ဟဖ်ဟာဖ် ဗင်န် မိုဟတ်နဒ် ရာစိဗီ

wikishia မှ

ဟဖ်ဟာဖ် ဗင်န် မိုဟတ်နဒ် ရာစိဗီ (ဟီဂျရီ ၆၁ ရှဟီးဒ်) သည် ဘဆွရဟ် ရှီအဟ်များ နှင့် ကရ်ဘလာ ရှိုဟဒါများ အနက်မှ တစ်ဦး ဖြစ်ပြီး အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ် ဖြစ်ပြီးနောက် ၎င်းရှဟီးဒ် ဖြစ်ခဲ့သည်။ ၎င်းသည် ဆွီဖီးန် တိုက်ပွဲတွင် အေမာမ်အလီ (အစ) ၏ နောက်လိုက်သားများ အနက်မှ ဖြစ်ခဲ့ဖူးပြီး အေမာမ်ဟိုစိုင်းန်(အစ) အီရတ်နိုင်ငံသို့ ခရီးနှင်လာသည့် သတင်းကို ၎င်းသည် အေမာန်ထံ ထွက်လာခဲ့သည်၊ သို့သော် အာရှုရာနေ့ အေမာမ်ဟိုစိုင်းန်(အစ) ရှဟီးဒ်ပြီးနောက် ကရ်ဘလာ သို့ ရောက်ရှိပြီး အွမရ် ဗင်န် စအ်ဒ်၏ စစ်တပ်နှင့် တိုက်ခိုက်ပြီး ရှဟီးဒ် ဖြစ်သွားခဲ့သည်။ ရှီအဟ် ဟဒီးစ် ကိုးကားသူ မာမကာနီ (ဟီဂျရီ ၁၃၅၁ ကွယ်လွန်) ၏ အဆိုအရ၊ ဟဖ်ဟာဖ် ဗင်န် မိုဟတ်နဒ် သည် ဘဆွရဟ် ၏ ရဲရင့်သော မြင်းစီးသူများထဲမှ တစ်ဦးဖြစ်ပြီး စိတ်ရင်းမှန်သော ရှီအဟ်များထဲမှ တစ်ဦးဖြစ်သည်။ (1) ၎င်းသည် အေမာမ်အလီ (အစ) ၏ နောက်လိုက်သားများ အနက်မှ ဖြသ်ပြီး ဆွီဖီးန် စစ်ပွဲတွင် ပါဝင်ခဲ့သည်။ ဖော်ပြချက် တစ်ခုအရ၊ ဤစစ်ပွဲတွင် ၎င်းသည် အေမာမ်အလီ(အစ) ဘက်မှ ဘဆွရဟ် အဇ်ဒီယားန် ၏ တပ်မှုးတာဝန်ခံ ဖြစ်သည်။ (2) ၎င်းအား အေမာမ်ဟိုစိုင်းန်(အစ) နောက်လိုက်သား အနက်မှ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ (3) ဟဖ်ဟာဖ် ဆိုသည်မှာ အဘိဓာန်၌ ပိန်သောသာ ကိုဆိုလိုသည်။ (4) ဖဇွီးလ် ဗင်န် ဇိုဘိုင်းရ် ကူဖီ (ဟီဂျရီ နှစ်ရာစု၌ ကွယ်လွန်) ၊ ဇိုင်ဒီယဟ် အိုလမာ ပညာရှင် အလ်မုရ်ရှီဒ် ဘိလ္လာဟ် (ဟီဂျရီ ၄၇၉ ကွယ်လွန်) နှင့် ဇိုင်ဒီယဟ် တို့၏ အလင်းဖွင့်ဆိုသု ပညာရှင်များမှ ဖြစ်သည့် ဟိုမိုင်းဒ် ဗင်န် အဟ်မဒ် မိုဟလ္လီ (ဂီဂျရီ ၆၅၂ ကွယ်လွန်) တို့မှ ဖော်ပြထားသည်မှာ ၊ ဟဖ်ဟာဖ်သည် အေမာမ်ဟိုစိုင်းန် (အစ) အီရတ်နိုင်ငံသို့ ထွက်ခွာလာကြောင်း သိရှိခဲ့ပြီး ၎င်းထံသို့ အပြေးအလွှားသွားခဲ့သည်။ သို့သော် အေမာမ် ရှဟီးဒ်ဖြစ်ပြီးနောက် စစ်မြေပြင်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် သူသည် အွမရ် ဗင်တ် စအ်ဒ်၏ စစ်တပ်ထဲသို့ဝင်ပြီး မိမိ၏ ဓားကို ဆွဲထုပ်ကာ “အို မိုဂျဟီဇ် တပ်သားများ၊ ကျွန်ုပ်သည် ဟဖ်ဟာဖ် ဗင်န် မိုဟတ်နဒ် ဖြစ်ပြီး တမန်တော်မြတ်(ဆွ) ၏ အိမ်သူအိမ်သားများ၏ နောက်လိုက်သား ဖြစ်သည်။ “ ဟူ၍ ဝါကြွား‌ဂုဏ်ယူ‌ေသာ က‌ဗျာကို ဖတ်ခဲ့သည်။ ထို့နောက် ၎င်းသည် အွမရ် ဗင်န် စအ်ဒ် ၏စစ်တပ်နှင့် စစ်တိုက်ခဲ့ပြီး ၎င်းတို့အများအပြားကို သတ်ခဲ့သည်။ နောက်ဆုံး၌ ‌၎င်းအား ရှဟီးဒ် လုပ်ခဲ့ကြသည်။ (5) ထိုဖော်ပြချက်၏ ဆက်တွဲ၌ ၊ အေမာမ်စဂျာဒ်(အစ) မှ ဟဖ်ဟာဖ် အားချီးမွန်းထားခြင်း နှင့် ပတ်သက်ပြီး ဖော်ပြထားသည်မှာ “ လူသားများသည် တမန်တော်မြတ်(ဆွ) တမန်တော်အဖြစ် စတင်ဖူးပွင့်သည့် အချိန်မှစပြီး၊ အေမာန်အလီ(အစ) ပြီးနောက် ဟဖ်ဟာဖ် ကဲ့သို့သော စစ်သည်တော် မြင်းစီးသူရဲကို မတွေ့ဖူးပေ။ “ (6) ဒေါနီရှ်နာမေယေ အေမာမ်ဟိုစိုင်းန်(အစ) ၌ လာရှိထားသည်မှာ ၊ ရှေးကျမ်းစာများတွင် ဟဖ်ဟာဖ် ၏အမည်ကို ဖဇွီးလ် ဗင်န် ဇိုဘိုင်းရ် ရေးသားသော သစ်မီယဟ် မင်န် ကိုသိလ မအလ် ဟိုစိုင်းန် စာအုပ်တွင်သာ ဖော်ပြထားသည်။ (7) ဟဖ်ဟာဖ်၏ အမည်သည် ဇေယာရက်သေ ရှိုဟဒါ အေမာမ်ဇမာန်(အဂျ) (8) နှင့် ဇေယာရက်သေ ရဂျဘီယဟ် အေမာမ်ဟိုစိုင်းန်(အစ) (9) တို့၌ မဖော်ပြထားပေ။