မာတိကာသို့ ခုန်သွားရန်

အစ်ဒ်ဒဟ်

wikishia မှ
ဤဆောင်းပါးသည် တရားစီရင်ရေးဆိုင်ရာ အယူအဆတစ်ခုအကြောင်း ဖော်ပြသည့် ဆောင်းပါးဖြစ်ပြီး ဘာသာရေးဆိုင်ရာ ကျင့်ထုံးများအတွက် စံသတ်မှတ်ချက်တစ်ခု မဟုတ်ပါ။ ဘာသာရေး အလေ့ အကျင့်များ အတွက် အခြားအရင်းအမြစ်များကိုလေ့လာ ရမည် ဖြစ်ပါသည်။
သောင်ဇီးဟိုလ်မစာအေလ် ကျမ်း

အစ်ဒ်ဒဟ် (အရဘီ : العِدَّة ) ဆိုသည်မှာ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းနှင့် ခွဲခွာပြီးနောက် သို့မနောက် ခင်ပွန်း သည် ကွယ်လွန် ပြီးနောက် တရားတော် အရ အိမ်ထောင်မပြုနိုင်သော ကာလတစ်ခုကို ခေါ်ဆိုခြင်း ဖြစ်ပါ သည်။ အစ်ဒ်ဒဟ် ၏ အမျိုးအစားများ ရှိပါသည်။ ၎င်းတို့ ၏ ကြာမြင့်ချိန် မတူညီ ကြချေ။ အစ်ဒ်ဒဟ်ဝဖါသ် မှ လွဲ၍ အစ်ဒ်ဒဟ်တိုင်း အတွက် လိင်ဆက်ဆံခြင်း ရှိထားဖို့ လိုအပ်ပါသည်။

အစ်ဒ်ဒဟ်သွလာက် (ခ) ကွာရှင်း ပြတ်စဲပြီးနောက် အိမ်ထောင်မပြုနိုင်သည့် ကာလ သည် ရာသီသွေး သုံးခါပေါ်ပြီးသန့်စင်သွားသည့် အချိန်အထိ ဖြစ်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်ပါက ကိုယ်ဝန်ရှိနေချိန်အထိ ဖြစ်ပါသည်။ အစ်ဒ်ဒဟ်သွာလာက် သည် ရာသီသွေးပေါ်သည့် အမျိုးသမီး အတွက် ဖြစ်ပါ သည်။ အကယ်၍ သွေးမပေါ်တော့လျင် ရာသီမပေါ်တော့လျင် အရဘီလသုံးလ အထိ စောင့်ရမည် ဖြစ်ပါသည်။အစ်ဒ်ဒဟ်ဝဖါသ် (ခ) ခင်ပွန်းသေဆုံးပြီးနောက် အိမ်ထောင်မပြုနိုင်သည့် ကာလ သည် လေးလနှင့် ဆယ်ရက်ဖြစ်ပါသည်။ အကယ်၍ ကိုယ်ဝန်သည် ဖြစ်လျင်လည်း လေးလနှင့် ဆယ်ရက် ဖြစ်ပါသည်။ သို့သော် ကိုယ်ဝန်ကာလက ဒီအချိန်ထက် ပို၍ မကြာရန် လိုပါသည်။ဤအခြေအနေတွင် ကိုယ်ဝန် သည် သူမ ၏ အစ်ဒ်ဒဟ် ဖြစ်ပေမည်။ အစ်ဒ်ဒဟ် မိုသအဟ် (ခ) ယာယီ အိမ်ထောင်ပြုပြီးနောက် အိမ်ထောင်မပြုနိုင်သည့် ကာလ သည် နှစ်ကြိမ် ဓမ္မတာလာသည့်အချိန် အထိဖြစ်ပါသည်။ အကယ်၍ ဓမ္မတာ မလာသူဖြစ်လျင် ၄၅ ရက် ဖြစ်ပါသည်။

အစ်ဒ်ဒဟ် ဆိုင်ရာဖေက်ဟီ အဲဟ်ကာမ် (ဓမ္မသတ် ဆိုင်ရာဥပဒေ ) များ ထဲတွင် အစ်ဒ်ဒဟ် လုပ်နေသည့် အမျိုးသမီး နှင့် နေကဟ် (ခ) အိမ်ထောင်ပြုခြင်း ကို တားမြစ်ထားပါသည်။ အကယ်၍ အမျိုးသား သည် အစ်ဒ်ဒဟ် လုပ်နေသည့် အမျိုးသမီးတစ်ဦး နှင့် အိမ်ထောင် ပြုမည်ဆိုလျင် ထိုအမျိုးသမီး သည် ၎င်း အတွက် ရာသက်ပန် ဟရာမ် ဖြစ်သွားပေမည်။ ဆိုလိုသည်မှာ ၎င်းတို့ နှစ်ဦး ၏ အိမ်ထောင်သည် မပိုင်၊ မမြောက် တော့မည် ဖြစ်ပါသည်။ ပြီးနောက် သူတို့သည် ဘယ်တော့မှ အိမ်ထောင်မပြုနိုင်မည် ဖြစ်ပါသည်။ ထိုနည်းတူစွာ အစ်ဒ်ဒဟ်သွလာက် ကေ ရဂျ်အီ တွင် အစ်ဒ်ဒဟ် လုပ်နေသည့် အမျိုးသမီး တစ်ဦး အား စေ့စပ်ကမ်းလှမ်း မှု ပြုခြင်း သည်လည်း ဟရာမ် ဖြစ်ပါသည်။ အစ်ဒ်ဒဟ်ဝဖါသ် အတွက် အစ်ဒ်ဒဟ် လုပ်နေသည့် အမျိုးသမီး တစ်ဦးသည် အလှပြင် လိမ်းချယ်ခြင်းသည် ဟရာမ် ဖြစ်ပါသည်။ ဤသည်လည်း အစ်ဒ်ဒဟ် ဆိုင်ရာဖေက်ဟီ အဲဟ်ကာမ် (ဓမ္မသတ် ဆိုင်ရာဥပဒေ ) များ မှ ဖြစ်ပါသည်။

ဖေက်ဟီအရ အဓိပ္ပာယ် ဖွင့်ဆိုချက်

အစ်ဒ်ဒဟ်ဆိုသည် မှာ အမျိုးသမီး တစ်ဦးသည် ကွာရှင်းပြတ်စဲပြီးနောက် သို့မဟုတ် ခင်ပွန်းသေဆုံးပြီးနောက် သို့မဟုတ် တစ်စုံတစ်ဦးနှင့် မှားယွင်းစွာ လိင်ဆက်ဆံပြီးနောက် သူမ နှင့် လက်ထပ်ခွင့်မရှိသည့် အချိန် ကာလတစ်ခု ကို ရည်ညွှန်းဆိုလိုပါသည်။[]

အမျိုးအစားများ

အစ်ဒ်ဒဟ်သွလာက် ၊ အစ်ဒ်ဒဟ်ဝဖါသ် ၊ အစ်ဒ်ဒဟ် မိုသအဟ် ၊ မှားယွင်းသော လိင်ဆက်ဆံခြင်း အတွက် အစ်ဒ်ဒဟ် နှင့် အစ်ဒ်ဒဟ် မဖ်ကူဒူလ်အစရ် (ခ) ခင်ပွန်းသည်ပျောက်သွား ပြီးနောက် အိမ်ထောင် မပြုရသည့် ကာလ ကဲ့သို့ဖြစ်ပါသည်။ ၎င်းတို့၏ ကာလ ကြာမြင့်ချိန် မတူညီကြချေ။ ဓမ္မသတ် ပညာရှင်များ၏ ဖသ်ဝါ အရ အစ်ဒ်ဒဟ်ဝဖါသ်မှ အပ အစ်ဒ်ဒဟ် အားလုံးတွင် လိင်ဆက်ဆံခြင်း ပြုထားရန် လိုအပ်ပေသည်။[]

အစ်ဒ်ဒဟ်သွာလစ်က်

အမျိုးသမီး သည် ကွာရှင်း ပြတ်စဲပြီးနောက် သို့မဟုတ် နေကဟ်ပျက်ပြီးနောက် မိမိခင်ပွန်း နှင့် ကွဲကွာသွား မည်။ ထိုအမျိုးသမီး၏ အစ်ဒ်ဒဟ် မှာ သိုဟ်ရ် သုံး ခါ ( ရာသီသွေး သုံးခါပေါ်ပြီးနောက် သုံးခါ သန့်စင်ခြင်း) ဖြစ်ပါသည်။ []ဤအမိန့်အတွက် ကျမ်းတော်မြတ် ကုရ်အာန် ၏ သက်သေ အထောက်အထား မှာ စူရဟ်ဘကရဟ် အာယသ်တော် အမှတ် ၂၂၈ ဖြစ်ပါသည်။ «وَالْمُطَلَّقَاتُ يَتَرَبَّصْنَ بِأَنفُسِهِنَّ ثَلَاثَةَ قُرُوءٍ.» အဓိပ္ပာယ် - ထိုနောက် ကွာရှင်းပြတ်စဲခြင်းခံရသည့် အမျိုးသမီးများသည် မလွဲမသွေ သုံးကြိမ် သုံးခါ (ရာသီသွေး) သန့်စင် သည့်အထိ စောင့်ရပေမည်။[] ဓမ္မသတ် ပညာရှင်များကြားတွင် ကျော်ကြားသည့်အမြင်အရ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် ကွာရှင်း ပြတ်စဲ သည့် အခါ ကိုယ်ဝန်ကာလကုန်ဆုံးချိန်(ကလေးမွေးချိန်) ဖြစ်ပါသည်။[]ဤရှရီအီ စီရင်ချက်ကို စူရဟ် သွလာက် ၏ အာယသ်တော် အမှတ် ၄ တွင်ဖော်ပြထားပါသည်။ «وَ أُوْلَاتُ الْأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُن» အဓိပ္ပာယ် - ထိုပြင် ကိုယ်ဝန် သည် အမျိုးသမီးများ ကာလသတ်မှတ် ချက်မှာ ၎င်းတို့ ကလေးမွေးသည့် အချိန် ပင်ဖြစ်ပါသည်။ ဓမ္မတာလာသည့် အရွယ် အမျိုးသမီးများ ဖြစ်ပေမဲ့ ရာသီမလာသည့် အမျိုးသမီးများသည် အစ်ဒ်ဒဟ် ကို အရဘီလ သုံးလ စောင့်ထိန်းရမည်ဖြစ်ပါသည်။[] ဤဖသ်ဝါ သည်လည်း စူရဟ် သွလာက် ၏ အာယသ်တော် အမှတ် ၄ သက်သေ ယူ မှတ်တမ်းတင်ထားပါသည်။ အာယသ်တော်မှ ပြောကြားသည်မှာ - «وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِن نِّسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ» အဓိပ္ပာယ် - အသင်တို့၏ (တစ်ခုလတ်) အမျိုးသမီးများ မှ ဓမ္မတာလာ ခြင်း မှ မျှော်လင့် ချက်ကင်းမဲ့သွားသည့် အမျိုးသမီးများ ပတ်သက်၍ သင်တို့ အနေဖြင့် သံသယ ဖြစ် သည်အခါ ၎င်းတို့၏ အစ်ဒ်ဒဟ် မှာ သုံးလ ဖြစ်ပါသည်။ ဤ အမိန့်သည် ဓမ္မတာလာသည့် အရွယ် အမျိုးသမီးများ ဖြစ်ပေမဲ့ ရာသီမလာသည့် အမျိုးသမီးများ အတွက် လည်း ဖြစ်ပါသည်။[]

အစ်ဒ်ဒဟ်ဝဖါသ်

အစ်ဒ်ဒဟ်ဝဖါသ် (ခ) ခင်ပွန်းသေဆုံးပြီးနောက် အိမ်ထောင်မပြုနိုင်သည့် ကာလ သည် လေးလ နှင့် ဆယ်ရက် ဖြစ်ပါသည်။[] ဤရှရီအီ အမိန့် သည် အာယသ် သရဗ်ဗိုစ် မှ ဖြစ်ပါသည်။[] လိင်ဆက်ဆံထားပြီးဖြစ်စေ သို့မဟုတ် လိင်မဆက်ဆံထားသည် ဖြစ်စေ ၊ အမြဲအတွက် အိမ်ထောင်ပြုထားသည် ဖြစ်စေ သို့မဟုတ် မိုသအဟ် (ခ) ယာယီ အိမ်ထောင်ပြုထားသည် ဖြစ်စေ ဘာမှ ကွာခြားမှု မရှိပေ။ [၁၀]အကယ်၍ ကိုယ်ဝန် သည် ဖြစ်လျင်လည်း လေးလနှင့် ဆယ်ရက် ဖြစ်ပါသည်။ သို့သော် ကိုယ်ဝန်ကာလက ဒီအချိန်ထက် ပို၍ မကြာရန် လိုပါသည်။ ဤအခြေအနေတွင် ကိုယ်ဝန် သည် သူမ ၏ အစ်ဒ်ဒဟ် ဖြစ်ပေမည်။ [၁၁]

အစ်ဒ်ဒဟ် မိုသအဟ်

အစ်ဒ်ဒဟ် မိုသအဟ် (ခ) ယာယီ အိမ်ထောင်ပြုပြီးနောက် အိမ်ထောင်မပြုနိုင်သည့် ကာလ သည် သတ်မှတ် ထား သည့် အိမ်ထောင်သက်တမ်းကုန်ဆုံးပြီးနောက် သို့မဟုတ် ခင်ပွန်းသည်ဘက်မှ သတ်မှတ်ကာလကို ရုပ်သိမ်း[၁၂]ပြီးနောက် ဤအတွက် အစ်ဒ်ဒဟ် ကာလ သည် နှစ်ကြိမ် ဓမ္မတာလာသည့်အချိန်[၁၃] အထိဖြစ်ပါသည်။ အကယ်၍ ဓမ္မတာ လာသည့် အသက်အရွယ် ဖြစ်ပြီး ဓမ္မတာ မလာသူဖြစ်လျင် ၄၅ ရက် စောင့်ရမည် ဖြစ်ပါသည်။[၁၄]

မှားယွင်းသော လိင်ဆက်ဆံခြင်း အတွက် အစ်ဒ်ဒဟ်

ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ အမျိုးသားတစ်ဦး သည် မိမိဇနီး ဟု ထင်မြင်ပြီး အမျိုးသမီး တစ်ဦး နှင့် လိင် ဆက်ခံ မိမည်ဆိုလျင် ထိုအမျိုးသမီးသည် အစ်ဒ်ဒဟ်သွာလစ်က် နှင့် ညီမျှသည့် အစ်ဒ်ဒဟ် တစ်နည်းအားဖြင့် သုံးကြိမ် သုံးခါ (ရာသီသွေး) သန့်စင် သည့်အထိ စောင့်ရမည် ဖြစ်ပါသည်။ ယုတ်အမျိုး သမီးအနေဖြင့် ထို အမျိုးသားသည် မိမိ ၏ ခင်ပွန်းသည် ဖြစ်ကြောင်း သိသည် ဖြစ်စေ ၊ မသိသည် ဖြစ်စေ ဖြစ်ပါသည်။ သို့သော် အမျိုးသား အနေဖြင့် အမျိုးသမီးသည် မိမိ၏ ဇနီး မဟုတ်ကြောင်း သိမည်။ဒါပေမဲ့ အမျိုးသမီးအနေဖြင့် မသိမည်ဆိုသည့် အခြေအနေ တွင် ဓမ္မသတ် ပညာရှင်များ အကြား သဘောထား ကွဲလွဲ မှုများ ရှိနေပါသည်။ အချို့ ဓမ္မသတ် ပညာရှင်များ အနေဖြင့် အမျိုးသမီး အနေဖြင့် မလွဲမသွေ အစ်ဒ်ဒဟ် စောင့်ထားရမည် ဖြစ်ပါသည်။ အချို့ ဓမ္မသတ် ပညာရှင်များ ၏ ဖသ်ဝါ အရ အစ်ဒ်ဒဟ် မရှိကြောင်း ဖြစ်ပါ သည်။ [၁၅]

အစ်ဒ်ဒဟ် မဖ်ကူဒူလ်အစရ်

ကျော်ကြားသော အဆိုအရ အမျိုးသမီးတစ်ဦးသည် အစ်ဒ်ဒဟ် မဖ်ကူဒူလ်အစရ် (ခ) ခင်ပွန်းသည် ပျောက်သွား ပြီးနောက် အိမ်ထောင် မပြုရသည့် ကာလ အား ခင်ပွန်းသည် ၏ ဝလီ ( ကိုယ်စား ) သို့မဟုတ် ဟာကင်မ်မေ ရှရအ် ဘက်မှ သွာလစ်က် ပေးခြင်း ဖြစ်ပြီး ထို သွာလစ်က် ကေ ရဂျ်အီ ဖြစ်ပါသည်။[၁၆] သို့သော် အချို့ ဓမ္မသတ် ပညာရှင်များ ၏ အမြင် အရ ပမာ အား ဖြင့် ရှိက်ခ် သူစီ အနေဖြင့် အလ်ခေလာဖ်[၁၇] နှင့် အလ်မွတ်ဗ်စူသွ်[၁၈] ရှိက်ခ် မိုဖီးဒ် အနေဖြင့် အလ်မွတ်က်နအဟ်[၁၉] နှင့် အစ်ဗ်နေအစ်ဒ်ရေစ် ဟစ်လီ အနေဖြင့် အက်စ်စရာအေလ်[၂၀] ကျမ်း တို့ တွင် ဆီဂဟ် သွလာက် မလိုကြောင်း ဟာကင်မ်မေ ရှရအ် ၏ အမိန့် ဖြင့် သာ သွလာက် မြောက် ကြောင်း ဆိုထားပါသည်။

ကျော်ကြားသည့် ဓမ္မသတ် ပညာရှင်များ မှ အစ်ဒ်ဒဟ် မဖ်ကူဒူလ်အစရ် ၏ အစ်ဒ်ဒဟ် အား မာဟီယသ် (သဘော သဘာဝ) အရ ဖြစ်စေ ကိန်းဂဏန်း အရ ဖြစ်စေ အစ်ဒ်ဒဟ်ဝဖါသ် နှင့် တူညီ ကြောင်းဆို ထားပါ သည်။[၂၁]

အိမ်ထောင်ရေးဖောက်ပြန်သူအမျိုးသမီး ၏ အစ်ဒ်ဒဟ်

အိမ်ထောင်ရေးဖောက်ပြန်ပြီး ကိုယ်ဝန်ရှိလာသော အမျိုးသမီးသည် အစ်ဒ်ဒဟ် မရှိဟု ဓမ္မသတ် ပညာရှင်များ က ဆိုထားပါသည်။သို့သော် အိမ်ထောင်ရေးဖောက်ပြန်ပြီး ကိုယ်ဝန် မရှိသည့် အမျိုးသမီး၏ အစ်ဒ်ဒဟ် နှင့်ပတ်သက်၍ ဓမ္မသတ် ပညာရှင်များ အကြား သဘောထား ကွဲမှု ရှိပါသည်။ ဓမ္မသတ်ပညာရှင် (မွတ်ဂျ်သဟစ်ဒ် ) အများ စု ၏ ဖသ်ဝါ အရ အိမ်ထောင်ရေးဖောက်ပြန်သူအမျိုးသမီး ၏ အစ်ဒ်ဒဟ် မရှိ ကြောင်း ဖြစ်ပါသည်။ သို့သော် အချို့ ဓမ္မသတ်ပညာရှင် များ အနေဖြင့် အဲဟ်သေယာသွ် အရ မလွဲမသွေ ဓမ္မတာ တစ်ကြိမ် ပေါ်သည် အထိ စောင့်ရမည် ဟုဆိုထားကြပါသည်။ [၂၂]

ခင်ပွန်းသည် မိုရ်သဒ် ဖြစ်သွားသည့် အမျိုးသမီး၏ အစ်ဒ်ဒဟ်

ဓမ္မသတ်ပညာရှင်များ၏ အဆိုအရ အိမ်ထောင်ပြုပြီးနောက် အမျိုးသား ဖြစ်စေ အမျိုးသမီး ဖြစ်စေ မှ တစ်ဦးတစ်ယောက် သည် မိုရ်သဒ် (ဘာသာပျက်၊ဇာတ်ပျက်) ဖြစ်သွားလျင် ၎င်းတို့၏ အိမ်ထောင်ရေးသည် ပျက်ပြယ် သွားပါသည်။[၂၃]အကယ်၍ ယောက်ကျား ဖြစ်သူ (ခင်ပွန်းသည်) အနေဖြင့် မိုရ်သဒ်ဒေ ဖစ်သွရီ ဖြစ်သွားပါက ဇနီးသည် အနေဖြင့် မလွဲမသွေ အစ်ဒ်ဒဟ်ဝဖါသ် ထားရမည် ဖြစ်ပါသည်။ အကယ်၍ ယောက်ကျား ဖြစ်သူ အနေဖြင့် မိုရ်သဒ် မေလ်လီ ဖြစ်ပါက ဇနီးသည် အနေဖြင့် အစ်ဒ်ဒဟ် သွလာက် ထားရမည် ဖြစ်ပါသည်။ အကယ် ၍ ထို အစ်ဒ်ဒဟ် သွလာက် ထားနေချိန် အတွင်း ယောက်ကျား ဖြစ်သူသည် တဖန် မွတ်စလင်မ် ပြန်ဖြစ်လာမည်ဆိုလျင် အိမ်ထောင်ရေးဆက်လက်ရှိနေမည်ဖြစ်ပါသည်။ (တရားဝင် လင်မယားဖြစ်နေမည် ဖြစ်ပါသည်။ )[၂၄] သို့ရာတွင် ဇနီးသည် အနေဖြင့် မိုရ်သဒ် ဖြစ်သွားလျင် မိုရ်သဒ်ဒေ ဖစ်သွရီ ဖြစ်စေ မိုရ်သဒ် မေလ်လီ ဖြစ်စေ မလွဲမသွေ အစ်ဒ်ဒဟ် သွလာက် ထား ရမည် ဖြစ်ပါသည်။[၂၅]

အစ်ဒ်ဒဟ် ၏ အဲဟ်ကာမ်

မရ်ဂျအ်သက္က်လီးဒ်တော် များ၏ ဖသ်ဝါ များ အရ အစ်ဒ်ဒဟ် ၏ ဖေက်ဟီဆိုင်ရာ အဲဟ်ကာမ် အချိ့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • အစ်ဒ်ဒဟ် ထားနေသည့် အမျိုးသမီး နှင့် လက်ထပ် ပိုင်ခွင့် မရှိချေ။ ထိုအစ်ဒ်ဒဟ်သည် အစ်ဒ်ဒဟ်သွလာက် (သို့မဟုတ်) အစ်ဒ်ဒဟ် မိုသအဟ် ( သို့မဟုတ်) အစ်ဒ်ဒဟ်ဝဖါသ် ဖြစ်ပါစေ ကွာခြားမရှိချေ။[၂၆]
  • အကယ်၍ အမျိုးသားတစ်ဦး အနေဖြင့် အစ်ဒ်ဒဟ်သွလာက် ရဂျ်အီ ထားနေသည့် အမျိုးသမီး တစ်ဦး နှင့် အိမ်ထောင်ပြုမည် (နေကဟ်ဖတ်မည်) ပြီးနောက် လိင်လည်း ဆက်ဆံ မည်ဆိုလျင် ထို အမျိုးသမီးသည် ဤ အမျိုးသား အပေါ် သို့ ထာဝရ ဟရာမ် ဖြစ်သွားမည် ဖြစ်ပါသည်။ ယုတ်စွ အစ်ဒ်ဒဟ် ၏ အဟ်ကာမ် ကို မသိ၍ ဖြစ်စေ ၊ ထိုအမျိုးသမီးသည် အစ်ဒ်ဒဟ် ထားနေသည် ကို သတင်း မရှိ၍ဖြစ်စေ ဖြစ်ပါသည်။[၂၇]
  • အကယ် ၍ အမျိုးသား တစ်ဦး အနေဖြင့် အစ်ဒ်ဒဟ် ထားနေသည့် အမျိုးသမီး နှင့် နေကဟ်ပြုခြင်း (လက်ထပ်ခြင်း) သည် ဟရာမ် ဖြစ်ကြောင်း သိမည် ပြီးနောက် အမျိုးသမီးသည် အစ်ဒ်ဒဟ် ထားနေသည်ကို သိလျက် ဤ အမျိုးသမီး နှင့် နေကဟ် ပြုမည် ဆိုလျင် ဤ အမျိုးသမီးသည် ၎င်း အတွက် ထာဝရ ဟရာမ် ဖြစ်သွားမည် ဖြစ်ပါသည်။ ယုတ်စွ ထိုအမျိုးသမီး နှင့် လိင်ဆက်ဆံ မပြုရသေးသည်လည်း ဖြစ်ပါသည်။[၂၈]
  • အစ်ဒ်ဒဟ်သွလာက် ရဂျ်အီ ထားနေသည့် အမျိုးသမီး အား စေ့စပ် ကြောင်းလမ်း ခြင်းသည် မပိုင်ချေ။[၂၉] သို့ရာတွင် သွယ်ဝိုက်၍ဖြစ်စေ အရိပ်အမြွက်ပြောခြင်းဖြင့် စေ့စပ် ကြောင်းလမ်း ခြင်း ကို သွလာက် ဗါအင်းန် အမျိုးသမီးအား ပြုခွင့်ရှိပါသည်။[၃၀]
  • အစ်ဒ်ဒဟ်သွလာက် ရဂျ်အီ ထားနေသည့် အမျိုးသမီး အတွက် နဖ်ကဟ်(စားဝတ်နေရေး) ပေးရန် ခင်ပွန်း သည်၏ တာဝန် ဖြစ်ပါသည်။ သို့သော် သွလာက် ဗါအင်းန် အမျိုးသမီး နှင့်ပတ်သက်၍ ၎င်း ကိုယ်ဝန် ဆောင်ထားသည့် အနေအထား တွင်သာ နဖ်ကဟ်(စားဝတ်နေရေး) ပေးရန် ခင်ပွန်း သည်၏ တာဝန် ဖြစ်ပါ သည်။[၃၁]
  • အစ်ဒ်ဒဟ်သွလာက် ရဂျ်အီ ထားနေသည့် အမျိုးသမီး အား သွလာက် ပေးချိန် သူမနေထိုင်နေသည့် အိမ်မှ နှင်ထုတ်ခြင်းသည် ခင်ပွန်း သည် အတါဥ် ခွင့်မပြုထားချေ။ ထိုနည်းတူစွာ ဤ အမျိုးသမီးသည် မိမိ၏ ခင်ပွန်းသည် ၏ ခွင့်မပြုချက် မရှိဘဲ နေအိမ်အပြင် သို့ ထွက်ခွင့် မရှိချေ။[၃၂]
  • အစ်ဒ်ဒဟ်ဝဖါသ် ထားနေသည့်အမျိုးသမီးအတွက် အလှပြင်ခြင်း ပမာအားဖြင့် စူရ်မဟ်လိမ်းခြင်း ၊ အလှ တန်ဆာဆင်သည့် အဝတ်များကို ဝတ်ခြင်းသည် ဟရာမ် ဖြစ်ပါသည်။[၃၃]
  • အစ်ဒ်ဒဟ်သွလာက် ရဂျ်အီ ထားနေသည့် အမျိုးသမီး နှင့် ဇေနာ ပြုမည် (အိမ်ထောင်ရေးဖောက်ပြန်မည် ) ဆိုလျင် သူတို့ နှစ်ဦး အတွက် ထာဝရ ဟရာမ် ဖြစ်သွားပေမည်။[၃၄]

အစ်ဒ်ဒဟ် ထားရန် မလိုအပ်သည့် အမျိုးသမီးများ

ဓမ္မသတ်ပညာရှင်များ (မွတ်ဂျ်သဟစ်ဒ်များ) ၏ အမြင်များကို အခြေခံ၍ အချို့သော အမျိုးသမီးများသည် သွလာက် ပေးခံရမည် နောက် အစ်ဒ်ဒဟ် ထားရန် မလိုအပ်ချေ။ ပမာအားဖြင့် အရွယ်မရောက်သေးသော မိန်းကလေး နှင့် ယာအေစဟ်(ခ) သွေးဆုံးသော အမျိုးသမီး ဖြစ်ပါသည်။[၃၅] ထို့ပြင် အိမ်ထောင်ပြုပြီး နောက် မိမိ ခင်ပွန်း နှင့် လိင်မဆက်ဆံရသေးသော အမျိုးသမီးတစ်ဦးသည် အစ်ဒ်ဒဟ် ထားရန် မလိုချေ။ သို့သော် ထိုအမျိုးသမီး၏ အိမ်ထောင်သက်တမ်း အဆုံးသတ် ခြင်း ၏ အကြောင်းရင်းမှာ ခင်ပွန်းဖြစ်သူ၏ ကွယ်လွန်ခြင်းကြောင့် ဖြစ်မည် ဆိုလျင် ထိုအခြေအနေတွင် အစ်ဒ်ဒဟ်ဝဖါသ်ထား ရမည် ဖြစ်ပါသည်။[၃၆]ဇေနာသည် အမျိုးသမီး ( အိမ်ထောင်ရေး ဖောက်ပြန်သူ အမျိုးသမီး ) အနေဖြင့် အကယ်၍ ကိုယ်ဝန် ဆောင်ထားလျင်လည်း အစ်ဒ်ဒဟ် ထားရန် မလိုချေ။ အကယ်၍ ကိုယ်ဝန် မဆောင် ထားလျင်လည်း မွတ်ဂျ်သဟစ်ဒ် အများစု ၏ ဖသ်ဝါ အရ အစ်ဒ်ဒဟ် ထားရန် ဝါဂျစ်ဗ် မဟုတ်ပေ။[၃၇]

ဒဿန

အချို့သော ဟဒီးစ်ကျမ်းများ၊ သဖ်စီးရ် ကျမ်း များ နှင့် ဓမ္မသတ် စာအုပ်များတွင် အစ္စလာမ်ဘာသာတွင် အစ်ဒ်ဒဟ် ဆိုင်ရာ ဒဿန အကြောင်းပြချက်များကို ဖော်ပြထားပါသည်။သဖ်စီးရ် နမူနာ တွင် အစ်ဒ်ဒဟ် ဝဖါသ်ထားရသည့် ဒဿန အား ခင်ပွန်းသည်အား လေးစားမှု ရှိကြောင်း ပြသရန် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။ အထောက်အထားများ အဖြစ် ခင်ပွန်းသေဆုံးပြီးပြီးချင်း အိမ်ထောင်ပြုခြင်းသည် ခင်ပွန်းသည် အား လေးစားမှု အတွက် မအပ်စပ်ကြောင်း နှင့် ခင်ပွန်းသည် ကျန်ရစ်သူ ဆွေမျိုးများ၏ ခံစားချက်ကို ထိခိုက်စေသည့် အတွက် ကြောင့် ဖြစ်ကြောင်း ဆိုထားပါသည်။[၃၈] ထိုနည်းတူစွာ အစ်ဒ်ဒဟ် သွလာက် ၏ ဒဿန မှာ လင်ယောက်ျားအား မိမိပေးထားသည့် သွလာက် (ကွာရှင်းပြတ်စဲခြင်း) အား ပြန်လည်သုံးသပ်ရန် အခွင့်အရေးပေးခြင်း ဖြစ်သည်ဟု လည်းဖော်ပြထားပါသည်။ [၃၉] အလလွတ်ရှ်ရှရာယေအ် ကျမ်း၏ ရီဝါယသ်တော်တစ်ခု အရ အစ်ဒ်ဒဟ်ဝဖါသ် လေးလနှင့် ဆယ်ရက် ဖြစ်ရသည့် အကြောင်းရင်းကို အမျိုးသမီးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာလိုအပ်ချက်၏ အမြင့်ဆုံးစွမ်းရည် အတိုင်းအတာ ဟု ဆိုထားပါသည်။ ဤအတွက် သက်သေ အဖြစ် ဖေက်ဟီ အမိန့် မှာ ခင်ပွန်း သည် အတွက် မိမိ ဇနီးအား အနည်းဆုံး လေးလ တွင် တစ်ကြိမ် လိင်ဆံဆက် ရန် ဝါဂျစ်ဗ် ဖြစ်ကြောင်း ဆိုထား၍ ဟု ဆိုပါ သည်။[၄၀] ထိုနည်းတူစွာ သားအိမ်သန့်ရှင်းစေခြင်း[၄၁] နှင့် မျိုးရိုးစဉ်ဆက် ရောနှောခြင်းကို တားဆီးခြင်း (မွေးဖွား လာသော ကလေး၏ ဖခင်ကို ဖော်ထုတ်ရန် မဖြစ်နိုင်သည့် အခြေအနေ ကိုတားဆီးရန် ) အတွက် အစ်ဒ်ဒဟ် ထားရန် အမိန့်ပေးရခြင်း ၏ အကြောင်းရင်း များ မှ ဖြစ် ကြောင်း သိရပါသည်။[၄၂]

ဥပဒေ ဆိုင်ရာ စည်းမျဉ်းများ

ရှီအဟ် အေမာမ်မီယဟ် ၏ ဓမ္မသတ် ကို အခြေခံ၍ ရေးသားထားသည့် အီရန်နိုင်ငံတော်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၅၀ မှ ၁၁၅၈ အတွင်း အစ်ဒ်ဒဟ် ၏ စီရင်ထုံးများ[၄၃]လာရှိပါသည်။[၄၄] အီရန်နိုင်ငံ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၅၀ အရ အစ်ဒ်ဒဟ် သည် နေကဟ် ပြုထားခြင်း ကို ဖျက်သိမ်း ထားသော် လည်း အစ်ဒ်ဒဟ် ထားနေချိန် အတွင်း အမျိုးသမီးသည် အခြားခင်ပွန်းနှင့် လက်ထပ်နိုင်ခြင်း ခွင့်မရှိ ဖြစ်ပါသည်။[၄၅]

အချို့သောနိုင်ငံများတွင် အစ်ဒ်ဒဟ် ကိစ္စများမရှိသော်လည်း အမှုတွဲများကို သက်တမ်းတိုးခြင်းနှင့် စုံတွဲများ အား အချိန်အတိုင်းအတာတစ်ခုအထိ နောက်တစ်ကြိမ်ထပ်ထိမ်းမြားခြင်းမှ တားဆီးခြင်းအပါအဝင် မျိုးရိုး စဉ်ဆက် ရောနှောခြင်းကို တားဆီးရန် အစီအမံများ ပြုလုပ်ထားသည်ဟု ဆိုပါသည်။[၄၆]

ဆက်နွယ်နေသည့် ဆောင်းပါးများ


အောက်ခြေ မှတ်စုများ

  1. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၁၁။
  2. နမူနာ ကြည့်ရန် - ရှဟီးဒ် စာနီ ၊ အရ်ရောင်ဇွာသိုလ်ဗဟီးယဟ် ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၅၇ ။ မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၂။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၁၁ - ၂၁၂။
  3. ၃။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၁၉။ မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၃။
  4. နမူနာ ကြည့်ရန် - ရှိက်ခ် မိုဖီးဒ် ၊ အဲဟ်ကာမ်မွန်နေစာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ ၄၃။ ရှိက်ခ် သူစီ ၊ သဲဟ်ဇီးဗ်ဗိုလ်အဲဟ်ကာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၇ ခုနှစ်၊ အတွဲ ၈ ၊ စာမျက်နှာ ၁၁၆ ။ ရှဟီးဒ် စာနီ ၊ မစာလေကိုလ်အဖ်ဟာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၂၁၃ ။
  5. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၅၂။ မိုဟ ကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၆။
  6. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၃၀။ မိုဟ ကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၄။
  7. နမူနာ ကြည့်ရန် - ရှဟီးဒ် စာနီ ၊ မစာလေကိုလ်အဖ်ဟာမ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ အတွဲ ၉ ၊ စာမျက်နှာ ၂၂၉ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၃၀။
  8. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၇၄။ မိုဟ ကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၇။
  9. စူရဟ်ဗကရဟ် ၊ အာယသ်တော် အမှတ် ၂၃၄ ။
  10. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀၊ စာမျက်နှာ ၂၀၀။ အတွဲ ၃၂ ၊ စာမျက်နှာ ၂၇၅။ မိုဟ ကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၇၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၁။
  11. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀၊ စာမျက်နှာ ၂၀၀။ အတွဲ ၃၂ ၊ စာမျက်နှာ ၂၇၅။ မိုဟ ကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၇။
  12. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀၊ စာမျက်နှာ ၁၉၆။
  13. မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၁ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀၊ စာမျက်နှာ ၁၉၆။
  14. မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၁ ။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀၊ စာမျက်နှာ ၁၉၉။
  15. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၃၇၈-၃၇၉။
  16. နမူနာ ကြည့်ရန် - ရှဟီးဒ် စာနီ ၊ အရ်ရောင်ဇွာသိုလ်ဗဟီးယဟ် ဖီး ရှရ်ဟ် ဟေလစ်လ် လုံမအသွန်ဒ် ဒမတ်စ်ရှ်ကီးယဟ် ၊ ဂျာမေအသွန်နဂျဖ် အဒ်ဒီနီယဟ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၆၆ ။ နဂျဖီ ၊ ဂျဝါဟေ ရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၉၃။ အေမာမ် ခိုမေနီ ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၂၁ ခုနှစ် ၊ အတွဲ ၂ စာမျက်နှာ ၃၄၃။
  17. ရှိက်ခ် သူစီ ၊ အလ်ခေလာဖ် ၊ မိုအ်စေစေသွန်နရှ်ရေ အစ္စလာမ်မီယဟ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၇၇ ။
  18. ရှိက်ခ် သူစီ ၊ အလ်မဗ်စူသွ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၂၇၈ ။
  19. ရှိက်ခ် မိုဖီးဒ် ၊ မွတ်က်နအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ၅၃၇ ။
  20. အစ်ဗ်နေအစ်ဒ်ရေစ် ဟစ်လီ ၊ အက်စ်စရာအေရ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ် ၊ အတွဲ၂ ၊ စာမျက်နှာ ၇၃၆ ။
  21. နမူနာ ကြည့်ရန် - ရှိက်ခ် မိုဖီးဒ် ၊ မွတ်က်နအဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ၊ စာမျက်နှာ၅၃၇ ။ စေလာရ် ဒိုင်လမီ ၊ အလ်မရာစင်မ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ စာမျက်နှာ ၁၆၅ ။ အစ်ဗ်နေစအီးဒ် ၊ အလ်ဂျာ မေအို လစ်လ် ရှာရာယေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ် ၊ စာမျက်နှာ ၄၇၃ ။ အစ်ဗ်နေ ဗရာဂျ် ၊ အလ်မိုဟဇဗ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ် ၊ အတွဲ၂ ၊ စာမျက်နှာ ၃၃၈ ။ အစ်ဗ်နိုဇိုဟ်ရဟ် ၊ ဂနီယသွန် နိုဇူအ် အေလာ အေလ်မေလ်အူစူလ် ဝလ်ဖရူးအ် ၊ မိုအ်စေစသိုလ်အလ်အေမာမ် အလ်ဆွာဒစ်က် (အ.စ) ၊ စာမျက်နှာ ၃၈၄။ မိုဟကစ်က်ကေ ဟစ်လီ ၊ အလ်မွတ်ခ်သဆေရွန်နာဖေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ခုနှစ် ၊ အတွဲ ၁ ၊ စာမျက်နှာ ၂၁၀ ။
  22. ဆယက်ဒ် ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၅၃၂ - ၅၃၃ ။
  23. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀ ၊ စာမျက်နှာ ၇၅။
  24. နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၀ ၊ စာမျက်နှာ ၇၉။
  25. မူစဝီ အရ်ဒဗိုင်းလီ ၊ ဖေက်ဟိုလ်ဟူဒူဒေ ဝလ်သအ်ဇီးရာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၂၂၈ ။
  26. အေမာမ် ခိုမေနီ ၊ နေဂျာသိုလ်အေဗါဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၂ ခုနှစ် ၊ စာမျက်နှာ ၃၇၀ ။
  27. ဘနီ ဟာရှင်မ်မီ ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၁ ။
  28. ဘနီ ဟာရှင်မ်မီ ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၇၀ ။
  29. ဂိုလ်ဗိုင်ဂန်နီ ၊ မဂျ်မအိုလ်မစာအေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၆ ။ ဖယာဇ် ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ စာမျက်နှာ ၅၅၂ ။
  30. ဂိုလ်ဗိုင်ဂန်နီ ၊ မဂျ်မအိုလ်မစာအေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၆ ။
  31. ဖယာဇ် ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ၊ စာမျက်နှာ ၅၆၅ ။ ဗဟ်ဂျသ် ၊ ဂျာမေအိုလ်မစာအေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ခုနှစ် ၊ အတွဲ ၄ ၊ စာမျက်နှာ ၁၀၈ - ၁၀၉ ။
  32. ဘနီ ဟာရှင်မ်မီ ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၃၀ ။
  33. ဘနီ ဟာရှင်မ်မီ ခိုမေနီ ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၂၇ ။
  34. အေမာမ် ခိုမေနီ ၊ အက်စ်သစ်ဖ်သာအာသ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၂ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၉၉ -၃၀၀။ ဗဟ်ဂျသ် ၊ ဂျာမေအိုလ်မစာအေလ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၈ခုနှစ် ၊ အတွဲ ၄ ၊စာမျက်နှာ ၃၈၂ ။
  35. နမူနာ ကြည့်ရန် - နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၄၁။
  36. ရှဟီးဒ် စာနီ ၊ အရ်ရောင်ဇွာသိုလ်ဗဟီးယဟ် ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ် ၊ အတွဲ ၆ ၊ စာမျက်နှာ ၅၇ ။ မိုဟကစ်က်ကေ ဟစ်လီ ၊ ရှရာအေအိုလ်အစ္စလာမ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၈ ခုနှစ် ၊ အတွဲ ၃ ၊ စာမျက်နှာ ၂၂။ နဂျဖီ ၊ ဂျဝါဟေရိုလ်ကလာန်မ် ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ် ၊ အတွဲ ၃၂၊ စာမျက်နှာ ၂၁၁ - ၂၁၂။
  37. နမူနာ ကြည့်ရန် - ဆယက်ဒ် ယဇ်ဒီ ၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ် ၊ အတွဲ ၅ ၊ စာမျက်နှာ ၅၃၂ - ၅၃၃ ။
  38. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနာ ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၊ စာမျက်နှာ ၁၉၃။
  39. မကာရေမ်မိုရှီရာဇီး ၊ သဖ်စီးရ် နမူနာ ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ၊ အတွဲ ၂၄၊ စာမျက်နှာ ၂၂၂။
  40. ရှိက်ခ် ဆူဒူက် ၊အလလွတ်ရှ်ရှရာယေအ် ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၀၈။
  41. ရှိက်ခ် ဆူဒူက် ၊အလလွတ်ရှ်ရှရာယေအ် ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၀၈။
  42. ဂျန်မ်အီ အဇ် ဗဂျူဟစ်ရှ်ဂရာန် ၊ မိုအ်စေစေဟ် ဖေက်ဟ်ဟေ အစ္စလာမ်မီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်၊ အတွဲ ၁၀ ၊ စာမျက်နှာ ၄၇၀။
  43. ဆဖာရီ ဝအေမာမ်မီ ၊ မွတ်ခ်သဆရ် ဟူကူက် ခါနဝါဒေဟ် ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ် ၊ စာမျက်နှာ ၁၀၆။
  44. ရှမ်စ် ၊ ကာနွန်နေ မဒနီ ဝ ကာနွန်နေ မစ်အူလီယသ် မဒနီ ၊ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ် ၊ စာမျက်နှာ ၂၆၀ မှ ၂၆၂ ထိ။
  45. ရှမ်စ် ၊ ကာနွန်နေ မဒနီ ဝ ကာနွန်နေ မစ်အူလီယသ် မဒနီ ၊ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ် ၊ စာမျက်နှာ ၂၆၀။
  46. ရိုစ်သမီ ၊ သဗ်ရေဇီ ၊ သသွဘီးက်ကဝါနီအစ်ဒ်ဒဟ် ဒဲရ် အီရန် ဝစာယေရ် ကစ်ရှ်ဝရ်ဟာ ၊ စာမျက်နှာ ၂၁၅။

ကျမ်းကိုးများ

  • အစ်ဗ်နေအစ်ဒ်ရေစ် ဟစ်လီ ၊ မိုဟမ္မဒ် ဘင်န် အဲဟ်မဒ် ၊ အက်စ်စရာအေရိုလ်ဟာဝီ လေသဲဟ်ရီရိုလ်ဖသာဝါ ကွမ်း ၊ မိုအ်စေစသွန်နရှ်ရေလ်အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၀ ခုနှစ် ။
  • အစ်ဗ်နေ ဗရာဂျ် ၊ အဗ်ဒိုလ်အဇီးဇ် ဘင်န် နဟီးရ် ၊ အလ်မိုဟဇဗ် ၊ ကွမ်း၊ မိုအ်စေစသွန်နရှ်ရေလ်အစ္စလာမ်မီ ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၆ ခုနှစ်။
  • အစ်ဗ်နိုဇိုဟ်ရဟ် ၊ ဂနီယသွန် နိုဇူအ် အေလာ အေလ်မေလ်အူစူလ် ဝလ်ဖရူးအ် ၊ မိုအ်စေစသိုလ်အလ်အေမာမ် အလ်ဆွာဒစ်က် (အ.စ) ၊ ခုနှစ်မသိ။
  • အစ်ဗ်နေစအီးဒ် ၊ ယဟ်ယာဘင်န် အဲဟ်မဒ် ၊ အလ်ဂျာ မေအို လစ်လ် ရှာရာယေလ် ၊ ကွမ်း ၊ မိုအ်စေစေဟ် ဆယက်ဒ် ဒွန်ရှ်ရှိုဟဒါအ် (အ.စ) ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၅ ခုနှစ်။
  • အေမာမ် ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ သဲဟ်ရီရိုလ်ဝစီလဟ် ၊ ကွမ်း၊ ဒါရိုလ်အေလ်မ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၁ ခုနှစ်။
  • အေမာမ် ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ အက်စ်သစ်ဖ်သာအာသ် ၊ ကွမ်း၊ ဒဖ်သရ်အင်န်သေရှာရာသ် အစ္စလာမ်မီ ၊ ၅ ကြိမ်မြောက် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၂ ခုနှစ်။
  • အေမာမ် ခိုမေနီ ၊ ဆယက်ဒ် ရူဟွလ္လာဟ် ၊ နေဂျာသိုလ်အေဗါဒ် ၊ တီဟီရန် ၊ မိုအ်စေစေဟ် သောင်းဇီးအ် ဝနရှ်ရ် ရေ အာစာရေ အေမာမ် ခိုမေနီ ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ်။
  • ဘနီ ဟာရှင်မ်မီ ခိုမေနီ ၊ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန် ၊ သောင်ဇီးဟိုလ်မစာအေလ် မရာဂျေအ် မိုသွာဗစ်က် ဗါ ဖသာဝါယေ စီဇ်ဒေဟ် နဖရ် အဇ် မရာဂျေအ် မိုအဇန်းမ် မေသက္က်လီးဒ် ၊ ကွမ်း ၊ ဒဖ်သရ်အင်န်သေရှာရာသ် အစ္စလာမ်မီ ဝါဗစသဟ် ဗေ ဂျာမာအသ်သို မိုဒ‌ရေစီးန် ဟောင်ဇေဟ်အေလ်မီယဟ် ကွမ်း ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၄ ခုနှစ် ။
  • ဗဟ်ဂျသ် ဖိုမီနီ ၊ မိုဟမ္မဒ် သကီ ၊ ဂျာမေအိုလ်မစာအေလ် ၊ ကွမ်း ၊ ဒဖ်သရ် အာယာသွလ္လာဟ် ဗဟ်ဂျသ် ၊ ဒုတိယ အကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ခုနှစ်။
  • ဗဟ်ဂျသ် ဖိုမီနီ ၊ မိုဟမ္မဒ် သကီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ ကွမ်း ၊ ရှဖက် ၊ ၉၂ ကြိမ် မြောက် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ခုနှစ်။
  • ဂျန်မ်အီ အဇ် ဗဂျူဟစ်ရှ်ဂရာန် ၊ ဇီးရေ နဇရ်ရေ ရှားဟ်ရူဒီ၊ ဆယက်ဒ် မဲဟ်မူဒ် ဟာရှင်မ်မီ ၊ဖရ်ဟန်ဂ်‌ဂေ ဖေက်ဟ် မိုသွာဗစ်က် ကေ မဇ်ဟဗ်ဘေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ ကွမ်း ၊ မိုအ်စေစေဟ် ဒါယေရ သိုလ်မအာရေဖ် ဖေ ဖေက်ဟ်ဟေ အစ္စလာမ်မီ ဗရ် မဇ်ဟဗ်ဘေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၊ဟီဂျရီသက္ကရာဇ် ၁၄၁၃ ခုနှစ်။
  • ရိုစ်သမီ ၊ သဗ်ရေဇီ ၊ လမီယာအ် ၊ «သသွဘီးက်ကဝါနီအစ်ဒ်ဒဟ် ဒဲရ် အီရန် ဝစာယေရ် ကစ်ရှ်ဝရ်ဟာ» ၊ အမျိုးသမီး မဟာဗျူဟာ လေ့လာရေးဂျာနယ်၊ အမှတ် ၄၃ ၊ အီရန် သက္ကရာဇ် ၁၃၈၈ ခုနှစ်။
  • စေလာရ် ဒိုင်လမီ ၊ ဟမ်ဇာ ဘင်န် အဗ်ဒိုလ်အဇီးဇ် ၊ အလ်မရာစင်မ် ဖီးဖေက်ဟေလ်အေမာမ်မီ ၊ သဲဟ်ကီးက် မဲဟ်မူဒ် ဘတ်စ်သာနီ ၊ ကွမ်း ၊ မန်ရှုရာသ် အလ်ဟရမိုင်းန် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၀၄ ခုနှစ် ။
  • ရှဟီးဒ် စာနီ ၊ ဇိုင်နွန်ဒီးန် ဘင်န် အလီ ၊ အရ်ရောင်ဇွာသိုလ်ဗဟီးယဟ် ဖီး ရှရ်ဟ် ဟေလစ်လ် လုံမအသွန်ဒ် ဒမတ်စ်ရှ်ကီးယဟ် ၊ နဂျဖ် ၊ ဂျာမေအသွန်နဂျဖ်အဒ်ဒီနီယဟ် ၊ ခုနှစ် မသိ။
  • ရှမ်စ် ၊ ကာနွန်နေ မဒနီ ဝ ကာနွန်နေ မစ်အူလီယသ် မဒနီ ၊ တီဟီရန် ၊ ဒရာက် ၊ ၁၀ကြိမ်မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၉၄ ခုနှစ် ။
  • ရှိက်ခ် သူစီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ အလ်ခေလာဖို ဖီးလ်အဲဟ်ကာမ် ၊ကွမ်း၊ မိုအ်စေစေသွန်နရှ်ရေ အစ္စလာမ် မီယဟ် ၊ ခုနှစ် မသိ။
  • ရှိက်ခ် သူစီ ၊ မိုဟမ္မဒ် ဘင်န် ဟစန် ၊ အလ်မဗ်စူသို ဖီး ဖေက်ဟေလ်အေမာမ်မီယဟ် ၊ သဲဟ်ကီးက် မိုဟမ္မဒ် ဘာကဲရ် ဗဟ်ဗူဒီ ၊ တီဟီရန် ၊ အလ်မကသဗသိုလ်မိုရ်သဇဝီယဟ် လေအဟ် ယာအိုလ် အာစာရိုလ် ဂျအ်ဖရီယဟ် ၊ ဟီဂျရီ သက္ကရာဇ် ၁၃၈၇ ခုနှစ် ။
  • ရှိက်ခ် မိုဖီးဒ် ၊ မိုဟမ္မဒ် ဘင်န် မိုဟမ္မဒ် ၊ မွတ်က်နအဟ် ၊ ကွမ်း ၊ ကော်ဂရဟ် ဂျဟာနီ ဟဇရဟ် ရှိက်ခ် မိုဖီးဒ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၃ ခုနှစ် ။
  • ရှိက်ခ် ဆူဒူက် ၊ မိုဟမ္မဒ် ဘင်န် အလီ ၊အလလွတ်ရှ်ရှရာယေအ် ၊ကွမ်း ၊ ကေသာဗ် ဖရူရှီ ဒါဝရီ ၊ အီရန် သက္ကရာဇ် ၁၃၈၅ ခုနှစ် ။
  • ဆဖာရီ ဝအေမာမ်မီ ၊ ဆယက်ဒ် ဟိုစိုင်းန် ဝအစဒ်ဒွလ္လာဟ် ၊ မွတ်ခ်သဆရ် ဟူကူက် ခါနဝါဒေဟ် ၊ ဗွန်ယာဒ် ဟူကူကီ မီးဇာန် ၊ ၂၅ ကြိမ်မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၈၉ ခုနှစ်။
  • ဖယာဇ် ၊ ကာဘူလီ ၊ မိုဟမ္မဒ် အစ်ဟာက် ၊ ကွမ်း၊ မဂျ်လေစီ ၊ ရေစာလေဟ် သောင်ဇီးဟိုလ်မစာအေလ် ၊ ပထမကြိမ် ပုံနှိပ် ၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၆ ခုနှစ် ။
  • ဂိုလ်ဗိုင်ဂန်နီ ၊ ဆယက်ဒ် မိုဟမ္မဒ် ရေဇာ ၊ မဂျ်မအိုလ်မစာအေလ် ၊ ကွမ်း ၊ ဒါရိုလ် ကုရ်အာန် နေလ်ကရီးမ် ၊ ဒုတိယကြိမ် ပုံနှိပ် , ဟီဂျရီ သက္ကရာဇ် ၁၄၀၉ ခုနှစ် ။
  • မိုဟကစ်က်ကေ ဟစ်လီ ၊ ဂျအ်ဖရန်ဘင်န် ဟစန် ၊ အလ်မွတ်ခ်သဆေရွန်နာဖေအ် ဖီးဖေက်ဟေလ် အေမာမ် မီယဟ် ၊ ကွမ်း၊ မသ်ဘူအာသ် ဒီးန်နီ၊ ဟီဂျရီ သက္ကရာဇ် ၁၄၁၈ခုနှစ် ။
  • မကာရေမ်မိုရှီရာဇီး ၊ နာစေရ် ၊ သဖ်စီးရ် နမူနာ ၊ တီဟီရန် ၊ ဒါရိုလ်ကိုသွဗ် ဗေလ်အစ္စလာမ်မီယဟ် ၊ ၁၀ကြိမ်မြောက် ပုံနှိပ် ၊ အီရန် သက္ကရာဇ် ၁၃၇၁ ခုနှစ် ။
  • မူစဝီ အရ်ဒဗိုင်းလီ ၊ ဆယက်ဒ် အဗ်ဒိုရ် ကရီးမ်၊ ဖေက်ဟိုလ်ဟူဒူဒေ ဝလ်သအ်ဇီးရာသ် ၊ ကွမ်း၊ မိုအ်စေစေဟ် အန်နရှ်လေဂျာမေအသိုလ် မိုဖီးဒ် ၊ ဒုတိယ အကြိမ် ပုံနှိပ်၊ ဟီဂျရီ သက္ကရာဇ် ၁၄၂၇ ခုနှစ်။
  • နဂျဖီ ၊ မိုဟမ္မဒ် ဟစန် ၊ ဂျဝါဟေရိုလ်ကလာန်မ် ဖီး ရှရ်ဟ်ဟေ ရှာရာအေအ် အိုလ်အစ္စလာမ် ၊ သဆွဟီးဟ် ၊ အဘာစ် ကူဂျာနီ ဝ အလီ အာခွန်ဒီ ၊ဘေရွတ် ၊ ဒါရိုလ်ဟယာအ်အိုလ်သိုရာစိုလ်အရဘီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၀၄ ခုနှစ်။
  • ဆယက်ဒ် ယဇ်ဒီ ၊ မိုဟမ္မဒ် ကာဇင်းမ်၊ အလ်အိုရ်ဝသိုလ်ဝတ်စ်ကာ ဖီမာ သအမိုဘေဟီအလ်ဘလ်ဝါ (အလ်မဟ်ရှီ) သဆ်ဟီးဟ် အဲဟ်မဒ် မော်ဟ်စင်နီ စဗ်ဇ်ဝါရီ ၊ ဒဖ်သရ် အင်န်သေရှာရာသ် အစ္စလာမ်မီ ၊ ဟီဂျရီသက္ကရာဇ် ၁၄၁၉ ခုနှစ်။