁] ၊ဗျူဟာမြောက် ဆောင်ပုဒ်တစ်ခု၏ ကံကြမ္မာ / / « အမေရိကန် ကျဆုံးပါစေ  » ကို ထောက်ခံသူများနှင့် အတိုက်အခံများက ဘာပြောကြသနည်း?၊ အွန်းလိုင်း သတင်း ။
  18. [၂] ၊ဗျူဟာမြောက် ဆောင်ပုဒ်တစ်ခု၏ ကံကြမ္မာ / / « အမေရိကန် ကျဆုံးပါစေ  » ကို ထောက်ခံသူများနှင့် အတိုက်အခံများက ဘာပြောကြသနည်း?၊ အွန်းလိုင်း သတင်း ။
  19. ပြေစာများ၊ « အမေရိကန် ကျဆုံးပါစေ  » ကြွေးကြော်သံ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှုများ ထိန်းသိမ်း ထုတ်ဝေ ခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  20. ကျောင်းသား၊ကျောင်းသူများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ နှင့ တွေ့ဆုံ ပွဲ ၏ မိန့်ခွန်း ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှုများ ထိန်းသိမ်း ထုတ်ဝေ ခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  21. https://farsi.khamenei.ir/newspart-index?tid=11096 လေတပ် တပ်မှူးများနှင့် လေတပ် ဝန်ထမ်းများ တွေ့ဆုံပွဲ ၏ မိန့်ခွန်း ] ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ ကြိုးပမ်းမှု များ ထိန်းသိမ်း ထုတ်ဝေခြင်းလုပ်ငန်းများ ရုံး ၏ ၏ ဝဘ်ဆိုဒ် ။
  22. မီးရ်ရှေးကာရီ စိုလိုင်းမာန်နီ ၊ ဘရ်ရစီယေ ဇမီးန်ဟာယေ သာရီခ်ခီ ရှိုအာဟာယေ အင်န်ကေလာဗ်ဗေ အစ္စလာမ်မီ ယေ အီရန် ၊ အီရန် သက္ကရာဇ် ၁၃၉၈ ခုနှစ် ၊ စာမျက်နှာ ၃၆ ။
  23. ဂျန်မ်အီ အဇ် နဝီစန်ဒဂါန် ၊ အစ်စနာဒ် လာနေဟ် ဂျစူစီ အမေရိကာ ၊ အီရန် သက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ စာမျက်နှာ ၄၀၀ - ၄၀၃ ။
  24. လှုပ်ရှားမှုသမိုင်းတွင် « အမေရိကန် ကျဆုံးပါစေ  » ကြွေးကြော်သံ၏ အမြစ်များ၊အစ္စလာမ့်လှုပ်ရှားမှုသမိုင်း ၊ အစ္စလာမ့်တော်လှန်ရေးစာရွက်စာတမ်းများစင်တာ။
  25. တတိယ အကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ « အမေရိကန် ကျဆုံးပါစေ  » ဖိတ်ခေါ် ပြိုင်ပွဲ ၏ ဆုကြီး ၊ ပွဲတော်ဝဘ်ဆိုဒ်။
  26. စာစီစာရိုက် « အမေရိကန် ကျဆုံးပါစေ  » သဗ်ရေဇ် တွင် ကျင်းပ မည် ၊ Mehr သတင်းအေဂျင်စီ။
  27. « အမေရိကန် ကျဆုံးပါစေ  » ပိုစတာစုစည်း ထုတ်ဝေမှု ၊ ဘစီးဂျ် ကျောင်းသားစည်းရုံးရေးဆိုဒ် ၊ အစ္စလာမ့်အနုပညာတက္ကသိုလ် ၊ သဗ်ရေဇ် ။
  28. အမေရိကန် အနုပညာရှင်များပြောဆို သည့်« အမေရိကန် ကျဆုံးပါစေ  » ၊ « အမေရိကန် ကျဆုံးပါစေ  » အတွက် အမေရိကန် အနုပညာရှင် အဆိုတော် များကို ဖိတ်ခေါ် ခြင်း ၊ နယ်ချဲ့ ဝါဒ ၊ အာဏာရှင် ဝါဒ ကို ဆန့်ကျင် သည့် အဆိုတော်များကို ဖိတ်ခေါ် ခြင်း ၊ Mehr သတင်းအေဂျင်စီ။
  29. အမါရ် ရုပ်ရှင် ပွဲတော် ၏ အထူးဆုအသစ်ကို ထုတ်ဖော် ပြသခြင်း ယနေ့ကမ္ဘာ့ဆိုက်။
  30. « အမေရိကန် ကျဆုံးပါစေ မှန်စီရွှေချ » အစီအစဥ် ၊ Mehr သတင်းအေဂျင်စီ။
  31. ဗီဒီယို-အမေရိကန်-အလံကို-နယူးယောက်တွင်မီးရှို့ခြင်း၊ Ferraro ဆိုဒ်။
  32. အီရန်ပြည်သူများက « အမေရိကန် ကျဆုံးပါစေ  » ဟူသော ကြွေးကြော်သံများကို မကြားခဲ့ရကြောင်း ထရမ့် ၏ မှတ်ချက်နှင့် ပတ်သက်၍ « အမေရိကန် ကျဆုံးပါစေ  » ကာတွန်းများ၊ နူးရ် သတင်းဌာန ။
  33. ပါရှန်းဘာသာဖြင့် ဂျဟန်ခွာရ် (ဘာကြောင့် အမေ ရိကန် ကျဆုံး ပါစေ လဲ ) စာအုပ် ၊ မအာရေဖ် ဖြန့်ချိရေးဆိုက်။

ကျမ်းကိုးများ

ကျမ်းကိုးများ