ဟာရီစ် ဗင်န် နိုအ်မာန်

wikishia မှ


ဟာရီစ် ဗင်န် နိုအ်မာန် (ဟီဂျရီ ၅၀ ကွယ်လွန်) သည် တမန်တော်မြတ် (ဆွ) နှင့် အေမာမ်အလီ (အစ) တို့၏ နောက်လိုက်သား တစ်ဦးဖြစ်သည်။ ၎င်းသည် ဘဒဲရ် ၊ အဟွဒ် နှင့် ဟိုနိုင်းန် စစ်ပွဲများ၌ ပါဝင်ခဲ့သည့ အပြင် အေမာမ်အလီ အုပ်ချုပ်စဉ်ကာလ ဖြစ်ပွားခဲ့သော စစ်ပွဲများတွင်ပါ ပါဝင်ခဲ့သည်။ ဟာရီစ် သည် တမန်တော်မြတ်နှင့် ၎င်း၏ ဇနီးများ ကောင်းမွန်စွာ နေထိုင်နိုင်ရန် မိမိ၏ အိမ်ကို တမန်တော်မြတ်အား လက်ဆောင်အဖြစ် ပေးခဲ့သည်။ ထို့အတူ ၎င်းသည် အေမာမ်အလီ ( နှင့် ဖှာသွေမဟ်(အစ) သခင်မ) တို့နေထိုင်ရန် တမန်တော်မြတ် (ဆွ )အား အိမ်တစ်လုံးကိုလည်း ပေးခဲ့သည်။ ၎င်းသည် ကောင်းကင်တမန် ဂျီဘ်ရာအီလ်ကို ဒဟီယေ ကလ်ဘီ ပုံစံဖြင့် မြင်တွေ့ဖူးပြီး ၎င်းအား စလာမ် ပို့သခဲ့သည်။ ဟာရီစ်သည် တမန်တော်မြတ် ဆွ မှ ကောက်နုတ်ကိုးကားထားသည့် ရေဝါယသ်များကို ဟဒီးစ်ကျမ်းကိုးများ၌ ဖော်ပြထားသည်။

အရိုက်အရာ

တမန်တော်မြတ် ဆွ ကျွန်ုပ်သည် ကောင်းကင်ဘုံ အိပ်မက်ကမ္ဘာမှာ စာဖတ်သံကို ကြားလိုက်ရတယ်။ ဤသူမှာ မည်သူဖြသ်သနည်း ဟုမေးခဲ့ရာ ၎င်းမှာ ဟာရီစ် ဗင်န် နိုအ်မာန် ဖြစ်သည် ဟူ၍ ဖြေဆိုခဲ့သည်။ ထိုသူသည် ထိုသို့ပင် ကောင်းမွန် မြင့်မြတ်သူ ဖြစ်ပေသည်။ (1) ဟာရီစ် ဗင်န် နိုအ်မာန်သည် တမန်တော်မြတ် (ဆွ)) နှင့် အေမာမ်အလီ (အစ)))) တို့၏ နောက်လိုက်သား တစ်ဦးဖြစ်သည်။ (2) ၎င်းသည် တမန်တော်မြတ် ဆွ နှင့်အတူ ဘဒဲရ် စစ်ပွဲ (3) အဟွဒ် နှင့် ဟိုနိုင်းန် စစ်ပွဲများ နှင့် အခြားသော စသ်ပွဲများတွင် ပါဝင်ခဲ့သည်။ (4) ရှီးခ်သူစီ၏ အဆိုအရ၊ ၎င်းသည် အေမာမ်အလီ အုပ်ချုပ်စဉ်ကာ ဖြစ်ပွဲားခဲ့သော စစ်ပွဲများ၌လည်း အေမာန်အလီ ဘက်မှ ပါဝင်ခဲ့သည်။ (5) ဟာရီစ်အား ဟိုနိုင်းန် စစ်ပွဲတွင် မွတ်ရှ်ရီက်တို့၏ စစ်ဆင်ရေးတွင် မွတ်စ်လင်မ်အချို့ ထွက်ပြေးပြီးနောက် တမန်တော်မြတ် အနား၌ နေရစ်ခဲ့သည့် ဆွဟာဘာများ အနက်မှ ဖြစ်သည်ဟု သိထားကြသည်။ ((6)

ရေဝါယသ် ကိုးကားရာ၌ ၎င်း၏ အရိုက်အရာ

ဟာရီစ်သည် ဟဒီးစ် ကောက်နုတ်ကိုးကားသူများ အနက်မှ ဖြစ်သည်။ (7) ဆိုထားကြသည်မှာ ရေဝါယသ်များ၊ ရေဂျာလ်များ နှင့် သမိုင်း ကျမ်းကိုးများ ဖြစ်ကြသည့် ဥပမာ မုစ်နက်ဒု အဟ်မဒ် ဗင်န် ဟမ်ဘလ်၊ ကိယာဘုလ်မဂါဇီ၊ အလ်မိုအ်သလီဖ် နှင့် အလ်မုခ်သလက်ဖ် တို့၌ လာရှိထားသည်။ (8) ရေဝါယသ် ကိုးကားကြသူများ ဥပမာ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အဘာစ်၊ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အာမီရ် ဗင်န် ရဘီအဟ် နှင့် စအ်လဘဟ် ဗင်န် အဘီမာလီက် တို့သည် ၎င်းထံမှ တမန်တော်မြတ် ဆွ ၏ ရေဝါယသ်များကို ကောက်နုတ်ဖော်ပြထားကြသည်။ (9)

ဂျီဘ်ရာအီလ်အား မြင်တွေ့ခြင်း

ဆွဟာဘဟ် သုတေသီ ကျမ်းကိုးများတွင် ဟာရီစ်ကို မြင့်မြတ်သော ဆွဟာဘဟ်များ အနက်မှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (10) ရှီးခ်သူစီ ၏ အဆိုအရ ၊ ၎င်းသည် နှစ်ကြိမ်တိုင် ကောင်းကင်တမန် ဂျီဘ်ရာအီလ်ကို ဒဟီယေ ကလ်ဘီ ပုံစံဖြင့် မြင်တွေ့ဖူးပြီး ၎င်းအား စလာမ် ပို့သခဲ့သည်။ (11) ထို့အတူ အိဗ်အဗ္ဗ်ဒုက်ဘဲရ်သည် အလ်အိစ်သီအားဘ် စာအုပ်၌ ဖော်ပြထားသည်မှာ ဟာရီစ်သည် ၎င်း၏ မိခင်အပေါ် ရိုသေလေးစားခြင်း နှင့် ကူညီရိုင်းပင်းမှု‌များကြောင့် ၎င်းအား ကောင်းမွန်သူ ဟူ ကျော်ကြားစေပေသည်။ (12)

၎င်း၏ အိမ်များကို တမန်တော်မြတ် ဆွ အား ပေးလိုက်ခြင်း

ဟာရီစ် အား မဒီနဟ်၌ တမန်တော်မြတ်ကို မိမိ၏ အိမ်များအား လက်ဆောင်ပေးသည့် ပထမဆုံးသူအဖြစ် မှတ်ယူထားလေသည်။ (13) ဟီဂျရီ သုံးရာစု သမိုင်းသုတေသီ အိဗ်နေစအ်ဒ် ၏ အဆိုအရ၊ ဟာရီစ်၏ အိမ်သည် တမန်တော်မြတ်၏ အိမ်နှင့် နီးပေသည်။ (14) တမန်တော်မြတ်(ဆွ)သည် အိမ်ထောင်အသစ် တည်ထောင်သည့်အခါတိုင်း၊ ဟာရီစ်သည် အိမ်တစ်အိမ်မှ ပို၍ဝေးကွာသော အိမ်သို့သွားကာ ထိုသို့ဖြင့် မိမိ၏ဘအိမ်အားလုံးကို တမန်တော်မြတ်(ဆွ)အား ၎င်း၏ ဇနီးမယားများနှင့်အတူ နေထိုင်ရန် ပေးကမ်းသည်။ (15) ဥပမာ မာရီယဟ်၏ အိမ် (16) နှင့် ထို့အတူ တမန်တော်မြတ်သည် ဆွဖီယဟ်ကို ပေးခဲ့ပြီး အာယေရှာ နှင့် အခြားသော အန်ဆွာရ် အမျိုးသမီးများ လာတွေ့လေ့ရှိသည့်အိမ် (17) တို့ဖြစ်သည်။ တမန်တော်မြတ် ဆွသည် မိမိနှင့် မိုဟာဂျီရ်များကို အိမ်များ လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည့်အတွက် ဟာရီစ်အား ဒိုအာပြုဆုမွန်ကောင်း တောင်းခံပေးခဲ့သည်။ (18)

အေမာမ်အလီ ( နှင့် ဖှာသွေမဟ်(အစ) သခင်မ) တို့နေထိုင်ရန် အိမ်တစ်လုံးအား ပေးကမ်းခြင်း

အဟ်လေစွန္နသ်၏ သမိုင်းသုတေသီ အိဗ်နေစအ်ဒ် (ဟီဂျရီ ၂၃၀ ကွယ်လွန်) သည် အလ်သွဗကာသုလ်ကုဗ္ဗ်ရာ စာအုပ်၌ အေမာမ်ဘာကရ်(အစ) ထံမှ ကောက်နုတ်ထားသည်မှာ အေမာမ်အလီ (အစ) သည် ဖှာသွေမဟ် (စအ) နှင့် ထိန်းမြားလက်ထပ်ပြီးနောက် တမန်တော်မြတ်၏အိမ်နှင့် အနည်းငယ်ဝေးသော အိမ်တစ်လုံး၌ နေထိုင်ခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် မိနိ့သမီးကို မိမိ၏အိမ်အနီး၌ နေစေချင်သည်ဟု ပြောခဲ့သည်။ ဖှာ‌ေသွမဟ် စအ သည် တမန်တော်မြတ်၏ အိမ်နှင့် နီးသည့် ဟာရီစ်အိန်၌ နေထိုင်နိုင်ရန် တမန်တော်မြတ်(ဆွ)အား ဟာရီစ်နှင့် စကားပြောရန် တောင်းဆိုခဲ့သည်။ (19) တမန်တော်မြတ်(ဆွ) သာ် ဟာရီစ်ကို ဤသို့ပြောဖို့ ရှက်မိကြောင်း မိန့်ဆိလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိအား အိမ်အချို့ကို ပေးခဲ့ပြီး မိမိကြောင့် ဤအိမ်မှ အခြားအိမ်သို့ ပြောင်းရွှေ့သွားခဲ့ရသည်။ (20) ဟာရီစ် သည် ဤအကြောင်းကို သိရှိပြီး မိမိအိမ်ကို တမန်တော်မြတ်အား လက်ဆောင်ပေးခဲ့သည်။ (21) ရှီအဟ် ကျမ်းကိုးများ၏ ဖော်ပြချက်အရ၊ အေမာမ်အလီ (အစ) သည် ဖှာသွေမဟ် (စအ) နှင့် ထိန်းမြားလက်ထပ်ပြီးနောက် ဟာရီစ် ဘက်မှ တမန်တော်မြတ်အား လက်ဆောင်ပေးခဲ့သည့် အိမ်တစ်လုံး၌ နေထိုင်ခဲ့ပေသည်။ (22) အဟ်လေစွန္နသ်၏ သမိုင်းသုတေသီ အိဗ်နေရှဘ်ဘဟ် (ဟီဂျရီ ၂၆၂ ကွယ်လွန်) ဖော်ပြထားသည်မှာ ၊ ဟာရီစ် ၏အိမ်သည် အဘူအယူဘ် အန်ဆွာရီ၏ဘအိမ်ဘေးတွင်တည်ရှိပြီး နောက်ပိုင်း၌ အေမာမ်ဆွာဒီက် (အစ) ၏ ပိုင်ဆိုင်မှု ဖြစ်လာပြီး အေမာန်သည် ထိုအိမ်၌ နေထိုင်ခဲ့သည်။ (23) ဤအိမ်ကို 1986 အီရာန်နှစ် ၁၃၆၅ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်၌ ဖြိုချခဲ့သည်။ (24)

မျိုးရိုး နှင့် ကွယ်လွန်ခြင်း

ဟာရီစ်သည် နိုအ်မာန် ဗင်န် နက်ဖ်အ် သို့မဟုတ် အိဗ်နေ နက်ဖ်အ် (25) အန်ဆွာရီ ခက်ဇ်ရအီ (26) နှင့် ဂျအ်ဒဟ် ဗင်န်သေ အိုဘိုင်းဒ် ဗင်န် စအ်လဘဟ် တို့၏ သားဖြစ်သည်။ (27) ၎င်း၏ အစွဲပြုခေါ်ဆိုသော အမည်မှာ အဘာအဗ္ဗ်ဒိလ္လာဟ် (28) နှင့် ဗနီနဂျာရ် မျိုးနွယ် ဖြစ်ပြီး မဒီနဟ်၌ (29) နေထိုင်ပေသည်။ (30) ဘဒဲရ် စစ်ပွဲတွင် ပါဝင်ခဲ့သည့်အတွက်၊ အချို့ကျမ်းကိုးများတွင်၊ ၎င်းအား ဟာရီစ် ဗင်န် တိုအ်မာန် အန်ဆွာရီ ဘဒဲရီ ဟူ၍ ဖော်ပြထားသည်။ (31) မုဟမ္နဒ် ဗင်န် အဗ္ဗ်ဒုရ်ရဟ်မာန် ဗင်န် ဟာရီစ် ဟုလူသိများသော အဘူရေဂျာလ် သည် ၎င်း၏ သားစဉ်မြေးဆက်မှ ဖြစ်သည်။ (32) အဟ်လေစွန္နသ် ပညာရှင်၊ အိဗ်နေဟိဗ္ဗာန် (ဟီဂျရီ ၃၅၄ ကွယ်လွန်) သည် ရေဝါယသ်တစ်ခုအရ ဆိုထားသည်မှာ ၊ ဟာရီစ်သည် ဘဒဲရ်စစ်ပွဲ၌ ရှဟီးဒ် ဖြစ်သွားခဲ့သည်။ (33) သို့ရာတွင်၊ တမန်တော်မြတ်(ဆွ) လက်ထက်၌ အခြားစစ်ပွဲများတွင် ဟာရီစ် ရှိနေခြင်းကြောင့် အိဗ်နေဟိဗ္ဗာန်၏ ထင်မြင်ချက်ကို အချို့က ပယ်ချခဲ့ကြသည်။ (34) သမိုင်းသာတေသီ အိနေစအ်ဒ် (ဟီဂျကီ ၂၃၀ ကွယ်လွန် ) ၏ ဖော်ပြချက်အရ၊ ဟာရီစ်ငည် နိုအာဝီယဟ် ခေတ်ကာလ၌ ဆုံးပါးသွားခဲ့သည်။ (35) သို့‌ေသာ် ဇိုဟိုဘီ (ဟီဂျရီ ၇၄၈ ကွယ်လွန် ) သည် ၎င်းအား ဟီဂျရီ ၅၀ ၌ ဆုံးပါးသွားခဲ့သည် ဟု လက်ခံထားသည်။ (36)