အမာရ် ဗင်န် အဘီစလာမဟ် ဟမေဒါနီ

wikishia မှ

အမာရ် ဗင်န် အဘီစလာမဟ် ဒါလာနီ ဟမေဒါနီ သည် အမာရ်ဒါလာနီ ဟူ၍ ကျော်ကြားပြီး တမန်တော်မြတ် ဆွ၏ နောက်လိုက်သား တစ်ဦး၊ ဂျမလ် ၊ ဆွီဖီးန် နှင့် နသ်ရဝါန် စစ်ပွဲများတွင် အေမာန်အလီ အစ ၏ တပ်သား ဖြစ်ပြီး ကရ်ဘလာ ရှိုဟဒါ များအနက်မှ တစ်ဦးဖြစ်သည်။ (1) အမာရ်သည် ဗနီဒါလာန် မှ ဖြစ်ပြီး ဟမေဒါန် မျိုးနွယ်မှ ဖြစ်သည်။(2) ၎င်းသည် ကရ်ဘလာ အဖြစ်အပျက်၌ ကူဖှာ အနီးရှိ နခ်လီယဟ် စခန်းတွင် အိဗ်နေဇေယာဒ်ကို သတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် အေမာမ်ဟိုစိုင်းန်(အစ) ၏ ကာရဝါန်တွင် ပါဝင်ခဲ့သည်။ (3) အချို့ကျမ်းကိုးများ၌၊ ၎င်းအား အာမီရ် ဟူသော အမည်ဖြင့် ဖော်ပြထားသည်။ (4) အိဗ်နေ ဟာအိက် ဟမေဒါနီ (ဟီဂျရီ ၃၃၄ ကွယ်လွန်) ၊ အလ်အကီးလု မင်န်အခ်ဘာရုလ် ယမန် စာအုပ်၌ ဖော်ပြချက်အရ ၊ အမာရ် ဗင်န် အဘီစလာမဟ်သည် ကူဖှာ မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပြီး ဇဟဲရ် ဗင်န် ကိန်းစ် နှင့် သူ၏ နောက်လိုက်များနှင့် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကို အနိုင်ယူကာ အေမာမ်ဟိုစိုင်းန်(အစ) သို့ ရောက်ရှိခဲ့သည်။ အိဗ်နေဇေယာဒ် သည် ဇဟဲရ် ဗင်န် ကိန်းစ် ကို ဂျီစ်ရုလ်ဆွလာသ် နှင့် ၅၀၀ နှင့်အတူ ကူဖှာ မှ မည်သူမှ မထွက်ခွာရန် အဆောင့်အကျပ်ဖြင့် ထားခဲ့သည်။ (5)

        အမာရ် ဗင်န် အဘီစလာမဟ် သည် အာရှုရာနေ့ ပထမစစ်ဆင်ရေး၌ (အွမရ် ဗင်န် စအ်ဒ်၏ တပ်သားများ အစုလိုက် အေမာမ်အား တိုက်ခိုက်ခြင်း) ရှဟီးဒ် ဖြစ်ခဲ့သည်။ (6) ဇေယာရက်‌ေသ ရှိုဟဒါ (ဇေယာကက်သေ နာဟီယဟ် ဂိုင်းရေ မအ်ရူးဖ်) ၌ «السَّلَامُ عَلَی عَمَّارِ بْنِ أَبِی سَلَامَةَ الْهَمْدَانِی» ဟူသော စာပိုဒ်ဖြင့် ၎င်းအား စလာမ်ပို့သထားသည်။ (7) မုဟမ္မဒ် ဗင်န် သွာဟီရ် စမာဝီ (ဟီဂျရီ ၁၃၇၀ကွယ်လွန်) အိဗ်ဆွာရုလ်အိုင်းန် ၌ ၎င်းနှင့် အီမာမ်အလီတို့ ဗဆွရဟ် သို့သွားရာလမ်းတွင် ပြောဆိုခဲ့သည့် စကားများကို သာကီခေသွီဘ်၏ ကိုးကားချက်မှ ဖော်ပြထားသည်။ ထိုစကားဝိုင်း၌ အမာရ်သည် အေမာမ်အလီ အား သူတို့ထံ ရောက်သောအခါ ဘာလုပ်မည်နည်း ဟု မေးမြန်းရာ အေမာမ် ဖြေဆိုသည်မှာ ၎င်းတို့အား အရှင်မြတ်၏ အမိန့်တော်ကို နာခံလိုက်နာရန် ဖိတ်ခေါ်ပြီး အကယ်၍ လက်မခံပါက ၎င်းတို့နှင့် တိုက်ခိုက်ပေမည်။ အမာရ် ပြောသည်မှာ ဤကိစ္စတွင်၊ သူတို့သည် အရှင်မြတ်ထံ ခေါ်ဆိုသူကို ကျော်လွှားမည်မဟုတ်ပေ။ (8) သမိုင်းကျမ်းကိုး၏ ဖော်ပြချက်အရ၊ အေမာမ်အလီ (အစ) သည် အာယေရှာ ၊ သွလ်ဟေ နှင့် ဇိုဘိုင်းရ် တို့ဖြင့် ထိပ်တိုက်တွေ့ဆုံရန် မိမိ၏ စစ်တပ်နှင့်အတူ မဒီနဟ် မှ အီရတ်သို့ ပြောင်းရွှေ့ခဲ့သည်။ အီရတ်သို့ ရောက်ရှိချိန်အစတွင် ၎င်းသည် ဇူကာရ် ဒေသမှ ထွက်ခွာခဲ့သည်။ (9)