အဗ္ဗ်ရဟဟ်

wikishia မှ

အဗ္ဗ်ရဟဟ် သို့မဟုတ် အဗ္ဗ်ရဟဟ်အရှ်ရမ် သည် ယမန်၏ ဘုရင်ဖြစ်ပြီး ကအ်ဗဟ် ကိုဖျက်ဆီးရန် မက္ကာမြို့သို့ ချီတက်လာသော ဆင်တပ်များ၏ တပ်မှူးဖြစ်သည်။ သို့သော် အဘာဘီးလ် နှင့် စဂျီးလ် ဌက်များကြောင့် ၎င်းတို့ ကျရှုံးသွားခဲ့သည်။ အဗ္ဗ်ရဟဟ်သည် ထိုအဖြစ်အပျက်၌ ဒဏ်ရာ ရခဲ့ပြီးနောက် ယမန်၌ သေဆုံးသွားခဲ့သည်။ အဗ္ဗ်ရဟဟ် သည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ပြီး ယမန်ကို အုပ်ချုပ်သူဖြစ်သည်။ ၎င်း ကအ်ဗဟ်ကျောင်းတော်ကို ဖျက်ဆီးရခြင်း၏ ရည်ရွယ်ချက်မှာ ယမန်လူမျိုး အချို့သည် မိမိတည်ဆောက်ခဲ့သော ဘုရားကျောင်းကို မလေးစားမှု ပြုသောကြောင့် ၎င်းတို့ မက္ကာသို့ ခရီးထွက်ခြင်းကို တားဆီးရန်အတွက် ဖြစ်သည်။ ခရစ်ယာန်ဘာသာ၏ လွှမ်းမိုးမှုကို ချဲ့ထွင်ခြင်းနှင့် ရောမမြို့နှင့် ဟဗရှေဟ် တို့၏ အကျိုးစီးပွားများ ပံ့ပိုးပေးခြင်းတို့ကိုလည်း မက္ကာကို ကျူးကျော်ခြင်း၏ ပစ်မှတ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

မိတ်ဆက်

အဗ္ဗ်ရဟဟ်သည် ဟဗရှဟ် မြို့မှဖြစ်သည်။ (1) ၎င်းသည် ဟီဂျရီ ၈ ရာစု၌ ၊ တမန်တော်မြတ် မွေးဖွားသည့်နှစ် ဝန်းကျင်တွင် နေထိုင်ခဲ့သည်။ (2) အဗ္ဗ်ရဟဟ်သည် ယမန်လူမျိုးများကို အနိုင်ယူပြီး ထိုနေရာတွင် ဘုရင်ဖြစ်လာခဲ့သည်။ (3) အဗ္ဗ်ရဟဟ် ကို စစ်ပွဲအတွင်း သူ့မျက်နှာတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် အရှ်ရမ် (နှာခေါင်းနှင့် နှုတ်ခမ်းကွဲသူ) ဟုခေါ်ဆိုကြသည်။ (4) သို့ရာတွင် ဒလာယီလုလ်နဗူဝဟ် စာအုပ်တွင် ၎င်း၏အမည်ကို “အဗ္ဗ်ရဟဟ် ဗင်န် အရှ်ရမ်” ဟူ၍ မှတ်တမ်းတင်ထားသည်။ (5) ဆိုထားသည်မှာ အရှ်ရမ်သည် ၎င်းဖခင်၏ အမည် မဟုတ်ပေ (6) သို့သော် မိုအ်ဂျမုလ်ဗဒလာန် စာအုပ်၌ ၎င်းဖခင်၏ အမည်ကို ဆွဘာဟ် ဟူ၍ မှတ်တမ်းတင်ထားသည်။ (7) ထို့အတူ အဗ္ဗ်ရဟဟ် ကို အဘူယက္က်ဆူးမ် (8) ဆွာဟိဘုလ်ဖီးလ် (9) နှင့် အဗ္ဗ်ရဟဟ် ဟဘရှ်ရှီး(1)ဟူ၍ ခေါ်ဆိုကြသည်။

မက္ကဟ်သို့ ချီတပ်ခြင်း

အဗ္ဗ်ရဟဟ် သည် ၊ သူ့ရှေ့တွင် ဆင်များနှင့်အတူ မက္ကာမြို့ဆီသို့ ချီတက်ခဲ့ပြီး (10) မက္ကဟ်ကို ဖျက်စီရန်း ဖြစ်သည်။ (11) ကုရ်အာန်ကျမ်းတော်မြတ်အရ ငှက်များသည် ကောင်းကင်၌ ပေါ်လာပြီး ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ (12) အဗ္ဗ်ရဟဟ် ၏ စစ်တပ်သည် ရှုံးနိမ့်ပြီးနောက် ယမန်သို့ ပြန်လာခဲ့ကြသည်။ (13) အဗ္ဗ်ရဟဟ် သည် ဤဖြစ်ရပ်တွင် ဒဏ်ရာရခဲ့ပြီး ယမန်သို့ ပြောင်းရွှေ့ပြီးနောက် ထိုနေရာတွင် သေဆုံးသွားခဲ့သည်။ (14) စူရဟ်ဖီးလ်တွင် ဖီးလ်စစ်တပ်နှင့် ၎င်းတို့သည် အဘာဘီးလ် နှင့် စန်ဂျီးလ် ဌက်များကြောင့် ကျရှုံးသွားသည့် အဖြစ်အပျက်ကို ဖော်ပြထား‌သည်။ (15)

ကအ်ဗဟ်ကို ဖျက်စီးရသည့် အကြောင်းအရင်း

အဗ္ဗ်ရဟဟ် သည် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်သည်။ (16) ယမန်အာရပ်များ မက္ကာသို့ ခရီးသွားခြင်းမှ တားဆီးရန် ၊ ဆွနာအ်မြို့ တွင် ဘုရားကျောင်းတစ်ခု ဆောက်လုပ်ပြီး ရွှေနှင့် လက်ဝတ်ရတနာများဖြင့် အလှဆင်ထားသည်။ ထို့နောက် ၎င်းတို့အား ယင်းကို ဇေယာရသ်လုပ်ရန် အကျပ်ကိုင်ခဲ့သည်။ (17) ဖော်ပြခဲ့သည့် ဘုရားကျောင်းကို ကလီးစ် ဟုခေါ်ဆိုသည်။ (18) အာရပ်များ မက္ကာသို့ ခရီးသွားခြင်းမှ တားဆီးရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (19) သို့သော် ယမန်နိုင်ငံသားတစ်ဦးသည် ဤဘုရားကျောင်းကို မလေးစားသောကြောင့် အဗ္ဗ်ရဟဟ် သည် ကအ်ဗဟ် ကို ဖျက်ဆီးပစ်မည်ဟု ကျိန်ဆိုခဲ့သည်။ (20) သို့သော်လည်း၊ အာရဗ်ကျွန်းဆွယ်၏ အနောက်နှင့် တောင်ပိုင်းဒေသများတွင် ခရစ်ယာန် သြဇာလွှမ်းမိုးမှု ချဲ့ထွင်ခြင်းအပြင် ရောမနှင့် ဟဘရှ်ရှေဟ် တွင် နိုင်ငံရေးနှင့် စီးပွားရေး အကျိုးစီးပွားများ ပံ့ပိုးပေးခြင်းတို့ကို မက္ကာအား ကျူးကျော်ခြင်း၏ ပစ်မှတ်အဖြစ် ယူဆထားသည်။ (21)

ယမန်၌ အုပ်ချုပ်ခြင်း

အဗ္ဗ်ရဟဟ်သည် ယမန်သို့ စေလွှတ်ခဲ့သော တပ်နှစ်တပ်မှ တစ်တပ်၏ တပ်မှူးဖြစ်သည်။ (22) အရ်ယာသ်ွ အမည်ရှိ အခြားစစ်တပ်ကို အမိန့်ပေးသူ ဖြစ်သည်။ (22) အချို့သော ရေဝါယသ်များအရ အရ်ယာသ်ွ ၏ ကွပ်ကဲမှုအောက်တွင် ယမန်သို့ တပ်မကြီးတစ်ခုသာ စေလွှတ်ခဲ့ပြီး အဗ္ဗ်ရဟဟ်သည် အရ်ယာသ်ွ တပ်သားများ ထဲမှတစ်ဦး ဖြစ်သည်။ (23) ဟဘရှ်ရဟ် စစ်တပ်က ယမန်ကို သိမ်းပိုက်ပြီးနောက် (24) အရ်ယာသ်ွ နှင့် အဗ္ဗ်ရဟဟ် အကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ (23) အဗ္ဗ်ရဟဟ် သည် အရ်ယာသ်ွ ကိုသတ်ပြီး ယမန်၏ အုပ်စိုးရှင် ဖြစ်လာခဲ့သည်။ (25) မစ်အူဒီ၏ ဖော်ပြချက်အရ၊ အရ်ယာသ်ွ အသက်ခံရခြင်းသည် ဟဘရှ်ရှဟ် ဘုရင်ကို ဒေါသထွက်စေပြီး အဗ္ဗ်ရဟဟ် ကို စစ်တပ်ဖြင့် တိုက်ခိုက်ပြီး အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ (26) သို့သော် အဗ္ဗ်ရဟဟ် သည် ဟဘရှ်ရှဟ် ဘုရင်ထံ စာတစ်စောင် နှင့်အတူ လက်ဆောင်များ ပေးပို့ခဲ့ပြီး ခွင့်လွှတ်ရန် တောင်းခံခြင်းအပြင် ဟဘရှ်ရှဟ် ဘုရင်အား သစ္စာစောင့်သိမှုနှင့် နာခံမှုရှိမည် ကို ကြေငြာခဲ့သည်။ (27) ဟဘရှ်ရှဟ် ဘုရင်သည်လည်း အဗ္ဗ်ရဟဟ်အား ခွင့်လွှတ်ခဲ့သည်။ (28)