ဟဒီးစ်များကို လုပ်ကြံဖန်တီး ရေးသားခြင်း

wikishia မှ

ဟဒီးစ်များကို လုပ်ကြံဖန်တီး ရေးသားခြင်းဟဒီးစ် အတုပြုလုပ်ခြင်းဟဒီးစ်များ တည်ဆောက်ခြင်း နှင့် ထိုဟဒီးစ်များကို တမန်တောမြတ်(ဆွ) နှင့် မအ်စူမ်(အစ) များအား ပတ်သက်မှုပေးခြင်း ဖြစ်သည်။ ဟဒီးစ် လုပ်ကြံဖန်တီး ရေးသားခြင်းသည် တစ်ခါတစ်ရံတွင် ဟဒီးစ်တစ်ခုပြုလုပ်ခြင်း ပုံစံဖြင့် ပြုလုပ်ကြပြီး တစ်ခါတစ်ရံတွင် ဟဒီးစ်တော်သို့ စကားစုတစ်ခု ထပ်ပိုထည့်လိုက်ခြင်း သို့မဟုတ် ၎င်း၏အသုံးအနှုန်းများကို ပြောင်းလဲလိုက်ခြင်းဖြင့် ပြုလုပ်ကြသည်။ ဟဒီးစ်များကို လုပ်ကြံဖန်တီး ရေးသားခြင်းသည် တမန်တော်မြတ်(ဆွ) အသက်ရှင်နေသည့် ကာလ၌ အစပြုခဲ့ပြီး ၎င်းပြန့်ပွားခြင်းသည် မိုအာဝီယဟ် ဗင်န် အဘူစိုဖီယားန် အာပ်ချုပ်သည့် ခေတ်၌ ဖြစ်သည် ။ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများအား လျှော့ချခြင်း၊ မိုအာဝီယဟ် ၏ ဘုရင်စနစ်အုပ်ချုပ်မှုကို တရားဝင်သတ်မှတ်ခြင်း နှင့် ဂိုဏ်းခွဲများအပေါ် အယူသီးမှုများသည် ဟဒီးစ်ကို လုပ်ကြံဖန်တီး ရေးသားခြင်း၏ ရည်ရွယ်ချက်များ အနက်မှ တစ်ခုဖြစ်သည်။ ဟဒီးစ်ကို လုပ်ကြံဖန်တီး ရေးသားခြင်းသည် အဲဟ်လေဗိုု်သ်(အစ)၏ စစ်မှန်သော ဟဒီးစ်များကို ငြင်းပယ်ခြင်း နှင့် မှန်ကန်သော ဟဒီးစ်များဘရရှိရန် ခက်ခဲစေသည့် အကျိုးဆက်များ ရှိခဲ့သည်။ ရှီအာ ပညာရှင်များ၏ ရှုထောင့်အရ ၊ အဘူဟိုရိုင်ရဟ် ၊ ကအ်ဘုလ်အဟ်ဘာရ် ၊ အွဗ္ဗိုင် ဗင်န် အက်ဘ် နှင့် အိဗ်နေ အဘီလ် အောင်ဂျအ် တို့သည် ဟဒီးစ်များအား လုပ်ကြံဖန်တီး ရေးသားပြုလုပ် ကြသူများ ဖြစ်ကြသည်။ ဟဒ္ဒီးစ် လုပ်ကြံဖန်တီး ရေးသားခြင်း နှင့်ပတ်သက်ပြီး စာအုပ်များစွာ‌က်ု ရေးသားခဲ့ကြပြီး ၎င်းတို့မှ အချို့မှာ အလ်မောင်ဇူအာသ် အိဗ်နေ ဂျောင်ဇီ စာအုပ် (ဟီဂျရီ ၅၉၇ ကွယ်လွန်) ၊ ဂျလာလုလ် ဒီးနေစီယသူသွီ (ဟီဂျရီ ၉၁၁ကွယ်လဠန်) ရေးသားထားသည့် အိလ်အာလီလ် မဆ်ွနူအဟ် ဖီလ် အဟာဒီးစုလ် မောင်ဇူအာသ် စာအုပ်၊ ရှီးခ် မုဟမ္မဒ် သကီ ရှုရ်ရှု်သရီ (အီရာန်နှစ် ၁၃၇၄ ကွယ်လွန်) ရေးသားထားသည့် အလ်အခ်ဘာရုလ် ဒခ်လီယဟ် စာအုပ် ၊ စိုင်ယိဒ် ဟာရှင်မ် မအ်ရူဖ် အလ်ဟစန်နီ ရေးသားထားသည့် အလ်မောင်ဇူအားသ် ဖီလ် အာစားရ် ဝလ် အခ်ဘာရ် စာအုပ် နှင့် စိုင်ယိဒ် မုရ်သဇွာ အစ်ကရီ (အီရာန်နှစ် ၁၂၉၃ - ၁၃၈၆) ရေးသားထားသည့် ယိက်စဒ် ဝါ ပန်ဂျာဟ် စာခ်သေဂီ စာအုပ် တို့ ဖြစ်သည်။

ဝေါဟာရ အနက်အဓိပ္ပါယ်

ဟဒီးစ် လုပ်ကြံရေးသားခြင်း ဆိုသည်မှာ ၊ ဟဒီးစ် အတုပြုလုပ်ဖန်တီးခြင်း ကိုခေါ်ဆိုသည်။ ကျမ်းကိုးများ၌ ၊ ဟဒီးစ် လုပ်ကြံရေးသားခြင်းကို “ ဟဒီးစ် အတုပြုလုပ်ဖန်တီးခြင်း” (1) နှင့် လုပ်ကြံရေးသားဟဒီးစ် ကို “အတုပြုလုပ်ဖန်တီးထား‌ေသာ ဟဒီးစ်” (2) ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။ “အတုပြုလုပ် ဖန်တီးထား‌ေသာ ဟဒီးစ်” ဆိုသည်မှာ ၊ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မှားယွင်းစွာ ပြုလုပ်ဖန်တီးထားသည့် ဟဒီးစ် ဖြစ်ပြီး ယင်းအား တမန်တော်မြတ်(ဆွ) နှင့် အေမာမ်(အစ) များအား ရည်ညွှန်းကာ ပတ်သက်မှု ပေးသော ဟဒီးစ်မျိုး ဖြစ်သည်။ (3) ဟဒီးစ် ဟဒီးစ် လုပ်ကြံဖန်တီးထားကြောင်းကို ပြုလုပ်ဖန်တီးသူများမှ ဝန်ခံလာခြင်း၊ ဟဒီးစ် အတုပြုလုပ်ရာ၌ ကရီနာများ တည်ရှိမှု (4) ဟဒီးစ် ၏ ဆိုလိုရင်းများသည် ဦးနှောက် ၊ ကုရ်အာန် သို့မဟုတ် သာသနာ၏ အဓိက အရေးကြီးသည့် အရာများနှင့် ဆန့်ကျင်နေခြင်း (5) စသည်တို့သည် အတုပြုလုပ် ဖန်တီးထား‌ေသာ ဟဒီးစ်များ၏ လက္ခဏာများ ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။

နည်းလမ်းများ

ဟဒီးစ် လုပ်ကြံဖန်တီးရေးသားခြင်းအား၊ နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ကြသည်။ တခါတရံတွင် ဟဒီးစ် တစ်ခုလုံးကို လုပ်ကြံဖန်တီး ရေးသားပြီး ယင်းဟဒီးစ်အား တမန်တော်မြတ်(ဆွ) နှင့် မအ်စူမ်(အစ) များကို ပတ်သက်မှု ပေးပြီး တခါတရံတွင် ဟဒီးစ်တစ်ခုတွင် စကားစုများကို အပိုထည့်သွင်းခဲ့သည်။ တခါတရံ၌လည်း ဟဒီးစ်၏ စကားလုံးများကို ပြောင်းလည်းခဲ့ကြသည်။ (6)

       ဟဒီးစ် တစ်ခုလုံးကို လုပ်ကြံဖန်တီး ရေးသားခြင်းသည် ၊ ယုံကြည်ချက် ၊ ကိုယ်ကျင့်တရား ၊ သမိုင်းကြောင်း ၊ ဆေးပညာ ၊ သာလွန်မြင့်မြတ်မှုများ နှင့် ဒိုအာများ စသည့် အကြောင်းအရာများတွင် ရေးသားပြုလုပ်ကြသည်။ (7)

       ဟဒီးစ်တစ်ခုတွင် စကားစုများကို အပိုထည့်သွင်းခြင်း ဆိုင်ရာ ဥပမာမှာ ၊ အဗ္ဗာစီ မင်းဆက်၏ ဒုတိယ ခလီဖှာ ဖြစ်သူ မန်ဆူးရ် ဒဝါနီကီ သည် တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် အေမာမ်ဇမားန်(အဂျ) နှင့်ပတ်သက်သည့် ဟဒီးစ်တော်၌ ဖြစ်သည်။ ဤဟဒီးစ်၌ လာရှိထားသည်မှာ “ အရှင်မြတ်သည် ကျွန်ုပ်၏ အဲဟ်လေဗိုင်သ် မှ အမျိုးသား တစ်ဦးကို ရွေးချယ်ထားရာ ၎င်း၏ အမည်မှာ ကျွန်ုပ်၏ အမည် ဖြစ်သည်။ (8) သိုဘသော် မန်ဆူးရ် ဒဝါနီကီသည် ၊ထိုဟဒီးစ်၏ ဆိုလိုရင်းသည် မိမိ၏ သားဖြစ်သူ မိုဟမ္မဒ်ကို ရည်ညွှန်းကြောင်း မိတ်ဆက်ပေးဖို့ရန် အတွက် “၎င်းဖခင်၏ အမည်မှာ ကျွန်ုပ် ဖခင်၏ အမည် ဖြစ်သည်” ဟူသော စကားစုကို ထိုဟဒီးစ်၌ အပို့ထည့်သွင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၊ မန်ဆူးရ် ၏ အမည်သည် တမန်တော်မြတ်(ဆွ) ၏ ဖခင်၏ အမည်ကဲ့သို့ ၊ အဗ္ဗ်ဒုလ္လာဟ် ဖြစ်သောကြောင့် ဖြစ်သည်။ (9)

       ဟဒီးစ်၏ စကားလုံးများကို ပြောင်းလည်းခြင်း၏ ဥပမာတစ်ခုသည် ၊ မိုအာဝီယဟ်ကို ချီးမွမ်းရာတွင် ကိုးကားဖော်ပြခဲ့သော တမန်တော်မြတ်(ဆွ)၏ ဟဒီးစ် တစ်ခု ဖြစ်သည်။ ဤဟဒီးစ်၌ လာရှိထားသည်မှာ ၊ မိုအာဝီယဟ် သည် ကျွန်ုပ်၏ တရားဟောစင်တွင် စကားပြောသည်ကို မြင်တိုင်း ၎င်းအား လက်ခံပါ‌လေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ရိုးသားပြီး ယုံကြည်ထိုက်သူ ဖြစ်ပေသည်။ (10) အစစ်အမှန်၌ ဤဟဒီးစ်သည် မိုအာဝီယဟ် အား ရှုတ်ချ‌ထားသော ဟဒီးစ် ဖြစ်ပြီး ထိုဟဒီးစ်၌ «فاقْتُلُوه» (၎င်းအားသတ်ပါလေ” ဟူသော စကားစု နေရာ၌ «فاقبَلِوه» " ၎င်းအား လက်ခံပါလေ” ဟူသော စကားစုကို ပြောင်းလည်းခဲ့ကြသည် ဟူ၍ ဆိုထားကြသည်။ (11) ဟဒီးစ်တော်များ ခိုးယူခြင်း (အခြားတစ်ယောက် ကိုးကားထား‌ေသာ ရေဝါယသ်ကို မိမိ၏ အမည် သို့မဟုတ် အခြားတစ်ယောက်၏ အမည်ဖြင့် ကိုးကား ဖော်ပြခြင်း)၊ ဟဒီးစ် ကိုးကားသူများ၏ စာအုပ်များ၌ ဟဒီးစ်အား ခြယ်လှယ်ခြင်း နှင့် လိမ်ညာသော စာမူများ ထုတ်ဝေခြင်းကို ဟဒီးစ်ကို အတုအယောင် ပြုလုပ်သည့် အခြားနည်းလမ်း အဖြစ် ယူဆထားကြသည်။ (12)

သမိုင်းအအကျဉ်း

အချို့သော် သာတေသီများ ယုံကြည်ထားသည်မှာ ၊ ဟဒီးစ် အတုအယောင် ပြုလုပ်ခြင်းသည် တမန်တော်မြတ်(ဆွ) ၏ အသက်ရှင် နေထိုင်သည့် ခေတ်ကာလ၌ အစပြု ရှိခဲ့လေသည်။ ၎င်းတို့သည် တမန်တော်မြတ်အား တစ်စုံတစ်ရာဖြင့် လိမ်ညာသည် ဟူ၍ ရည်ညွှန်းသူများသည် အပယ်ငရဲ ကျပေမည် ဟူ၍ လာရှိထားသည့် တမန်တော်မြတ်၏ ဟဒီးစ်တစ်ခု (13) နှင့်ပတ်သက်ပြီး သက်သေအထောက်အထား ယူဆောင်လာကြသည်။ (14) တမန်တော်မြတ်အား ၎င်း၏ သက်တမ်းတစ်လျှောက်တွင် လိမ်ညာခဲ့ငည် ဟူ၍ ပတ်သက်မှု ပေးထားသော ဥပမာများကိုလည်း ဖော်ပြထားကြသည်။ (15) ရေဝါယသ် တစ်ခုအရ၊ အေမာမ်အလီ(အစ) သည် တမန်တော်မြတ်(ဆွ) လက်ထက်တွင် ဟဒီးစ်တော်အား လုပ်ကြံဖန်ဆီးရေးသားခဲ့ခြင်း ကို ဖော်ပြထားသည်။ (16) သို့သော် ၊ ဟာရှင်မ် မအ်ရူဖ် ဟစန်နီ ၏ အဆိုအရ၊ အဲဟ်လေစွန္နသ် တို့၏ အချို့ သုတေသီများ ယုံကြည်ထားသည်မှာ ၊ ပထမ ခလီဖှာ လက်ထက်၌ ဟဒီးစ် လုပ်ကြံဖန်တီး ရေးသားမှုများ မရှိခဲ့ပဲ အေမာမ်အလီ(အစ) ရှဟာဒသ် ဖြစ်ပြီးနောက် အစပြုခဲ့သည်။ ဤကာလအတွင်း၊ အဖွဲ့များ နှင့် ဂိုဏ်းခွဲများသည် ကုရ်အာန်နှင့် စွန္နသ်ကို မှီခိုအားထားကာ ၎င်းတို့ကိုယ်ကို ထူထောင်ရန် ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ ၎င်းတို့သည် ကုရ်အာန် သို့မဟုတ် ဟဒီးစ်တော်များတွင် အထောက်အထား တစ်ခုကို ရှာမတွေ့ပါက၊ ၎င်းတို့သည် ဟဒီးစ်တော်အား လုပ်ကြံဖန်တီးခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ကြသည်။ (17) ဟဒီးစ်တော်အား လုပ်ကြံဖန်တီးခြင်း သည် မိုအာဝီယဟ် ဗင်န် အဘီစိုဖီယားန် လက်ထပ်၌ ပိုမိုကျယ်ပြန့်လာခဲ့သည် ဟူ၍ ပြောထားကြသည်။ (18) ဟီဂျရီ ခုနှစ်ရာစု နဟ်ဂျွလ်ဘလာဟဂ် အား အလင်းဖွင့်ဆိုသူ အိဗ်နေအဘီလ်ဟဒီးဒ် မိုအ်သဇီလီ၏ ပြောကြားချက်အရ ၊ မိုအာဝီယဟ်သည် ‌ဟဒီးစ် အွစ်မားန် နှင့် အခြားသော ဆွဟာဘဟ်များ၏ သာလွန်မြင့်မြတ်မှုများ နှင့် အေမာမ်အလီ(အစ) အကြောင်း ရှုတ်ချထားသော ဟဒီးစ်တော်များကို လုပ်ကြံဖန်တီးခဲ့သော ဟဒီးစ် ရေးသူများအား ထောက်ခံခဲ့သည်။ (19) ထို့အပြင် ဘိက္က်ရီယဟ် တို့ ယုံကြည်ထားသည်မှာ ၊ အဘူဘက္က်ရ် ဗင်န် အဘီ ကဟာဖဟ် သည် အရှင်မြတ်ဘက်မှ ခန့်အပ်ခြင်းဖြင့် တမန်တော်မြတ်(ဆွ) ၏ ကိုယ်စားလှယ်တော် ဖြစ်လာပြီး ၊ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများ ကို ဆန့်ကျင်ကာ ၊ အဘူဘက္က်ရ် အတွက် ထို သာလွန်မြင့်မြတ်မှုများကို ဟဒီးစ် ရေးသားခဲ့သည်။ (20)

လုပ်ကြံ‌ေရးသားထားသည့် ဟဒီးစ်းများကို တိုက်ဖျက်ခြင်း၏ အခြေခံ သမိုင်းကြောင်းအစ

အဟ်မဒ် ပါက်သချီ ၏အဆိုအရ၊ ဟီဂျရီ ငါးရာစု အကုန်တွင် ၊ ပြုလုပ်ဖန်တီးထားသော ဟဒီးစ်များ နှင့် လုပ်ကြံရေးသားထားသော ဟဒီးစ်များ နှင့်ပတ်သက်ပြီး ရရှိလာသည့် ဆိုးကျိုးများကို ဖော်ပြထားသည်။ သို့ရာတွင်၊ ဟဒီးစ်၏ အထောက်အထား အစဉ်အလာကို စူးစမ်းလေ့လာသူများ၏ အကဲဖြတ်ချက်များတွင် ဟဒီးစ်တော်များကို လုပ်ကြံဖန်တီးခြင်းအပေါ် ပြတ်သားစွာစွပ်စွဲခြင်းသည် စတုတ္ထရာစု အစောပိုင်းမှ စတင်ခဲ့သည် ဟုဆိုပါစေ ၊ ၎င်းနှင့် ပတ်သက်သည့် ဥပမာများသည် အိဗ်နေအုက္က်ဒဟ် (21) နှင့် အိဗ်နေဝလီးဒ် (22) နှင့် ဟီဂျရီ ငါးရာစုတွင် အိဗ်နေဂဇွာအိရီ (23) တို့၏ အမြင်ရှုထောင့်၌ ပေါ်လွင် စေခဲ့သည်။ ထို့အပြင်၊ ၎င်း၏ အဆိုအရ၊ ၊ အဲဟ်‌လေစွန္နသ် တို့၏ ဟဒီးသ်နယ်ပယ်တွင်၊ ဘဂ္ဂဒက်ကျောင်း၏ ရေဂျာလ် ပညာရှင်များသည် ၎င်းတို့၏ အကဲဖြတ်မှုတွင် ဟဒီးစ် လုပ်ကြံရေးသားမှု မှ အကျိုးအမြတ် ရယူခဲ့သည်။ (24)

ဟဒီးစ် လုပ်ကြံဖန်တီး ရေးသားရခြင်း၏ အကြောင်းအရင်းများ

ဟဒီးစ် လုပ်ကြံဖန်တီး ရေးသားခြင်းသည် အမျိုးမျိုး‌ေသာ နည်းလမ်းများဖြင့် ပြုလုပ်ခဲ့ကြပြီး အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုများကို လျှော့ချခြင်း ၊ ပြောထားသည်မှာ ၊ အေမာမ်အလီ(အစ) အပေါ် အများဆုံး မဟုတ်မမှန်သည့် ဟဒီးစ်များ လုပ်ကြံဖန်တီး ရေးသားခဲ့ကြသည်။ (25) အိဗ်နေ အဘီလ်ဟဒီးဒ် မိုအ်သဇိလဟ် သည် ရှဲရ်ဟေ နဟ်ဂျွလ်ဗလာဂဟ် ၌ ဟီဂျရီ သုံးရာစု မိုအ်သဇိလဟ် တို့၏ သီအိုလောဂျီ ပညာရှင်ဖြစ်သူ အဘူ ဂျအ်ဖဲရ် အိစ်ကာဖီ မှ ကောက်နုတ်ဖော်ပြထားသည်မှာ မိုအာဝီယဟ် သည် အဆ်ွဟာဘ် နှင့် သာဘေအီးန် များအနက်မှ အုပ်စုတစ်စုကို အေမာန်အလီ(အစ) နှင့်ပတ်သက်ပြီး ရှုတ်ချသော ဟဒီးစ်များ လုပ်ကြံရေးသားရန် တာဝန်ပေးခဲ့သည်။ (26) ၎င်း၏ အဆိုအရ၊ မိုအာဝီယဟ် သည် အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု နှင့်ပတ်သက်၍ လရှိထားသည့် ဟဒီးစ်တော်များ မကျန်ရှိစေရန် ၊ ဆွဟာဘာ နှင့် ခလီဖှာ သုံးဦးတို့၏ သာလွန်မြင့်မြတ်မှု ဆိုင်ရာ ဟဒီးစ်များကို လူထုမှ လုပ်ကြံရေးသားရန် သို့မဟုတ် အေမာမ်အလီ(အစ) ၏ သာလွန်မှုဂုဏ်ရည်များ ကဲ့သို့သော် ဟဒီးစ်များကို ပထမဦးဆုံး ခလီဖှာများ နှင့် ဆွဟာဘာ များအတွက် ရေးသားရန် သို့မဟုတ် အေမာမ်အလီ(အစ) အပေါ် ရှုတ်ချသော ဟဒီးစ်များ ရေးသားရန် အမိန့်ပေးခဲ့သည်။ (27) ခလီဖှာများ နှင့် ဟာကင်မ် အုပ်ချုပ်သူများ၏ အုပ်စိုးမှုကို တရားဝင်အဖြစ် သတ်မှတ်ခြင်း ၊ ဟီဂျရီ တစ်ဆယ့်လေးရာစုမှ လက်ဘနွန်ပညာရှင် ဟာရှင်မ် မအ်ရူဖေ ဟစန်နီ ၏ အဆိုအရ၊ ဗနီအိုနိုင်ယ နှင့် ဗနီအ‌‌ဗ္ဗာစ် အုပ်ချုပ်မှုများသည် မိမိတို့၏ အုပ်ချုပ်မှုကို တရားဝင်အဖြစ် သတ်မှတ်စေဖို့ရန်အတွက် မိမိတို့၏ ဘိုး‌ေဘးများ၏ သာလွန်မြင့်မြတ်မှုများ သို့မဟုတ် မိမိတို့၏ အုပ်ချုပ်မှုသည် တမန်တော်မြတ်(ဆွ) ထံမှ ဖြစ်သည် ဟူ၍ ဟဒီးစ်များကို လုပ်ကြံဖန်တီး ရေးသားစေခဲ့ကြသည်။ (28) တမန်တော်မြတ်(ဆွ) အား ပတ်သက်မှု ပေးထားသည့် ဗနီအ‌ဗ္ဗာစ်တို့၏ လုပ်ကြံဖန်တီးထားသော ဟဒီးစ်များအနက်မှ တစ်ခုမှာ “ခေလာဖှသ်သည် ကျွန်ုပ့် ဦးလေး(အဗ္ဗာစ်) ၏ သားများတွင် ထားရှိပေသည်။” (29) ဟူ၍ဖြစ်သည်။ မိမိတို့ ယုံကြည်လက်ခံထား‌ေသာ ဂိုဏ်းအပေါ် အယူသည်းမှုရှိပြီး အခြားသော ဂိုဏ်းကွဲများအား ဘေးဖယ်ထားခြင်း ၊ မည်သည့် အဖွဲ့ သို့မဟုတ် ဂိုဏ်းမှ ထောက်ခံသူများသည် မိမိတို့၏ ဂိုဏ်း တည်မြဲစေဖို့ရန် အတွက် ကုရ်အာန် နှင့် စွန္နသ်တော်အား အထောက်အထား အဖြစ်ယူဆောင်လာကြသည်။ အကယ်၍ ထိုအရာနှစ်ခုမှ အထောက်အထား ရှာမတွေ့ပါက၊ ဟဒီးစ် အတုအယောင်များကို ကြုလုပ်ကြသည်။ (30)မွတ်စ်လင်မ် မဟုတ်သူများဘက်မှ မွတ်စ်လင်မ် များ၏ သာသနာကို ကွယ်ပျောက်စေပြီး မွတ်စ်လင်များအကြား ကွဲပြားမှုများကို ‌ဖြစ်ပေါ်စေခြင်း (31) နှင့် ဘုရင်များများနှင့် နီးစပ်မှု ရှိလာခြင်း (32) နှင့် အချို့ လူသားများအတွက် သာလွန်မြင့်မြတ်သော ဂုဏ်ရည်များကို လုပ်ကြံတည်ဆောက်လာခြင်း (33) စသည်တို့သည်လည်း ဟဒီးစ်ကို လုပ်ကြံဖန်တီးရေးသားခြင်း အတွက် နောက်ထပ် အကြောင်းရင်း တစ်ခုဖြစ်သည် ။ တခ့တစ်ရံ၌လည်း၊ သာသနာ၏ အကြောင်းပြချက်များဖြင့် ဟဒီးစ်ကို လုပ်ကြံဖန်တီးရေးသားကြသည်။ ဥပမာ လူ့အဖွဲ့အစည်းအား ပြုပြင်ပြောင်းလဲရန် အတွက် (34) လူသားများ ကျမ်းမြတ်ကုရ်အာန်ကို အာရုံစိုက်လာစေရန် (35) အရှင်မြတ်၏ ဆုလာဘ်များအား ရှာဖွေရယူရန် (36) စသည်တို့ အတွက်ကြောင့် ဖြစ်သည်။ ထို့အပြင် တမနိတော်မြတ်(ဆွ) ၏ ကိုယ်စားလှယ် နှင့်ပတ်သက်ပြီး ကွဲပြားခြင်း နှင့် ဂိုဏ်းများ တည်ထောင်ခြင်း ကို ဟဒီးစ် လုပ်ကြံရေးသားရခြင်း၏ အကြောင်းအရင်းများ ဖြစ်သည် ဟူ၍ သတ်မှတ်ထားကြသည်။ (37)

အကျိုးဆက်များ နှင့် သတင်းအချက်အလက်များ

ဟဒီးစ်တော်အား လုပ်ကြံဖန်တီး‌ ရေးသားရခြင်း၏ အကျိုးဆက်အချို့မှာ- စစ်မှန်သော ဟဒီးစ်များကို လက်ဝယ်ရရှိရန် ခက်ခဲသွားခြင်း ၊ ဟဒီးစ်တော်အား လုပ်ကြံဖန်တီး‌ ရေးသားခြင်းကြောင့် ၊ စစ်မှန်သော ဟဒီးစ်များကို အတုအယောင် ဟဒီးစ်များ မှ ခွဲခြားရန် ခက်ခဲစေသည်။ (38) စစ်မှန်သော ဟဒီးစ် အချို့အား ငြင်းပယ်လိုက်ခြင်း၊ စစ်မှန်သော ဟဒီးစ်တော်အချို့ကို အတုအယောင် ပြုလုပ်ထားသည် ဟူသော အကြောင်းပြချက်ဖြင့် စွန့်ပစ်ခဲ့ကြသည်။ ဥပမာ ၊ အဲဟ်လေစွန္နသ် ပညာရှင် နှင့် အိဗ်နေသိမိမီယဟ်၏ နောက်လိုက်သား ဖြစ်သူ အိဗ်နေကိုင်ယီမ် (ဟီဂျရီ ၇၅၁ ကွယ်လွန်) သည် ၊ ဂဒီးရေခွမ် ၌ အေမာမ်အလီ(အစ) အား ခေလာဖသ် အရိုက်အရာ ပေးအပ်ခြင်းကို လုပ်ကြံဖန်တီးရေးသားထားသော ဟဒီးစ်ဖြစ်သည် ဟူ၍ သတ်မှတ်ထားသည်။ (39) သို့သော် အလ္လာမဟ် အမီနီ ၏ အဆိုအရ ၊ ဟဒီးစေ ဂဒီးရ်သည် အဲဟ်လေစွန္နသ် နှင့် ရှီအာတို့၏ ကျမ်းကိုးများ၌ ထင်ရှားစွာ လာရှိထားပေသည်။ (40) ထို့အပြင်၊ အဲဟ်လေစွန္နသ် ပညာရှင် အိဗ်နေဂျောင်ဇီ (ဟီဂျရီ ၅၉၇ကွယ်လွန်) သည် ၊ အလ်မောင်ဇူအာသ် စာအုပ်၌ ၊ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု အကြောင်း ဖော်ကြူးထားသော အချို့ ဟဒီးစ်များကို လုပ်ကညံဖန်တီးရေးသားသော ဟဒီးစ်များ ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။ (41) အဲဟ်လေဗိုင်သ်(အစ) ကို လူသားများ ဆုံးရှုံးရခြင်း။ မဟုတ်မမှန်သည့် ရေဝါယသ်များစွာကို အေမာမ်(အစ) တို့အား ရည်ညွှန်းခဲ့သည့် အတွက်ကြောင့် လူထုမှ ၎င်းတို့အား မုန်းတီးလာခဲ့ကြသည်။ ယေဘူယျအားဖြင့်၊ ထိုရေဝါယသ်များကို ရှီအာဂိုဏ်းကွဲများ ဖြစ်ကြသည့် ဇိုင်ဒီယဟ် ၊ ဖှသ်ွဟီယဟ် နှင့် ဂါလီယားန် တို့မှ လုပ်ကြံရေးသားခဲ့ကြသည်။ (42) ရေဂျာလ် စာအုပ်များ ထွပ်ပေါ်လာခြင်း၊ ဟဒီးစ်များကို လုပ်ကြံရေးသားခဲ့သည့် အတွက်ကြောင့် အထူးသဖြင့် ရေဝါယသ် ကိုးကားသူများ အကြောင်း ၊ ဟဒီးစ် အနျိုးအစားများ နှင့်၊ လုပ်ကြံဖန်တီးထားသော ဟဒီးစ် များ အကြောင်း စာအုပ်များစွာ ရေးသားလာခဲ့ကြသည်။ (43) ရေဂျာလ် ပညာအား လိုအပ်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ၊ ဟဒီးစ် ရေးသားသူများ နှင့် ၎င်းတို့၏ ဟဒီးစ်များကို သိရှိဖို့ရန် ဖြစ်သည် ဟူ၍ ယူဆထားသည်။ (44)

ဟဒီးစ် လုပ်ကြံရေးသားကြသူများ

အလ္လာမဟ် အမီနီ သည် အလ်ဂဒီးရ် စာအုပ်တွင်၊ ဟဒီးစ် လုပ်ကြံရေးသားသူ ‌အယောက် ၇၀၀ ကို ၎င်းတို့၏ လုပ်ကြံဖန်တီးထားသည့် ဂဒီးစ်များ နှင့်အတူ ဖော်ပြထားသည်။ ၎င်းတို့အနက်မှ အချို့သူများသည် ဟဒီးပေါင်း ၁၀၀ ကျော်ကို လုပ်ကြံဖန်တီး ရေးသားခဲ့ကြသည်။ (45)ထိုအကြောင်းအရာကို အလ်ဂဒီးရ် စာအုပ်၌ “အလ်ဝဇ်ဇွာအူးန ဝါ အဟာဒီးစဟုမုလ် မောင်ဇူအဟ်” ဟူသော ခေါင်းစဉ်ဖြင့် ထုပ်ဝေခဲ့သည်။ (46) ဟဒီးစ် လုပ်ကြံရေးသားကြသူ အချို့မှာ အောက်ပါတို့ ဖြစ်သည်။ အဘူဟိုရိုင်းရဟ် ၊ ဟဒီးစ် စာအုပ်များ၌ ဟဒီးစ်ပေါင်း ၅၃၇၄ ကျော် ၎င်းထံမှ ကောက်နုတ်ဖော်ပြထားသည်။ (47) ၎င်းသည် တမန်တော်မြတ်(ဆွ) နှင့်အတူ သုံးနှစ်ခန့်သာ ရှိခဲ့သည်။ သို့သော် ၊ တမန်တော်မြတ်(ဆွ) ထံမှ ‌‌ေရဝါယသ် ကောက်နုတ်ကိုးကားထားကြသည့် အေမာမ်အလီ(အစ) ၊ အွမ္မရ် ၊ အွစ်မာန် နှင့် အထူးသဖြင့် အာယေရှာ ကဲ့သို့သော ဆွဟာဘာတို့ ၏ ‌ဟဒီးစ်တော်များကို များစွာ ကန့်ကွက်ခဲ့ကြသည်။ အာယေရှာ ပြောထားသည်မှာ ၎င်းသည် ကျွန်ုပ် မကြားဘူးသော ရေဝါယသ်များကို တမန်တော်မြတ်ထံ ကောက်နုတ်ထားပေသည်။ (48) ကအ်ဘုလ်အဟ်ဘာရ် ၊ စိုင်ယိဒ် မုရ်သဇွာ အစ်ကရီ ၏ အဆိုအရ၊ အဲဟ်လေကိသာဘ် နှင့် ဗိုင်သုလ်မိုကဒ္ဒက်စ်အား ချီးမွမ်းထားသည့် ယဟူဒီများ၏ သတင်းအများစုသည် ၎င်းမှတစ်ဆင့် အစ္စလာမ့်ကျမ်းကိုးများထဲသို့ ဝင်ရောက်လာခဲ့သည်။ (49) အိုဗိုင် ဗင်န် ကအ်ဘ် ၊ ၎င်းထံမှ ကျမ်း‌ေတာ်မြတ် ကုရ်အာန်၏ စူရဟ်များကို ချီးမွန်းထားသော ရေဝါယသ်နျား လာရှိထားပြီး ၊ ၎င်းကိုယ်တိုင် ထိုရေဝါယသ်များသည် အတုအယောင် ဖြသ်ပြီး လုပ်ကြံရေးသားထားကြောင်း ဝန်ခံထားသည်။ (50) နူဟ် ဗင်န် အဘီမက်ယမ် မရ်ဝဲဇီ ၊ ၎င်းသည်လည်း စူရာဟ်များ၏ သာလွန်မြင့်မြတ်မှုနှင့် ပတ်သက်သော ဟဒီးစ်တော်များကိုလည်း လုပ်ကြံ ရေးသားခဲ့သည်။ လူသားများ ကုရ်အာန်ကို ဂရုမစိုက်ကြတော့ပဲ အဘူသနဖီယဟ် နှင့် မဂါဇီ အိဗ်နေ အိစ်ဟာက် တို့၏ ဖိက္က်ဟ် ဓမ္မတ်သက်များ ကိုသာ ဂရုပြုခြင်းကို ရေဝါယသ် အတုပြုလုပ်ရခြင်း၏ အကြောင်းအရင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ (51) အိဗ်နေ အဘီလ် အောင်ဂျအ် ၊ ပြောထားကြသည်မှာ၊ ၎င်းသည် ဟဒီးစ်ပေါင်း လေးထောင်ကို လုပ်ကြံဖန်တီး ရေးသားခဲ့သည်။ (52)

ရေးသားထားသည့် စာအုပ်များ

ဟဒီးစ် လုပ်ကြံရေးသားခြင်း နှင့်ပတ်သက်ပြီး စာအုပ်များ ရေးသားခဲ့ပြီး များသောအားဖြင့် လုပ်ကြံရေးသားထားသော ဟဒီးစ်များကို စုဆောင်းခြင်း နှင့် လုပ်ကြံရေးသားသူများကို မိတ်ဆက်ပေးခြင်း အကြောင်းကို အထူးပြုထားသည်။ အလ်မောင်ဇူအာသ် အိဗ်နေ ဂျောင်ဇီ စာအုပ် (ဟီဂျရီ ၅၉၇ ကွယ်လွန်) ၊ ဂျလာလုလ် ဒီးနေစီယသူသွီ (ဟီဂျရီ ၉၁၁ကွယ်လဠန်) ရေးသားထားသည့် အိလ်အာလီလ် မဆ်ွနူအဟ် ဖီလ် အဟာဒီးစုလ် မောင်ဇူအာသ် စာအုပ်၊ ရှီးခ် မုဟမ္မဒ် သကီ ရှုရ်ရှု်သရီ (အီရာန်နှစ် ၁၃၇၄ ကွယ်လွန်) ရေးသားထားသည့် အလ်အခ်ဘာရုလ် ဒခ်လီယဟ် စာအုပ် ၊ စိုင်ယိဒ် ဟာရှင်မ် မအ်ရူဖ် အလ်ဟစန်နီ ရေးသားထားသည့် အလ်မောင်ဇူအားသ် ဖီလ် အာစားရ် ဝလ် အခ်ဘာရ် စာအုပ် နှင့် စိုင်ယိဒ် မုရ်သဇွာ အစ်ကရီ (အီရာန်နှစ် ၁၂၉၃ - ၁၃၈၆) ရေးသားထားသည့် ယိက်စဒ် ဝါ ပန်ဂျာဟ် စာခ်သေဂီ စာအုပ် တို့ ဖြစ်သည်။

၎င်းတို့သည် ဟဒီးစ်တော် လုပ်ကြံရေးသားခြင်း၏ ဖြစ်စဉ်ကို လေ့လာခဲ့ပြီး၊ အချို့မှာ- အလ်ဝဇ်အု ဖီလ် ဟဒဖ်းစ် ၊ အွမ္မရ် ဗင်န် ဟစန် ဖလာသေဟ် သည် အရဗီ စကားဖြင့် ရေးသားထားပြီး ၊ ဟီဂျရီ ၁၄၀၁ ၊ အီရာန်နှစ် ၁၃၆၀ တွင် ဒမတ်စကတ်ရှိ အလ်ဂဇာလီ ကျောင်းမှ ထုပ်ဝေခဲ့သည်။ (53) ဒဲက်စ်နာမေယေ ဝဇ်အေ ဟဒီးစ် ၊ ဖှာရ်စီ စကားဖြင့် ရေးသားပြီး နာဆွီရ် ရီအီ မုဟမ္မဒီ ပြုစုထားသည်။ ဤစာအုပ်၌ ဟဒီးစ် လုပ်ကြံရေးသားခြင်း၏ အနက်အဓိပ္ပါယ် နှင့် ၎င်း၏ သမိုင်းအကျဉ်း အပြင် ထိုသို့ပြုလုပ်ရသည့် အကြောင်းအရင်း နှင့် ၊ ဟဒီးစ် လုပ်ကြံရေးသားသည့် နည်းလမ်းများ နှင့် သတင်းအချက်အလက်များကို ဖော်ပြထားသည်။ (54) ‌စာအုပ်နောက်ဆုံးတွင်လည်း ဟဒီးစ် လုပ်ကြံရေးသားခြင်း နှင့်သက်ဆိုင်သည့် အခြသော စာအုပ်များကိုပါ ဖော်ပြပေူထားသည်။ (55) ۵۵]