အစ်ဖ်သွာရ်

wikishia မှ
ပုံစံငယ်ဖန်တီးရာတွင် အမှားပြနေသည် -
အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော်တွင် ဝါဖြေနေသည့် မြင်ကွင်း

အစ်ဖ်သွာရ် (အရဘီ - الإفطار) ဆိုသည်မှာ ရိုဇဟ်ဖြေခြင်း(ခ)ဝါဖြေခြင်း သို့မဟုတ် လမြတ် ရမ်တွာန် တွင်မဂ်ရိဘ်နမာဇ်အဇာန်အပြီးအစာစားခြင်းကိုခေါ်ဆိုပါသည်အစ္စလာမ် သာသနာတော်တွင် မဂ်ရိဘ် အဇါန် မတိုင်ခင် လမြတ်ရမ်တွာန် သို့မဟုတ် ရက်သတ်မှတ်ပြီး သစ္စာဆိုထားသည့် ရိုဇဟ် အား ဝါဖြေခြင်း သည်ဟရာမ် ဖြစ်ပါသည်။ ထိုနည်း တူစွာ ရိုဇဟ်ထားသူတစ်ဦးတစ်ယောက် အတွက် အန္တရာယ် ဖြစ်မည် သို့မဟုတ် (တရားတော်မှသတ်မှတ်ထားသည့်) ခက်ခဲမှုကို ရှိမည်ဆိုလျှင် ၎င်း အတွက် ရိုဇဟ်ဝါဖြေရန်ဝါဂျစ်ဘ် ဖြစ်ပါသည်။

ဝါဖြေရန်အတွက် စည်းကမ်းများ၊ ပမာအား ဖြင့်ဝါဖြေချိန် ဒိုအာ ဖတ်ရွတ်ခြင်း ထိုနည်းတူစွာ စူရဟ် ကဒဲရ် အား သေလာဝသ် ပြုခြင်း ဖြစ်ပါသည်။ ထိုပြင် ဝါဖြေချိန် တွင် ရေနွေး နှင့် နို့ ဖြင့် ဝါဖြေခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသည်။ ရီဝါယသ်တော်များ (ခ) ဟဒီးစ် တော်များ တွင် ဝါ ဖြေပေးခြင်း ၏ ကြီးကျယ် မြင့်မြတ်မှု အကြောင်း အများ အပြား တင်ပြ လာရှိပါသည်။

ဆိုလိုချက်ကို သိနားခြင်း

အစ်ဖ်သွာရ် ၏ အဓိပ္ပာယ် မှာ ရိုဇဟ်ဖြေခြင်း(ခ)ဝါဖြေခြင်း ကိုခေါ်ဆိုပါသည်။(1) အီးဒ် ဒိုလ်ဖေသွ်ရ် နေတွင် လည်း နမာဇ် ဝတ်မပြုခင်အလျှင် စားခြင်းကို အစ်ဖ်သွာရ် ဟုခေါ်ဆိုပါသည်။ ၎င်းကို မွတ်စ်သဟဗ် အဖြစ် သတ်မှတ် ထားပါသည်။(2)

အစ်ဖ်သွာရ် သည် အချို့ သော ကိစ္စ များ တွင် ဝါဂျစ်ဘ် ဖြစ်ပြီး အချို့ ကိစ္စ များ တွင် ဟရာမ် ဖြစ်ပါသည်။ ဟရာမ် ဖြစ်စေသည့် ကိစ္စများမှာ - မဂ်ရိဘ် အဇါန် မတိုင်ခင် လမြတ်ရမ်တွာန် သို့မဟုတ် ရက်သတ်မှတ်ပြီး သစ္စာဆိုထားသည့် ရိုဇဟ် အား ဝါဖြေခြင်း ၊ ကဇွာရိုဇဟ် အား ဇဟိုရ်အဇါန် ပြီးနောက် ဝါဖြေခြင်း (အစ်ဖ်သွာရ် လုပ်ခြင်း) ၊ အဲအ်သေကာဖ် ထိုင်နေချိန်တွင် ဝါဖြေခြင်း ၊ ရိုဇဟ် ထားသူ အနေဖြင့် ဇဟိုရ်အဇါန် ပြီး မိမိခရီးစဥ် အား စတင်ချိန် ဝါဖြေခြင်း တို့ ဖြစ်ပါသည်။ (3)

အကယ်၍ ရိုဇဟ်ထားသူတစ်ဦးတစ်ယောက် အတွက် အန္တရာယ် ဖြစ်မည် သို့မဟုတ် (တရားတော်မှ သတ်မှတ်ထားသည့်) ခက်ခဲမှုကို ရှိမည်ဆိုလျှင် ၎င်း အတွက် ရိုဇဟ် ဝါဖြေရန် ဝါဂျစ်ဘ် ဖြစ်ပါ သည်။ (4) ထိုနည်းတူစွာ မွတ်စ်သဟဗ် ရိုဇဟ်ထားထားသူ နှင့် မိုအ်မင် တစ်ဦးတစ်ယောက်ထံ ဧည့်သည် အဖြစ်သွားချိန် ၎င်းရိုဇဟ် အား အိမ်ရှင် မသိခင်အလျှင် ဝါဖြေခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသည်။ ရိုဇဟ် မွတ်စ်သဟဗ် အား ဇဟိုရ် အဇါန်ပြီးမှ ဝါဖြေခြင်းသည် မကရူဟ် ဖြစ်ပါသည်။ (5)

ဟဒီးစ် တော်များ အရ ရိုဇဟ်ထားသူသည် မွတ်စ်သဂျာဗွတ်ဒ်ဒအ်ဝဟ် (ဆုတောင်းပြည့်သူ) ဖြစ်ပါသည်။(6)အထူးသဖြင့် အစ်ဖ်သွာရ် ပြုနေချိန် (ဝါဖြေချိန်) တွင် ဖြစ်ပါသည်။ (7)

စည်းကမ်း နည်းလမ်းများ

အစ်ဖ်သွာရ် အတွက် စည်းကမ်းနည်းလမ်းများ တင်ပြထားပါသည်။ ပမာအား ဖြင့် အစ်ဖ်သွာရ် ပြုနေချိန် (ဝါဖြေချိန်) တွင် ဒိုအာတောင်းခြင်း ၊ စူရဟ် ကဒဲရ်၏ သေလာဝသ် ပြုခြင်း တို့ ဖြစ်ပါသည်။ အစ်ဖ်သွာရ် ကို မဂ်ရိဘ် နမာဇ် ဝတ်ပြုပြီးနောက်မှ ပြုရမည် ဖြစ်ပါသည်။ (8) တမန်တော်မြတ် (ဆွ) ထံတော်မှ ဆင့်ပြန်ချက် လာရှိပါသည်။ အစ်ဖ်သွာရ် ပြုနေချိန် (ဝါဖြေချိန်) တွင် ဤ ဒိုအာ “ للَّهُمَّ لَکَ صُمْنَا وَ عَلَی رِزْقِکَ أَفْطَرْنَا فَتَقَبَّلْهُ مِنَّ " အဓိပ္ပာယ် - အလ္လာဟ်ဟို အရှင်မြတ်သခင်ကျွန်တော်မျိုးတို့သည် အရှင်အတွက်သာ ရိုဇဟ်ထားခဲ့ပါ သည်။ အရှင် ၏ ရိုဇီ (စားနပ်ရိက္ခာ ) ဖြင့်သာ ဝါဖြေပါ၏။ ထိုအတွက်ကြောင့် ကျွန်တော်မျိုးတို့၏ ရိုဇဟ်အား လက်ခံသဘောတူတော်မူပါ။(9) ရေဖြင့် အထူးသဖြင့် ကြက်သီးနွေး ရေ‌နွေး ၊ နို့ ၊ မုန့် အချိုများ အထူးသဖြင့် စွန်ပလွံသီး ဖြင့် အစ်ဖ်သွာရ် (ဝါဖြေခြင်း) ပြု ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ပါသည်။ (11)

ဝါဖြေပေးခြင်း

ဆောင်းပါး အစ်ဖ်သွာရ်ရီ အား လေ့လာ ပါ။

မအ်စူမီးန် (အ.စ) များ ၏ ဟဒီးစ်တော် ဆင့်ပြန်ချက်များ အရ ရိုဇဟ်ထားသူ အား ဝါဖြေပေးခြင်း သည် အလွန် ကြီးကျယ် မြင့်မြတ် ပါသည်။ (11) ပမာအား ဖြင့် အေမာမ် ဆွာဒစ်က် (အ.စ) မှ လာရှိသည့် ဟဒီးစ်တော် တစ်ပါး တွင် ဝါဖြေပေးသူ ၏ အကျိုးဆဝါးဗ် မှာ ရိုဇဟ် ထားသူ ပမာ ဖြစ်ပါသည်။ (12) နိုင်ငံအသီးသီးရှိ မွတ်စလင်မ် များသည် မတူညီသော ဓလေ့ထုံးစံ ယဥ်ကျေးမှု များဖြင့် ရိုဇဟ်ထား သူများ အား ဝါဖြေ ပေးကြ ပါသည်။ အချို့ ကြီးကျယ်မြင့်မြတ်သည့်နေရာများ ပမာအား ဖြင့် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် နှင့် ဟဇရသ် မအ်စူမဟ် (စ.အ) ၏ ရောင်ဇာတော် ၊ အချို့ ဗလီ ဝတ်ကျောင်းတော်များ တွင် ရိုးရှင်း သည့် ဝါဖြေပေးမှုများ ကို ပြုလုပ်ကြပါသည်။ (13)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ