အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ်

wikishia မှ

အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် ဗင်န် ကိုရိုင်းဇ် (ဟီဂျရီ ၄- ၅၉) သာ် အေမာမ်အလီ(အစ) အား ဆန့်ကျင်သူ တစ်ဦးဖြစ်ပြီး ဂျမလ်စစ်ပွဲ၌ သွလ်ဟေဟ် နှင့် ဇိုဘိုင်းရ် တို့၏ လမ်းညွှန်မှုဖြင့် ‌အေမာမ်အလီ(အစ) ကိုတိုက်ခိုက်ခဲ့သည်။ ၎င်းသည် ဆွီဖီးန် စသ်ပွဲ၌လည်း မိုအာဝီယဟ်၏ တပ်သားတွင် ပါဝင်ခဲ့သည်။ အိဗ်နေအာမီရ်သည် ကိုရိုင်းရှ် မျိုးနွယ်မှ ဖြစ်ပြီး အွစ်မာန်အဖားန် (တတိယ ခလီဖှာ) ၏ညီဝမ်းကွဲ (ဦးလေး၏သား) ဖြစ်သည်။ အွစ်မာန်သည် ဟီဂျရီ ၂၉ ၌ ၎င်းအား ဘဆွရဟ်အား အုပ်ချုပ်စေခဲ့သည်။ အိဗ်နေအာမီရ်သည် ဤမြို့၌ ဆောက်လုပ်ရေး အစီအမံများကို လုပ်ဆောင်ပြီး အွသ်မာန် ၏ ညွှန်ကြားချက်ဖြင့် အီရန်နိုင်ငံသို့ ချီတက်ခဲ့သည်။ ထို့အတူ အေမာန်ဟစန်(အစ) နှင့် မိုအာဝီတို့ ထိပ်တိုက်ရင်ဆိုင်စဉ်တွင် သူသည် မိုအာဝီယဟ် ၏ တပ်မှူးများထဲမှ တစ်ဦးဖြစ်သည်။ မိုအာဝီယဟ် ခေလာဖသ် ရပြီးနောက်၊ နောက်တစ်ကြိမ် ဘဆွရဟ်၏ အုပ်ချုပ်မှုကို ပေးပြန်ခဲ့သည် ။ အဗ္ဗ်ဒုလ္လာဟ်သည် ဟီဂျရီ ၅၉ ခုနှစ်တွင် မက္ကာ၌ ကွယ်လွန်ခဲ့ပြီး အရဖှာသ်၌ မြုပ်နှံခဲ့သည်။

မျိုးရိုး နှင့် မွေးဖွားခြင်း

အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် ဗင်န် ကိုရိုင်းဇ် သည် အိဗ်နေအာမီရ်သည် ကိုရိုင်းရှ် မျိုးနွယ်မှ ဖြစ်ပြီး အွစ်မာန်အဖားန် (တတိယ ခလီဖှာ) ၏ညီဝမ်းကွဲ (ဦးလေး၏သား) ဖြစ်သည်။ (1) ၎င်း၏ မိခင်မှာ ဒဂျာဂျဟ် ၊ အသ်မာအ်စလမီ ၏ သမီး ဖြစ်ပြီး ၎င်း၏ ဖခင်မှာ အာမီရ် ၊ တမန်တော်မြတ် အဒေါ်၏ သား ဖြစ်ပြီး ဖသ်ဟေမက္ကာ (မက္ကာကို အောင်နိုင်ပြီးနောက်) ၌ မွတ်စ်လင်မ် ဖြစ်လာခဲ့သည်။ (2) ပိဗ်နေ အာမီရ်သည် ဟီဂျရီ လေးရာစု၌ မက္ကာတွင် ဖွားမြင်ခဲ့သည်။ တမန်တော်မြတ်သည် အွမ်ရသုလ်ကဇွာ (အွမ်ရဟ်ကို အစားပြုလုပ်ဖို့ရန်အတွက်) မက္ကာသို့ သွားရောက်သည့်အချိန် ၊ သူသည် သုံးနှစ်သားအရွယ်တွင် တမန်တော်မြတ်ထံ ခေါ်ဆောင်သွားခဲ့ပြီး တမန်တော်မြတ်(ဆွ)သည် သူ၏ လက်ကို နမ်းခဲ့သည်။ (3) ထို့နောက် ၎င်းအတွက် ဒိုအာလုပ်ခဲ့သည်။ «إنّی لَأرجو أن یَکون مَسقِیّاً»؛ ပြည့်ဝမည်ဟု မျှော်လင့်ပါသည်။ (4) အိဗ်နေကိုသိုင်ဗဟ် ၊ တမန်တော်မြတ် ဆွ ၏ ဒိုအာကို ဤသို့ဖော်ပြထားသည်မှာ «إنّی لَأرجو أن یَکون مُتَّقِیا»؛ရှောင်ကြဉ်သူဖြစ်ရန် မျှော်လင့်ပါသည်။ (5) အိဗ်နေအာမီရ် ၌ သား ၁၂ ယောက် နှင့် သမီး ၆ ယောက် ရှိသည်။ (6) ၎င်းဤ အဗ္ဗ်ဒုရ်ရဟ်မားန် ဟူသော အမည်ဖြင့် သားတစ်ဦးရှိခဲ့သည်။ ထို့ကြောင့် ၎င်းအား အဘူအဗ္ဗဒုရ်ရဟ်မာန် ဟူ၍ အစွဲပြုခေါ်ဆိုကြသည်။ (7)

ဘဆွရဟ်အား အုပ်ချုပ်ခြင်း

အွစ်မာန် ဗင်န် အဖှာန် ၊ တတိယခလီဖှာ သည် ဟီဂျရီ ၂၉ ၌ အဘုမုစာ အရှ်အရီကို ဘဆွရဟ် အုပ်ချုပ်မှုမှ နုတ်ထွက်စေပြီး အ‌ဗ္ဗ်ဒုဘ္လာဟ် ဗင်တ် အာမီရ်ကို အသက် ၂၅ နှစ်ရှိ၌ ဘဆွရဟ်၏ အုပ်ချုပ်သူအဖြစ် ခန့်အပ်ခဲ့သည်။ (8) အွစ်မာန်သည် အဘူမူစာထံ စာတစ်စောင် ရေးသည်မှာ ၊ ကျွန်ုပ်သည် အသင့်ကို မလုပ်နိုင်စွမ်းမှု သို့မဟုတ် သစ္စာဖောက်မှုကြောင့် နှင်ထုတ်ခဲ့ခြင်း မဟုတ်ပေ။ အသင့်ကောင်းမွန်ကြောင်း သတင်းရှိပါသည်။ သို့သော် ဒါပေမယ့် ကျွန်တော့်၏ ဆွေမျိုး‌ဖြစ်သူ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် ကို နေရာပေးခြင်းသောကြောင့် ဖြစ်သည်။ ဒီရ်ဟမ် သုံးသောင်းကို အသင့်အား ပေးဆောင်ဖို့ သူ့ကို အမိန့်ပေးခဲ့ည်။ (9)

ဆောက်လုပ်ရေး အစီအမံများ

အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် သည် ဘဆွရဟ် ၏ တစ်စိတ်တစ်ပိုင်းတွင် အိမ်များကို ဝယ်ယူခဲ့ပြီး ၎င်းတို့ကို ဖျက်ဆီးပြီး ယင်းအစား စျေးကွက်တစ်ခု တည်ဆောက်ခဲ့သည်။ (10) ၎င်းမိခင်အမည် (အွမ်မေအဗ္ဗ်ဒုလ္လာဟ်) ဖြင့် ဘဆွရဟ်၏ အရှေ့ဘက်ရှိ မြစ်တစ်စင်း (11) နှင့် “နဟ်ရုလ်အဗ္ဗ်လဟ်” နှင့် “နဟ်ရုလ်အိုစာဝိရဟ်” အမည်များဖြင့် ဘဆွရဟ် တွင် စမ်းချောင်းနှစ်ခုကို တူးဖော်ခဲ့သည်။ (12) ၎င်းသည် အာရဖှာသ်တွင် ရေမြောင်း နှင့် ရေကူးကန်ကို တည်ဆောက်ပြီး ထိုနေရာတွင် စမ်းရေကို စီးဆက်းစေသည့် ပထမဆုံးလူ ဖြစ်သည်။ (13)

အိဗ်နေအာမီရ်၏ အောင်ပွဲများ

အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် သည် ဒုတိယ ခလီဖှာ လက်ထက်ကတည်းက စတင်ခဲ့သော နယ်ပယ်ချဲ့ထွင်မှုများ နှင့် အောင်ပွဲများအပြီးတွင် အာဏာရလာပြီးနောက် အွစ်မာန် မှ အီရန်ကို ကျူးကျော်ရန် တာဝန်ပေးအပ်ခဲ့သည်။ (14) အွစ်မာန် နှင့် မိုအာဝီ လက်ထက်တွင် အာဏာရစဉ်အတွင်း အချို့မှာ အီရန်၏ အစိတ်အပိုင်းများကို သိမ်းပိုက်ခဲ့ပြီး အချို့မှာ စစ်ပွဲဖြင့် လုပ်ဆောင်ခဲ့ပြီး အချို့မှာ ငြိမ်းချမ်းရေးဖြင့် လုပ်ဆောင်ခဲ့သည်။ (15) ထိုဒေသများမှာ အီရန်အလယ်ပိုင်း ဒေသများ တွင်ရှိသော ရှာပူးရ်မြို့၊ ဖစာ၊ ဒါရာဘ်ဂဲရ်၊ ရဖ်စန်ဂျာန်၊ အိဆ်ွသွခဲရ်၊ နှင့် အီရန်၏ အရှေ့ဘက်ခြမ်းတွင် ရှိသော စဂျစ်သာန်မြို့ ၊ စီစိသားန်မြို့၊ ဇရန်ဂ်ျ၊ နီရှာဘူးရ်၊ သူးစ်၊ ကာဘီလ်၊ ဟရာသ်၊ မရ်ဝ်၊ ဘလက်ခ်၊ သွာလီကားန်၊ ဂျဝီးန်၊ သွခါရီစ်သားန်၊ နှင့် စရ်ခီစ်မြို့ တို့ ဖြစ်သည်။ (16)

ဂျမလ်စစ်ပွဲ၌ ပါဝင်ခြင်း

အေမာမ်အလီ(အစ) သည် မိမိ၏ အုပ်ချုပ်မှု အစတွင် ဟီဂျရီ ၃၅ ၌ အိဗ်နေအာမီရ် ကို ဘဆွရဟ် ၏ အုပ်ချုပ်မှုမှဘဖယ်ရှားခဲ့ပြီး အ်ွူမာတ် ဗင်န် ဟနီးဖ်ကအား အစားထိုးခဲ့သည်။ (17) ထိုအချိန်တွင် အိဗ်နေအာမီရ် သည် ဘဏ္ဍာတိုက်၏ပိုင်ဆိုင်မှုကိုယူကာ မက္ကာသို့သွားခဲ့သည်။ သွလ်ဟေဟ် နှင့် ဇိုဘိုင်းရ် တို့သည် အလီ (အစ)ကို ပုန်ကန်ရန် မက္ကာရှိ အာယေရှာ နှင့် စုရုံးသောအခါတွင် ဆီးရီးယား သို့ သွားချင်ကြသော်လည်း အိဗ်နေအာမီရ် သည် ၎င်းတို့အား ဤဆုံးဖြတ်ချက်မှ ငြင်းပယ်ခဲ့ပြီး ဘဆွရဟ် တွင် ကြွယ်ဝမှုများစွာရှိသည့် သူ၏အကြံပြုချက်အရ ဘဆွရဟ် သို့ သွားခဲ့သည်။ (18) အိဗ်နေအာမီရ် သည် စစ်ပွဲကိုပြင်ဆင်ရန် ၎င်းတို့အား ပိုင်ဆိုင်မှုများစွာ ပေးခဲ့သည် ။ (19) သယသည် ဂျမလ်စစ်ပွဲတွင် အေမာမ်အလီ(အစ) ကို တိုက်ခိုက်ခဲ့သည်။ (20) သူ၏ သားဖြစ်သူ အဗ္ဗ်ဒုရ်ရဟ်မာန် သည်လည်း ဤစစ်ပွဲ၌ သေဆုံးသွားခဲ့သည်။ (21) ဂျမလ်တပ်သားများ သေဆုံးခြင်း သွလ်ဟေဟ် နှင့် ဇိုဘိုင်းရ် အသတ်ရပြီးနောက် အိဗ်နေအာမီရ်သည် ဒမီရှ်က် သို့ သွားခဲ့ပြီး ထိုနေရာ၌ သေဆုံးသွားခဲ့သည်။ (22)

မိုအာဝီယဟ် နှင့်အတူ လိုက်ပါခြင်း

အိဗ်နေအာမီရ်သာ် ဆွီဖီးန် စစ်ပွဲ၌၊ မိုအာဝီယဟ်၏ တပ်သားဘက်မှ ဖြစ်သည်။ (23) ဆွီဖီးန် စစ်ပွဲတွင် အချို့က အခန်းကဏ္ဍကို မဖော်ပြကြသော်လည်း၊ ဤသို့ပင် ဖြစ်သည်။ (24) နိုအာဝီယဂ်သည် အေမာမ်အလီ(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် လူများသည် အေမာမ်ဟစန်(အစ) အား ဘိုင်အသ်သစ္စာ ခံယူပြီးချိန်တွင် သူသည် အေမာမ်ဟစန်(အစ) အား ရင်ဆိုင်ရန် အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် ကို စစ်တပ်တစ်ခု စေလွှတ်ခဲ့သော်လည်း ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ် ရေးထိုးစေခဲ့သည်။ (25) မိုအာဝီယဟ် သည် ခေလာဖှသ် သို့ရောက်သောအခါ၊ သူသည် အိဗ်နေအာမီရ် ကို ဘဆွရဟ်အား သုံးနှစ်ကြာ ပြန်လည်အုပ်ချုပ်စေခဲ့သည်။ (26) ၎င်း၏ သမီး ဖြစ်သူ ဟင်န်ဒ် ကိုလလည သူနှင့် ထိနမြားစေခဲ့သည်။ (27) အိဗ်နေအာမီရ်သည် ဟီဂျရီ ၅၉တွင် မိုအာဝီယဟ် မတိုင်မီ တစ်နှစ်အလိုတွင် မက္ကာ တွင်သေဆုံးခဲ့ပြီး အာရဖှာသ် တွင်မြှုပ်နှံခဲ့သည်။ (28) သူသည် ၎င်းမဆုံးမီ အဗ္ဗ်ဒုလ္လာဟ် ဗင်န် ဇိုဘိုင်းရ်ကို မိမိ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ (29)