ဟမ္မာလသုလ်ဟသွက်ဘ်

wikishia မှ

ဟမ္မာလသုလ်ဟသွက်ဘ် ဆိုသည်မှာ ထင်းသယ်သည့်သူ ဖြစ်ပြီး ကုရ်အာန်မှ အဘူလဟက်ဘ်၏ ဇနီးအကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။ အဘူလဟက်ဘ်၏ ဇနီးသည်၊ အဘူစိုဖီယားန်၏ ညီမ၊ မိုအာဝီယဟ်၏ အဒေါ် ဖြစ်သည်။ (2) သူမ၏ အစွဲပြုခေါ်ဆိုသော အမည်မှာ အွမ်မေဂျမီးလ် ဖြစ်ပြီး သူမ၏ အမည်မှာ အာရ်ဝီ၊ ဂျမီလဟ် (3) နှင့် ဆွခ်ရဟ် (4) ဖြစ်သည်။ ထိုဖော်ပြချက်သည် စူရဟ် မစက်ဒ်၌ လာရှိထားသည်။ (5) ကုရ်အာန်တွင် ဤကဲ့သို့ဖော်ပြချက်အား အဘယ်ကြောင့်အသုံးပြုရသနည်းဟူသည့်အချက်အချို့ကို ဖော်ပြထားပါသည်။ အွမ်‌ေမဂျမီးလ် သည် သဲကန္တာရ ဆူးပင်များကို သယ်ဆောင်လာလေ့ရှိပြီး တမန်တော်မြတ်(ဆွ) နမာဇ် ဝတ်ပြုရန် သွားသည့်အခါ ထိုဆူးပင်များကို စိတ်အနှောင့်အယှက်ဖြစ်စေရန်

  • တမန်တော်မြတ်(ဆွ) ၏ ခြေတော်ရင်းရှေ့တွင် ပစ်ချလေသည်။ (6)
  • အွမ်မေဂျမီးလ်သည် သူမလုပ်ခဲ့သည့် လုပ်ရပ်ဖြင့် ဂျဟန္နာမ်ငရဲပြည်တွင် သူမ၏ ငရဲမီး နှင့် ငရဲမီးထင်းများကို သူမကိုယ်တိုင် သယ်ဆောင်လာမည် ဖြစ်သည်။ (7)
  • သူမသည် တမန်တော်မြတ် ဆွ အား ဆင်းရဲသား ဟူ၍ လှောင်ပြောင်ပေသည်။ ထို့နောက် အရှင်မြတ်သည်လည်း ထိုဂုဏ်ပုဒ်(ဟမ္မာလသုလ်ဟသွက်ဘ်)ဖြင့်၊ သူမကို လှောင်ပြောင်ခဲ့သည်။ (8)
  • ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် သူမဟ လှောင်ပြောင်သော စကားများမှ ရယူထားခြင်း ဖြစ်သည်။ (9) နမူနာ သဖ်စီးရ်၌ လာရှိထားသည်မှာ ဤကိစ္စများ နှင့်ပတ်သက်ပြီး မည်သည့် ဆန့်ကျင်ဘက်အဆိုများ မရှိကြောင်း ဖော်ပြထားပြီး၊ ၎င်းတို့အားလုံးကို အာယသ်တော်၏ အနက်အဓိပ္ပာယ် ဖြစ်သည်ဟူ၍ ယူဆထားသည်။ (10)