ဟဒီးစေ ဂျာဗီရ်

wikishia မှ

        ဟဒီးစေ ဂျာဗီရ်(အာရဗီ-حديث جابر) ဆိုသည်မှာ ၊ တမန်တော်မြတ်(ဆွ) ထံမှ လာရှိထားပြီး ထိုဟဒီးစ်၌ ၁၂ ပါးအေမာမ်များ၏ အမည်များ နှင့် အေမာမသ် အရိုက်အရာကို ဖော်ပြထားသည်။ တမန်တော်မြတ်(ဆွ) သည် ဤဟဒီးစ်တော်ကို အူလူလ်အမ်ရ် အာယသ်သ ၌ လာရှိထားသည် အူလူလ်အမ်ရ် ၏ ဆိုလိုရင်း နှင့်ပတ်သက်ပြီး မေးမြန်းလာသည့် ဂျာဗီရ် ဗင်န် အဗ္ဗ်ဒုလ္လာဟ် အန်ဆွာရီ မေးခွန်းကို ဖြေဆိုရာ၌ မိန့်ဆိုထားခြင်း ဖြစ်သည်။ ဤဟဒီးစ်တော်တွင်၊ ရှီအာများပဉ္စမမြောက် အေမာမ်ဘွဲ့အမည် ဖြစ်သော ဘာကဲရ် ဟူသော ဂုဏ်ပုဒ် ကိုလည်း ဖော်ပြထားသည်။ ရှီအာများသည် အေမာမ်များ၏ အေမာမသ် အရိုက်အရာ နှင့် ထိုအေမာမ်များသည် တမန်တော်မြတ်(ဆွ) ဘက်မှ ခန့်အပ်ထားကြောင်းကို သက်သေပြုဖို့ရန် အတွက် ဤဟဒီးတော် ကို ထောက်ထား အသုံးပြုကြသည်။ ဟဒီးစေ ဂျာဗီရ် သည် ၊ ရှီအာတို့၏ အချို့ ကျမ်းကိုးများ ဖြစ်သော ကိဖာယသုလ် အစဲရ်ကမာလုလ်ဒီးန် ၊ နှင့် ဗေဟာရုလ်အန်ဝါရ် ၌ လာရှိထားသလို အဲဟ်လေစွန္နသ် ၏ အချို့ ကျမ်းကိုးများ၌လည်း လာရှိထားသည်။ ထို့အတူ ရှီအာတို့၏ အချို့ ကုရ်အာန် အလင်းဖွင့်ဆိုရာ (သဖ်စီးရ်) များ၌ အာယသ်သေ အူလုလ်အမ်ရ် အား သဖ်စီးရ် ဖွင့်ဆိုသည့်အခါတွင် ဤဟဒီးတော်ကို ဖော်ပြထားသည်။

ဟဒီးစ်၏ စာပိုဒ်

        အေသွာအသ် အာယသ် ကျရောက်ပြီးနောက်ပိုင်း ဂျာဗီရ် ဗင်န် အဗ္ဗဒုလ္လာဟ် အန်ဆွာရီသည် တမန်တော်မြတ်(ဆွ) ထံမှ မေးမြန်းသည်မှာ : အို အလ္လာဟ်၏ ရစူလ် ၊ ကျွန်ုပ်သည် အရှင်မြတ် နှင့် အရှက်မြတ်၏ ရစူလ် တမန်တော်ကို သိကျွမ်းကြပါ၏ ။ သို့သော် အရှင်မြတ်သည် ၎င်း၏ နာခံမှု နှင့် အသင့်အား နာခံမှု နှင့်အတူ ထိသူများ၏ နာခံမှုကိုပါ ဝါဂျီဘ် အဖြစ် သတ်မှတ်ထားသည့် အူလူလ်အမ်ရ် များမှာ မည်သူများ ဖြစ်ကြသနည်း ၎င်း၏ နာခံမှု နှင့် အသင့်အား နာခံမှု နှင့်အတူ ထိသူများ၏ နာခံမှုကိုပါ ဝါဂျီဘ် အဖြစ် သတ်မှတ်ထားသည့် အူလူလ်အမ်ရ် များမှာ မည်သူများ ဖြစ်ကြသနည်း ? ။ ထိုအခါ တမန်တော်မြတ်(ဆွ) သည် ၎င်းအားဖြေဆိုသည်မှာ " ၎င်းတို့သည် ကျွန်ုပ်၏ ကိုယ်စားလှယ်တော်များ ဖြစ်ကြပြီး ကျွန်ုပ်ပြီးနောက် မွတ်စ်လင်မ် အားလုံး၏ အေမာမ် ဦးသျှောင်များ ဖြစ်ကြသည်။ ၎င်းတို့အနက်မှ ပထမဦးဆုံးသူမှာ အလီ ဗင်န် အဘီသွာလီဘ် ဖြစ်ပြီး ၎င်းပြီးနောက် အစဉ်လိုက်အားဖြင့် ဟစန်ဟိုစိုင်းန်အလီ ဗင်န် ဟိုစိုင်းန်မုဟမ္မဒ် ဗင်န် အလီ ယင်းအား သောင်ရသ် ကျမ်း၌ ဘာကဲရ် ဟူ၍ ကျော်ကြားပြီး အသင် အိုမင်းသွားသည့်အခါ ၎င်းကို တွေ့မြင်ရမည် ဖြစ်သည်။ မည်သည့် အချိန်မဆို ၎င်းနှင့် တွေ့ဆုံပါက ကျွန်ုပ်၏ စလာမ်ကို ၎င်းထံ ပို့သပေးပါလေ။ မုဟမ္မဒ် ဗင်န် အလီ ပြီးနောက် အစဉ်လိုက်အားဖြင့် ဂျအ်ဖဲရ် ဗင်န် မုဟမ္မဒ်မူစာ ဗင်န် ဂျအ်ဖဲရ်မုဟမ္မဒ် ဗင်န် အလီအလီ ဗင်န် မုဟမ္မဒ်ဟစန် ဗင်န် အလီ ဖြစ်ပြီး ၎င်းပြီးနောက် ၎င်း၏ သားသည် ကျွန်ုပ်၏ အမည် နှင့်တူသူ ကျွန်ုပ်၏ အစွဲပြုခေါ်ဆိုသော အမည် ရှိသူ ဖြစ်သည်။ ၎င်းသည် လူသားများ၏ အမြင်မှ ကွယ်ပျောက်နေသူ ဖြစ်ပြီး ၎င်းသည် ကာလအတန်ကြာသည့်အထိ ကွယ်ပျောက်နေကာ ခိုင်မာသော ယုံကြည်မှု ရှိသူများသာလျှင် ၎င်းနှင့် ပတ်သက်ပြီး သက်၀င်ယုံကြည်မှု ရှိမည်ဖြစ်သည်။ (1)

ကိုးကားဖော်ပြသူ နှင့် ဟဒီးစ်၏ ဆိုလိုရင်း

        ဤဟဒီးစ်တော်ကို ဂျာဗီရ် ဗင်န် အဗ္ဗဒုလ္လာဟ် အန်ဆွာရီ သည် တမန်တော်မြတ်(ဆွ) ထံမှ ကောက်နုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဟဒီးစေ ဂျာဗီရ် ဟူ၍ ကျော်ကြားပေသည်။ ဟဒီးစေ ဂျာဗီရ် ၌ ရှီအာတို့၏ ၁၂ ပါးအေမာမ်များ၏ အေမာမသ် အရိုက်အရာ နှင့် ၎င်းတို့ တစ်ဦးချင်းစီတိုင်း၏ အမည်များ ကို ဖော်ပြထားသည်။ တမန်တော်မြတ်(ဆွ) သည် အေမာမ်များ၏ အမည်များကို ဖော်ပြရာ၌ ပဉ္စမမြောက် အေမာမ်၏ အမည်သို့ ရောက်ရှိသည့်အခါ ၎င်းအား ဘာကဲရ် ဟူသော ဂုဏ်ပုဒ် ဖြင့် ဖော်ညွှန်းပြီး ဂျဗီရ် အား ထိုအေမာမ်နှင့် တွေ့ဆုံသည့်အခါ မိမိစလာမ်ကို ၎င်းထံ ပို့သရန် မိန့်ဆိုခဲ့သည်။ (2) ဤဟဒီးစ်၌ ဒွဿမမြောက် အေမာမ်၏ ဂိုင်းဘသ် ကွယ်ပျောက်ခြင်း နှင့် ထိုကွယ်ပျောက်ခြင်းသည် အလွန်ရှည်လျားမည် ဖြစ်ကြောင်းကို ဖော်ပြခဲ့သည်။ ထို့နောက် ကွယ်ပျောက်နေသော အေမာမ်သည် တိမ်များ၏ နောက်ကွယ်ရှိ နေနှင့် နှိုင်းယှဥ်ထားသည်။ (3)

ဟဒီးစ်၏ ကျမ်းကိုးများ

        ဟဒီးစေ ဂျာဗီရ် သည် ၊ ရှီအာတို့၏ အချို့ ကျမ်းကိုးများ ဖြစ်သော ကိဖာယသုလ် အစဲရ် (4) ၊ ကမာလုလ်ဒီးန် (5) ၊ နှင့် ဗေဟာရုလ်အန်ဝါရ် (6)၌ လာရှိထားသလို အဲဟ်လေစွန္နသ် ၏ အချို့ ကျမ်းကိုးများ ဖြစ်သည့် ယနာဘီးအုလ် မို၀ဒ်ဒဟ် (7) ၌လည်း လာရှိထားသည်။ ရှီအာ တို့၏ အချို့ သဖ်စီးရ် ပညာရှင်များသည် အာယသ်သေ အူလူလ်အမ်ရ် တစ်နည်းအားဖြင့် အာယသ်သေ အေသွာအသ် အား ရှင်းလင်းဖွင့်ဆိုရာ၌ ဤဟဒီးတော်ကို ဖော်ပြထားသည်။ (8)