ဟီဂျရီသက္ကရာဇ် ၂ ခုနှစ်

wikishia မှ

ဟီဂျရီသက္ကရာဇ် ၂ ခုနှစ် (အရဘီ: سنة 2 للهجرة) ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ဒုတိယ မြောက်နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။အီရန်သက္က်ရာဇ် အားဖြင့် အင်္ဂါနေ့ သီးရ်လ ၁၆ ရက်နေ့ အီရန်သက္ကရာဇ် ၂ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇူလိုင်လ ၈ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၃ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၃၀ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် စနေနေ့ သီးရ်လ ၅ ရက်နေ့ အီရန်သက္ကရာဇ် ၃ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇူလိုင်လ ၂၆ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၄ ခုနှစ် ဖြစ်ပါသည်။(1)

ဤနှစ်တွင် ဘဒဲရ် စစ်ပွဲ ဖြစ်ပွားပြီး မွတ်စလင်မ်များ အောင်ပွဲခံခြင်း ၊ ကေဘ်လဟ် (မျက်နှာမှုရာ) သည် မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ဘက်မှ ကအ်ဗဟ် ဝတ်ကျောင်းတော် ဘက်သို့ ပြောင်းလှည့်မိန့်ကျခြင်း ၊ ဟဇရသ် အေမာမ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့ အိမ်ထောင်ပြု ကြခြင်း စသည်တို့ ဖြစ်ပါသည်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

  • ရဂျဘ်လ မြတ် ၁၅ရက် (2) သို့မဟုတ် ရှအ်ဘန် လမြတ် ၁၅ ရက်နေ့ (3) တွင် ကေဘ်လဟ် (မျက်နှာမှုရာ) သည် မတ်စ်ဂျစ်ဒ် ဒိုလ်အက်ဆွာ ဘက်မှ ကအ်ဗဟ် ဝတ်ကျောင်းတော် ဘက်သို့ ပြောင်းလှည့် မိန့်ကျခဲ့ ပါသည်။
  • ရိုဇဟ်ဝါဂျစ်ဗ် အဖြစ်စတင်ခဲ့ပါသည်။(4)
  • လမြတ်ရမ်တွာန် ၁၇ ရက်တွင် ခွမ်းစ် ဝါဂျစ်ဗ် အဖြစ်စတင်ခဲ့ပါသည်။ (၄)ဇကားသ် လည်း ဝါဂျစ်ဗ် စဖြစ်ခဲ့ပါသည်။
  • ဇေလ်ဟဂျ်ဂျဟ်လမြတ် ၁ရက်နေ့ တွင် အေမာမ် အလီ (အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့ လက်ထပ် ထိမ်းမြားခဲ့ကြပါသည်။(5)
  • တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ အေမာမ် အလီ (အ.စ) အား အဘူသိုရာဘ် ဆိုသည့် ဘွဲ့တော် ချီးမြှင့် ခဲ့ပါသည်။ (6)
  • တမန်တော်မြတ် (ဆွ) နှင့် အေမာမ် အလီ (အ.စ) တို့၏ သာဝကတော်တစ်ပါး ဖြစ်သည့် ခိုဇိုင်းမဟ်ဘင်န် စာဗစ်သ် အစ္စာလာမ် ဘာသာဝင် ခြင်း ဖြစ်ပါသည်။ (7)

စစ်ပွဲဖြစ်ရပ်များ

  • ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် အဘ်ဝါအ် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ ဇမ်ရာ မျိုးနွယ် နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် တိုက်ပွဲ မဖြစ်တော့ဘဲ အဆုံးသတ်ခဲ့သည့် တမန်တော်မြတ် (ဆွ) ၏ ပထမဆုံး တိုက်ပွဲ ဖြစ်ပါသည်။(8)
  • အဗ်ဒိုလ္လာဟ်ဘင်န် ဂျဟ်ရှ် ၏ တိုက်ပွဲ ဖြစ်ပါသည်။ မွတ်စလင်မ်များ အနေဖြင့် တမန်တော်မြတ်(ဆွ) ၏ ခွင့်ပြုချက်မယူဘဲ မက္ကာဟ်မြို့သားမိုရှ်ရေက် ကုန်သည် ခရီးတန်း ကို တိုက်ခိုက်ခဲ့ကြပါသည်။ (9)
  • ဟမ်ဇဟ်ဘင်န် အဗ်ဒိုလ်မိုသွလစ်ဘ် တိုက်ပွဲဖြစ်ပါသည်။မိုရှ်ရေက်များ နှင့် ဖြစ်သည့်တိုက်ပွဲ ဖြစ်ပါသည်။ ဤစစ်ပွဲသည် တိုက်ခိုက်မှု မပြုရဘဲ အဆုံးသတ်ခဲ့ပါသည်။(10)
  • လမြတ်ရမ်တွာန် ၁၇ရက်နေ့တွင် မက္ကာ မြို့နေ မိုရှ်ရေင်များ နှင့် ဘဒဲရ် စစ်ပွဲ ဖြစ်ပွားပြီး မွတ်စလင်မ်များ အောင်ပွဲခံခဲ့ပါသည်။(11)
  • ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ဘနီကိုင်နိုကာအ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ရှောင်ဝဲလ၁၅ရက်နေ့တွင် မဒီနာမြို့ ရဟူဒီများ (ဂျူးများ ) နှင့် ကိုယ်တော်မြတ် (ဆွ) ၏ ပထမဦးဆုံး တိုက်ပွဲ ဖြစ်ပါသည်။ (12)
  • အိုဘိုင်းဒဟ်ဘင်န် ဟာရေစ် ဦးဆောင်ပြီး မဒီနာ မြို့ကို ကျုးကျော်လာသည့် မိုရှရစ်က်များ နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။(13)သွဘရီ အနေဖြင့် ဤတိုက်ပွဲ အား ဟီဂျရီ ပထမဆုံး နှစ်တွင် ဖြစ်ပွားခဲ့သည်ဟုဆိုထားပါသည်။ (14)
  • ဇေလ်ဟဂျ်ဂျဟ် လ ၄ရက်နေ တွင်ကိုယ်တော်မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် စဝီးက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဤစစ်ပွဲသည် ဘဒဲရ် စစ်ပွဲအပြီး မဒီနာ တစ်ဝိုက်တွင် ကလဲ့စားချေရန် တိုက်ခိုက်ခဲ့သည့် မိုရှ်ရေက်များ ကို တိုက်သည့် စစ်ပွဲ ဖြစ်ပါသည်။၊(15)

သေဆုံးခြင်း များ နှင့် မွေးဖွားခြင်းများ

  • ကူဖာမြို့ အမဝီ ခလီဖဟ်များ မှ တစ်ဦးဖြစ်သည့် အမဲရ်ဘင်န် ဟိုရိုင်းစ်မခ်ဇူမီ မွေးဖွားခဲ့ပါသည်။(16)
  • ရမ်တွာန်လမြတ် ၁၇ရက်နေ့ တွင် တမန်တော်မြတ်ကြီး (ဆွ) သမီးတော် ရိုကိုင်ယဟ် ကွယ်လွန်ခဲ့ ပါ သည်။(17)
  • တမန်တော်မြတ် (ဆွ) ၏ သာဝကတော်များ မှ တစ်ပါး ဖြစ်သည့် အွတ်စ်မန် ဘင်န် မဇ်အူန် ကွယ်လွန်ခဲ့ ပါသည်။(18)
  • ရမ်တွာန် ၂၄ ရက်နေ့တွင် တမန်တော်မြတ်(ဆွ)၏ ရန်သူအကြီးစားများ မှ တစ်ဦးဖြစ်သည့် အဘူလဟဗ် သေဆုံးခဲ့ပါသည်။(19)
  • အေမာမ် အလီ (အ.စ) အစ်ကို သွာလစ်ဘ် ဘင်န် အဘီ သွာလစ်ဘ် ကွယ်လွန်ခဲ့ပါသည်။ (20)

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ