အက်စ်မာအ်ဘင်န်သေအိုမိုက်စ်

wikishia မှ

အက်စ်မာအ်ဘင်န်သေအိုမိုက်စ်(အာရဗီ-اَسْماء بِنت عُمَیس)ဟာ (ဟိဂ်ျရီ ၃၈ခုနှစ်နောက်ပိုင်းတွင် ကွယ်လွန်) တမန်တော်မြတ်(ဆွ)၏ ဆွဟာဘာတစ်ဦးဖြစ်ပြီးဘီဘီဖာတေမာ(စ.အ)အား ဂွစ်လ်ပေးသောအချိန်တွင် အေမာမ်အလီ(အ.စ)ကို ကူညီပေးခဲ့သူ တစ်ဦးဖြစ်သည်။အက်စ်မာအ်ဟာ ဂျာအ်ဖရ် ဘင်န် အဘူတွာလိဘ်၏ ဇနီးဖြစ်ခဲ့သည်။ ဂျာအ်ဖရ်ရှဟာဒသ်ဖြစ်ပြီးနောက် အဘူဘက်ရ်ဘင်န်အဘီကဟာဖဟ် နှင့် လက်ထပ်ခဲ့ပြီး ၊အဘူဘက်ရ်ဘင်န်အဘီကလာဖဟ် ကွယ်လွန်ပြီးနောက် ၊ အေမာမ်အလီ(အ.စ)၏ ဇနီးဖြစ်ခဲ့သည်။ အက်စ်မာအ်သည် အဗ္ဗဒွလ္လာဟ်ဘင်န်ဂျာအ်ဖရ် ဘီဘီဇိုင်န်ဘ်(စ.အ)၏လင်ယောကျာ်း) နှင့် မိုဟမ္မဒ်ဘင်န်အဘီဘက်ရ်( အီဂျစ်မြို့တွင် အေမာမ်အလီ(အ.စ)၏ အလုပ်သမားဖြစ်ခဲ့သည်)တို့၏ အမေဖြစ်သည်။အက်စ်မာအ်ဟာ ဘီဘီဖာသေမာ(စ.အ)၏ ဝစီယသ်အရ အေမာမ်အလီ(အ.စ)နှင့်အတူ သခင်မ(စ.အ)အား ဂွစ်လ်ပေးခဲ့သည်။ သူမဟာ အစ္စလာမ်သမိုင်းတွင်ပထမဦးဆုံးသော အခေါင်းကို ဘီဘီဖာသေမာ(စ.အ)၏ ခန္ဓာကိုယ်မပေါ်လွင်စေရန် အလို့ဌာသခင်မ(စ.အ)အတွက် ဆောက်လုပ်ပေးခဲ့သူလဲဖြစ်သည်။ရေဝါယသ်တစ်ခုအရ ဘီဘီဖာသေမာ(စ.အ)၏ ဘဝနောက်ဆုံးချိန်များတွင် သခင်မ(စ.အ)နားတွင်ရှိနေခဲ့ပြီး ၊ သခင်မ(စ.အ)၏ ဂျနာဇာတွင် အေမာမ်အလီ(အ.စ)နှင့် ဟစနိုင်း(အ.စ)၏ ဖြစ်ပျက်မှုတွေနဲ့ပက်သက်ပြီးလဲ တင်ပြခဲ့သည်။ အက်စ်မာသည် ကနဦးစ မွစ္စလ်မာန်များထဲမှ ဖြစ်သည်။အက်စ်မာသည် သူမ၏ လင်ယောကျာ်းနှင့်အတူ ဟဘရှဟ်နှင့်မဒီနာသို့ ပြောင်းရွှေ့အခြေစိုက် နေထိုင်ခဲ့ကြသည်။ သူမသည် တမန်တော်မြတ်၏ဟဒီစ် တော်တော်များများအား ဆင့်ပြန်ခဲ့သည်။

ဘဝအတ္ထုပတ္တိ

အက်စ်မာအ်သည် အိုမိုက်စ်ဘင်န်မအဒ်၏ သမီးဖြစ်သည်။သူမ၏ဖခင်သည် ဘနီခက်စ်အမ် မျိုးနွယ်မှဖြစ်ပြီး၊ မိခင်သည် အောန်၏သမီး ဟိန်ဒ်ဖြစ်သည်။[၁]

အက်စ်မာနှင့်ဟဇရသ်ဖာတေမာ၏ ပတ်သက်ဆက်နွယ်မူ

အက်စ်မာအ်ဟာ ဘီဘီဖာသေမာ(စ.အ)၏ ဝဆီယသ်အရ အေမာမ်အလီ(အ.စ)နှင့်အတူ ဘီဘီဖာသေမာ(စ.အ)အား ဂွစ်လ်ပေးခဲ့သည်။[၁၀] ရှီအာရေဝါယသ်ရင်းမြစ်များတွင် ပါဝင်သော ဟဒီးစ်တစ်ခုကို အခြေခံ၍ ဆင့်ပြန်ထားသည်မှာ အက်စ်မာအ်သည် အစ္စလာမ်သမိုင်းတွင် ပထမဦးဆုံးသော အခေါင်းကို ဘီဘီဖာသေမာ(စ.အ)အတွက် ဆောက်လုပ်ပေးခဲ့သူဖြစ်သည်။ဟဇရသ်ဖာသေမာ(စ.အ) အိပ်ရာထဲလဲ နေချိန် အက်စ်မာအ်ထံမှ တောင်းခံခဲ့သည်မှာ၊ အကျွန်ူပ်လောကမှထွက်ခွာသွားသည့်အချိန် သူမ၏အလောင်းအား ပေါ်လွင်ထင်ရှားစေသည့် အခေါင်းတွင် မထားရန် တောင်းခံခဲ့သည်။ ထိုအတွက်ကြောင့် အက်စ်မာအ်သည် ဟဘရှဟ်တွင် တွေ့ခဲ့ဖူးသော အခေါင်းတစ်ခုကို သခင်မအတွက် ဆောက်လုပ်ပေးခဲ့ပြီး၊ဟဇရသ်ဖာသေမာ(စ.အ) သည် အဲ့ဒါကိုမြင်တွေ့ရခြင်းအပေါ်မှာ ဝမ်းသာခဲ့သည်။[၁၁] [မှတ်ချက်၁] ရေဝါယသ်တစ်ခုအရ အက်စ်မာအ်သည် ဘီဘီဖာသေမာ(စ.အ)၏ ဘဝနောက်ဆုံးချိန်များတွင် သခင်မ(စ.အ)နားတွင်ရှိနေခဲ့ပြီး ၊ သခင်မ(စ.အ)၏ ဂျနာဇာတွင် အေမာမ်အလီ(အ.စ)နှင့် ဟစနိုင်း(အ.စ)၏ ဖြစ်ပျက်မှုတွေနဲ့ပက်သက်ပြီးလဲ တင်ပြခဲ့သည်။[၁၂] ထိုအကြောင်းအရာများနှင့်ပက်သက်ပြီး အက်စ်မာအ်သည် ဟဇရသ်ဇဟ်ရာ(စ.အ)၏ ရှဟာဒသ်အခမ်းအနားများတွင်လည်းတင်ပြလေ့ရှိသည်။[၁၃] အချို့သော ရေဝါယသ်များအရ အက်စ်မာအ်သည် အေမာမ်အလီ(အ.စ)နှင့် ဟဇရသ်ဇဟ်ရာ(စ.အ)၏ မဂ်လာအခမ်းအနားတွင်လည်း တက်ရောက်ခဲ့သည်။ [၁၄] ရေဝါယသ်တစ်ခုအရ ဟဇရသ်ဖာသေမာ(စ.အ) ကိုယ်ဝန်ရှိနေချိန်တွင် တမန်တော်မြတ်(ဆွ)၏ အမိန့်အရ လက်သည်အနေဖြင့် သခင်မ(စ.အ)၏နားတွင် ရှိနေခဲ့သည်။[၁၅] ၇ရာစုနှစ်ရှိ ရှီအာသီအိုရီပညာရှင် အလီဘင်န်အီစာအိရ်ဘလီသည် ၎င်းရေဝါယသ်၌ ကောက်နုတ်ထားသည်မှာ ဘီဘီဇဟ်ရာ(စ.အ)နားတွင် ရှိနေသော အက်စ်မာအ်အား အက်စ်မာအ်ဘင်န်သေယဇီးဒ်အန်ဆွာရီနှင့်အက်စ်မာအ်ဘင်န်သေအိုမိုက်ဇ်တို့အကြား မှားယွင်းနေခြင်း ဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသည်မှာ သခင်မ(စ.အ)၏ မဂ်လာပွဲသည် ဟိဂျရီ ၂ (သို့) ၃ခုနှစ်တွင် ဖြစ်ခဲ့ပြီး အက်စ်မာအ်ဘင်န်သေအိုမိုက်ဇ်သည် ခိုင်ဘရ်အောင်နိုင်ချိန်(ဟိဂျရီ၇ခုနှစ်)အထိ ဟဘရှဟ်တွင် ရှိနေခဲ့သည်။[၁၆]ထို့နည်းအတူအရ်ဘလီဟသည် အက်စ်မာအ်ဘင်န်သေအိုမိုက်ဇ်နှင့် စလ်မာဘင်န်သေအိုမိုက်ဇ် (ဟမ်ဇာ၏ဇနီး)၏ကြား မှားယွင်းကြောင်းလဲ ထင်မြင်ချက်ပေးခဲ့သည်။အဘယ်ကြောင့်ဆိုသည်မှာ အက်စ်မာအ်သည် စလ်မာထက် ပိုမိုကျော်းကြားသည့်အတွက်ကြောင့် သူ့မထံမှ ရေဝါယသ်လုပ်ခဲ့ကြသည်။ဒါမှမဟုတ် ဆင့်ပြန်သူတစ်ယောက်သည် မှားယွင်းစွာ ဆင့်ပြန်ခဲ့ပြီး အခြားသူများသည်လဲ ၎င်းသူ့နောက်လိုက်ခဲ့ကြသည်။[၁၇] ထို့နည်းအတူ အက်စ်မာအ်သည် တမန်တော်မြတ်ဆုံးခါနီးချိန်တွင်လည်း ၎င်း၏နားတွင်ရှိနေခဲ့သည်။[၁၈]

ဟဒီစ်ဆင့်ပြန်မှူ

အက်စ်မာအ်သည် တမန်တော်မြတ်ထံမှ ဟဒီးစ်များကို ဆင့်ပြန်ခဲ့သည်။[၁၉]ထို့အတူ သူမ၏သားဖြစ်သူ အဗ်ဒွလ္လာဟ်စအီးဒ်ဘင်န်မိုဆီးဘ်အွရ်ဝါဘင်န်ဇိုဘိုင်ရ် နှင့် အခြားသူများသည် သူ့မထံမှ ဆင့်ပြန်ခဲ့သည်။[၂၀]အေမာမ်အလီ(အ.စ)၏သမီးဖြစ်သူ ဖာသေမာသည် ဟဒီးစ်မန်ဇေလသ်[၂၁]နှင့် ရဒ်ဒွလ်ရှမ်စ်(အာရဗီ-رد الشمس)[၂၂]ကို အက်စ်မာအ်ထံမှ ဆင့်ပြန်ခဲ့သည်။ ၃ရာစုနှစ်သမိုင်းသုတေသီပညာရှင် အဟ်မဒ်ဘင်န်အဘီယအ်ကူဘ်သည် အက်စ်မာအ်ထံရှိ တမန်တော်မြတ်ကြီး၏ ဩဝဒတော်များပါဝင်သည့် စာအုပ်တစ်အုပ်ကို ဖော်ပြခဲ့သည်။[၂၃]

သားသမီးများ

အက်စ်မာအ်သည် ဂျာအ်ဖရ်ဘင်န်အဘီတွာလိဗ်အတွက် အဗ်ဒွလ္လာဟ်၊မိုဟမ္မဒ် နှင့် အော(န်)ကို မွေးဖွားပေခဲ့သည်။[၂၄]ထို့နည်းတူ မိုဟမ္မဒ်ဘင်န်အဘူဘက်ရ် အာအဘူဘက်ရ်အတွက် ​မွေးဖွာပေခဲ့သည်[၂၅]၎င်သည်အီဂျစ်မြို့တွင် အေမာမ်အလီ(အ.စ)၏ အလုပ်သမားဖြစ်သည်[၂၆]သူမသည် အေမာမ်အလီ(အ.စ)အတွက် ယဟ်ယာကို မွေးဖွားပေးခဲ့သည် [၂၇]ထိုကလေသည်ငယ်စဉ်အချိန်မှာပင် ဆုံးသွားခဲ့သည်။[၂၈]

ကွယ်လွန်ခြင်း

အိဘ်နေကစီးရ်ဒမိရှ်ကီ(‌‌အာရဗီ-ابن کثیر دمشقی) [ဟိဂျရီ၈ရာစု သမိုင်းသုတေသီ],အက်စ်မာအ်သည် ဟိဂျရီ ၃၈ခုနှစ်တွင်‌သေဆုံးသွား‌ကြောင်းတင်ပြခဲ့သည်။[၂၉]သို့သော် အချို့သောကျမ်းကိုးကားစာအုပ်များတွင် သူမသည်အေမာမ်အလီ(အ.စ)ရှဟာဒသ်ဖြစ်ပြီးနောက်(ဟိဂျရီ၄၀)တွင်သေဆုံးသွားကြောင်းတင်ပြထားသည်။[၃၀]သူမ၏ ဂူဗိမ္မန်သည် ဒမိရှ်က်မြို့ရှိ ဘာဘ်ဘွလ်ဆွဂီးရ်(အာရဗီ-باب الصغیر)သုသာန်တွင် တည်ရှိသည်။ [၃၁]

မှတ်စုများ

  1. ابن‌کلبی، نسب معد والیمن الکبیر، ۱۴۰۸ق، ج۱، ص۳۵۶-۳۵۸.
  2. ابن‌کلبی، نسب معد والیمن الکبیر، ۱۴۰۸ق، ج۱، ص۳۵۸-۳۵۹.
  3. ابن‌سعد، الطبقات الکبری، ۱۴۱۰ق، ج۸، ص۲۱۹.
  4. مقریزی، امتاع الاسماع، ۱۴۲۰ق، ج۹، ص۱۱۶.
  5. ابن‌هشام، السیرة النبویة، دارالمعرفه، ج۱، ص۳۲۳.
  6. ابن‌عبدالبر، الاستیعاب، ۱۴۱۲ق، ج۱، ص۲۴۲.
  7. ابن‌عبدالبر، الاستیعاب، ۱۴۱۲ق، ج۳، ص۱۷۸۴-۱۷۸۵.
  8. ابن‌عبدالبر، الاستیعاب، ۱۴۱۲ق، ج۳، ص۱۷۸۴-۱۷۸۵.
  9. شیخ صدوق، الخصال، ۱۳۶۲ش، ج۲، ص۳۶۳.
  10. بلاذری، انساب الاشراف، ۱۹۵۹م، ج۱، ص۴۰۵.
  11. اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۵۰۳.
  12. اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۵۰۰-۵۰۱.
  13. برای نمونه نگاه کنید به «روضه و توسل بسیار جانسوز_ویژه فاطمیه»، پایگاه خیمه‌گاه.
  14. نمونه نگاه کنید به گنجی شافعی، کفایة الطالب، دار احیاء تراث اهل البیت، ص۳۰۶؛ اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۳۶۵-۳۶۶.
  15. اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۵۵۱.
  16. اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۳۷۳.
  17. اربلی، کشف الغمه، ۱۳۸۱ق، ج۱، ص۳۶۶-۳۶۷.
  18. بلاذری، انساب الاشراف، ۱۹۵۹م، ج۱، ص۵۴۵.
  19. حمیدی، المسند، ۱۹۹۶م، ج۱، ص۳۲۸؛ واقدی، المغازی، ۱۴۰۹ق، ج۲، ص۷۶۶.
  20. ذهبی، سیر اعلام النبلاء، ۱۴۲۷ق، ج۳، ص۵۱۹.
  21. ابن‌عبدالبر، الاستیعاب، ۱۴۱۲ق، ج۳، ص۱۰۹۷.
  22. یعقوبی، تاریخ الیعقوبی، دار صادر، ج۲، ص۱۰۱.
  23. یعقوبی، تاریخ الیعقوبی، دار صادر، ج۲، ص۱۰۱.
  24. ابن‌سعد، الطبقات الکبری، ۱۴۱۰ق، ج۸، ص۲۱۹.
  25. ابن‌عبدالبر، الاستیعاب، ۱۴۱۲ق، ص۱۷۸۴-۱۷۸۵.
  26. طبری، تاریخ الامم و الملوک، ۱۳۸۷ق، ج۴، ص۵۵۵-۵۵۶.
  27. ابن‌عبدالبر، الاستیعاب، ۱۴۱۲ق، ص۱۷۸۴-۱۷۸۵.
  28. ابوالفرج اصفهانی، مقاتل الطالبیین، دار المعرفه، ص۳۷.
  29. ابن‌کثیر، البدایة و النهایه، ۱۴۰۷ق، ج۷، ص۳۱۸.
  30. ابن‌حجر عسقلانی، تقریب التهذیب، ۱۴۰۶ق، ص۷۴۳.
  31. قائدان، اماکن زیارتی سیاحتی سوریه، ۱۳۸۷ش، ص۱۰۵.

ကျမ်းကိုးမျာ

  • ابوالفرج اصفهانی، علی بن حسین، مقاتل الطالبین، تحقیق سید احمد صقر، بیروت، دار المعرفه، بی‌تا.
  • ابن‌حجر عسقلانی، احمد بن علی، تقریب التهذیب، تحقیق محمد عوامة، دار الرشید، سوریا، ۱۴۰۶ق/۱۹۸۶م.
  • ابن‌سعد، محمد، الطبقات الکبری، تحقیق محمد عبدالقادر عطا، بیروت، دارالکتب العلمیه، ۱۴۱۰ق/۱۹۹۰م.
  • ابن‌عبدالبر، یوسف بن عبدالله، الاستیعاب فی معرفة الاصحاب، تحقیق علی محمد البجاوی، بیروت، دارالجیل، ۱۴۱۲ق/۱۹۹۲م
  • ابن‌کثیر، اسماعیل بن عمر، البدایة و النهایة، بیروت، دارالفکر، ۱۴۰۷ق/۱۹۸۶م.
  • ابن‌کلبی، هشام بن محمد، نسب مَعَد والیَمَن الکبیر، تحقیق ناجی حسن، بیروت، عالم الکتب، ۱۴۰۸ق/۱۹۸۸م.
  • ابن‌هشام، عبدالملک بن هشام، السیرة النبویه، تحقیق مصطفی سقا و دیگران، قاهره، بیروت، دارالمعرفة، بی‌تا.
  • اربلی، علی بن عیسی، کشف الغمه فی معرفة الائمة، تصحیح سید هاشم رسولی محلاتی، بنی هاشمی، تبریز، ۱۳۸۱ق.
  • بلاذری، احمد بن یحیی، انساب الاشراف، تحقیق محمد حمیدالله، مصر، دار المعارف، ۱۹۵۹م.
  • حرعاملی، محمد بن حسن، إثبات الهداة بالنصوص و المعجزات، اعلمی، بیروت، ۱۴۲۵ق.
  • حمیدی، عبدالله بن زبیر، المسند، تحقیق حسن سلیم الدارانی، دمشق، دارالسقا، دمشق، ۱۹۹۶م.
  • ذهبی، محمد بن احمد، سیر اعلام النبلاء، قاهره، دار الحدیث، ۱۴۲۷ق/۲۰۰۶م.
  • برای نمونه نگاه کنید به «روضه و توسل بسیار جانسوز_ویژه فاطمیه»، پایگاه خیمه‌گاه، تاریخ درج مطلب:‌ ۱۷ بهمن ۱۳۹۵ش، تاریخ بازدید: ۲۴ خرداد ۱۴۰۱ش.
  • شیخ صدوق، محمد بن علی، الخصال، تصحیح علی‌اکبر غفاری، قم، جامعه مدرسین، ۱۳۶۲ش.
  • طبری، محمد بن جریر، تاریخ الامم و الملوک، تحقیق محمد ابوالفضل ابراهیم، بیروت، دارالتراث، الطبعة الثانیه، ۱۳۸۷ق/۱۹۶۷م.
  • قائدان، اصغر، اماکن زیارتی سیاحتی سوریه، تهران، مشعر، ۱۳۸۷ش.
  • گنجی شافعی، محمد بن یوسف، کفایة الطالب فی مناقب علی بن ابی‌طالب، دار احیاء التراث اهل البیت، بی‌تا.
  • مقریزی، احمد بن علی، امتاع الاسماع، تحقیق محمد عبدالحمید النمیسی، بیروت، دارالکتب العلمیة، ۱۴۲۰ق/۱۹۹۹م.
  • واقدی، محمد بن عمر، المغازی، تحقیق مارسدن جونس، بیروت، مؤسسة الاعلمی، الطبعة الثالثه، ۱۴۰۹ق/۱۹۸۹م.
  • یعقوبی، احمد بن ابی‌یعقوب، تاریخ الیعقوبی، بیروت، دارصادر، بی‌تا.