ဟဒီးစ်တော်အား တားမြစ်ခြင်း

wikishia မှ

ဟဒီးစ်တော်အား တားမြစ်ခြင်း သို့မဟုတ် တမန်တော်မြတ်(ဆွ) ၏ ဟဒီးစ်တော်များကို ‌ကိုးကားဖော်ပြခြင်း နှင့် ဟဒီးစ်စာသား ရေးသားခြင်းကို ဟီဂျရီ ထမရာစုတွင် တားမြစ်ခြင်း ဖြစ်သည်။ ဟဒီးစ် ရေးသားခြင်းမှ တားမြစ်ခြင်းသည် ပထမ ခလီဖှာ နှင့် ဒုတိယ ခလီဖှာ ခေတ်ကာလ၌ အစပြုခဲ့ပြီး အွမ္မရ် ဗင်န် အဗ္ဗ်ဒုလ် အဇီးဇ် ခေတ်ကာလအထိ ရှိခဲ့သည်။ ဆိုလိုသည်မှာ နှစ်ပေါင်း ၁၀၀ နီးပါးအထိ ဟဒီးစ်များကို ရေးသားခြင်းမှ တားမြစ်ခဲ့ကြသည်။ အဲဟ်လေစွန္နသ် အိုလမာ ပညာရှင်များသည် ပထမ ခလီဖှာ နှင့် ဒုတိယ ခလီဖှာ ခေတ်ကာလ၌ ဟဒီးစ်များအား ရေးသားခြင်းမှ တားမြစ်ခဲ့ရသည့် အကြောင်းအရင်းကို ဟဒီးစ် နှင့် ကုရ်အာန်ကျမ်းတော်မြတ် ရောနှောခြင်းမှ တားဆီးရန်၊ မွတ်စ်လင်မ် လူထု ကွဲပြားမှုမှ တားစီးရန်၊ လူသားများကို ကုရ်အာန်မှလွဲ၍ အခြားအရာတစ်ခုခုကြောင့် စိတ်ရှုတ်သွားမည်ကို စိုးရိမ်ကြောက်လန့်ခြင်း နှင့် ရေဝါယသ် ရေးသားသူများနှင့် ကိုးကားရေးသားမှုနှင့် ရင်းနှီးမှု မရှိသောကြောင့် ဟူ၍ သတ်မှတ်ထားကြသည်။ ရှီအာ အိုလမာ ပညာရှင်များသည်၊ ဟဒီးစ် ရေးသားခြင်းမှ တားမြစ်ရသည့် အကြောင်းအရင်းကို ၊ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှု ဂုဏ်သတင်းများ မပြန့်ပွားစေရန် နှင့် ခလီဖှာများ၏ အုပ်ချုပ်မှုကို ထူထောင်ရန် ကြိုးပမ်းခြင်း ဖြစ်သည် ဟူ၍ လက်ခံထားကြသည်။ ရှီအာတို့၏ အဆိုအရ၊ ဟဒီးစ် ရေးသားခြင်းမှ တားမြစ်ခြင်းသည် ဟဒီးစ်များကို လုပ်ကြံဖန်တီးခြင်း ၊ ပထမ ဟဒီးစ်စာများကို ဖျက်ဆီးခြင်း၊ မတူညီသော ဘာသာတရားများ ပေါ်ပေါက်လာခြင်း နှင့် တမန်တော်မြတ်(ဆွ)၏ စွန္နသ်တော်များ ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေခဲ့သည် ဟူ၍ ယုံကြည်ထားသည်။

သမိုင်းအကျဉ်း

ဟဒီးစ်တော်အား တားမြစ်ခြင်း ဆိုသည်မှာ ၊ တမန်တော်မြတ်(ဆွ) ၏ ဩဝါဒတော်များအား ကိုးကားဖော်ပြခြင်း နှင့် ဟဒီးစ်စာသား ရေးသားခြင်းမှ တားစီးခြင်း ကိုခေါ်ဆိုသည်။ ထိုသို့ တားစီးခြင်းသည် ၊ ခလီဖှာနှစ်ဦး အုပ်ချုပ်သည့် ခေတ်ကာလ၌ အစပြုခဲ့သည်။ (1) ထိုအချိန် မတိုင်မီ ၊ ဟဒီးစ်တော်များ ကိုးကားရေးသား ဖော်ပြခြင်းသည် မွတ်စ်လင်မ် လူထုအကြား ထင်ရှားစွာ ရှိခဲ့ပြီး (2) တမန်တော်မြတ်(ဆွ) သည်လည်း အဆ်ွဟာဘ်များကို ဟဒီးစ်များအား ကိုးကားဖော်ပြရန် နှင့် ရေးသားရန် အားပေးတိုက်တွန်း ခဲ့လေသည်။ (3) အဘူဘက်ရ် သည် ၊ ၎င်း ခေလာဖသ် အုပ်ချုပ်သည့် ကာလတွင် ၊ ဟဒီးစ်များရေးသားခြင်းကို တားမြစ်ခဲ့ပြီး ဟဒီးစ်များစွာကို ဖျက်ဆီးခဲ့သည်။ (4) ထို့အပြင် သမိုင်းဝင်ကျမ်းစာများအရ၊ ဒုတိယ ခလီဖှာ သည် မိမိ၏ လက်အောက်သားများကို တမန်တော်မြတ်(ဆွ)၏ ဩဝါဒတော်များအား ကိုးကားခြင်း မပြုရန် သတိပေးခဲ့ပြီး ကုရ်အာန်ကို အာရုံစိုက်ရန် ဖိတ်ခေါ်ခဲ့သည်။ (5) အဲဟ်လေစွန္နသ်၏ အချို့ ကျမ်းကိုးများ၏ ဖော်ပြချက်အရ ၊ အွမ္မရ် ဗင်န် ခသွာဗ် သည် တမန်တော်မြတ်(ဆွ) ဟဒီးစ်တော်များကို စုစည်းရေးသားရန် ဦးစွာ ဆုံးဖြတ်ခဲ့သည်။ သို့သော် အချိန်ကာလ အနည်းငယ်အကြာတွင် ၎င်းသည် ထိုသို့လုပ်ဆောင်ရန် ငြင်းဆိုခဲ့ပြီး အကြောင်းပြချက်မှာ ကုရ်အာန်နှင့် ရေဝါယသ်များ ရောနှောနိုင်ခြေရှိသောကြောင့် ဖြစ်သည် ဟူ၍ ပြောကြားခဲ့သည်။ (6)

ဟဒီးစ်များ ကိုးကားရေးသားခြင်းမှ တားစီးခြင်း

ဟဒီးစ်စာရေးသားခြင်းကို တားမြစ်ကြောင်း ကြေငြာပြီးနောက်၊ တမန်တော်မြတ်၏ အဆ်ွဟာဘ် အချို့သည် တမန်တော်မြတ်၏ ဟဒီးစ်တော်များကို လူထုအတွက် ကိုးကားဖော်ပြခဲ့ကြသည်။ ထို့ကြောင့် ဒုတိယ ခလီဖှာသည် ၊ အဆွ်ဟာဘ် များကို ခွင့်ပြုချက်မရှိဘဲ မဒီနာ မှ ထွက်ခွာခြင်း(7) နှင့် ဟဒီးစ် ကိုးကားဖော်ပြမှုကို တမြစ်ကြောင်း ကြေငြာခဲ့သည်။ (8) ၎င်းသည် အဆ်ွဟာဘ်များ ဖြစ်ကြသည့် အဘူဒဲရ်ဒါအ် နှင့် အိဗ်နေ မက်စ်အူဒ် တို့အား တမန်တော်မြတ်၏ ဩဝါဒတော်များကို ရေးသားသည့် အတွက်ကြောင့် ထောင်ချခဲ့သည်။ (9) အချို့သော ပညာရှင်များသည် ဟဒီးစ်များကို ကိုးကားခြင်းအား တားမြစ်ပြီးနောက် ဟဒီးစ်စာရေးခြင်းကို တားဆီးခြင်းဖြစ်သည် ဟူ၍ ခန့်မှန်းထားကြသည်။ (10)

တားမြစ်ချက် ပျက်ပယ်သွားခြင်း

အွမ္မရ် ဗင်န် အဗ္ဗ်ဒုလ် အဇီးဇ် (ဟီဂျရီ ၆၃ _ ၁၀၁) အဋ္ဌမမြောက် အမဝီ ခလီဖှာမင်း ကာလအထိ ဟဒီးစ် ရေးခြင်းကို တားမြစ်ခဲ့သည်။ ၎င်းသည် မဒီနာမြို့၏ ၏အုပ်စိုးရှင် အဘူဘက်ရ် ဗင်န် ဟဇမ် ထံသို့ စာတစ်စောင်ရေးသားပြီး တမန်တော်မြတ်(ဆွ)၏ ဟဒီးစ်တော်များကို ရေးခိုင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ ၎င်းသည် အသိပညာများ နှင့် လူမျိုးများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ (11)

လက်ခံသူများ နှင့် ဆန့်ကျင့်သူများ

အဆွ်ဟာဘ်များ နှင့် ၎င်းတို့၏ နောက်လိုက်အများအပြား ဥပမာ ဇိုင်ဒ် ဗင်န် စ ဘီသ် ၊ အဘူမူစာ ၊ အဘူစအီးဒ် ခဒ်ရီး ၊ အဘူဟိုရိုင်ရဟ် နှင့် အိဗ်နေအဗ္ဗာစ် တို့သည် ဟဒီးစ်တော် ရေးသားမှုကို မက္ကရူဟ် ရွံရှာဖွယ်အဖြစ် ယူဆသည် ဟူ၍ ဆိုထားကြသည်။ ထို့နောက် အချို့သူများ ဥပမာ အေမာမ်အလီ(အစ) ၊ အေမာမ်ဟစန်(အစ) ၊ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အွမ္မရ် ၊ အနက်စ် ဗင်န် မာလီက် ၊ အသွာအ် ဗင်န် ယစားရ် နှင့် စအီးဒ် ဗင်န် ဂျိုဘိုင်းရ် တို့သည် ဟဒီးစ်တော် ရေးသားပိုင်ခွင့် ရှိသည် ဟူ၍ ယူဆထားကြသည်။ (12)

အကြောင်းအရင်းများ

အဲဟ်လေစွန္နသ် နှင့် ရှီအာတို့သည် အထူးသဖြင့် ဟဒီးစ် ရေးသားခြင်းမှ တားမြင်းရသည့် အကြောင်းအရင်း နှင့်ပတ်သက်ပြီး ကွဲပြားသော အမြင်ရှုထောင့်များ ရှိပေသည်။ အဲဟ်လေစွန္နသ် ပညာရှင်များ ဆိုကြသည်မှာ၊ ကုရ်အာန် နှင့် ဟဒီးစ်တော်များ ရောနှောသွမည်ကို စိားရိမ်ကြောက်ရွံ့ခြင်း (13) မွတ်စလင်များ၏ ကွဲပြားမှုများကို တားဆီးခြင်း (14) ဟဒီးစ်ကို ကျက်မှတ်ရာ၌ ဂရုမပြုခြင်း နှင့် ဟဒီးစ် ရေးသားခြင်း အပေါ်ကိုသာလျှင် ယုံကြည်မှု ရှိလာခြင်းမှ တားစီးခြင်း (15) လူသားများသည် ကုရ်အာန် မဂုတ်သည့် အခြားအရာများနှင့် ရှုတ်ထွေးသွားများမည်ကို ကြောက်ရွံခြင်း (16) မကျော်ကြသော ဟဒီးစ်များ ပြန့်ပွားခြင်းမှ တားစီးခြင်း (17) ကျမ်းမြတ်ကုရ်အာန် နှင့်တန်းတူ အခြားစာအုပ်တစ်အုပ် ထွက်ပေါ်လာမည်ကို စိုးရိမ်ခြင်း (18) နှင့် ဟဒီးစ် ရေးသားသူများသည် ဟဒီးစ်စာသား ရေးသားခြင်း နှင့်ပတ်သက်ပြီး မသိကျွမ်းခြင်း (19) စသည်တို့ကြောင့် ဖြစ်သည်။ သို့သော် ကှဟ်ရီစ်သာနီ သာ် “မန်အု သဒ်ဝီးနုလ် ဟဒီးစ်” စာအုပ်၌ ဆိုထားသည်မှာ၊ များစွာသော ရှီအာ စာပေရေးသားသူများ ယုံကြည်ထားသည်မှာ ၊ ဟဒီးစ် ရေးသားခြင်းမှ တားမြစ်ရသည့် အကြောင်းအရင်းများ အနက်မှ တစ်ခုမှာ ၊ အေမာမ်အလီ(အစ) ၏ သာလွန်မြင့်မြတ်မှုရှိသော ဂုဏ်ရည်များ ပြန့်ပွားသွားခြင်းမှ ပိတ်ပင်တားစီးရန် ဖြစ်သည်။ (20) ဥပမာ ၊ ထိုသို့ ဆိုထားရခြင်း၏ အထောက်အထားမှာ ၊ ဆွဟာဟုစီသ္သဟ် ရေးသားသူများအနက်မှ တစ်ဦးဖြစ်သည့် နိစာအီ ဆိုသူသည် အိဗ်နေအဗ္ဗာစ် ထံမှ ကောက်နုတ် ဖော်ပြထားသည်မှာ “၎င်းတို့သည် အေမာမ်အလီ(အစ) အပေါ် ရန်ညိုးရှိသောကြောင့် တမန်တော်မြတ်(ဆွ) ၏ စွန္နသ်တော်ကို ရှောင်ရှားခဲ့ကြသည်” ။ (21) ထို့အပြင်၊ ခလီဖှာများသည် ဘာသာရေးစည်းမျဉ်းများကို တတ်ကျွမ်းမှု မရှိသည့်အပြင် ၎င်းတို့၏ ဘာသာရေး အချုပ်အခြာအာဏာကို နိုင်ငံရေး အချုပ်အခြာအာဏာ နှင့်အတူ ထူထောင်ရန် ကြိုးပမ်းမှုများသည် ဟဒီးစ်တော်များကို တားမြစ်ဖို့ရန်အတွက် အခြားသော ရည်ရွယ်ချက်များပင် ဖြစ်သည်။ (22)

ဘိဒ်အသ် ဖြစ်သလား စွန္နသ် ဖြစ်သလား ?

ဟဒီးတော်များကို တားမြစ်ရန် လက်ခံကြသူများသည် ၊ မိမိတို့၏ အမြင်ကို သက်သေပြုဖို့ရန် အတွက် တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားသည့် ရေဝါယသ် တစ်ခုကို ထောက်ထားကြသည်မှာ : “မည်သူမဆို ကျွန်ုပ်ထံမှ ကုရ်အာန်မှ လွဲပြီး အခြားအရာများကို ရေးသားပါက ၊ ၎င်းကို ဖျက်ဆီးလိုက်ပါလေ” (23) သို့သော် ဟဒီးစ်တော်များ တားမြစ်ခြင်းကို ငြင်းပယ်ကြသူများသည် ၊ တမန်တော်မြတ်(ဆွ) ထံမှ ရေဝါယသ်တစ်ခုအား ဖော်ပြကြသည်မှာ ထိုရေဝါယသ်၌ တမန်တော်မြတ်၏ ဟဒီးစ်တော်များကို ရေးသားရန် တိုက်တွန်းအားပေး လှုံဆော်ထားပေသည်။ ဥပမာ ၊ အဗ္ဗ်ဒုလ္လာဟ် ဗင်န် အွမ္မရ် အား ဟဒီးစ်ရေးသားရန် တိုက်တွန်းမိန့်ဆိုထားသည့် ရေဝါယသ် ဖြစ်သည်။ ဤရေဝါယသ်အရ၊ ကိုရိုင်းရှ်များသည် အဗ္ဗ်ဒုလ္လာဟ် ဗင်န် အွမ္မရ် ကို ဟဒီးစ်ရေးသားခြင် နှင့် တမန်တော်မြတ်(ဆွ) ၏ ဩဝါဒတော်များကို စုစည်းသိမ်းထားခြင်း တို့ကြောင့် အပြစ်ပေး ဒဏ်ခတ်ခဲ့ကြသည်။ သို့သော် တမန်တော်မြတ်(ဆွ) သည် ၎င်းကို ဟဒီးစ်တော်များအား ရေးသားရန် တိုက်တွန်းအားပေးခဲ့သည်။ (24) ထိုရေဝါယသ်မှာ “ မည်သူမဆို ပညာ သို့မဟုတ် ဟဒီးစ်တစ်ခုအား ကျွန်ုပ်ထံမှ ကောက်နုတ်ကိုးကား ရေးသားမည် ဆိုပါက ၊ ထိာအရေးအသား ကျန်ရှိနေသရွေ့ ၊ ၎င်းအတွက် အကျိုးစဝါးဗ်များ ရရှိပေမည်။ “ (25) အချို့သူများ၏ အဆိုအရ၊ တမန်တော်မြတ် အသက်ရှင်နေစဉ် ကာလ၌ အချို့ အဆ်ွဟာဘ်များသည် ဟဒီးစ်တော်များကို ဆွဟီဖာ ဟူသော ခေါင်းစဉ်ဖြင့် စုဆောင်းခဲ့ကြသည်။ ဥပမာ ဆွဟီဖဟ်-ယေ-အေမာမ်အလီ(အစ) ၊ ဆွဟီဖဟ်-ယေ-အိုဘိုင်းယ် ဗင်န် ရာဖေအ် တို့ဖြစ်ကြပြီး တမန်တော်မြတ်သ ်လည်း ထိုသို့ စုဆောင်းခြင်းကို မတားစီးခဲ့ပေ။ (26) သို့သော် ၎င်းတို့အနက်မှ အချို့အဆ်ွဟာဘ် များသည် တမန်တော်မြတ်၏ ခွင့်ပြုချက်ဖြင့် ဟဒီးစ်တော်များကို စုဆောင်းခဲ့သည်။ (27)

ဂိုလ်ဒ်ဇီဟဲရ် ရှုထောင့်

ဂျူးအရှေ့တိုင်းပညာရှင် ဂိုလ်ဒ်ဇီဟဲရ် သည် ဒုတိယရာစု၏ ဒုတိယနှစ်ဝက်တွင် အစ္စလာမ့် ဟဒီးစ်စုဆောင်းမှုများ ဖွဲ့စည်းခြင်းကို ယုံကြည်ခဲ့သည်။ ထို့အပြင်၊ ဟဒီးစ်စာရေးခြင်းကို တားမြစ်ထားသော ရေဝါယသ်များ နှင့် ဟဒီးစ်စာရေးခြင်းကို ခွင့်ပြုထား‌ေသာ ရေဝါယသ်များသည် အတုအယောင် လုပ်ကြံဖန်တီးမှု များဖြစ်ပြီး အစစ်အမှန်၌ အစ္စလာမ်သာသနာ၏ အစပိုင်း၌ ကွဲပြားသောအမြင်များကို ရောင်ပြန်ဟပ်နေပေသည် ဟူ၍ ၎င်းယုံကြည်ထားပေသည်။ (28)

သတင်းအချက်အလက်များ

ရှီအာ အိုလမာ ပညာရှင်များ၏ ယုံကြည်ချက်အရ၊ ဟဒီးစ်တော်များ ရေးသားခြင်းမှ ပိတ်ပင်တားမြစ်ခြင်းသည် ၊ သိသာထင်ရှားသော ဆိုးကျိုးများ ရှိခဲ့ပြီး ၎င်းတို့မှာ ပထမဦးဆုံး ရေးသားခဲ့သည့် ဟဒီးစ် စာသားများကို ဖျက်စီးခြင်း ၊ လုပ်ကြံရေးသားထားသည့် ဟဒီးစ်များ ပေါ်ထွက်လာခြင်း ၊ တမန်တော်မြတ်၏ စွန္နသ်တော်များ ပြောင်းလည်းသွားခြင်း နှင့် မဇ်ဂဘ် ဘာသာတရား ဂိုဏ်းပေါင်းစုံ ပေါ်ထွက်လာခြင်း စသည်တို့ ဖြစ်သည်။ ပထမဦးဆုံး ရေးသားခဲ့သည့် ဟဒီးစ် စာသားများကို ဖျက်စီးခြင်း : တမန်တော်မြတ်(ဆွ)နှင့် အနီးစပ်ဆုံးရှိသော ဆွဟာဘာများသည် တမန်တော်မြတ်(ဆွ)၏ မိန့်ခွန်းများကို ရေးသားထားပြီး ထိုစာသားများသည် ထိုခေတ်ကာလ၌ ပျက်စီးသွားခဲ့ပြီး လက်လှမ်းမမီနိုင်တော့ပေ။ (29) အာယေရှာ ၏ ကောက်နုတ်ဖော်ပြချက်အရ ၊ အဘူဘက်ရ်သည် တမန်တော်မြတ်(ဆွ) ၏ ဟဒီးစ်တော်ပေါင်း ၅၀၀ ကို မီးရှို့ဖျက်စီးခဲ့သည်။ (30) ထို့အတူ ၊ အချို့ အဆ်ွဟာဘ်များ အာဂုံဆောင်ထားသည့် ဟဒီးစ်များသည်လည်း ဟဒီးစ်စာသား ရေးသားခြင်းကို တားမြစ်ထားသည့် အတွက်ကြောင့် ရေးသားခွင့် မရခဲ့ဘဲ ဟဒီးစ် အာဂုံဆောင်သူ အများအပြားလည်း အသက်ဆုံးရှုံးခဲ့ရပြီး ဟဒီးစ်များကို လက်လှမ်းမမီနိုင်တော့ပေ။ (31) ဟဒီးစ်များကို လုပ်ကြံဖန်တီးခြင်း : တမန်တော်မြတ်၏ ရေဝါယသ်များကို ဖျက်စီးခြင်း မူဝါဒကို အကောင်အထည်ဖော်ခြင်းဖြင့် လုပ်ကြံဖန်တီးထားသော ရေဝါယသ်များနှင့် ၎င်းတို့၏ ရည်ညွှန်းချက်ကို ကိုးကား‌ ဖော်ပြ၍ တမန်တော်မြတ်(ဆွ)အား ရည်ညွှန်းလာ ခဲ့ကြသည်။ (32) ဥပမာ ပေးရသော် ၊ နိုင်ငံရေး နှင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအတွက် သာလွန်မြင့်မြတ်မှုများကို လုပ်ကြံဖော်ပြဖို့ရန် အတွက် ဟူသော ရည်ရွယ်ချက်ဖြင့်၊ ရေဝါယသ်များကို တမန်တော်မြတ်အား ရည်ညွှန်းထားသည့်အပြင် ၎င်းနောက်ပိုင်းမှ မွေးဖွားလာသူများကိုပါ ပတ်သက်မှု ပေးခဲ့ကြသည်။ (33) ဟဒီးစ်တော်များကို လုပ်ကြံရေးသားမှုသည် အလွန်များပြားလာခဲ့သည်။ ဥပမာ ဆွဟီးဟ်ဘိုခါရီ စာအုပ်၌ ဟဒီးစ်ပေါင်း ၆၀၀၀၀၀ ခန့်မှ ရွေးချယ်ထားသော ထပ်တလဲလဲမဟုတ်‌သည့် ဟဒီးစ်ပေါင်း ၂၇၆၁ သည် လုပ်ကြံဖန်တီးထားသော ဟဒီးစ်များ ဖြစ်သည်။ (34) ဆွဟီးဟ် မွတ်စ်လင်မ် စာအုပ်တွင်၊ ထပ်တလဲလဲမဟုတ်သော ဟဒီးစ် လေးထောင်ရှိပြီး ထိုစာအုပ် ရေးသားသူ၏ အဆိုအရ၊ ထိုဟဒီးစ် လေးထောင်ကို ဟဒီးစ် ၃၀၀၀၀၀မှ ထုတ်ယူခဲ့သည်။ (35) တမန်တော်မြတ်(ဆွ) ၏ စွန္နသ်တော်များ ပြောင်းလည်းခြင်း ၊ အုပ်စုတစ်စု ပြောထားသည်မှာ ၊ ဟဒီးစ် ရေးသားထုပ်ဖော်ခြငမှ်း ပိတ်ပင်တားမြစ်ခြင်းအားဖြင့် တမန်တော်မြတ်(ဆွ) ၏ စွန္နသ်တော်များသာ် လူ့အဖွဲ့အစည်း၌ ပြောင်းလည်းလာခဲ့သည်။ (36) ထိုအကြောင်ယအရာကို သက်သေပြုဖို့ရန် အတွက် ၊ သမိုင်းဆိုင်ရာ ကိုးကားချက်အချို့ကို ထောက်ထားဖော်ပြ ထားသည်။ ဥပမာ ၊ ရှာဖေအီ မဇ်ဟဘ်၏ ခေါင်းဆောင် ၊ ရှာဖေအီသည် ဝဟဘ် ဗင်န် ကိန်စားန် မှ ‌ကောက်နုတ်ကိုးကား ထားသည်မှာ ၊ ရေးသားထုပ်ဖော်ခြငမှ်း ပိတ်ပင်တားမြစ်သည့် အတွက်၊ တမန်တော်မြတ်၏ စွန္နသ်တော်များ နောက်ဆုံး နမာဇ်ပင် ပြောင်းလည်းသွားခဲ့သည်။ (37) မဇ်ဟဘ် ဘာသာတရားများ ပေါ်ထွက်လာခြင်း : စန္နသ်တော်များပပျောက်သွားခြင်း နှင့် အတာအယောင် နှင့် စိတ်ကြိုက် လုပ်ကြံရေးသားထားသည့် ရေဝါယသ် အရေအတွက် တိုးလာခြင်း နှင့်အတူ ဂိုဏ်းဂဏ ဘာသာတရား အမျိုးမျိုး ၊ မြောက်မြားစွာသော သီအိုလောဂျီ နှင့် ဖိက္က်ဟ် ဓမ္မသတ်ဆိုင်ရာ များလည်း ပေါ်ထွက်လာပေသည်။ (38) အဘယ‌်ကြောင့်ဆိုသော် ၊ စိတ်ကြိုက်ကွဲပြားမှု မျသည် အတုအယောင် လုပ်ကြံရေးသားထားသော ဟဒီးစ်များ နှင့်အတူ ရှိပြီး ၊ ၎င်းသည် အစ္စလာမ့်လူ့အဖွဲ့အစည်းမှ လူတစ်စုကို ခွဲထုတ်သွားပြီး ဘာသာသစ်တစ်ခုကို ထူထောင်စေခဲ့သောကြောင့် ဖြစ်သည်။ (39)

ရေးသားထားသည့် စာအုပ်များ

စိုင်ယိဒ် အလီ ရှဲဟ်ရီစ်သာနီ ရေးသားထား‌ေသာ မန်အု သက်ဒ်ဝီးနိလ် ဟဒီးစ် စာအုပ် နှင့် အစ်ဘာဘုလ်နသာယီဂ်ျ စာအုပ်တို့သည် တမန်တော်မြတ်၏ ဟဒီးစ်တော်များ ရေးသားခြင်းကို တားဆီးခြင်း၏ အကြောင်းရင်းနှင့် အကျိုးဆက်များအကြောင်း ကို ဖော်ပြထားသည်။ ဘာသာပြန်ဆိုသူ၏ အဆိုအရ ၊ ဤစာအုပ်တွင်၊ “အိဂ်ျသေဟာဒ် နှင့် မဲဆန္ဒ မက္က်သဘ်” ကိုဖွဲ့စည်းခြင်းသည် ဟဒီးစ်တော်များ ရေးသားခြင်းမှ တားမြစ်ခြင်း၏ ရလဒ်ဖြစ်ကြောင်း စာရေးဆရာမှ သက်သေပြထားသည်။ (40) ဤစာအုပ်ကို အာရဗီဘာသာဖြင့် ရေးသားထားပြီး ဟီဂျရီ ၁၄၈၁ တွင် ဘီရူးသ် ၌ မိုအ်စစ်စု အအ်လမီယု လိလ်မသ်ွဘူအားသ် ပုံနှိပ်တိုက် မှ ထုတ်ဝေခဲ့သည်။ မဂ်ျမအေ ဂျဟာနီယေ အဲဟ်လေဗိုင်သ်(အသ) သည် အင်္ဂလိပ် နှင့် ပါရှန်ဘာသာဖြင့် ဘာသာပြန်ဆိုမှုများကိုလည်း ထုတ်ဝေခဲ့သည်။ (41)