အဆ်ွဟာဘေ စက်ဘ်သ်

wikishia မှ

အဆ်ွဟာဘေ စက်ဘ်သ် ဆိုသည်မှာ အစ္စရေးလူမျိုးစု တစ်စုဖြစ်ပြီး ကုရ်အာန် အာယသ်တော်များ အရ၊ အကှင်မြတ်၏ အမိန့်ကို နာမခံခြင်း နှင့် စနေနေ့၌ ငါးဖမ်းခြင်းတို့ကြောင့် ၊ အရှင်မြတ်၏ အပြစ်ဒဏ်ကို ခံစားခဲ့ကြရသည်။ ကုရ်အာန်၌ လာရှိထားသည့်အတိုင်း အဆ်ွဟာဘေ စက်ဘ်သ် သာ် အရှင်မြတ်၏ အမိန့်တော်ဖြင့် မျောက်ဝံများ အဖြစ်သို့ ပြောင်းလည်းသွားခဲ့ကြသည်။ အချို့ ရေဝါယသ်များ အရ၊ မျောက်ဝံများ အဖြစ် ပြောင်းလည်းသွားသော ထိုအဖွဲ့သည် ၃ ရက်အကြာတွင် သေဆုံးသွားခဲ့ကြသည်။ များစွာသော ရေဝါယသ်များသည်၊ အဆ်ွဟာဘေ စက်ဘ်သ် အဖြစ်အပျက်သည် တမန်တော် ဒါဝူးဒ် ၏ ခေတ်ကာလ နှင့် အီလဟ်မြို့၌ ဖြစ်ပွားခဲ့သည်ဟု ယူဆထားကြကာ ထိုမြို့သည် ယနေ့တွင် ပါလက်စတိုင်းတွင် သိမ်းပိုက်ခံထားရပြီး အီလာသ် ဟုခေါ် ဝေါ်ကြသည်။ အလ္လာမဟ် သွဗာသွဗာယီသည် အလ်မီဇာန် သဖ်စီးရ်၌၊ အဆ်ွဟာဘေ စက်ဘ်သ် အနက်မှ မကောင်းရာကို တားမြစ်သူများ သာလျှင် ကယ်တင်ခြင်း ခံရပေသည်။ အပြစ်ကျူးလွန်သူများ အပြင် ၎င်းတို့ရှေ့တွင် နှုတ်ဆိတ်နေသောသူများကို အရှင်မြတ်မှ အပြစ်ပေးခဲ့သည်။

ဝေါဟာရအနက်အဓိပ္ပါယ်

အဆ်ွဟာဘေ စက်ဘ်သ် ဆိုသည်မှာ စနေနေ့တွင် တားမြစ်ထားသော အလုပ် နှင့်ပတ်သက်ပြီး အကှင်မြတ်၏ အမိန့်တော်ကို မနာခံသည့်အတွက် အပြစ်ပေးခံရသော အစ္စရေးလူမျိုးစု တစ်စုဖြစ်သည်။ (1) ၎င်းတို့သည် တမန်တော် ဒါဝူဒ် ခေတ်ကာလ၌ နေထိုင်ခဲ့ကြပြီး လူဦးရေ ၁၂ ,၀၀၀ သို့မဟုတ် ၇၀ ,၀၀၀ ခန့်ရှိသည်။ (2) “အဆ်ွဟာဘေ စက်ဘ်သ်” ဟူသော စကားစုသည် တစ်ကြိမ်တစ်ခါ ဖြစ်သာ စူရဟ် နိစာအ် အာယသ် ၄၇ ၌ တိုက်ရိုက် လာရှိထားသည်။ ကျမ်းမြတ်ကုရ်အာန်မှ အခြားသော အာယသ်များတွင်လည်း ထိုလူမျိုးစု နှင့် ၎င်းတို့၏ ခေါင်းမာ ငြင်းဆန်ပုန်ကန်မှုများ အကြောင်းကို ဖော်ပြထားသည်။ (3) စက်ဘ်သ် ဆိုသည်မှာ ဖျက်တောက်ခြင်း သို့မဟုတ် အလုပ်ကို ဖျက်တောက်ခြင်း ဟူ၍ဖြစ်သည်။ (4) အာရဗီစကား၌ “စိုဘာသ်” ဟူ၍ ဖတ်ပေသည်။ (5) ယဟူဒီ လူမျိုးများအကြား စနေနေ့ နှင့်ပတ်သက်ပြီး လာရှိထားခြင်း ဖြစ်သည်။ (6) အိဗ်ရာနီ အဘိဓာန် ၌၊ အနားယူခြင်း ဟူ၍ အဓိပ္ပါယ် ရှိပေသည်။ (7) ယဟူဒီ များ၏ အဘိဓာန်အရ၊ ယဟူဒီလူမျိုးစုသည် စနေနေ့ သို့မဟုတ် စက်ဘ်သ်‌ နေ့၌ ၎င်းတို့၏ အလုပ်အားလုံးကို စွန့်လွှတ်ပြီး အနယူရပေသည်။ (8) စနေနေ့ ဟရာမ်ဖြစ်ခြင်း နှင့် ထိုနေ့၌ အလုပ်မလုပ်ရခြင်းသည်၊ တမန်တော်မူစာ၏ အမိန့်ဆယ်ခု အနက်မှ တစ်ခု ဖြစ်သည်။ (9)

အဖြစ်အပျက်

ကျမ်းတော်မြတ် ကုရ်အာန်၏ အဆိုအရ၊ အဆ်ွဟာဘေ စက်ဘ်သ် စနေနေ့အတွက် ချမှတ်ထားသည့် အရှင်မြတ်၏ မြင့်မြတ်သော ကန့်သတ်ချက်များနှင့် ဥပဒေများကို မနာခံခြင်း နှင့် ထိုနေ့၌ ငါးမဖမ်းရန် ပတ်ပင်ထားသည်ကို မလိုက်နာခြင်း အတွက်ကြောင့် (10) ၎င်းတို့သည် တရိစ္ဆာန် အဖြစ်သို့ ပြောင်းလည်းသွားခဲ့ကြသည်။ ထိုမှသာ ၎င်းတို့လုပ်ရပ်၏ အပြစ်ဒဏ်ကို မြင်ပြီး ဖြောင့်မတ်သူများအတွက် သင်ခန်းစာတစ်ခုအဖြစ် ရယူ‌စေ မည်ဖြစ်သည်။ (11)

အေမာမ်စဂျာဒ်(အစ) ၏ ရေဝါယသ်အရ အဆ်ွဟာဘေ စက်ဘ်သ် သည် ပင်လယ်ကမ်းစပ်၌ နေထိုင်သည့် အုပ်စုတစ်စု ဖြစ်ပြီး အရှင်မြတ်သည် ၎င်းတို့အား စနေနေ့တွင် ငါးဖမ်းခြင်းမှ တားမြစ်ခဲ့သည်။ (12) စနေနေ့တွင် ငါးများစွာသည် ကမ်းစပ်သို့ ချဉ်းကပ်လာစဉ် ၎င်းတို့သည် ငါးဖမ်း နိုင်ဖို့ရန်အတွက် လှည့်ကွက်တစ်ခု ပြုလုပ်ခဲ့ကြသည်။ ယင်းမှာ  ငါးများ အထဲသို့ ဝင်နိုင်ပြီး အပြင် ပြန်ထွက်၍ မရနိုင်သော ကန်များ နှင့် ရေတာယာများ ပြုလုပ်ခဲ့သည်။ (13) အဆ်ွဟာဘေ စက်ဘ်သ် သည် စနေနေ့တွင် ငါးမဖမ်းသော်လည်း ထိုနေ့တွင် ပြုလုပ်ထားသည့် ၎င်းတို့၏ ရေတာယာ နှင့် ရေကန်များ၌ ဖမ်းမိထားသော ငါးများကို တနင်္ဂနွေနေ့တွင် ဖမ်းခဲ့ကြသည်။ (14) အဆ်ွဟာဘေ စက်ဘ်သ် သည် ထိုနည်းအတိုင်း စည်းစိမ်ဥစ္စာ များစွာကို စုဆောင်းပြီး နေအ်မသ် များစွာကို ရရှိခဲ့သည်။ (15) ရေဝါယသ်များအရ ၊ လူပေါင်း 80,000 ၈၀၀၀၀ ရှိပြီး 70,000 ၇၀၀၀၀ သည် အရှင်မြတ် ချမှတ်ထားသည့် စနေနေ့တွင် ငါးမဖမ်းခြင်း ဥပ‌ေဒသကို လျစ်လျူရှုထားခဲ့ကြသည်။ (16)

===အဆ်ွဟာဘေ စက်ဘ်သ် ၏ အသွင်ပြောင်းသွားခြင်း===- အဆ်ွဟာဘေ စက်ဘ်သ် သည် နောက်ဆုံးတွင် အရှင်မြတ်၏ ပြစ်ဒဏ်ကို ခံရပြီး အသွင်ပြောင်းသွားကြသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ဖော်ပြထားသည့်အတိုင်း၊ ၎င်းတို့သည် အရှင်မြတ်၏ အမိန့်တော်ဖြင့် မျောက်ဝံများအသွင် သို့ ပြောင်းသွားကြသည်။ (17) အချို့ရေဝါယသ်များအရ၊ ဤသို့ အသွင်ပြောင်းသွားသော အုပ်စုသည် သုံးရက်အကြာတွင် သေဆုံးသွားခဲ့ကြသည်။ (18) စိုင်ယ်ဒ် မုဟမ္မဒ် ဟိုစိုင်းန် သွဗာသွဗာယီး သည် မီဇာန် သဖ်စီးရ်တွင် ရေးသားထားသည်မှာ ၊ စူရဟ် အဲအ်ရာဖ် အာယသ် ၁၆၅ အရ၊ ၎င်းတို့အနက်မှ မကောင်းရာကို တားမြစ်ခဲ့သူများသည် ကယ်တင်လွတ်မြောက် ခဲ့ကြသည်။ သို့သော် အခြား အုပ်စုနှစ်စု ၊ ဆိုလိုသည်မှာ အပြစ်ကျူးလွန်သူများ နှင့် နှုတ်ဆိတ်နေသောသူများကို အရှင်မြတ်မှ အပြစ်ပေးခဲ့သည်။ (19) ရှီအဟ် သဖ်စီးရ် ပညာရှင် ဖြစ်သူ မိုဂျာဟိဒ် ဗင်န် ဂျက်ဘ်ရ်၊ (ဟီဂျရီ ၁၀၄ ကွယ်လွန်) နှင့် အဟ်လေစွန္နသ် သဖ်စီးရ် ပညာရှင် ဖြစ်သူ မုဟမ္မဒ် အဗ္ဗ်‌ဒဟ် တို့ ယုံကြည်ထားသည်မှာ ၊ အဆ်ွဟာဘေ စက်ဘ်သ်၏ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းမှု မဖြစ်ပေါ်ခဲ့ပေ။ စူရဟ် ဘကရဟ် အာယသ် ၆၅ တွင်ဖော်ပြထားသည်မှာ နိမိတ်ပုံ ဖြစ်ပြီး အဆ်ွဟာဘေ စက်ဘ်သ်၏ စိတ်နှလုံး ပုံပျက်ခြင်းကို ညွှန်ပြသည်။ (20)

နေရာ နှင့် အချိန်

ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်များအရ၊ အဆ်ွဟာဘေ စက်ဘ်သ် သည် ပင်လယ်ကမ်းစပ်တွင် နေထိုင်ကြသည်။ (21) အေမာမ်ဘာကရ်(အစ) ၏ ရေဝါယသ်အရ၊ အဆ်ွဟာဘေ စက်ဘ်သ် နေထိုင်သည့် မြို့မှာ “ အီလဟ်” ဖြစ်သည်ဟု ဖော်ပြထားသည်။ (22) ဖခ်ရ် ရာဇီ သည်လည်း ၎င်းတို့ နေထိုင်သည့် မြို့ကို “ အီလဟ်” ဖြစ်သည်ဟု ယုံကြည်ထားသည်။ (23) အီလဟ် မြို့သည် ပင်လယ်နီ တလျှောက်နှင့် သိမ်းပိုက်ထားသော ပါလက်စတိုင်းတွင် ရှိသည့် လက်ရှိ အီလာသ် မြို့ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ (24) အလ္လာမဟ် သွဗာသွဗာယီး၏ အဆိုအရ မဒီးန် နှင့် သွီဗ်ရီယဟ် မြို့များကို အဆ်ွဟာဘေ စက်ဘ်သ်များ နေထိုင်ရာနေရာ အဖြစ်လည်း ဖော်ပြထားသည်။ (25) များစွာသော ရေဝါယသ်များတွင်၊ အဆ်ွဟာဘေ စက်ဘ်သ် အကြောင်းကို တမန်တော်ဒါဝူဒ် ဖခတ်ကာလ၌ ဖြစ်ပွားခဲ့သည်ဟု ယူဆထားကြသည်။ (26)