ဟီဂျရီသက္ကရာဇ် ၅ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၅ ခုနှစ် (အရဘီ: سنة 5 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ပဉ္စမ မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာနေ့ ခိုရ်ဒါဒ် လ ၁၄ ရက်နေ့ အီရန်သက္ကရာဇ် ၅ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၅ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၆ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၃၀ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့်သောကြာနေ့ ခိုရ်ဒါဒ် ၆ ရက်နေ့ အီရန်သက္ကရာဇ် ၆ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၂၅ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၇ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် ဟဇရသ် ဇိုင်နဗ် (စ.အ)မွေးနေ့ ၊ တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည် ခန်ဒတ်က်စစ်ပွဲ ၊ ဘနီ ကရီဇဟ် စစ်ပွဲ နှင့် စအ်ဒ် ဘင်န် မအာဇ် ကွယ်လွန် ခြင်း စသည်တို့ ဖြစ်ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • ဒေသဆိုင်ရာ လူများ၏ မွတ်စလင်မ် ကုန်သည် ခရီးသွား အုပ်စု ကို တိုက်ခိုက်ခြင်းမှ တားဆီးရန် တမန် တော်မြတ်ကြီး (ဆွ) ကိုယ်တိုင် ပါဝင်ခဲ့သည့် ဒူမသိုလ်ဂျန်ဒလ် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ ရဘီ အွတ်လ် အောင် ဝဲလ် လတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။(2)
  • မွတ်ရှ်ရေက်များ မှ မိမိ တို့၏ မဟာမိတ်များအားလုံးနှင့် ပေါင်း၍ မွတ်စလင်မ် များကိုဆန့်ကျင်သည့် စစ် ၊ ခန်ဒတ်က်စစ်ပွဲ ကိုပြုလုပ်ခဲ့ကြပါ သည်။ ကိုယ်တော်မြတ်(ဆွ) ကိုယ်တိုင် ပါဝင်ခဲ့သည့် စစ်ပွဲဖြစ် ပါသည်။ ရှောင်ဝါလ် လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ (3)
  • အေမာမ်အလီ (အ.စ)၏ လက်ချက်ဖြင့် အမ်ရ် ဘင်န် အဗ်ဒဝူဒ် သေဆုံးခဲ့ပါသည်။ (4)
  • မွတ်စလင်မ်များ နှင့် ရဟူဒီ (ဂျူး) လူမျိုး ဘနီ ကရီဇဟ် တို့ကြားဖြစ်သည့် ဘနီ ကရီဇဟ် စစ်ပွဲဖြစ်ခဲ့ ပါသည်။ကိုယ်တော်မြတ်(ဆွ)ကိုယ်တော်တိုင်ပါဝင်ခဲ့သည့်တိုက်ပွဲ ဖြစ်ပါသည်။ ဇေလ်ကအ်ဒဟ်လ နှင့် ဇေလ်ဟဂျဟ် လ များတွင် ဖြစ်ပွားခဲ့ပါသည်။(5)
  • မဇ်ရာ မျိုးနွယ် ၊ ဘနီ မိုဇိုင်နဟ် မျိုးနွယ် နှင့် ဘေလာလ် ဘင်န် ဟာရေဇ်တို့ အီမာန် သက်ဝင် ယုံကြခဲ့ပြီး မွတ်စလင်မ်များဖြစ်ခဲ့ကြပါသည်။ (6)
  • အေမာမ် အလီ (အ.စ) ၏ ရန်သူများ မှ တစ်ဦးဖြစ်သူ မိုဂိုင်းရာဟ် ဘင်န် ရှိုအ်ဘဟ် သည် အစ္စလာမ် ဘာသာဝင် ဖြစ်ခဲ့ပါသည်။ (7)
  • အဖါက် အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသည်။ (8) တင်ပြမှု အထောက်အထားများ‌အရ အဖါက် အဖြစ်အပျက် ဖြစ်ပွား ရသည်မှာ ဟဇရသ် အာအေရှဟ် ကြောင့်ဆိုထားကြပါသည်။(9) ဟဇရသ် မာရီယဟ် ကြောင့် မဟုတ် ချေ။(10)
  • ဂျဟ်ရှ် ၏သမီးတော် ဇိုင်နဗ် သခင်မ နှင့် တမန်တော်မြတ်(ဆွ) လက်ထပ် ထိမ်းမြားခဲ့ပါသည်။ (11)

မွေးဖွားခြင်း

  • ဟဇရသ် ဇိုင်နဗ် (စ.အ) သခင်သည် ဂျမာဒီယိုလ်အောင်ဝဲလ် လ ၅ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။(12)အချို့ ပညာရှင်များ က သခင်မ ၏မွေးနေ့အား ဟီဂျရီ သက္ကရာဇ် ၆ခုနှစ် ဟု ဖော်ပြထားကြပါသည်။(13)

သေဆုံးခြင်း

  • တမန်တော်မြတ် (ဆွ) ၏ သာဝကတော်များ မှ တစ်ပါး ဖြစ် သူ အောက်စ် မျိုးနွယ် ၏ အကြီးအကဲဖြစ်သူ ဟဇရသ် စအ်ဒ် ဘင်န် မအာဇ် ကွယ်လွန်ခဲ့ပါသည်။(14)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ