ဟမီးမ်

wikishia မှ

ဟမီးမ် ဆိုသည်မှာ ပြင်းထန်သောအပူရှိန်‌ကို ဆိုလိုသည်။ ကုရ်အာန်ကျမ်းမြတ်၌ အပယ်ငရဲသားများကို တိုက်ကျွေးသည့် ဆူပွက်နေသောရေ ရည်ညွှန်းပေသည်။ ထို့အပြင် လူသားတစ်ဦးနှင့် နီးစပ်သူဟုလည်း သုံးနှုန်းသည်။ ဤစကားလုံးကို ကုရ်အာန်၌ အကြိမ်နှစ်ဆယ် ဖော်ပြထားသည်။ (1) သဖ်စီးရ် ပညာရှင်များ နှင့် ကုရ်အာန်ပညာရှင်များသည် ကုရ်အာန်တွင် ဟမီးမ်၏ အနက်အဓိပ္ပါယ် နှစ်ခုရှိသည်ဟု ယုံကြည်ထားကြသည်။ ၎င်းတို့မှာ ရေနွေးပူပူ (2) ဖြစ်ပြီး ယင်ူအား အပယ်ငရဲသားများကို တိုက်ကျွေးပေမည်။ (3) ဟမီးမ်သည် စူရဟ် ဆွာဒ် အာယသ် ၅၇ َذَا فَلْیذُوقُوهُ حَمِیمٌ وَ غَساقٌ (4) နှင့် စူရဟ် ယူနွစ် အာယသ် ၄ وَ الَّذِینَ کفَرُوا لَهُمْ شَرَابٌ مِنْ حَمِیمٍ وَ عَذَابٌ أَلِیمٌ بِمَا کانُوا یکفُرُونَ (5) တို့၌ လာရှိထားပြီး ထိုအနက်အဓိပ္ပါယ်ကို ရည်ညွှန်းပေသည်။ ဖခ်ရ်ရာဇီသည် မဖှာသီဟုလ်ဂိုင်းဘ် ၌ ကောက်နုတ်ဖော်ပြထားသည်မှာ ဤအာယသ်တော်၌ ဟမီးမ်၏ အဓိပ္ပါယ်မှာ ကြေးနီအအရည်ပျော်ရေ ဖြစ်သည်။ (6) လူသားနှင့် နီးစပ်သူ ဖြစ်သည်။ ဟမီးမ်သည် စူရဟ် ရှိုအ်ရာ အာယသ် ၁၀၁ (وَ لَا صَدِیقٍ حَمِیمٍ) (7) နှင့် စူရဟ် မအ်ရာဂ်ျ အာယသ် ၁၀ (وَ لَا یسْأَلُ حَمِیمٌ حَمِیمًا) (8) ၌ ဤအနက်အဓိပ္ပါယ် ရှိပေသည်။ သဖ်စီးရ်ပညာရှင်များသည် ဤအာယသ်တော်များ၌ လာရှိထားသည့် ဟမီးမ်၏ အနက်အဓိပ္ပါယ်ကို နီးစပ်ခြင်း (9) ကရုဏာဖြင့် နီးနီးကပ်ကပ် ရှိခြင်း (10) ဟုဆိုထားသည်။ လူ့ပြဿနာများ နှင့် ပြဿနာများကို နီးကပ်စွာ ပူပန်တတ်သူကို (11) နီးကပ်စွာထောက်ခံသူ (12) ဟူ၍ ဖွင့်ဆိုကြသည်။ အလ်သဟ်ကီးက် ဖီကလမာသုလ် ကုရ်အာန်နုလ်ကရီးမ် စာအုပ် ရေးသားသူ ဟစန်မုဆ်ွသွဖှဝီ (ဟီဂျရီ ၁၃၈၄ ကွယ်လွန်) ၊ လက်ခံထားသည်မှာ ၊ ဟမီးမ်သည် အဓိပ္ပါယ် အမျိုးမျိုး ရှိပေသည်။ ပြင်းထန်သော အပူရှိန်၊ မည်းမှောင်ခြင်း၊ နီးစပ်မှု နှင့် တည်ရှိမှု တို့ဖြစ်ပြီး ဤအဓိပ္ပါယ်များ အားလုံးသည် အလွန်အမင်း ပူပြင်း‌ေသာ အပူရှိန်သို့ ရည်ညွှန်းသည့် အသံ နှင့် ရည်ရွယ်ချက် တစ်မျိုးကို ဖော်ဆောင်နေပေသည်။ ဥပမာအားဖြင့်၊ အချို့သော စမ်းရေတွင်းများကို ဟမီးမ် ဟုခေါ်လျှင် ထိုစမ်းရေတွင်းများတွင် အပူရှိန် ရှိနေခြင်းကြောင့် ဖြစ်ပြီး၊ လူနှင့်နီးစပ်သူကို ဟမီးမ် ဟုခေါ်လျှင်၊ ၎င်း၏ ပြင်းထန်သော ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။ ထို့အပြင် ဟမီးမ် ကို မီးသွေးအတွက် အသုံးပြုပါက သစ်သားသည် ပြင်းထန်သော အပူရှိန် နှင့် မီးဖြင့် မည်းသွားကာ မီးသွေးအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ (13) ဒါကြောင့် ဟမီးမ် ဆိုသည်မှာ ပူခြင်း အမျိုးအစား တစ်ခုခုကို ဆိုလိုပေသည်။ မည်သည့် ရုပ်ပိုင်းဆိုင်ရာအပူ ပွက်ပွက်ဆူနေသောရေ သို့မဟုတ် နာမ်ပိုင်းဆိုင်ရာအပူ (အရမ်းချစ်သော သူငယ်ချင်း အဆွေခင်ပွန်း နှင့် အုပ်ထိန်းသူကဲ့သို့) ဖြစ်ပေသည်။ (14)