ဟလာလ် အသား

wikishia မှ
   ဤဆောင်းပါးသည် ဓမ္မသတ်အဆုံးအဖြတ်ကို တင်ပြသော ဆောင်းပါးတစ်ခုသာဖြစ်ပြီး သာသနာနှင့်သက်ဆိုင်သောကျင့်ကြံအားထုတ်မှုတို့နှင့်သက်ဆိုင်ခြင်းမရှိပါ။ ကျင့်ဆောင်မှုပိုင်းဆိုင်ရာ ကိစ္စတို့နှင့်ပတ်သက်ပြီး အခြားသော အရင်းအမြစ်များတွင် လေ့လာနိုင်ပါသည်။

ဟလာလ် အသားဆိုသည်မှာ ဓမ္မသတ်ဆုံးဖြတ်ချက်အရ စားသုံးပိုင်ခွင့်ရှိသော အသားကိုဆိုလိုသည်။ တိရစ္ဆာန်များကို ကုန်းတွင်နေထိုင်သောသတ္တဝါ၊ ရေ၌နေသောသတ္တဝါ နှင့် ကောင်းကင်၌ပျံသန်းသော သတ္တဝါ များဟူ၍ (၃) ပိုင်းခွဲခြားထားလေသည်။၎င်းဟလာလ်သားကောင်များကို စားသုံးနိုင်ရန်အတွက် ပညက်ချက်သည် သက်(ဇ)ကီယာဟုခေါ်သော လည်လှီးခြင်းပင်ဖြစ်လေသည်။ ဓမ္မသတ်ပညာရှင်တို့၏ ဓမ္မသတ်ဆုံးဖြတ်ချက်ထုတ်ပြန်ထားသည့်အပေါ် ထိုဟလာလ်သားကောင်တို့၏ အချို့သောအစိတ်အပိုင်းများကို စားသုံးခြင်းသည် ဟရာမ်ဖြစ်သည် ။ မည်မျှပင် လည်လှီး၍ သန့်စင်အောင်ပြုလုပ်ထားသည်ဖြစ်ပါစေ။ ဥပမာ - ၎င်း၏ သွေး၊ သရက်ရွက် ၊ လိမ်တံ နှင့် ဝှေးစေ့ တို့ကို စားသုံးခြင်းသည် ဟရာမ်ဖြစ်သည်။ ထိုအတိုင်းပင် လည်လှီး၍သန့်စင်ထားခြင်းမရှိပဲ အလိုလိုသေသွားသော ဟလာလ်သားကောင်တို့၏ သားရေကို နမားဇ်၌ အသုံးပြုခြင်းသည် အသုံးပြုခွင့်မရှိ(ဂျာအိဇ်မဟုတ် )ဟူ၍လည်းထုတ်ပြန်ထားလေသည်။

အဓိပ္ပါယ်

ဓမ္မသတ်ပညာရပ်တွင် တိရစ္ဆာန်များကို ဟလာလ်သားကောင်နှင့် ဟရာမ်သားကောင် ဟူ၍ ခွဲခြားထားလေသည်။[၁]ဟလာလ်သားကောင်ဆိုသည်မှာ လည်လှီး၍ သန့်စင်ပြီးနောက် ၎င်း၏အစိတ်အပိုင်းများကို စားသုံးခွင့် ရှိသောသားကောင်ကို ဆိုလိုသည်။[၂] ဓမ္မသတ်ကျမ်းများတွင် ဟလာလ်သားရဲတိရစ္ဆာန်တို့နှင့် ပတ်သက်ပြီး သွဟာရသ် [၃]၊ နမားဇ်[၄] ၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်[၅]း အပြင် လည်လှီခြင်း [၆]စသော အခန်းဂဏ္ဍများတွင် ပြောဆိုတင်ပြထားပါသည်။

ဟလာလ်သားကောင်များ

ရှီအာတို့၏ ဓမ္မသတ်အရ တိရစ္ဆာန်အမျိုးအစား(၃)မျိုး (ကုန်းနေ၊ရေနေ၊ကျေးငှက်)အတွင်းမှ အောက်ပါသားကောင်တို့သည် ဟလာလ်သားကောင်များဖြစ်ကြသည်။

  • ကုန်းနေတိရစ္ဆာန်များ - ခြေ(၄)ချောင်းရှိသော တိရစ္ဆာန်များ ဥပမာ- သိုး၊ဆိတ်၊ နွား၊ ကုလားအုပ် ၊ သမင်အမျိုးအစားများ၊ ဒရယ်မျိုးကွဲများ ၊ မြင်းကျား နှင့်တောင်ဆိတ်တို့ဖြစ်သည်။၎င်းတိရိစ္ဆာန်များသည် ဟလာလ်သားကောင်များဖြစ်လေသည်။[၇]ထို့အပြင် မြင်း၊ မြီးနှင့် အိမ်မွေးလား တို့သည်လည်း စားသုံးပိုင်ခွင့်ရှိသော သတ္တဝါများဖြစ်သော်လည်း ၎င်းတို့အား စားသုံးခြင်းသည် မက္ကရူဟ် ဖြစ်သည်။[၈]
  • ရေနေတိရစ္ဆာန်များ- အကြေးခွံပါရှိသော ငါးအမျိုးအစားများနှင့် ပုဇွန်တို့မှအပ ကျန်ရေသတ္တဝါအားလုံးတို့သည် ဟရာမ်ဖြစ်ပေသည်။ [၉]
  • ကျေးငှက်များ- ၎င်းတို့အတွင်း၌ ပညက်ချက်(၄)ခုရှိသည် ။ထိုပညက်ချက်များမှာ လည်စလုတ် ၊ အစံအိမ် ၊ ခြေအတက်၊ ပျံသန်းချိန်၌ အဆက်မပြတ်အတောင်ပံခတ်ခြင်း တို့ဖြစ်သည်။ အကယ်၍ မည်သည့်ငှက်အမျိုးအစားမဆို ထိုအချက်(၄)ရှိပါက ၎င်းကျေးငှက်သည် ဟလာလ်ဖြစ်ပေမည်။[၁၀] ဥပမာ- အိမ်မွေးကြက်များ၊ ကြက်ဆင် ၊ စာကလေး၊ ခို ၊ ခါငှက် ၊ ဘဲ ၊တီဟိုငှက် ၊တေးသီငှက်နှင့် ငှက်ကုလားအုပ်[၁၁]တို့ဖြစ်သည်။ တောင်ပီစူးငှက်[၁၂]၊ ပျံလွှားငှက်နှင့် မျိုငှက်တို့သည် ဟလာလ်ဖြစ်သော်လည်း၎င်းတို့၏အသားကို စားသုံးခြင်းသည် မက္ကရူဟ် ဖြစ်သည်။[၁၃]

ဟလာလ်သားကောင်တို့၏ ဟရာမ်အစိတ်အပိုင်းများ

ဓမ္မသတ်ပညာရှင်ကြီးများသည် ဟလာလ်သားကောင်တို့၏ အချို့သော အစိတ်အပိုင်းများကို စားသုံးခြင်းအား ဟရာမ်အဖြစ်သတ်မှတ်ထားပေသည်။[၁၄] ဥပမာ- သွေး၊သရက်ရွက်၊ လိင်တံ နှင့် ဝှေးစေ့ တို့ဖြစ်သည်။[၁၅]

နမားဇ်တွင် သားရေအသုံးပြုခြင်း

ဓမ္မသတ်ပညာရှင်ကြီးတို့၏ ဓမ္မသတ်များအရ လည်လှီးသည့်အခါ သွေးလှိုင်လှိုင်ပန်းထွက်သော ဟလာလ်သားကောင်တို့သည် လည်လှီးခြင်းမရှိပဲသေဆုံးသွားပါက နဂျီစ်(ညစ်ညူး)ဖြစ်ပေသည်။ ၎င်းကို နမားဇ်တွင် အသုံးပြုခြင်းသည် ဂျာအိဇ်မဟုတ် (အခွင့်မရှိ)ပါ။ သို့သော် ထိုသားရေသည် မွတ်စ်လင်(မ)တို့၏စျေးမှ ဝယ်ယူခဲ့ပါက လည်လှီးခြင်း ပြုထားသည်ဟုမှတ်ယူနိုင်သည်။ စုံစမ်းရန် မလိုအပ်ပါ။[၁၆]

ဟလာလ်သားကောင်များကို လည်လှီးခြင်းအပေါ် ကြပ်မတ်ခြင်း

အီရန်နိုင်ငံနှင့် အချို့သော အစ္စလာမ်မစ်နိုင်ငံတို့တွင် စားသုံးသော အသားများကို တရားတော်အရ ဇေဘာပြုလည်လှီးခြင်းသတ်ဖြတ်ခြင်းနှင့် အမဲလိုက်ခြင်းအပေါ် သက်ဆိုင်ရာမှစောင့်ကြပ်မှုများရှိပေသည်။[၁၇] အီရန်နိုင်ငံတွင် သားကောင်များကို တရားတော်အရလည်လှီးခြင်းနှင့် အမဲလိုက်ခြင်းဥပဒေကို အီရန်ခုနှစ် 1387 ခုနှစ်တွင် လွှတ်တော်အဆိုပြု၍ ထောက်ခံပြဌားန်ခဲ့သည်။[၁၈] ပိုမိုရှာဖွေလေ့လာရန် သန့်စင်ခြင်း(သဇ်ကီယာ) ၊ တရားတော်အရ ဇေဘာပြု(လည်လှီးခြင်း) ၊ ဟရာမ်အသား အောက်ခြေမှတ်ချက်

မှတ်စုများ

  1. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ မဇ်ဟဗ်အဟ်လေဘိုသ်(အ စ)ဖြင့်ကိုက်ညီသော ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၃၊ စာမျက်နှာ ၄၀၈
  2. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ မဇ်ဟဗ်အဟ်လေဘိုသ်(အ စ)ဖြင့်ကိုက်ညီသော ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၂၊ စာမျက်နှာ ၄၂၆။
  3. နဂျဖီသိုကြည့်ပါ၊ ဂျဝါဟိရ်အလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၅၊ စာမျက်နှာ ၂၈၇။
  4. နဂျဖီသိုကြည့်ပါ၊ ဂျဝါဟိရ်အလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၁၂၊ စာမျက်နှာ ၂၃၆။
  5. စဗ်ဇ်ဝါရီသိုကြည့်ပါ၊ မဇ်ဟဗ်အလ်ကလာမ်၊ ဟိဂျရီ ၁၄၁၃၊ အတွဲ ၂၃၊ စာမျက်နှာ ၂၉။
  6. နဂျဖီသိုကြည့်ပါ၊ ဂျဝါဟိရ်အလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၈၊ စာမျက်နှာ ၂၅၇။
  7. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ မဇ်ဟဗ်အဟ်လေဘိုသ်(အ စ)ဖြင့်ကိုက်ညီသော ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၃၊ စာမျက်နှာ ၄၀၈။
  8. အေမာမ်ခိုမေနီ၊ ရေဆာလဟ် သောဝ်ဇီဟူလ်မဆာအိလ်၊ ဟိဂျရီ ၁၄၂၆၊ စာမျက်နှာ ၅၅၅။
  9. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ မဇ်ဟဗ်အဟ်လေဘိုသ်(အ စ)ဖြင့်ကိုက်ညီသော ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၃၊ စာမျက်နှာ ၄၀၈။
  10. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၄၊ အတွဲ ၂၊ စာမျက်နှာ ၂၅၅ နှင့် ၂၅၆။၁၀။ ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၄၊ အတွဲ ၂၊ စာမျက်နှာ ၂၅၅ နှင့် ၂၅၆။
  11. အေမာမ်ခို‌ေမနီ၊ သဟ်ရီရ်ရူလ်ဝဆီလဟ်၊ ဟိဂျရီ ၁၄၂၅၊ အတွဲ ၃၊ စာမျက်နှာ ၂၇၅ - ၂၇၉။
  12. နဂျဖီ၊ ဂျဝါဟိရ်အလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၃၆၊ စာမျက်နှာ ၃၁၀။
  13. အေမာမ်ခို‌ေမနီ၊ သဟ်ရီရ်ရူလ်ဝဆီလဟ်၊ ဟိဂျရီ ၁၄၂၅၊ အတွဲ ၃၊ စာမျက်နှာ ၂၇၅။
  14. ဒါအေရသွလ်မအာရိဖ် ဖိက်ဟ်ဖာရ်စီဌာန၊ မဇ်ဟဗ်အဟ်လေဘိုသ်(အ စ)ဖြင့်ကိုက်ညီသော ဖရ်ဟန်ရ်ဖိက်ဟ်၊ အီရန်သက္ကရာဇ် ၁၃၈၇၊ အတွဲ ၂၊ စာမျက်နှာ ၂၅၅။
  15. နဂျဖီ၊ ဂျဝါဟိရ်အလ်ကလာမ်၊ ဟိဂျရီ ၁၄၀၄၊ အတွဲ ၃၆၊ စာမျက်နှာ ၃၄၂။
  16. ဘနီဟာရှင်မ်မီ ခိုမေနီ၊ သောဝ်ဇီဟူလ်မဆာအိလ် မရာဂျေအ်၊ မဆ်အလဟ် ၈၈၊ ဖူရ်သာလ် အန်ဟာရ်။،
  17. (အစ္စလာမ်မီနိုင်ငံ ၅၇နိုင်ငံတွင် ရှရီအသ်အရလည်လှီးရန်ဥပဒေဖြစ်မြောက်ရေး)၊ ဟကီးမ်မဟ်ရ်သတင်းဌာနဆိုဒ်။،
  18. ( ရှရီအသ်အရ လည်လှီးရန် နှင့် အမဲလိုက်ရန် ထိန်းသိမ်းရေးဥပဒေသ)၊ သုတေသီများ၏ အစ္စလာမ်မစ်ကောင်စီအစည်းအဝေးဌာနချူပ်။،

ကျမ်းကိုးမျာ