ဟိုစိုင်းန် ဗင်န် ရူးဟ်နောင်ဘက်ခ်သီး

wikishia မှ

ဟိုစိုင်းန် ဗင်န် ရူးဟ်နောင်ဘက်ခ်သီး ဟိုစိုင်းန် ဗင်န် ရူးဟ်နောင်ဘက်ခ်သီး ( ဟီဂျရီ၃၂၆ ၌ဖွားမြင်) သည် အေမာမ်ဇမားန်(အဂျ) ၏ (လက်ထောက်) ကိုယ်စားလှယ်တော် လေးဦး အနက်မှ သုံးယောက်မြောက် (လက်ထောက်) ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် ၂၁ နှစ်တာ ( ဟီဂျရီ၃၀၅-၃၂၆) အထူး(သီးခြား) (လက်ထောက်) ကိုယ်စားလှယ် တာ၀န်ကို ထန်းဆောင်ခဲ့သည်။ ၎င်းသည် အေမာမ် အက်စ်ကရီ (အစ) ၏ နောက်လိုက်သားများ အနက်မှ တစ်ဦးဖြစ်ပြီး ဘဂ္ဂဒက်ရှိ ဒုတိယ (လက်ထောက်) ကိုယ်စားလှယ်နှင့် အနီးစပ်ဆုံးရှိသော နောက်လိုက်သားများ အနက်မှ တစ်ဦးလည်း ဖြစ်သည်။ မိုဟမ္မဒ် ဗင်န် အွစ်မားန်သည် မိမိ့ အသက်ရှင်နေထိုင်သည့် ၏နောက်ဆုံးနေ့ရက်များ၌ ၊ ဟိုစိုင်းန် ဗင်န် ရူးဟ် အား အေမာမ်မဲဟ်ဒီ(အဂျ) ၏ အမိန့်တော်အရ မိမိ့၏ (လက်ထောက်) ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ သိပ်မကြာမီ ကာလ ၊ ရှောင်၀လ်လ ၅ရက် ၊ ဟီဂျကီ၃၀၅ ခုနှစ်၌ အေမာမ်ဇမားန်(အဂျ) ဘက်တော်မှ ဟိုစိုင်းန် ဗင်န် ရူးဟ် အား ထောက်ခံသည့် အမိန့်ကို ပထမဦးဆုံး ထုတ်ပြန်ခဲ့သည်။ ဟိုစိုင်းန် ဗင်န် ရူးဟ်သည် လက်ထောက် ကိုယ်စားလှယ် ပြုလုပ်သည့် အစ ပထမပိုင်း အချိန်ကာလ၌ အဘ္ဘာစီ အုပ်ချုပ်မှုစနစ်တွင် ၎င်းတို့၏ ရိုသေလေးစားမှုကို ခံခဲ့ကြသည်။ သို့သော် နောက်ပိုင်း၌ ပြဿနာ နှင့် ဒုက္ခများ ပေါ်ပေါက်လာကာ လျှို့ဝှက်ဘဝဖြင့် ခဏတာ နေထိုင်ခဲ့သည်။ ထို့နောက်ငါးနှစ် အကျဉ်းချခံခဲ့ရသည်။ ဟိုစိုင်းန် ဗင်န် ရူးဟ် လက်ထက်တွင် အရေးအပါဆုံး အဖြစ်အပျက်များ အနက်မှ တစ်ခုမှာ ၎င်း၏ ယုံကြည်ရသော ရှေ့နေဖြစ်ခဲ့သော ရှယ်လ်မာဂါနီ၏ အကြောင်းပင်ဖြစ်သည်။ သို့သော် ၎င်းသည် သွေဖည်ငြင်းဆန်သူ ဖြစ်သွားခဲ့ပြီး အေမာမ်ဇမားန်(အဂျ) ဘက်မှ ၎င်းအတွက် ငြိုငြင်သည့်စာကို အမိန့်ထုတ်ပြန်ခဲ့သည်။ ဟိုစိုင်းန် ဗင်န် ရူးဟ် နောက်ဘက်ခ်သီး ၏ ပညာရပ်ပိုင်း ဆိုင်ရာ ရပ်တည်ချက်သည် ဖီက္ကဟ် ဓမ္မသတ်ဆိုင်ရာ စာအုပ်များ ရေးသားခြင်းနှင့် ပညာရေးပ်ုးဆိုင်ရာ ဆွေးနွေးငြင်းခုံ ပြောဆိုမှုများတွင် ကျွမ်းကျင်ကြောင့် ကောင်းမွန်သည်ဟု ယူဆကြသည်။ ရေဝါယသ် ကျမ်းကိုမျာ၌ ၊ ၎င်းထံမှ ကေရ မသ် အံ့ဖွယ်အရာများကို ဖော်ပြထားသည်။

အတ္တုပတ္တိ

ဟိုစိုင်းန် ဗင်န် ရူးဟ်၏ မွေးသက္ကရာဇ် ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ။ ၎င်းစ အစွဲပြု ခေါ်ဆိုသော အမည်မှာ အဘုလ်ကာစင်မ် ဖြစ်သည်။ ကျမ်းကိုးများ၌ ၊ ၎င်းအား နောက်ဘက်ခ်သီး ၊ ရူဟီး (1) နှင့် ကွမ်မီး(2) ဟူသော ဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုထားသည်။ ၎င်းအား ကွမ်မီး ဟုခေါ်ဆိုရခြင်းမှာ ၎င်းသည် (စာဝေဟ် အနီးရှိ) လူမျိုးများ၏ ဖာရ်စီ (ပါးရှန်း)ဘာသာစကားဖြင့် ပြောဆိုနိုင်ခြေရှိပြီး ထိုနေရာရှိလူများနှင့် ရင်းနှီးသော ဆက်ဆံရေးကို ရရှိထားသောကြောင့် ဖြစ်သည်ဟု မှန်းချက်ပေးထားသည်။ (3) (4) (5) သို့သော် ကျမ်းကိုးအများစု၌ ၊ ၎င်းသည် နောင်ဘက်ခ်သီး ဟုကျော်ကြားသည်။ ၎င်း၏ မိခင်သည် နောင်ဘက်ခ်သီး မျိရိုးနှင့် ဆက်စပ်မှု ရှိသောကြောင့် ဖြစ်သည်ဟု ပြောထားသည်။ (6) ၎င်းသည် ကွမ်းမြို့ ရှိ ဘနူနောင်ဘက်ခ် မှဖြစ်ပြီး ပထမ(လက်ထောက်) ကိာယ်စားလှယ် လက်ထက်တွင် ဘဂ္ဂဒက်သို့ ပြောင်းရွှေ့လာသည်ဟု အချို့က ဆိုကြသည်။ (7)

အေမာမ်ဟစန်အက်စ်ကရီ(အစ) နှင့် ဆက်သွယ်မှု ရှိခြင်း

ဟ်ုးစိုင်းန် ဗင်န် ရူးဟ် သည် အေမာမ်ဟစန်အက်စ်ကရီ(အစ) ၏ နောက်လိုက်သားတစ်ဦး ဖြစ်ခြင်းနှင့် ပတ်သက်ပြီး ကွဲပြားသော အဆိုများ လာရှိထားသည်။ မနာကီဘ် စာအုပ်၌ အိဗ်နေရှဟ်ရေအာရှုဘ် သည် ၎င်းအား အေမာမ်ဟစန်အက်စ်ကရီ(အစ) ၏ နောက်လိုက်သား ဖြစ်သလို အထူးလက်ထောက်တစ်ဦးလည်း ဖြစ်သည်ဟု မှတ်ယူထားသည်။ (8) သို့သော် ရေဂျာလ် ပညာရှင်များ (ဟဒီးစ် ဆင့်ပြန်သူ မှန်ကန်ခြင်း နှင့် မမှန်ကန်ခြင်းကို စစ်ဆေးကြသူများ) သည် ၊ ထိုအရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မပြောဆိုထားပေ။ အချို့သည်လည်း ထိုအရာကို လက်ခံဖို့ရန် ပြဿနာရှိသည်ဟု ပြောထားသည်။ အဘယ်ကြောင့်ဆိုသော် အေမာမ်ဟစန်အက်စ်ကရီ(အစ) သည် ဟီဂျရီ ၂၆၀ ခုနှစ်၌ ရှဟီးဒ် ဖြစ်သွားပြီး နောု်ဘက်ခ်သီး သည် ဟီဂျရီ ၃၂၆ ၌ ကွယ်လွန်ခဲ့သောကြောင့် ဖြစ်သည်။ (9)

ထူးခြားမှုများ

အလ်ဂါယဟ် စာအုပ်၌ ရှီက်းသူစီ ပြောထားသည်မှာ ၊ ဟိုစိုင်းန် ဗင်န် ရူးဟ် သည် မိမိခေတ်၌ အသိဉာဏ် အကြွယ်၀ဆုံးသော ပုဂ္ဂိုလ် ဖြစ်ပြီး ဆန့်ကျင်သူများနှင့် ပေါင်းသင်း ဆက်ဆံရာတွင် သကီယဟ် ဖြင့် ပြုကျင့် နေထိုင်လေသည်။ (10) ထိုသို့ပြုကျင့်ရာ၌ မိမိ၏ အလုပ်ကျွေးပြုသူ တစ်ဦးအား မိုအာဝီယာကို မကောင်းပြောမှုကြောင့် အလုပ်ထုပ်ရသည့် အထိ သကီယဟ်ဖြင့် နေထိုင်ခဲ့သည်။ (11) သာရီးခေ စီယာစီးယေ ဂိုင်းဘသ် စာအုပ်၌ ဂျာစင်မ် ဂိုစိုင်းန် ၏ အဆိုအရ ၊ ဟိုစိုင်းန် ဗင်န် ရူးဟ် ထိုအရိုက်အရာသို့ ရောက်ရှိ‌စေသည့် အကြောင်းတရားများမှာ ၊ ၎င်း၏ ဂုဏ်ပုဒ် ဝိသေသ လက္ခဏာများ၊ အားသာချက်များ နှင့် စွမ်းဆောင်ရည်များ သည် ၎င်းအား ထိုရာထူးသို့ ရောက်ရှိစေခဲ့သည်။ (12) မာဟမ္မဒ် ဗင်န် အွသ်မားန်၏ သမီးဖြစ်သူ အွမ်မေကုလ်စူးမ်သည် ဟိုစိုင်းန် ဗင်န် နောင်ဘက်ခ်သီး နှင့် ၎င်း၏ ဖခင်တို့၏ ဆက်ဆံရေးကို ဤသို့ ပြောဆိုထားသည်မှာ ဟိုစိုင်းန် သည် မိမိ၏ ဖခင်နှင့် အနီးစပ်ဆုံး ရှိသူ ဖြစ်ပြီး မိမိ့ဖခင်သည် ၎င်းဘဝ၏ ကိုယ်ရေးကိုယ်တာကိစ္စများအကြောင်းကို အိဗ်နေ ရူးဟ် နောင်ဘက်ခ်သီး အားပြောပြလေ့ရှိသည်။ (13) အဘူစဟ်လ် နောင်ဘက်ခ်သီး သည် ဟိုစိုင်းန် ဗင်န် ရူးဟ် နောင်ဘက်ခ်သီး ၏ နှုတ်လုံသည့် အကြောင်းကို ဤသို့ ပြောထားသည်မှာ အကယ်၍ အေမာမ်အား ၎င်း၏ ၀တ်ရုံအောက်၌ ဝှက်ထားပြီး ၎င်း၏ ခန္ဓာကိုယ်ကို ကတ်ကြေး ဖြင့် ဖြတ်‌တောက်ပြီး အေမာမ်ကို ထုပ်ပေးဖို့ ပြောရင်တောင် ၎င်းသာ် ဘယ်တော့မှ ဤသို့ လုပ်မည် မဟုတ်ပေ။ (14)

ဆုံးပါးခြင်း

ဟိုစိုင်းန် ဗင်န် ရူးဟ် နောင်ဘက်ခ်သီး သည် ရှာအ်ဗာန် လ ၁၈ ရက် ၊ ဟီဂျရီ ၃၂၆ တွင် ဆုံးပါးသွားခဲ့သည်။ ၎င်း၏ ကဗဲရ်သည် ဘဂ္ဂဒက်မြို့ အသွာရားန် သို့မဟုတ် ရူရ်ဂျဟ် စျေးရှိ နောင်ဘက်ခ်သီယဟ် ရပ်ကွက်တွင် တည်ရှိပြီး ယခုအခါ ဟိုစိုင်းန် ဗင်န် ရူးဟ် ၏ တည်နေရာဟု လူသိများပြီး ရှီအာများ၏ ဇေယာရသ် ပြုလုပ်ရာ ဌာနတစ်ခုလည်း ဖြစ်သည်။ (15)

လက်ထောက် ကိုယ်စားလှယ်များ

ဟီဂျရီ ၃၀၅ ခုနှစ်၌ အေမာန်မဲဟ်ဒီ(အဂျ) ၏ ဒုတိယမြောက် ‌လက်ထောက် ကိုယ်စားလှယ် ဆုံးပါးပြီးနောက် ဟိုစိုင်းန် ဗင်န် ရူးဟ် သည် ထိုလက်ထောက်ကိုယ်စားလှယ် ရာထူးအား ဆက်ခံခဲ့သည်။ ၎င်းသည် ထိုမတိုင်မီ ၊ ၎င်းသည် မိုဟမ္မဒ် ဗင်န် အွစ်မားန်၏ ယုံကြည်စိတ်ချရသော ငွေကြေးဥစ္စာ ထိန်းသိမ်းသူ ဖြစ်သည်။ (16) (17) မိုဟမ္မဒ် ဗင်န် အွစ်မားန် သည် အခြားသော ကိုယ်စားလှယ်များနှင့် အဆက်အသွယ် ရဖို့ရန်အတွက် ၎င်းအား ဘဂ္ဂဒက်၌ ကိုယ်စားလှယ်လက်ထောက်အဖြစ် ထားခဲ့သည်။ (18) ဟိုစိုင်းန် ဗင်န် ရူးဟ် အား ထောက်ခံသည့် အေမာမ်ဇမားန်(အဂျ) ၏ စာ " ကျွန်ုပ်သည် ၎င်း(ဟိုစိုင်းန် ဗင်န် ရူးဟ်) အား သိကျွမ်းပါသည်။ အရှင်မြတ်သည် မိမိ၏ ကောင်းမြတ်ခြင်း နှင့် နှစ်သက်မှု အားလုံးကို ၎င်းအား ပြသပြီး အရှင်မြတ်၏ ဂရုစိုက်မှု နှင့်အတူ ၎င်းပျော်ရွှင်ပါစေ။ ၎င်း၏ စာမှ သတင်းရှိပါသည်။ ၎င်း၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မည်ဟု ယုံကြည်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ အနား၌ အရိုက်အရာတစ်ခုရှိပြီး ထိုအရိုက်အရာသည် ၎င်းအား ပျော်ရွှင်အောင် ပြုလုပ်ပေးပေမည်။ အရှင်မြတ်သည် မိမိ၏ ကောင်းမှုများကို ၎င်းသူအပေါ် များစွာ ကောင်းချီးပြုပေမည်။ " သိမ်းဆည်း သည့်သမိုင်း ဘဂ္ဂဒက်ရှိ ဒုတိယလက်ထောက် ကိုယ်စားလှယ်များမှာ ဆယ်ဦးခန့်ရှိ နေသော်လည်း မုဟမ္မဒ် ဗင်န် အွစ်မားန် သည် မိမိ့ နာမကျန်းဖြစ် နေသည့်အချိန်တွင် အိဗ်နေ ရူးဟ်ကို မိမိ၏ လက်ထောက် နှင့် သံအမတ် အနေဖြင့် ခေါ်‌ဆိုခဲ့ပြီး မိမိ့သေဆုံးပြီးနောက် အိဗ်နေ ရူးဟ် အား အဆက်အသွယ်ပြုကြရန် ရှီအာအကြီးအကဲ ပုဂ္ဂိုလ်များကို တောင်းဆိုခဲ့သည်။ (19) အလ္လာမဟ် မဂ်ျလေစီ ရေးသားထားသည်မှာ ဒုတိယ လက်ထောက် ကိုယ်စားလှယ် ဆုံးသွားသည့်နေ့၌ ဟိုစိုင်းန် ဗင်န် ရူးဟ်သည် ၎င်း၏ အိမ်ကို ရှာဖွေခဲ့သည်။ ထိုအခါ မုဟမ္မဒ် ‌ဗင်န် အွစ်မားန်၏ ကျေးကျွန်သည် ဝေဒါယေအေ အေမာမသ် ပါရှိသော သေတ္တာ တစ်ခုကို ဟိုစိုင်းန် ဗင်န် ရူးဟ်အား ပေးခဲ့သည်။ (20) အချိန်ကာလ အနည်းငယ်အကြာ ၊ အေမာမ်မဲဟ်ဒီ(အဂျ) ဘက်မှ ၎င်းအား ထောက်ခံသည့်စာ ရောက်ရှိလာသည်။ (21) အချို့ကောက်နုတ်ချက်များ၌ ဤသို့ လာရှိထားသည်မှာ ဟိုစိုင်းန် ဗင်ရူးဟ် ၏ အခြေအနေသည် ပထမ နှင့် ဒုတိယ လက်ထောက် ကိုယ်စားလှယ် များကဲ့သို့ မဟုတ်ဘဲ ရှီအာ အေမာမီယဟ် များအကြား ကျော်ကြားမှု ရှိပေသည်။ ထို့အတွက်ကြောင့် ၊ ရှီးအာ အချို့သည် ၎င်းတို့၏ နယ်မြေများရှိ ကိုယ်စားလှယ်များကို လျစ်လျူရှုကာ တတိယ လက်ထောက်ကိုယ်စားလှယ် ဖြစ်သည့် ဟိုစိုင်းန် ဗင်န် ရူးဟ်ကို တိုက်ရိုက်ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ (22)

ကိုယ်စားလှယ်များ နှင့် အလုပ်လုပ်သူများ

ဟိုစိုင်းန် ဗင်န် ရူးဟ် သည် လက်ထောက် ကိုယ်စားလှယ်အဖြစ် ဘဂ္ဂဒက်ရှိ ကိုယ်စားလှယ် ဆယ်ဦးနှင့် အခြားအစ္စလာမ္မစ်နိုင်ငံများရှိ အခြား ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိ၏လှုပ်ရှားမှုများကို စတင်ခဲ့သည်။ ထိုကိုယ်စားလှယ် အချို့၏ အမည်များမှာ - မုဟမ္မဒ် ဗင်န် နီဖီးစ် ၊ အဲဟ်ဝါးဇ်၌ ဟိုစိုင်းန် ဗင်န် ရူးဟ် လက်ထက်တွင် အေမာမ်ဇမားန် (အဂျ) ၏ ပထမဆုံး ထောက်ခံစာကို ၎င်းလက်ဖညင့် ထုတ်ဝေခဲ့သည်။ အဘူအဘ်ဒုလ္လာဟ် ကာသီဘ် ဂျအ်ဖဲရ် ဗင်န် အဟ်မဒ် ဗင်န် မိုသီးန် အဂ်မဒ် ဗင်န် အီဗ်ရာဟီးမ် နောင်ဘက်ခ်သီး အဘူစဟ်လ် နောင်ဘက်ခ်သီး ဘလခ်တွင် မုဟမ္မဒ် ‌ဗင်န် ဟစန် ဆွီရဖီ မိုဟမ္မဒ် ဗင်န် ဂျအ်ဖဲရ် အစက်ဒ္ဒီ ရာဇီ ဒဲရ်ရိုန်း နဆွီးရ်တွင် ဟစန် ဗင်တ် အလီ ၀က်ဂ်ျနာအ် နဆွီးဘီ မိုဟမ္မဒ် ဗင်န် ဟမာမ် အိစ်ကာဖီ အာဇဲရ်ဘုင်ဂျားန် တွင် ကာစင်မ် ဗင်န် အလာအ် ဟမေဒါနီ မုဟမ္မဒ် ဗင်န် အလီ ရှယ်လမ်ဂါနီ ၊ ၎င်းသည် နောက်ပိုင်းတွင် လမ်းမှားရောက်သွားပြီး လက်ထောက် ကိုယ်စားလှယ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ (23)

အဘ္ဘာစီအုပ်ချုပ်ရေး၌ ဟိုစိုင်းန် ဗင်န် ရူးဟ်၏ အရိုက်အရာ

ဟိုစိုင်းန် ဗင်န် ရူးဟ် သည် မုဟမ္မဒ် ဗင်န် အွစ်မားန် အသက်ရှင်နေထိုင်သည့် ကာလ၌ ၊ အဘ္ဘာစီ မင်းများ၏ အုပ်ချုပ်မှုစနစ်တွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည်။ ၎င်းသည် နိုင်ငံတော် (အဘ္ဘာစီအုပ်ချုပ်သူ) ဘက်မှ ငွေကြေးအကူအညီများကို ရရှိခဲ့သည်။ (24) ၎င်းရာထူးတက်ပြီးနောက်ပိုင်းတွင်လည်း အဘ္ဘာစီ အုပ်ချုပ်မှု စနစ်၌ သြဇာလွှမ်းမိုးမှုရှိခဲ့ပြီး ၎င်းကို ရိုသေလေးစားခဲ့ကြသည်။ ထိုသို့ဖြစ်နေရခြင်းမှာလည်း ၎င်းသည် နောင်ဘက်ခ်သီး မျိူရိုးမှ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် အခြားတစ်ဖက်တွင်လည်း ထို၎င်း သည် အာလေဖိုရာသ် မျိုးနွယ်မှ ရှီအာများကို ထောက်ခံသူ ဖြစ်သည့် အဘုလ်ဟစန် အလီ ဗင်န် မုဟမ္မဒ် ဝန်ကြီးဌာန မှ ဖြစ်သောကြောင့် ဖြစ်သည်။ (25) (26) မုဟမ္မဒ် ဗင်န် အွစ်မားန်၏ သမီးဖြစ်သူ အွမ်‌မေကုလ်စူးမ် ၏ ပြောကြားချက်အရ ထိုအချိန်ကာလ၌ ၊ အာလေဖိုရာသ် မှ ငွေကြေးဥစ္စာများသည် ဟိုစိုင်းန် ဗင်န် ရူးဟ် ထံသို့ ရောက်ရှိပေသည်။ (27) ဟိုစိုင်းန် ဗင်န် ရူးဟ် သည် အဘ္ဘာစီ အုပ်ချုပ်မှု စနစ်၌ ထိုသို့ရာထူး ရှိနေရသည့် နောက်ထပ် အကြောင်းအရင်း တစ်ခုမှာ ၊ ၎င်းသည် ထိုအချိန်ကာလ၌ ကရာမသွဟ် ကဲ့သို့သော အဓိကရုဏ်းများမှ ကင်းဝေးစေရန် ကြိုးစားသည့် ‌၎င်း၏ သတိထားမှုများကြောင့် ဖြစ်သည်။ (28) သို့သော် ရှီအာများကို အတိုက်အခံ ပြုလုပ်သည့် ဝန်ကြီးတစ်ဦးဖြစ်သူ ဟာမီဒ် ဗင်န် အဘ္ဘာစ် အာဏာရလာသောအခါ ဟိုစိုင်းန် ဗင်န် ရူးဟ် အတွက် ပြဿနာများ ရှိလာခဲ့သည်။ (29)

ပျောက်ကွယ်သွားခြင်း

အီမာမ်ဇမားန် (အဂျ.) လက်ထောက်အဖြစ် ခန့်အပ်ခံရပြီးနောက် အချိန်အတန်ကြာတွင် ဟိုစိုင်းန် ဗင်န် ရူးဟ် ကွယ်ပျောက်သွားသည့်အကြောင်းကို အချို့ကျမ်းကိုးများ၌ လာရှိထားပြီး ထိုပျောက်ကွယ်သွားသည့် ကာလ၏ ကြာချိန်ကို တိတိကျကျ မသိရပေ။ သို့သော် ဟီဂျရီ ၃၀၄ မှ ၂၁၁ အတွင်း ဖြစ်ပြီး ဟာမီဒ် ဗင်န် အဘ္ဘာစ် အုပ်ချုပ်သည့် ကာလ၌ ဖြစ်သည်ဟု မှန်းချေပေးထားသည်။ (30) ရှီးခ်သူစီး၏ ဖော်ပြချက်အရ ၊ ထိုအချိန်ကာလ၌ ၊ မုဟမ္မဒ် ဗင်န် အလီ ရှယ်လမ်ဂါနီး သည် ၎င်း၏ သံတမန်ဖြစ်ပြီး ပြည်သူ လူထုနှင့် အဆက်အသွယ် ပြုလုပ်ရသည်။ (31) ထိုအချိန်ကာလနှင့် ပတ်သက်ပြီး အချက်အလက်များ အများအပြား မရှိပေ။

အကျဉ်းထောင်ကြခြင်း

ဟိုစိုင်းန် ဗင်န် ရူးဟ် နောင်ဘက်ခ်သီး သည် ဟီဂျရီ ၃၁၂ မှ ၃၁၇ အထိ အဘ္ဘာစီ အုပ်ချုပ်မှု၌ မိုကဒ္ဒဲရ် အကျဉ်းထောင်တွင်အကျဉ်းချ ခံခဲ့ရသည်။ ရှီအာ ကျမ်းကိုးများတွင် ဤသို့ထောင်ချခြင်းအတွက် အကြောင်းပြချက်မရှိသော်လည်း အချို့သော သုတေသီများက အဲဟ်လေစွန္နသ်၏ ဖော်ပြချက်များကို အခြေခံ၍ အချက်နှစ်ချက်ကို ပြောကြားခဲ့ကြသည်။ ၎င်းမှာ- (၁) ဟိုစိုင်းန် ဗင်န် ရူးဟ် သည် အစိုးရတရားရုံးကို ပိုင်ဆိုင်မှုများပေးဖို့ရန် ငြင်းဆိုခဲ့သည်။ (၂) ထိုအချိန်၌ ဘဟ်ရိုင်းန်ကို လွှမ်းမိုးထားသည့် Qaramataကရာမသွဟ် နှင့် ချိတ်ဆက်မှု ရှိနေခဲ့သည်။ (32) ပညာရှင်အချို့သည် ၎င်း၏ ကိုယ်စားလှယ်အဖြစ် ဂုဏ်သတင်းကျော်ကြားမှု၊ ရှီအာများ နှင့် ၎င်းအကြ အဆက်အသွယ်ရှိမှု ၊ ရှီအာများကို စည်းရုံးရာတွင် ၎င်းတို့ဘက်မှ လက်ခံမှု၊ စာများနှင့် ရန်ပုံငွေများ စုဆောင်းခြင်းနှင့် အေမာမ်မဲဟဒီ (အဂျ) အား လက်ခံခြင်းတို့ကြောင့် ၎င်းအား အကျဉ်းချခဲဘကြသည်ဟု ယူဆထားကြသည်။ (33) သို့သော် အချို့များသည် ၎င်းအကျဉ်းချခြင်း ခံရသည့် အကြောင်းအရင်းကို ရှလမ်ဂါနီ နှင့် ရန်သူဖြစ်ခြင်းကြောင့် နှင့် မိုဟ်စင်န် ဗင်န် အလီ ဗင်န် ဖိုရာသ် ( အလီဗင်န် ဖိုရာသ် ၏ သားသည် ၀န်ကြီး ဖြစ်သည့်အပြင် ရှလမ်ဂါနီး၏ ဘက်တော်သားဖြစ်သည်) ၏လက်ချက်ဖြင့် ဟီဂျရီ ၃၁၁-၃၁၂ နှစ်များတွင် အလီ ဗင်န် ဖိုရာသ်၏ ဝန်ကြီးဖြစ်နေသည့် အချိန်ကာလ၌ ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ထားသည်။ (34) ၎င်း အကျဉ်းထောင်မှ လွတ်လာပြီးနောက်တွ င်အစိုးရအုပ်ချုပ်မှု စနစ်တွင် အရေးကြီးသောရာထူးများရှိသည့် နောင်ဘက်ခ်သ် မိသားစုမှ ထင်ရှားသောပုဂ္ဂိုလ်များရှိနေခြင်းကြောင့် ၎င်းအား မည်သူမျှ မနှောင့်ယှက် မပေးကြတော့ပေ။ (35)

ရှလမ်ဂါနီ အဖြစ်အပျက်

ရှလမ်ဂါနီသည် ဘဂ္ဂဒက်ရှိ ရှီအာပညာရှင် တစ်ဦးဖြစ်ပြီး ဟိုစိုင်းန် ဗင်န် ရူးဟ် ၏ အနီးကပ်တွဲဖက်တစ်ဦးလည်း ဖြစ်သည်။ ဟိုစိုင်းန် ဗင်န် ရူးဟ် လက်ထောက်ကိုယ်စားလှယ် ဖြစ်ပြီးနောက် ၎င်းအား မိမိ၏ ရှေ့နေအဖြစ် မိတ်ဆက်ပေးခဲ့သည်။ ဟိုစိုင်းန် ဗင်န် ရူးဟ် သည် ရှီအာရေးရာ စီမံခန့်ခွဲမှုကို ၎င်းထံ လွှဲပြောင်းပေးအပ်ခဲ့သည် ၊ ထို့ကြောင့် ဟိုစိုင်းန် ဗင်န် ရူးဟ် လျှို့ဝှက်စွာ နေထိုင်သည့် ဘဝတွင်လည်း အေမာမ်ဇမားန်(အဂျ) ဘက်မှ အိဗ်နေ ရူးဟ် နှင့် ပတ်သက်သည့် ကမ္ပည်းစာများကို ရှလမ်ဂါနီမှ ထုတ်ပြန်ခဲ့သည်။ (36) သို့သော် ရှလမ်ဂါနီသည် ဟိုစိုင်းန် ဗင်န် ရူးဟ် အကျဉ်းချခံထားရသည့် အချိန်များ၌ မိမိ၏ ရာထူးကို အလွဲသုံးစားလုပ်ခြင်းဖြင့် ပထမဦးဆုံး မိမိကိုယ်ကို ဟိုစိုင်းန် ဗင်န် ရူးဟ်နေရာတွင် ရှိသည်ဟု မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင် ယံုကြည်မှုများ လွဲမှားလာခဲ့သည်။ ၎င်း၏ သွေဖည်မှုများ ပေါ်လွင်သွားခြင်းအားဖြင့် အကျဉ်းကျနေသော ဟိုစိုင်းန် ဗင်န် ရူးဟ် သည် ရှီအာများကို ထိုအကြောင်းအရာအား သတင်းပါးခဲ့ပြီး ၎င်းနှင့် ဆွေးနွေးတိုင်ခြင်းမှ တားမြစ်ခဲ့သည်။ ထိုသို့ဖြင့် ဟီဂျရီ ၃၁၂ ခုနှစ်၌ အေမာမ်ဇမားန်(အဂျ) ဘက်မှ ၎င်းအား ရှုတ်ချသည့် ကမ္ပည်းစာ ထုတ်ပြန်ခဲ့သည်။ (37)

ပညာ နှင့် ကေရာမသ်များ ဆိုင်ရာ အရိုက်အရာ

ဟိုစိုင်းန် ဗင်န် ရူးဟ် သည် အလ်သအ်ဒီးဘ် ဟုခေါ်သော ဖိက္ကဟ် ဓမသ္သတ်ရေးဆိုင်ရာ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပြီး ၎င်းကို အကဲဖြတ်ရန်နှင့် မှတ်ချက်ပေးရန်အတွက် ကွမ်းမြို့ ၏ ဟဒီးစ်ရေးရာဌာန သို့ ပေးပို့ကာ ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဆန့်ကျင်သည့်အရာများအား တောင်းဆိုခဲ့သည်။ စာအုပ်၏အကြောင်းအရာကို အကဲဖြတ်ပြီးနောက်၊ ကွမ်း မှ ပညာရှင်များသည် ၎င်းကို ကိစ္စရပ် တစ်ခုမှ လွဲ၍ ကျန်သော အကြောင်းအရာများ အားလုံးကို အတည်ပြုပြီး ၎င်းထံပြန်ပို့ခဲ့သည်။ (38) ၎င်း၏ လက်ထောက် ကိုယ်စားလှယ် သက်တမ်းအတွင်း၊ အသေးစိတ်ဖော်ပြထားသော အချေအတင်ဆွေးနွေးမှုများလည်း ရှိခဲ့သည်ဟု ရေဝါယသ် ကျမ်းကိုးများတွင် လာရှိထားသည်။ (39) (40) (41) ဤအ အချေတင် ဆွေးနွေးပွဲများတွင် ပေါ်ပေါက်လာသော မေးခွန်းများအတွက် ဟိုစိုင်းန် ဗင်န် ရူးဟ် ၏ အဖြေများသည် ဘာသာရေးဆိုင်ရာ ပြဿနာများကို ဖြေဆိုထားသည့်အပြင် ၎င်း၏ ပညာပိုင်းဆိုင်ရာ အဆင့်အတန်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေဆိုနိုင်ကြောင်းကို ပြသသည်။ (42) ၎င်းသည် ရေဝါယသ်များကိုလည်း ကိုးကားခဲ့သည်။ (43) ရှီးခ်သူစီး သည် ၊ ဇေယာရသ် သေ ရဂျဘီယဟ် ကို ဟိုစိုင်းန် ဗင်န် နောင်ဘက်ခ်သီ၏ ကိုးကားမှုမှ ဖော်ပြထားသည်။ (44)

ကေရာမသ်များ

အချို့သော ကျမ်းကိုးများတွင်၊ ဟိုစိုင်းန် ဗင်န် ရူးဟ် ထံမှ ကေရာမသ် အံ့ဖွယ်အရာများကို ကိုးကားထားခဲ့ကြသည်။ တခါတရံတွင် ၎င်းသည် တစ်ဖက်သား၏ သံသယများကို ဖြေရှင်းရန် လျှို့ဝှက်ချက်အချို့ကို ထုတ်ဖော်ပြသခဲ့ပြီး တစ်ခါတစ်ရံတွင် ၎င်းသည် မိမိကိုယ်ကို အတည်ပြုရန် အချို့သော လက္ခဏာအချို့ကို ထုတ်ဖော်ခဲ့သည်။ အလီ ဗင်န် ဘာဘူယဟ် ( ရှီးခ်စူဒူက် ၏ဖခင်) သည် တတိယ လက်ထောက် ကိုယ်စားလှယ် ထံသို့ ကလေးရရှိရန် နှင့် အေမာမ်ဇမားန်(အဂျ) ထံမှ မိမိအား ဒိုအာပုရန် ရေးသားခဲ့သည့်စာ ၊ (45) သို့မဟုတ်အိဗ်နေ ဘာဘူယဟ် ( ရှီးခ်စူဒူးက် ၏ဖခင် ) ဟာ့ဂ်ျအတွက် ခရီးသွားရန် မိမိ၏ တာဝန်ကို ဆုံးဖြတ်ပေးခိုင်းသည့်စာ ၊(46) အဟ်မဒ် ဗင်န် အိစ်ဟာက် ကွမ်မီး ဆုံးပါးသွားသည့် သတင်း (47) ၊ မုဟမ္မဒ် ဗင်န် ဟစန် အား ရွှေဘားပျောက်ဆုံးသွားသည့်သတင်း (48) နှင့် အခြားသော ဟဒီးစ်တော်များ ၊ စသဖြင့် ဥပမာများဖြစ်သည်။