ဟလာလ်

wikishia မှ

ဟလာလ်(အာရဗီ-الحلال)သည် ဟရာမ်၏ဆန့်ကျင်ဘက်ဖြစ်ပြီး အသိဉာဏ် နှင့် သာသနာ့အမြင်အရ တရား‌ဝင် ခွင့်ပြုထား သော ကိစ်စရပ်များဖြစ်သည်။ အချို့သောဓမ္မသတ်ရင်းမြစ်များ၌ ဟလာလ် ဟူသော စကားလုံးအား မုဘာဟ် နှင့်တန်းတူရှု့မြင်သုံးသပ်ထားကြသည်။ သို့သော် ထိုနှစ်ခုကြား ကွာခြားချက်ကိုမူ ပြောထားသည်မှာ ဟလာလ် သည် တာဝန်ရှိသူအပေါ်သို့တိုက်ရိုက်သက်ရောက်သောလုပ်ရပ်ဆိုင်ရာ ဥပဒေသများ၌ပါဝင်ခြင်းမရှိပဲ မိုဘာဟ် နှင့်ယှဉ်လျှင် ပို၍ယေဘုယျဆန်သည်။ အကြောင်းမှာ မိုဘာဟ်တိုင်းသည် ဟလာလ်ဖြစ်သော်လည်း ဟလာလ် တိုင်းသည် မိုဘာဟ် မဟုတ်ပေ။ ဓမ္မသတ်ပညာရှင်များ၏အမြင်အရ တစ်စုံတစ်ရာ၏ ဟလာလ် သို့မဟုတ် ဟရာမ်ဖြစ်ခြင်းကို သံသယဝင်ပါက ဟလာလ်ဖြစ်ခြင်းဥပဒေသအရ ထိုအရာသည် ဟလာလ်ဖြစ်သည်ဟု ပြဌာန်းရမည်။ ရေဝါယတ်တော်များတွင် ရိုဇီ/စီးပွားရှာဖွေရာ၌ ဟလာလ်၊ဟရာမ်ဥပဒေသများအား သင်ယူရန်တိုက်တွန်းထားပေသပေ။ ခရစ်နှစ်၂၀၀၇ခုနှစ်၌ ကမဘာလုံးဆိုင်ရာဟလာလ်အဖွဲ့စီးအား ဟလာလ်ယဉ်ကျေးမှု့ထွန်းကား လာစေရန် ဖွဲ့စည်းအာတည်ထောင်ခဲ့ကြသည်။ ထို့အတူ ရမ်ဇာန်လမြတ်၁၇ရက်နေ့အား ကမ္ဘာလုံးဆိုင်ရာဟလာလ် နေ့ရက် အဖြစ်အမည်ပေးခဲ့ကြသည်။

အဓိပ္ပါယ်သိရှိခြင်း

ဟလာလ်သည် ဟရာမ်၏ဆန့်ကျင်ဘက်ဖြစ်ပြီး အသိဉာဏ် နှင့် သာသနာ့အမြင်အရ ခွင့်ပြုထား သော ကိစ်စရပ်များဖြစ်သည်။ ထပ်မံရှင်းလင်မည်ဆိုပါက ဟရာမ်ဖြစ်ခြင်းဥပဒေသ ၎င်းအပေါ်မှရုတ်သိမ်းခြင်းခံရ ပြီး ၎င်းကိုလုပ်ဆောင်ခြင်း နှင့် မလုပ်ဆောင်ခြင်းအားဖြင့် အပြစ်မဖြစ်စေနိုင်ပါ။ ဟလာလ်သည် အဘိဓာန်၌ အထုံးဖြည်ခြင်း၊ဖွင့်ခြင်း ဟုအဓိပါယ်ရသည်။ အလီအက်ဘဲရ်ကဲရ်ရှီ၏ ပြောကြားချက်အရ ဟိလ် ဆိုသည်မှာ ဟလာလ် ဟုဆိုလိုပြီး တစ်စုံတစ်ခု၌ဖွင့်ခြင်း၊လှစ်ဟခြင်း ဖြစ်ပြီး ဟလာလ်ဆိုသည် မှာ ထိုအရာသည် တားမြစ်ထားခြင်းမှ ဖွင့်လှစ်ဖယ်ရှားခြင်းခံရခြင်းဖြစ်သည်။ အချို့သောသုတေသီများ၏ပြောကြားချက်အရ -ခွင့်ပြုသည် -ယဂျူးဇ်-ဟူသောအသုံးမှာ ဓမ္မသတ်ပညာရှင်များ ၏စကား၌ တစ်ခါတရံ -ယဆိဟ်- မှန်ကန်သည်(တစ်စုံတစ်ရာသည်မှန်ကန်သည်) ဟုဆိုလို၍ တစ်ခါတရံ၌လည်း -ယဟိလ်-(တစ်စုံတစ်ခု ဟလာလ်ဖြစ်ခြင်း)ဖြစ်ပြီး သာသနာမှတားမြစ်ထားခြင်းမရှိသောကိစ်စရပ်များ၌ သုံးသည်။ အေမာမ်ဆွာဒိက် (အ.စ) ၏ရေဝါယတ်တော်၌တင်ပြထားသည်မှာ မှန်ကန်သူတစ်ဦးထံမှ ဟဒီးဆ်တော်တစ်ပါးအားသင်ယူခြင်း သည် ဒွန်ယာလောကီနှင့် ရွှေ၊ငွေတို့ထက်ပင် သာလွန်တန်ဖိုးကြောင်းသိထားသည်။

မိုဘာဟ်နှင့်ကွာခြားချက်

အချို့က ဟလာလ် စကားလုံးအား မိုဘာဟ်နှင့်အဓိပ္ပါယ်တူသည်ဟု သိထားကြသည်။ အခြားသောသူအချို့ကမူ ဤ စကားလုံးနှစ်လုံးကြား၌ ကွာဟချက်ကိုဖော်ပြကြပြီး ထိုကွာခြားချက်များကို အောက်ပါအတိုင်းသတ်မှတ်ဖော် ပြထားသည်။ ဓမ္မသတ်၌ ဟလာလ်ဆိုသည်မှာ ဟရာမ်၏ဆန့်ကျင်ဘက်တွင်လာရှိပြီး ဟရာမ်မဟုတ်သောမိန့်ရပ်များအားလုံး ကို အကြုံးဝင်သည်။ ဥပမာအားဖြင့်ဆိုရသော် ဝါဂျိဘ်မွစ်သဟက်ဘ်မက်ရူးဟ်တို့ကိုလည်း အကြုံးဝင်ပေ သည်။ ထို့ကြောင့်ပင် ဟလာလ်သည် မိုဘာဟ် ထက်ပိုမိုကျယ်ပြန့်သည်။ ဆိုလိုသည်မှာ မိုဘာဟ် တိုင်းသည် ဟလာလ်ဖြစ်သော်လည်း ဟလာလ်တိုင်းသည် မိုဘာဟ် မဟုတ်ကြပါ။ ဥပမ မက်ရူဟ်သည် ဟလာလ် ဖြစ်သော်လည်း မိုဘာဟ် မဟုတ်ပါ။ မိုဘာဟ်သည် တာဝန်ရှိသောဥပဒေသတစ်မျိုးဖြစ်ပြီး တာဝန်ရှိသူ၏လုပ်ရပ်အပေါ်သို့တိုက်ရိုက်ချိတ်ဆက်ထား သည်။ သို့သော် ဟလာလ်သည် အခြေအနေကိုဖော်ပြသောဥပဒေသတစ်မျိုးဖြစ်ပြီး အပြင်၌ရှိနေသော ဖြစ်တည်မှု့နှင့်ချိတ်ဆက်ထားသည်။ ဟလာလ်သည် ပိတ်ဆို့မှု့အထုံးများကို ဖွင့်ဟခြင်း နှင့် တားမြစ်ချက်များကိုဖယ်ရှားခြင်းဖြစ်သည်။ သို့သော် မိုဘာဟ် ဆိုသည်မှာ လုပ်ဆောင်ရန် နှင့် ရှောင်ကြဉ်ရန် လုပ်ဆောင်ချက်များအားကျယ်ပြန့်စေခြင်း ဖြစ်သည်။

ဟလာလ်ဖြစ်ခြင်းဥပဒေသ

ဓမ္မသတ်ဥပဒေသများအရ ဟလာလ် သို့မဟုတ် ဟရာမ်ဖြစ်ခြင်းအပေါ်သံသယဖြစ်သော မိန့်ရပ်လုပ်ဆောင်ချက် များ၌ လုပ်ပိုင်ခွင့်ရှိခြင်းကို သက်သေပေးသည်။ ဤဥပဒေအရ တစ်စုံတစ်ရာအာ ဟလာလ် သို့ ဟရာမ်ဖြစ်ခြင်းအား သံသယဖြစ်ပါက ထိုအရာသည် ဟလာလ်ဖြစ်သည်ဟုသတ်မှတ်ရမည်။ ဤဥပဒေအား အတည်ပြုရန် စူရာဘကရာ၏အာယတ်တော်အမှတ်(၂၉)ဖြစ်သော -ထိုသူသည် မြေပြင်ပေါ်ရှိအရာဟူသမျှအား အသင်တို့အတွကဖန်ဆင်းခဲ့ပေသည်။ ထို့ပြင်လည်း ဟဒီးစ်တော်တစ်ပါးဖြစ်သော -ထိုအရာသည် ဟရာမ်ဖြစ်နေ ခြင်းအား မုချသိနေသည့်အရာမှလွဲ၍ အရာတိုင်းသည် အသင့်အပေါ် ဟလာလ်ဖြစ်ပေသည်။- ဆိုသည်အား ကိုးကားထားသည်။

ဟလာလ်ရိုဇီရိကခာ

ဟလာလ်ရိုဇီဆိုသည်မှာ တရားတော်၏ဥပဒေသအတိုင်း စည်းဘောင်အတွင်း၌ရှာဖွေစုဆောင်းထားသော ဝင်ငွေကိုဆိုလိုပြီး ထိုအရာ၌ အသျှင်မြတ်၏ရပိုင်ခွင့်များ ဥပမာ ခွမ်းစ် နှင့် ဇကားသ်အားလိုက်နာထားရမည်။ ထို့အတူ ထိုအရာ၌ သူတစ်ပါး၏ရပိုင်ခွင့်လဲ မပါရှိရပေ။ ရေဝါယတ်တော်များ၌ ဟလာလ်ရိုဇီရှာဖွေရန် အရေးပါပုံအား ညွှန်ပြထားသည်။ အေမာမ်ဆွာဒိက် အ.စ ၏ ရေဝါယတ်တော်တစ်ပါး၌ ဟလာလ်ရိုဇီအတွက်အားထုတ်သူအား အလ္လဟ်လမ်း၌ဂျဟားဒ်ပြုအားထုတ်သူနှင့်နှိုင်းယှဉ်ဖော်ပြထားသည်။ ထို့အတူ မြတ်တမန် (ဆွ )ထံမှ ရေဝါယတ်တော်တစ်ပါးအား ဆင့်ပြန်ထားရာ၌ ခဝပ်ကိုးကွယ်မှု့တွင် အပိုင်း(၇၀)ရှိသည်ဟုဖော်ပြထားပြီး ထိုအရာ၏အမြင့်မားဆုံးအပိုင်းမှာ ဟလာလ်ရိုဇီရှာဖွေခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာဟလာလ်အဖွဲ့စီး

ကမ္ဘာလုံးဆိုင်ရာဟလာလ်အဖွဲ့စီးအား ဟလာလ်ယဉ်ကျေးမှု့ထွန်းကားလာစေရန်ရည်ရွယ်၍ ခရစ်နှစ်၂၀၀၇ ၌တည်ထောင်ခဲ့သည်။ ဤအဖွဲ့စီးသည် စက်မှု့လက်မှု့နှင့် စားသောက်ကုန်လုပ်ငန်းများ၊ ဆေးဝါးနှင့်အလှအပ ဆိုင်ရာများ၊ စားသောက်ဆိုင်နှင့်ဟော်တယ်များ၊ ခရီးသွားလုပ်ငန်း၊ အားကစားနှင့်ဟလာလ်ဖျော်ဖြေရေးလုပ်ငန်း များ၌ ကြိုးပမ်းလျက်ရှိသည်။(၂၃) ထို့အတူ ရမ်ဇာန်လမြတ် ၁၇ ရက်နေ့အား ကမ္ဘာလုံးဆိုင်ရာဟလာလ်နေ့အဖြစ် အမည်ပေးထားသည်။(၂၄) အိက်နာသတင်းဌာန၏တင်ပြချက်အရ ရမ်ဇာန်လမြတ် ၁၇ ရက်နေ့၌ - ယာအိုင်းယုဟန်း နားစ် ကုလူ မင်းမာ ဖိလ်အရ်ဒ်ွ ဟလားလန် တွိုင်းယိဘန် - အိုလူသားအပေါင်းတို့-မြေပြင်၌ရှိသည့် သန့်စင်၍ဟလာလ်ဖြစ်သောအရာများကို စားသုံးကြပါ။-(၂၅)ဟူသော အာယတ်တော်ကျရောက်ခဲ့ခြင်းကြောင့် ဤနေ့အား ကမ္ဘာလုံးဆိုင်ရာဟလာလ်နေ့အဖြစ် အမည်ပေးထားခြင်းဖြစ်သည်။(၂၆) နှစ်တိုင်းပင် ဤနေ့၌ ကမ္ဘာလုံးဆိုင်ရာဟလာလ်အထိမ်းအမှတ်ညီလာခံကို ကျင်းပကြပြီး အရေးပါဆုံးသော အဖြစ်အပျက်များ၊ အကြောင်းအရာများ နှင့် ဟလာလ်စက်မှု့လက်မှု့လုပ်ငန်း၏စိန်ခေါ်မှု့များ ကို တင်ပြဆွေးနွေး ကြသည်။(၂၇) ဤညီလာခံသည် အီရာန်နိုင်ငံ၌ပထမဆုံးအကြိမ်အဖြစ် သီးရ်လ ၁၅ရက်နေ့ နေနှစ်၁၃၉၃ခုနှစ်တွင် ဖြစ်၍ သဲဟ်ရာန်မြို့တော် မီလားဒ်မျှော်စင်၏ ညီလာခံများဗဟိုဌာန၌ ကျင်းပခဲ့ကြခြင်းဖြစ်သည်။(၂၈)