ဟာမေဒါသ်

wikishia မှ

ဟာမေဒါသ် (အရဘီ : الحامدات ) ဆိုသည်မှာ အလ်ဟမ်ဒိုလစ်လ္လာဟ် နှင့် အစပြုသည့် စူရဟ် ဖာသေဟဟ် ၊ စူရဟ် အန်အာမ် ၊ စူရဟ်ကအ်ဖ်၊ စူရဟ် စဘာဖွာသွေရ် တို့ အား ခေါ်ဆိုပါသည်။ [1] ဤစူရဟ်များကို "ဟာအာသ် " ၊ "ဟမ်ဒ် " နှင့် "မကာစီးရ် ကုရ်အာန်" ဟူ၍လည်း ခေါ်ဆိုကြသည်။ [2] ဤစူရဟ်များ၏ အကြောင်းအရာ ဘုံဝင်ရိုးမှာ အစ္စလမ်ဘာသာ၏ အခြေခံ အုတ်မြစ်များသည့် သောင်ဟီးဒ် ၊ နဘူဝသ် နှင့် မအာဒ် (ကေယာမသ်) တို့ ဖြစ်ပါသည်။ [3]စူယူသီ အနေဖြင့် မိမိ၏ စာအုပ် အလ်အစ်သ်ကာန် တွင် ဂျမားလ် လိုလ်ကိုရ်ရာအ် ၏ စာအုပ် မှ ဆင့်ပြန် ထားသည်မှာ ကုရ်အာန် တွင် မယာဒီးန် ( မိုင်ဒန် ၏ အများကိန်း ) ၊ ဘစာသီးန် ( ဘွတ်စ်သန် ၏ အများ ကိန်း ဘူစသန် အဖြစ်ကျော်ကြားပြီး အဓိပ္ပာယ် မှာ ဥယျာဥ် ဖြစ်ပါသည်။) မကာစီးရ် ၊ အရာအစ်(စ) ( အူရုစ် ၏ အများကိန်း )ဒီယာဘီးဂျ် ( ဒီပါဂျ် ၏ အများကိန်းဖြစ်ပြီး အဓိပ္ပာယ်မှာ ပိုးထည် ဖြစ်ပြီး ဒီပါ ဟု ကျော်ကြားပါသည်။ ) ပြီးနောက် ရေယာဆ် ( ရောင်ဇာဟ် ၏ အများကိန်း ဖြစ်ပြီး အဓိပ္ပာယ် ဥယျာဥ် ၊ ခြံ ဖြစ်ပါသည်။) မီယာဒီးန် နေကုရ်အာန် ဆိုသည်မှာ "အလစ်လာန်မီးမ် " ဖြင့် အစပြုသော စူရဟ်များဖြစ်ပါသည်။ဘစာသီးန် နေကုရ်အာန် ဆိုသည်မှာအလစ်လာန်ရာ" ဖြင့် အစပြုသော စူရဟ်များဖြစ်ပါသည်။ မကာသီးရ်ရေကုရ်အာန် ဆိုသည်မှာ ဟာမေဒါသ် စူရဟ် များ အရာအစ်(စ) စေ ကုရ်အာန် ဆိုသည်မှာမိုစဘ်ဘဟာသ် စူရဟ် များ ၊ ဒီယာဘီးဂျ် ဂျေကုရ်အာန် ဆိုသည်မှာ ဟာမီးမ်မါသ် စူရဟ်များ နှင့် ရေယာဆ် ဇိုကုရ်အာန် ဆိုသည် မှာမွတ်ဖ်ဆွလာသ် စူရဟ် တော်များ ဖြစ်ပါသည်။ [4]

အောက်ခြေ မှတ်စုများ

ကျမ်းကိုးများ