အဘူဘကရ် မခ်ဇူမီ

wikishia မှ

အဘူဘကရ် မခ်ဇူမီ သည် ရာဟိဘေ ကိုရိုင်းရှ် (ဟီဂျရီ ၉၃-၉၅ ကွယ်လွန်) ဟူ၍ ကျော်ကြားပြီး ၊ မဒီနာရှိ သာဘေအီးန် နှင့် ဖိက္ကဟ်ဓမ္မပညာရှင် ခုနစ်ဦး အနက်မှ ဖြစ်သည်။ ၎င်းသည် မက္ကာ၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် တွေ့ဆုံခဲ့ပြီး အေမာမ်အား ကူဖှာသို့ မသွားရန် တောင်းဆိုခဲ့သည်။ ဤသို့တောင်းဆိုရသည့် အကြောင်းအရင်းမှာ ဆွေမျိုးတော်စပ်မှု ကြောင့်ဖြစ်ပြီး နှစ်ဦးစလုံး ကိုရိုင်းရှ် မျိုးနွယ်မှ ဖြစ်သည်။

မွေးဖွားခြင်း နှင့် ကွယ်လွန်ခြင်း

အဘူဘကရ် မခ်ဇူမီ သည် မဒီနာရှိ အဟ်လေစွန္နသ် ဖိက္ကဟ် ဓမ္မပညာရှင် ခုနစ်ဦး အနက်မှ တစ်ဦး ဖြစ်ပြီး ကိုရိုင်းရှ် အကြီးအကဲများထဲမှ ဖြစ်သည်။ ၎င်းသည် အွမရ် ဗင်န် ခသွာ ခေလာဖသ် အုပ်ချုပ်သည့်အချိန် မွေးဖွားလာခဲ့ပြီး ဟီဂျရီ ၉၃ သို့မဟုတ် ၉၄ နှင့် သို့မဟုတ် ၉၅ တွင် ကွယ်လွန်ခဲဘသည်။ (1)

အမည် ၊ မျိုးရိုး နှင့် ကျော်ကြားမှု

အဘူဘကရ် မခ်ဇူမီ ၏ အမည် နှင့် အစွဲပြုခေါ်ဆိုသော အမည် နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်များ ရှိပေသည်။ သဟ်ဇီးဘုလ်သဟ်ဇီးဘ် စာအုပ်၌ လာရှိထားသည်မှာ ၊ အချို့များသည် ၎င်း၏ အမည်ကို မုဟမ္မဒ် ၊ အစွဲပြုခေါ်ဆိုသော အမည်ကို အဘူဘကရ် ဟုဖော်ပြထားပြီး အချို့မှာ ၎င်း၏ အမည်ကို အဘူဘကရ် ၊ အစွဲပြုခေါ်ဆိုသော အမည်ကို အဘူအဗ္ဗ်ဒုရ်ရဟ်မာန် ဟူ၍ ဆိုကြသည်။ အိဗ်နေဟဂျဲရ် ဆိုထားသည်မှာ အဘုဘကရ်သည် ၎င်း၏ အမည် နှင့် အစွဲပြုခေါ်ဆိုသော အမည် ဖြစ်သည်။ (2) အဘူဘက်ရ် ၏ ဖခင်မှာ ၊ အဗ္ဗ်ဒုရ်ရဟ်မာန် ဗင်န် ဟာရီစ် ဗင်န် ဟရှာမ် ဖြစ်သည်။ (3) အချို့ကိမ်းများတွင် ၎င်း၏ အမည်ကို အဘူဘက်ရ် ဗင်န် ဟာရီစ် ဗင်န် ဟရှာမ် ဟူ၍လည်း ဖော်ပြထားသည်။ (4) ဟာရီစ် ဗင်န် ဟရှာမ် သည် မခ်ဇူးမ် မျိုးနွယ်မှ ဖြစ်ပြီး ၎င်း၏ ညီအကို ဖြစ်သူ အဘူဂျဟလ် နှင့်အတူ ဘဒဲရ် စစ်ပွဲတွင် မွတ်ရှ်ရီက် များဘက်မှ ရပ်တည်ခဲ့သည်။ ထိုစစ်ပွဲ၌ အဘူဂျဟလ်သည် အသတ်ခံရပြီး ဟာရီစ်သည် ထွက်ပေးခဲ့သည်။ (5) ၎င်းသည် အဟွဒ် စသ်ပွဲ၌လည်း မွရှ်ရီက်များ ဘက်မှ ဖြစ်ပြီး မက္ကာကို အောင်နိုင်ပြီးနောက် အစ္စလာမ် ကိုလက်ခံခဲ့သည်။ (6) ဗနီ မခ်ဇူးမ် မျိုးနွယ်စုမှ ဖြစ်သောကြောင့် ၎င်းအား အဘူဘက်ရ် မခ်ဇူမီ ဟူ၍ ကျော်ကြားပေသည်။ အိဗ်နေဟဂျရ် အစ်ကလာနီ ၏ အဆိုအရ ၎င်းသည် နမာဇ်များစွာ ဖတ်ရွတ်သောကြောင့် လူများသည် ၎င်းကို ရာဟိဘေကိုရိုင်းရှ် (ကိုရိုင်းရှ် ဘုန်းကြီး) ဟူ၍ ခေါ်ဆိုကြသည်။ (7)

အေမာမ်ဟိုစိုင်းန်(အစ) နှင့်တွေ့ဆုံခြင်း

အဘူဘက်ရ် မခ်ဇူမီသာ် ကရ်ဘလာ အဖြစ်အပျက်တွင် မက္ကာ၌ အေမာမ်ဟိုစိုင်းန်(အစ) နှင့် တွေ့ဆုံခဲ့ပြီး ကူဖှာသို့ မသွားရန် တောင်းဆိုခဲ့သည်။ ဤသို့တောင်းဆိုရသည့် အကြောင်းရင်းကိုလည်း မိမိသည် အေမာမ်ဟိုစိုင်းန်(အစ) နှင့် ဆွေမျိုးတော်စပ်သောကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။ ထို့နောက် ကူဖှာသားများသည် အေမာမ်အလီ(အစ) နှင့် အေမာန်ဟစန်(အစ) အပေါ် သစ္စာမရှိကြောင်းကို ထပ်မံ၍ သတိပေးခဲ့သည်။ ‌အေမာမ်ဟိုစိုင်းန်(အစ) သည် ထိုသို့ တောင်းဆိုခြင်းမှ ၎င်းအား ကျေးဇူးတင်စကား မိန့်ဆိုခဲ့သည်။ စတုတ္ထရာစု၏ ရှီအဂ် သမိုင်းပညာရှင် အလီ ဗင်န် ဟိာစိာင်းန် မစ်အူဒီသည် ‌အေမာမ်ဟိုစိုင်းန်(အစ) နှင့် ၎င်း၏တို့ ပြောဆိုသည့် စကားများကို ဖော်ပြထားခဲ့သည်။ (8)

ရေဝါယသ်

အဘူဘက်ရ် မခ်ဇူမီသည် အဟ်လေစွန္နသ်တို့၏ ရေဝါယသ် ကိုးကားကောက်နုတ်သူများ အနက်မှ ဖြစ်သည်။ ၎င်းသည် ၎င်း၏ ဖခင်၊ အဘူဟိုရိုင်ဇဟ်၊ အမ္မာရ် ဗင်န် ယာစီရ်၊ နိုဈိုင်ဖီလ် ဗင်န် မိုအာဝီယဟ်၊ အာယေရှာ၊ အွမ်မေစလ်မဟ်၊ အွမ်မေ မအ်ကုလ် အစက်ဒီ၊ အဗ္ဗ်ဒုရ်ရဟ်မာန် ဗင်န် မိုသွီးအ်၊ အဘီမက်စ်အူဒ် အန်ဆွာရီ နှင့် အခြားသူများမှ ရေဝါယသ်များကို ကောက်နုတ်ကိုးကားခဲ့သည်။ ထို့အတူ၊ ရေဝါယသ် ကိုးကားသူများ ဥပမာ ဇိုဟိုရီ၊ အွမရ် ဗင်န် အဗ္ဗ်ဒုလ်အဇီးဇ်၊ နှင့် ဟကမ် ဗင်န် အသီဗဟ် တို့သည် ၎င်းမှ ရေဝါယင် ကောက်နုတ်ဖော်ပြခဲ့ကြသည်။ ၎င်း၏ ရေဝါယသ်များသည် အဟ်လေသွန္နသ် ကျမ်းကိုးများ၌ လာရှိထားသည်။ အချို့ ရေဝါယသ် ပညာရှင်များသည် ၎င်းကို မှစ်ကန်သူ စိက္ကဟ် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ အိဗ်နေ ဟဂျရ် ၊ အိဗ်နေ ဟဘ္ဘာန် တို့၏ ဖော်ပြချက်အရ၊ ၎င်းကို ရေဝါယသ်များကို မှန်ကန်စွာ ကိုးကားသူ ၊ မှန်ကန်သော ရေဝါယသ်များကိုသာ ကိုးကားသူများမှ ဖော်ပြထားသည်။ (9) သို့သော် ရှီအဟ် ကျမ်းကိုးများ၌၊ ၎င်း နှင့် အေမာမ်ဟိုစိုင်းန်(အစ) တို့အကြား ပြောဆိုခဲ့သည့် စကားများကိုသာ ဖော်ပြထားသည်။ (10)