အက်စ်ကရီယိုင်းန် ဗိမာန်

wikishia မှ

အက်စ်ကရီယိုင်း ဗိမာန် သို့မဟုတ် အက်စ်ကရီယိုင်း အေမာမ်နှစ်ပါး၏ဗိမာန် သည် အေမာမ်ဟာဒီ(အ.စ) (ရှဟီးဒ် ဟီဂျရီ၂၅၀) နှင့် ၎င်း၏သား အေမာမ်ဟာစန်အစ်ကရီ (အ.စ) (ရှဟီးဒ် ၂၆၀ ဟီဂျရီ) တို့၏ သင်္ချိုင်းဖြစ်သည်။ ဤဗိမာန်သည် ဆာမရာ မြို့တွင် တည်ရှိပြီး ရှီအာဘာသာဝင်များ၏ အရေးအကြီးဆုံး အီရတ်ရှိ ဗိမ္မာန်များထဲမှ တစ်ခုဖြစ်သည်။ နရ်ဂျစ် ခါသွန် အေမာမ်ဟာစန်အက်စ်ကရီ(အ.စ) ၏ဇနီးနှင့် အေမာမ်မဟ်ဒီ(အ.ဂျ) ၏မိခင်၊ Iအေမာမ် ဂျဝါးဒ်(အ.စ) ၏သမီး ဟကီးမ်မဟ် နှင့် အခြားသော ဆယဒ်များ နှင့် ရှိအာ ပညာရှင်အများအပြားကိုလည်း ဤဗိမာန်တွင် မြှုပ်နှံထားသည်။

အေမာမ် ဟာဒီ (အ.စ) ကို ၂၅၄ စန္ဒာနှစ်တွင် ၎င်း၏အိမ်၌ မြှုပ်နှံခဲ့ပြီး ၂၆၀ စန္ဒာနှစ်တွင် အေမာမ်ဟာစန်အက်စ်ကရီ (အ.စ) ကို မြှုပ်နှံခဲ့သည်။ သက္ကရာဇ် ၃၂၈ ခုနှစ် တွင် ပထမအမိုးခုံးကို ၎င်းတို့နှစ်ဦး၏ အုတ်ဂူများပေါ်တွင် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်မွမ်းမံပြီးစီးကာ ခေတ်ကာလအသီးသီး၌လည်းပြန်လည်မွမ်းမံမှုများရှိ ခဲ့သည်။ ၁၃၈၄နှင့် ၁၃၈၆တွင် အကြမ်းဖက် ပေါက်ကွဲမှုကြောင့် အစိတ်အပိုင်းများ ပျက်စီးခဲ့သည်။ ဤတိုက်ခိုက်မှုများအပြီးတွင် ဂူသင်္ချိုင်းပြန်လည်တည်ဆောက်ရေးဌာနချုပ်နှင့် အာယသွလ္လာဟ် စစ်စတာနီ၏ရုံးတို့သည် ဤအေမာမ်နှစ်ဦး၏ ဗိမာန်တို့ကို အသီးသီး ပြန်လည်တည်ဆောက်ခဲ့သည်။


အချက်အခြာနှင့်တည်နေရာ

အက်စ်ကရီယိုင်း(အ.စ) ဗိမာန်သည် ရှီအာအေမာမ် နှစ်ဦးဖြစ်ပီး အီရတ်ရှိ ရှီအာ ဘာသာဝင်များ၏ ဂါရဝပြုပူဇော်ရာ ဂူဗိမာန်တစ်ခုဖြစ်သည်. ဤဗိမာန်သည် ဘဂ္ဂဒက်မြို့မြောက်ဘက် ကီလိုမီတာ 120 အကွာတွင်ရှိသော ဆာမရာ မြို့တွင် တည်ရှိသည်။ (1)ရှီအာဝေါယသ်များတွင် အေမာမ်များ၏ ဗိမာန်ကိုသွားရောက်ဇေရာရသ်ပြုလုပ်ခြင်းကိုတိုက်တွန်းထားသည်။(2)နှစ်စဥ် အေမာမ်ဟာဒီ(အ.စ)နှင့်အေမာမ်အက်စ်ကရီတို့၏ဗိမာန်ကို ကမ္ဘာ့နေရာအသီးသီးမှရှိအာဘာသာဝင်များဆာမရာကိုလာရောက်၍ဇေရာရသ်ပြုလုပ်ကြသည်။


သမိုင်းအကျဉ်း

အေမာမ်ဟာဒီ(အ.စ) နှင့် အေမာမ်ဟာစန်အက်စ်ကရီ(အ.စ) တို့သည် ရှီအာများ၏ ၁၀ပါး နှင့် ၁၁ပါးမြောက်အေမာမ်တို့ဖြစ်ပီး ထိုအေမာမ်နှစ်ပါးသည် ရှဟီးဒ်ဖြစ်ပြီးနောက် ဆာမရာမြို့ရှိ ၎င်းတို့၏နေအိမ်တွင် မြုပ်နှံခဲ့ပါသည်။ (27) အေမာမ်ဟာဒီ (အ.စ) သည် ဒိလေလ် ဘင်ယအ်ကူးဘ် နစရာနီ ထံမှ ဤအိမ်ကို ဝယ်ယူခဲ့သည်။ .(28)ဇဘီဟွလ္လာဟ် မဟ်လတီ ၏ အဆိုအရ၊ အစ်ကရီရိုင်းအေမာမ်နှစ်ပါး မြုပ်နှံခဲ့သည့် အိမ်သည် ၃၂၈ ခုနှစ်(ဟီဂျရီ) အထိ မူလအခြေအနေအတိုင်းဖြစ်သည်။ ၎င်းအိမ်ပေါ်တွင် ပြတင်းပေါက်တစ်ခုကို တပ်ဆင်ထားပြီး အချို့လူများက အပြင်မှ အိမ်ရှိ ပြတင်းပေါက်မှ ဗိမာန်အားကြည့်၍ လာရောက်ဂါရဝပြုပူဇော်လေ့ရှိခဲ့ကြသည်။(29)မဟ်လာတီသည် မိုဟမ္မဒ် ဆမာဝီ(၁၂၉၂- ၁၃၇၀ ခုနှစ်) ၏ကဗျာကို ကိုးကားပြီး ဟမဒါန်းမြို့ ၏ မင်းဆက်များထဲမှ တစ်ဦးဖြစ်သည့် နာဆေရ်ရွလ်ဒေါဝ်လဟ် ဟမ္မဒါနီး(၃၂၃-၃၅၆ခုနှစ်ဟစ်ဂျရီ)အုပ်ချုပ်ကာလ)ကိုဤအိမ်အားပထမဆုံးပြုပြင်ဆောက်လုပ်ခဲ့သောသူအဖြစ်သတ်မှတ်ခဲ့သည်။ ၃၂၈ခုနှစ် (ဟီဂျရီ) တွင်အေမာမ်နှစ်ဦး၏ အုတ်ဂူပေါ်တွင် အမိုးခုံးတစ်ခုတည်ခဲ့သည်။(30) ထို့နောက် အက်စ်ကရီယိုင်းဗိမာန်ကိုအမျိုးမျိုးသော ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။ ဘူရာမင်းဆက်များမှ မိုအ်ဇလ် ဒူလာ ဒေလ်မီး(31) နှင့် အဇဒ် ဒူလာဒေလ်မီး(32) (၃၂၂-၄၄၈ ဟီဂျရီ, အုပ်ချုပ်ကာလ) ၊ အေရ်ဆလားန် ဘဆာဆီရီ (ကွယ်လွန် ၄၅၁ ဟီဂျရီ)၊ (33) စွလ်တာန် ဘရ်ကီယာရေက် (၄၉၈ ဟီဂျိရီ သေဆုံး) တို့သည် ဆလ်ဂျူကီမင်းဆက်များမှဖြစ်ပီး(34) အဟ်မဒ်ဒွလ် နာဆေရွလ်ဒီးန်နွလ္လာ ,မွစ်တာန်ဆွေရ်ရွလ္လာ အဘာစီ မင်းဆက် (၅၇၅-၆၂၂ ဟီဂျရီ), (35) စွရ်တာန် ဟစန် ဂျလာရေရီ (ဟီဂျရီ၇၇၆) ကွယ်လွန်), (36) စွလ်တာန်ဟူစိန်း စဖဝီ (၁၁၀၅ -၁၁၃၅ ဟီဂျရီ), (37) ဆဖဝီဘုရင်များမှဖြစ်ပီး အဟ်မဒ်ခန်း ဒွန်ဘိုလီ၊ (38) ဟစန်ကိုလီခန်းဒွန်ဘိုလီ (၁၂၉၇ ခုနှစ် ကွယ်လွန်) ၊ (39) နာဆေရ်ရွလ်ဒီးန် ရှာဟ်ကာဂျားရ် (၁၂၆၄- ၁၃၁၃ ဟီဂျရီ) နှင့် မေရ်ဇာရှေရာဇီ (၁၂၃၀- ၁၃၁၂ ဟီဂျရီ)(40) အက်စ်ကရီယိုင်းဗိမာန်ကို ပြုပြင်ရန် သို့မဟုတ် ပြန်လည်တည်ဆောက်ရန် အမိန်ပေးခဲ့သူများဖြစ်ကြသည်။

အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှု

ပင်မဆောင်းပါး- အက်စ်ကရီယိုင်းဗိမာန် ဖျက်ဆီးခံရခြင်း

၁၃၈၄ နှင့်၁၃၈၆ ခုနှစ်များတွင်အစွန်းရောက်အဖွဲ့များ၏အကြမ်းဖက်တိုက်ခိုက်ရေးတွင်အက်စ်ကရီယိုင်း ဗိမာန် ကို ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး၊ ဤလုပ်ရပ်သည် ကမ္ဘာ့ဒေသအသီးသီးရှိ သာသနာ့ပညာရှင်များနှင့် ရှီအာဘာသာဝင်များ၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဗုံးခွဲမှုတွင် အုတ်နှင့်ရွှေဖြင့် ဖုံးအုပ်ထားသော ဘုရားကျောင်းအမိုးခုံးအပြင် နံရံပေါ်ရှိ ကြွေပြားအလှဆင်မှုများလည်း ပြိုကျခဲ့သည်။ သို့သော်လည်း အမိုးခုံး၏ အုတ်မြစ်များ၊ ပင်မဖွဲ့စည်းပုံနှင့် နံရံများသည် မပျက်မစီး ကျန်ရှိခဲ့သည်။ (41)အီရန်နိုင်ငံရှိ သာသနာ့အဆောက်အအုံပြန်လည်တည်ဆောက်ရေးဌာနချုပ်သည် ထိုဗိမာန်အား ၁၃၈၉ နှင့် ၁၃၉၄ ခုနှစ်ကြားတွင် ပြန်လည်တည်ဆောက်ခဲ့သည်။(42) ပြန်လည်တည်ဆောက်စဉ်တွင် ဗိမာန်၏အမိုးခုံးအား အုတ်ခဲ ၂၃,၀၀၀ ကျော်နှင့်ရွှေဖြင့်အလှဆင်ထားသည်။(43) ထို့အပြင်၊ အီရန်ရှိ အာယသွလ္လာဟ် စစ်တာနီ ၏ကိုယ်စားလှယ် ဆိုင်ယီဒ် ဂျဝါးဒ် ရှဲဟ်ရေစတာနီ ၏ကြီးကြပ်မှုအောက်တွင် ဂူဗိမာန် အသစ်ကိုတည်ဆောက်ခဲ့သည်။(44)

အဆောက်အဦးနှင့်ဖွဲ့စည်းပုံ

အက်စ်ကရီယိုင်း ဗိမာန်သည် မတူညီသော ကဏ္ဍအမျိုးမျိုးပါဝင်ပီး ၎င်းတို့ထဲမှ အချို့မှာ-

အမိုးခုံး -အက်စ်ကရီယိုင်း ဗိမာန် ၏အမိုးခုံးသည် ဧရိယာ ၁,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ရှီအာအေမာမ်များ၏ ဗိမာန်များထဲတွင် အကြီးဆုံးအမိုးခုံးဖြစ်သည်။(45)

ရွှေမျှော်စင်- အမိုးခုံး၏ တစ်ဖက်တစ်ချက်စီတွင်၊ အပေါ်ပိုင်းတွင် ရွှေဖြင့်ပြုလုပ်ထားသော မဏ္ဍပ်နှစ်ခုရှိသည်။(46)

ဂူဗိမာန် - ဂူဗိမာန်ကိုကို ငွေ ကီလိုဂရမ် ၄၅၀၀ နှင့် ရွှေ ၇၀ ကီလိုဂရမ်ဖြင့် တည်ဆောက်ခဲ့သည်။(47)

ရင်ပြင်-အက်စ်ကရီယိုင်းဗိမာန်တွင် အေမာမ်မိုင်း ရင်ပြင် သည်အလျား၇၈ မီတာနှင့်အကျယ် ၇၇ မီတာ၊ မိုဆွလ္လာဟ် ရင်ပြင်သည် အလျား ၅၀ မီတာနှင့် အကျယ် ၄၀ မီတာ၊ နှင့် ဂိုင်ဘက် ရင်ပြင် သည်အလျား ၆၄ မီတာနှင့် အကျယ် ၆၁.၅ မီတာ၊ ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်။(48)


မြုပ်နှံထာသူများ

ပင်မဆောင်းပါး- အက်စ်ကရီယိုင်း (အ.စ) ဗိမာန်တွင် မြှပ်နှံထားသူများစာရင်း

"မအာစေရွလ်ကွဘ်ရာဖီးသာရီးခ် ဆာမရာ" စာအုပ်တွင် ဇဘီဟွလ္လာဟ် မဟ်လတီရဲ့အဆိုအရ ၊ အောက်ပါပုဂ္ဂိုလ်များကို အက်စ်ကရီယိုင်းဗိမာန် တွင်မြှုပ်နှံထားသည်- အေမာမ်မဟ်ဒီ (အ.ဂျ) ၏မိခင် နရ်ဂျစ်၊ ဟကီးမ္မဟ် အေမာမ်ဟာစန်အက်စ်ကရီ ၏သမီး၊ အေမာမ်အက်စ်ကရီ (အ.စ) ၏အမေ,အေမာမ်အက်စ်ကရီ၏အစ်ကိုဟူစိန်းအေဘ်နေအလီဟာဒီ၊ ဂျအ်ဖရ်သွရားဘ် ၏သားမြေးများ ဖြစ်သောဂျာအ်ဖရ်ကဇားဘ် နှင့်အဘူဟာရှမ်ဂျအ်ဖရီ (49)တို့မြုပ်နှံထားသည်။ အေမာမ်ဟာဒီ (အ.စ) ၏မိခင် ဆာမာနဲဟ် မဂ်ရီဘီရဲဟ် (50)၏အုတ်ဂူများလည်းရှိသည်။ အဟ်မဒ်ခန်းဒန်ဘလီ (၁၂၀၀ ဟီဂျရီ ကွယ်လွန်) ,သူ၏သား ဟူစိန်းအလီခန်းဒန်ဘလီ(51)နှင့်မေရ်ဇာရှီရာဇီ၏ တပည့်အာဂါရဇာ ဟမ္မဒါနီ (၁၃၂၂ ဟီဂျရီ ကွယ်လွန်)ကို(52) ဆာမရာရှိ ဤဗိမာန်တွင်မြှုပ်နှံထားသည်။