အဗ်နာ သတင်းဌာန

wikishia မှ

အဟ်လေဗိုင်သ်(အစ) သတင်းဌာနသည် အဗ်နာ ဟု အတိုကောက် ခေါ်ဝေါ်ထားပြီး မဂ်ျမ‌ေအဂျဟာနီ‌ေယ အဟ်လေဗိုင်သ် နှင့် ချိတ်ဆက်ထားပြီး အီရာန်နှစ် ၁၃၈၃ ခုနှစ် မှ စတင်လည်ပတ်နေပြီး ရှီအဟ်များနှင့် ပတ်သက်သည့် သတင်းများကို ဘာသာစကား အမျိုးမျိုးဖြင့် ဖော်ပြခဲ့သည်။ ဤသတင်းဌာနသည် ဘာသာစကား ၂၆ မျိုးဖြင့် လည်ပတ်နေပြီး အီရာန်နှစ် ၁၃၈၃ ခုနှစ် အီရာန် နိုင်ငံတကာ စာနယ်ဇင်းပြပွဲတွင် အကောင်းဆုံး သတင်းအေဂျင်စီဆု အပါအဝင် ဆုများစွာကို ရရှိခဲ့သည်။

အရေးကြီးမှု နှင့် ရည်ရွယ်ချက်

အဗ်နာ သတင်းဌာနသည် ရှီအဟ်ကျောင်းများ နှင့် ရှီအဟ်များအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် အခမ်းအနားများ နှင့် ပတ်သက်သည့် သတင်းများကို ထုတ်ဝေရန် ဟူသော ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ (1) ဤသတင်းဌာနသည် ဂါမ်ဘီယာတွင် ရှီအဟ်များ၏ လှုပ်ရှားမှုများကို ပိတ်ပင်လိုက်သည့် သတင်းကို လွှင့်တင်ခြင်းဖြင့် အီရာန်အစ္စလာမ္မစ်သမ္မတနိုင်ငံမှ ဂါမ်ဘီယာ အစိုးရအား ဆွေးနွေးပွဲများမှတစ်ဆင့် ထိုနိုင်ငံရှိ ရှီအဟ်များ၏ လှုပ်ရှားမှုများကို အသိအမှတ်ပြုရန် ဆွဲဆောင်ခဲ့သည်။ (2) သီးရ်လ ၁၄၀၂ ခုနှစ်တွင် အဗ်နာ သတင်းဌာနသည် နိုင်ငံတကာ မီဒီယာ တက်ကြွလှုပ်ရှားသူများ နှင့် အဟ်ဘေဗိုင်သ် (အစ) ဂျာနယ်လစ်များ သမဂ္ဂကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ (3) အဗ်နာ ဝဘ်ဆိုဒ်ကို ဆော်ဒီအာရေဗျ နှင့် ဘဟ်ရိင်းန် တို့တွင် အီရာန်နှစ် ၁၃၈၉ ခုနှစ်၌ အစ္စလာမ္မစ် နိုးကြားလာပြီးနောက် အာရဗ်နိုင်ငံများတွင် စစ်ထုတ်ခံခဲ့ရသည်။(4)

ယဉ်ကျေးမှု စာမျက်နှာများ

အဗ်နာ သတင်းဌာနသည် ဘာသာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ စာမျက်နှာများကိုလည်း ထောက်ပံ့ပေးသည်။ ဤစာမျက်နှာ အချို့၏ ခေါင်းစဉ်များမှာ- ကျမ်းတော်မြတ်ကုရ်အာန် အကြောင်းအရာများ၊ ဟဒီးစ်၊ တမန်တော်မြတ် (ဆွ) နှင့် ဝေလာယသ်၊ မဟ်ဒဝီယသ် ၊ ဟေဂျာဗ်၊ ဝဟာဘီယသ် အခြားဘာသာတရားများ နှင့် စာသင်ကျောင်းများ၏ အသိပညာများ စသည်တို့ဖြစ်သည်။ (5)

သမိုင်း နှင့် ဘာသာစကားများ

အဗိနာ သတင်းဌာနသည် ၁၃၈၃ ခုနှစ် အိစ်ဖန်ဒ်လ ၂၄ ရက်နေ့တွင် “ရှီအာသတင်း” ခေါင်းစဉ်အောက်တွင် ၎င်း၏ လှုပ်ရှားမှုကို စတင်ခဲ့သည်။ အစပိုင်းတွင် ပါရှန်း၊ အာရဗီ နှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် အလုပ်လုပ်ကြသည်။ ၁၃၈၆ ခုနှစ် မုရ်ဒါဒ်လတွင် သတင်းဌာနအား အဟ်လေဗိုင်သ် သတင်းအေဂျင်စီဟု အမည်ပြောင်းခဲ့ပြီး ထိုအချိန်က အီရာန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သမ္မတမှ ဖွင့်လင့်ပေးခဲ့သည်။ (6)

ဘာသာစကားများ

အီရာန်နှစ် ၁၃၉၆ ခုနှစ်တွင် ဤသတင်းဌာနသည် အင်္ဂလိပ်၊ အာရဗီ၊ ပြင်သစ်၊ တရုတ်၊ ပါရှန်၊ စပိန်၊ ဂျာမန်၊ ရုရှ၊ အစ္စတန်ဘူလ်၊ တူရကီ၊ အာဇရီဲ၊ အူရ်ဒူ၊ ဘင်္ဂလာ၊ မလေး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဆွာဟီလီ၊ မြန်မာ၊ ဘော့စနီးယား နှင့် ဟာဆာတို့ဖညင့် လုပ်ကိုင်ခဲ့သည်။ (7) ထို့နောက် နောက်နှစ်များတွင် ၎င်း၏ နယ်ပယ်သည် ဘာသာစကား ၂၆ မျိုးသို့ ရောက်ရှိခဲ့သည်။ (8)

ဆုများ

အဗ်နာ သတင်းဌာန သည် နိုင်ငံတကာ၊ နိုင်ငံတွင်းနှင့် ပြည်တွင်းရှိ ပြပွဲများနှင့် ပွဲတော်များတွင် ပါဝင်ခဲ့ပြီး အချို့သော ပွဲတော်များမှ ဆုများ ရရှိခဲ့သည်။ ထိပ်တန်း သတင်းအေဂျင်စီ ကို အီရာန်နှစ် ၁၃၉၁ ၁၉ ကြိမ်မြောက် နိုင်ငံတကာ စာနယ်ဇင်းပြပွဲ တွင် ရရှိခဲ့ပြီး သတင်းအေဂျင်စီများကို အီရာန်နှစ် ၁၃၉၁ အာဘာန်လ (9) ၌ဖြစ်သည်။ ပထမဆုံး အရှ်ရာက္က် ရုပ်ရှင်ပွဲတော်တွင် ထိပ်တန်းသတင်းအေဂျင်စီ အဖြစ် အီရာန်နှစ် ၁၃၉၁ ခိုရ်ဒါဒ်လ ၌ ရရှိခဲ့သည်။ (10) ၆ ကြိမ်မြောက် နိုင်ငံတကာ ဒစ်ဂျစ်တယ် မီဒီယာပွဲတော်အား အီရာန်နှစ် ၁၃၉၁ မဟ်ရ်လ ၌ ရရှိခဲ့သည်။ (11) ဒုတိယအကြိမ် ဒုတိယအကြိမ် အရှ်ရာက္က် ရုပ်ရှင်ပွဲတော်တွင် ထိပ်တန်းသတင်းအေဂျင်စီ အဖြစ် အီရာန်နှစ် ၁၃၉၂ အာဘာန်လ ၌ ရရှိခဲ့သည်။ (12) အွန်လိုင်း မီဒီယာကဏ္ဍ၏ ထိပ်တန်းရွေးချယ်မှုအား စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ဒစ်ဂျစ်တယ် မီဒီယာပြိုင်ပွဲတွင် အီရာန်နှစ် ၁၃၉၇ ဗဟ်မန်လ၌ ရရှိခဲ့သည်။ (13) ရှစ်ကြိမ်မြောက် နိုင်ငံတကာ အရ်ဘအီးန် (သတင်းအေဂျင်စီ၏ ဓာတ်ပုံ) ဆုပေးပွဲ ရွေးချယ်မှုကို အီရာန်နှစ် ၁၄၀၁ ‌ဗဟ်မန်လ၌ ရရှိခဲ့သည်။ (14) ۴]