အဘွရ်ရေဟာနသိုင်းန်

wikishia မှ

အဘွရ်ရေဟာနသိုင်းန် (اَبو الرّیْحانَتَیْن) ဆိုသည်မှာ ဂျန္နသ် ဥယျာဉ်တော်မှ ပန်းနှစ်ပွင့်၏ ဖခင် ဟူ၍ ဖြစ်ပြီး ဤအမည်သည် တမန်တော်မြတ်(ဆွ) ၏ အစွဲပြုခေါ်ဆိုသော အမည် ဖြစ်သည်။ [၁] ထိုအပြင် အေမာမ်အလီ(အစ)အား အစွဲပြုခေါ်ဆိုသောအမည် လည်းဖြစ်ပေသည်။ [၂] ရေဟာနေဟ် ၏အဓိပ္ပါယ်မှာ မွှေးကြိုင်သေ ပန်းပွင့် ဟူ၍ဖြစ်သည်။ [၃] တမန်တော်မြတ်(ဆွ) သည် အချိုအကြောင်းအရာ၌ မိန့်တော်မူသည်မှာ အေမာမ်ဟစန်(အစ) နှင့် အေမာမ်ဟူစိန်း(အစ) တိုသည် ကျွန်ုပ်၏ မွှေးကြိုင်သော ပန်းနှစ်ပွင့် ဖြစ်ကြပေသည်။ [၄] အချိုနေရာများတွင် တမန်တော်မြတ်(ဆွ) သည် ဤခိုင်းနှိင်းချက်ကို အေမာမ်ဟစန်(အစ) တစ်ဦးတည်း အတွက်သာ အသုံးပြုပေသည်။ ဥပမာ မနာကီဘ် စာအုပ်၌ လာရှိထားသည့် ရေဝါယသ်တွင် တမန်တော်မြတ်(ဆွ) သည် နမာဇ် ဖတ်ရွတ်နေသည့် အချိန်၌ အေမာမ်ဟစန်(အစ) အား ကြီးမားသော ကရုဏာ မေတ္တာတရားဖြင့် ပြုမူဆက်ဆံခဲ့သည်။ ထိုအပြုအမူအား အံဩသင့်စွာ မေးလာကြသော သူများနှင့် အချို ဆွာဟာဘာများ၏ စောဒကကို တုံပြန်ရာ၌ «إن هذا ريحانتي» ၎င်းသည် ကျွန်ုပ်၏ မွှေးကြိုင်‌ေသာ ပန်းပွင့် ဖြစ်သည် ဟု မိန့်တော်မူခဲ့သည်။ [၅] အေမာမ်အလီ(အစ) ကိုလည်း အဘွရ်ရေဟာနေဟ် ဟူ၍ ခေါ်ဆိုကြသည်။ [၆] ဥပမာ မက္က်သလ်လွလ် ဟူစိန်း စာအုပ်၌ ခဝါရ်ဇေမီး သည် တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားသည်မှာ တမန်တော်မြတ်(ဆွ) သည် မိမိမဆုံးပါးမီ သုံးရက်အလို အမီးရွလ်မိုအ်မေနီးန်(အစ) အား ဤသို‌ေခါင်းစဥ်ဖြင့် စလာမ် ပိုသခဲ့သည် : سلام الله عليك أبا الرّيحانتين‌ أوصيك بريحانتيّ من الدّنيا အို အဘွရ်ရေဟာနသိုင်းန် အရှင်မြတ်၏ စလာမ် အသင့်အပေါ်သို ကြရောက်ပါစေ။ အသင့်အား ကျွန်ုပ်၏ မွှေးကြိုင်သော ပန်းနှစ်ပွင့် (အေမာမ်ဟစန် နှင့် အေမာမ်ဟူစိန်း ) ကို ဤဒွန္နီယာ လောက၌ ချီးမြင့်ခဲ့ပါမည်။ [၇]

မှတ်စုများ

  1. ابن شهرآشوب، مناقب آل ابی‌طالب، ۱۳۷۹ق، ج۱، ص۱۵۴.
  2. طبرسی، إعلام الوری، ۱۳۹۰ق، ص۱۵۴؛ ابن شهر آشوب، مناقب، ۱۳۷۹ق، ج‏۱، ص۱۵۴
  3. انوری، فرهنگ بزرگ سخن، ذیل واژه «ریحان»، ۱۳۹۰ش، ج۴، ص۳۷۷۱.
  4. مفید، الارشاد، ۱۴۱۳ق، ج۲، ص۲۸.
  5. ابن شهرآشوب مازندرانی، مناقب، ج۳، ص ۱۸۸.
  6. اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۶۸.
  7. خوارزمی، مقتل الحسین، ج۱، ص ۱۰۳.

ကျမ်းကိုးမျာ

  • ابن شهر آشوب، محمد بن علی‏، مناقب آل أبی طالب علیهم السلام، قم‏، علامه‏، چاپ اول‏، ۱۳۷۹ق.
  • اربلی، علی بن عیسی، کشف الغمة فی معرفة الائمة، تبریز، مکتبة بنی هاشمی، ۱۳۸۱ق.
  • انوری، حسن، فرهنگ بزرگ سخن، تهران، انتشارات سخن، چاپ هفتم، ۱۳۹۰ش.
  • طبرسی، فضل بن حسن‏، إعلام الوری بأعلام الهدی (ط- القدیمة)، تهران‏، اسلامیه‏، چاپ سوم، ۱۳۹۰ق‏‏.
  • مفید، محمد بن محمد، الارشاد فی معرفة‌حجج الله علی العباد، قم، موسسة آل البیت لاحیاء التراث، چاپ اول، ۱۴۱۳ق.