အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ

wikishia မှ

အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ (အရဘီ : عبد الله بن يحيى الحضرمي ) သည် (شرطة الخمیس) ၏အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဂျမလ် စစ်ပွဲ တွင် ပါဝင်ခဲ့သည့် အေမာမ် အလီ (အ.စ) ၏ တပ်သားများ မှ တစ်ဦး ဖြစ်ပါသည်။ အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ သည် ဆိုလ်ဟ်ဟေအေမာမ်ဟစန် (အ.စ) (အေမာမ်ဟစန် (အ.စ) နှင့် မိုအာဝေယဟ် ချုပ်ဆိုသည့် ငြိမ်းချမ်းရေး စာချုပ် ) အပြီး တွင်မိုအာ ဝေယဟ် ၏ အမိန့် ဖြင့် ရှဟီးဒ် လုပ်ခြင်း ခံခဲ့ရပါသည်။ အေမာမ် ဟစန် (အ.စ) မိုအာဝေယဟ် ထံ ရေးသားထားသည့် စာတစ်စောင်တွင် ဋိညာဉ် အား ချိုးဖောက်မှုများနှင့်ပတ်သက်၍ လည်းကောင်း အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ အား သတ်ဖြစ်ခဲ့ ကြောင်း ကိုလည်းကောင်းညွှန်ပြခဲ့ ပါသည်။

အမည် နှင့် မျိုးရိုး

အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ သည် ယီမင် ရှိ ဟဇ်ရမောက်သ် ဒေသ မှ ဖြစ်ပါသည်။ [1] အဗ်ဒွလ္လာဟ်ဘင်န်နိုဂျာ [2] ( အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ သဆ်ဟီးဖ်(تصحیف) ဖြစ်ပါသည်။ [3]) ဟုလည်း မှတ်တမ်းတင်ထားသည်။ အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ ၏ ကွန်နီယသ် မှာ အဘူရ်ရေဇာ [4] (သို့မဟုတ်) အဘူရ်ရဇာ [5] ဖြစ်ပါသည်။

အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ ၏ ဖခင် ယဟ်ယာ ဟဇ်ရမီ သည် အေမာမ် အလီ (အ.စ) ၏ သာဝကတော် များ မှ တစ်ပါး ဖြစ်ပြီး (شرطة الخمیس) ၏အဖွဲ့ဝင် တစ်ဦးဖြစ်ပါသည်။[6] ၎င်းသည် ဂျမလ်စစ်ပွဲ တွင် အေမာမ် အလီ (အ.စ) နှင့် အတူ ရှိခဲ့ပါသည်။ [7]

ဂျမလ်စစ်ပွဲ တွင်ပါဝင်ခြင်း

အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ သည် အေမာမ် အလီ (အ.စ) ၏ ခေလာဖသ် အချိန် အခါတွင် (شرطة الخمیس) (ခ) (အေမာမ် အလီ (အ.စ) ၏ လက်နက်ကိုင်တပ်ဖွဲ့) ၏အဖွဲ့ဝင် တစ်ဦး ဖြစ်ပါသည်။[8] ထိုနည်းတူစွာ ဂျမလ်စစ်ပွဲ တွင်ပါဝင်ခဲ့ပါသည်။ စစ်ပွဲအတွင်း အေမာမ် အလီ (အ.စ) မှ ၎င်း အား ပြောကြားခဲ့ကြောင်း ဆင့်ပြန် လာရှိပါသည်။ပြောကြားခဲ့သည်မှာ - အို အဗ်ဒွလ္လာဟ် သင်အတွက် သတင်းကောင်းပါဘဲ ... အသင်၏ အဖေ ဟာ အမှန်တကယ် (شرطة الخمیس) ၏အဖွဲ့ဝင် တစ်ဦး ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) သည် (شرطة الخمیس) ၏အဖွဲ့ တွင် အသင်နှင့် အသင်ဖခင် ပါဝင်ကြောင်း ကျွန်ုပ်အား သတင်း ပေးခဲ့ပါသည်။ အလ္လာဟ်ဟို အရှင်မြတ်သည် မိမိ ရစူလ် (ဆွ) ၏ နှုတ်တော် ဖြင့် အသင်အား (شرطة الخمیس) အမည်ဖြင့်ခေါ်ဆို ခဲ့ပါသည်။ [9]

ရှဟာဒသ်

အေမာမ် အလီ (အ.စ) ရှဟီးဒ် ဖြစ်တော်မူပြီးနောက် အဗ်ဒွလ္လာဟ် သည် အေမာမ် အလီ (အ.စ) ကြီးကျယ်မြင့်မြတ် မှုများ အကြောင်း အမြဲပြောခဲ့ပါသည်။ [10] အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ သည် အေမာမ် အလီ (အ.စ) ကိုချစ် မြတ်နိုး သူ ဖြစ်ကြောင်း ကို ဇေယာဒ် ဘင်န် အဘီဟ် မှ မိုအာဝေယဟ် ထံ သတင်းပို့ ပြီးနောက် မိုအာဝေယဟ် မှ အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ နှင့် ၎င်း ၏ အပေါင်းအပါများ ကို သတ်ရန် အမိန့် ထုတ်ခဲ့ပါသည်။ [11] အလာမဟ် အမီနီ သည် မိမိ ၏ ကျမ်း အလ်ဂဒီးရ် တွင် အလ်မိုဟဗ်ဗရ် ကျမ်း မှ ဆင့်ပြန် ထားသည်မှာ ဇေယာဒ် ဘင်န် အဘီဟ် သည် ကူဖာ မြို့ ရှိ အဗ်ဒွလ္လာဟ် ဘင်န်ယဟ်ယာ ဟဇ်ရမီ ၏ အိမ် တံခါး ဝတွင် ရက်အနည်းငယ်ကြာ လက်ဝါးကပ်တိုင်မှာ ကပ်၍ ကွပ်မျက်ထားသည် ကိုထားထားကြောင်း ဖြစ်ပါသည်။ [12] အေမာမ် ဟစန် (အ.စ) မှ မိုအာဝေယဟ် ထံ ရေးသားခဲ့သည့် စာတစ်စောင် တွင် ဇေယာဒ် ဘင်န် အဘီဟ် သည် အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ ၏ ကိုယ်ခန္ဓာ အားအတုံးအတုံး (သို့မဟုတ်) နားရွက် သို့မဟုတ် နှာခေါင်းအား ဖြတ်ထား ကြောင်း လာရှိပါ သည်။ [13]

ဟစနှိုင်း (အ.စ) ၏ တုံ့ပြန်မှု

ရှိက်ခ်ဆူဒူက် အနေဖြင့် «الفروق بین الاباطیل و الحقوق» ကျမ်း မှ ဆင့်ပြန် ထားသည်မှာ - မိုအာဝေယဟ် သည် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချိုးဖောက် ခဲ့ပါသည်။ အေမာမ် ဟစန် (အ.စ) သည် မိုအာဝေယဟ် ထံ စာတစ်စောင် ရေးသားခဲ့ပါသည်။ထိုစာတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်မှုများအား ရေ တွက်ပြပြီး အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ အား သတ်ဖြတ်ခံရမှုကို ဦးစွာဖော်ပြခဲ့ပါ သည်။ [14] ထိုနည်း တူစွာ အေမာမ် ဟိုစိုင်းန် (အ.စ) မှလည်း မိုအာဝေယဟ် ထံ စာတစ်စောင် ရေးသား၍ အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ အား သတ်ဖြတ် ခြင်း ကိစ္စ ကို ရှုတ်ချခဲ့ ပါသည်။ [15]

ဟဒီးစ်တော် တင်ပြသည့်အဆင့်အတန်း

ရှိက်ခ်သူစီ သည် အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ ၏ အမည် အား အေမာမ် အလီ (အ.စ) ၏ ရဝီများ တွင် ဖော်ပြထားပါသည်။ [16] ရှီအဟ် နှင့် စွန်နီ ဟဒီးစ်တော်များ ဆိုင်ရာ အရင်းအမြစ် များတွင် အဗ်ဒွလ္လာဟ်ဘင်န်ယဟ်ယာ ဟဇ်ရမီ သည် အေမာမ် အလီ (အ.စ) ထံ မှ ဟဒီးစ်တော် များ ဆင့်ပြန် ထား ကြောင်း လာရှိပါသည်။ [17]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ